kaiApril 4, 20172min93720
လွန်ခဲ့တဲ့ ၁၁နှစ် ဒီနေ့ ၄-၄-၂၀၁ရ က.. မန္တလေးဂဇက်ဆိုတဲ့နာမယ်နဲ့သတင်းစာထုတ်ဖို့.. စပြင်ဆင်တဲ့အနေနဲ့.. ဒိုမိန်းအမည်ဝယ်တဲ့နေ့ပေါ့..။ (ပုံကြည့်) MandalayGazette.com ကို သီးသန့်ထောင်ပြီး ဖိုရမ်လုပ်.. အပြန်အလှန်ဆွေးနွေးတာတွေအတွက်.. မန်င်ဘာတွေလက်ခံခဲ့တာမှာ.. မန်ဘာထောင်ချီရှိခဲ့ပြီး.. ၂၀၀ရ နဲ့ ..၂၀၀၈ ၊ သင်္ကန်းရောင်တော်လှန်ရေးနဲ့.. နာဂစ်မုန်တိုင်းခေတ်မှာ..AP, AFP တို့ကတဆင့်… ပြည်တွင်းက ဓာတ်ပုံတွေ နိုင်ငံတကာကို ဖြန့်နိုင်ခဲ့သမို့.. ဝက်ဘ်ဆိုက်လည်း နာမယ်ကြီး.. ဟက်ကာလည်းဝင်ဖျက်လိုက်ပါလေေရာပေါ့..။ http://www.npr.org/templates/story/story.php… အခုရှိနေတဲ့ WordPress ပေါ်ကဝက်ဘ်ဆိုက်ကတော့.. ၂၀၀၉ မှစထောင်တာဖြစ်ပါတယ်..။ အဲဒီခေတ်တွေက.. မြန်မာပြည်တွင်းဆိုတာက.. အင်တာနက်ဆို.. gmail တောင်အနိုင်နိုင်ကြည့်ရတာမို့.. Mandalaygazette.com ကျ.. မြန်မာပြည်စစ်အစိုးရကလည်း မပိတ်ထား..မဘမ်းထားသမို့.. ပြည်ပ/ပြည်တွင်းပေါင်းကူးဖြစ်ပြီး.. မန်ဘာတွေများ.. စာတွေ ပုံတွေတင်နဲ့တော်တော်စည်ကားခဲ့ပါတယ်..။ ရှေ့စကားပြန်ဆက်ရရင်.. အင်တာနက်ပေါ်မယ်….ဝက်ဘ်ဆိုက်လုပ်တော့… လိုဂိုလေးပါဒီဇိုင်းလုပ်ဆွဲ.. နောက်… ပုံနှိပ်သတင်းစာအတွက်..လိုအပ်မယ့် […]


kaiMarch 26, 20171min2085
၂၀၀၆ ခုနှစ်မှစ၍ အယ်ဒီတာ့သင်ပုန်းရေးခဲ့သည်မှာ ယခုလအပါအဝင်တွင် သင်ပုန်းဝင်ပုဒ်ရေ ၁၀ဝ ပြည့်ပါသည်။ ယခုုဧပြီလသည် မြန်မာတို့၏နှစ်သစ် ၁၃၇၉သို့ ကူးပြောင်းသောလလည်းဖြစ်၏။ အမေရိကရောက်မြန်မာတို့အတွက်မူ ဇန်နဝါရီမှစ၍ ခရစ်နှစ်ကူး၊ ချိုင်းနီးနယူးရီးယားနှင့် ယခုမြန်မာနှစ်ကူး ဆင့်ဆက်လာခဲ့ပေရာ (တိုင်းရင်းသားတို့၏နှစ်ကူးများထည့်မတွက်ပါသေးငြား )ကူးလှချည့် မြန်မာဟုသာဆိုရပေမည်။ မှန်ပါသည်။ ကူးသည်များသလို ကုန်သည့်အချိန်တို့မြန်လှပါ၏။ မြန်သောအချိန်တို့ကို သုံးသတ်ချုံ့ခြုံရေးပါမည်။ စာနယ်ဇင်း ဤသူဦးဆောင်ထုတ်ခဲ့သော ဂဇက်တို့သည် မြန်မာပြည်ပ နိုင်ငံရပ်ခြားတွင် ပုံမှန်ထုတ်အကြာဆုံးနှင့် စောင်ရေအများဆုံးဖြန့်နိုင်ထုတ်နိုင်ခဲ့သည်ဟု ဂုဏ်အတင်းယူကာဆိုရမည်။ မြန်မာပြည်အထိပင် ခြေလှမ်းကျယ်၍ ထုတ်ဝေနိုင်ခဲ့သည်။ ဟံသာဝတီဦးဝင်းတင်သည် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တွင် အကြံပေးအယ်ဒီတာအဖြစ်လုပ်ကိုင်စဉ် ၁၉၅၄ မှ ၁၉၅ရ ထိ “ဒို့ပြည် သတင်း” သတင်းစာ စောင်ရေ ၅ဝဝ ခန့် ထုတ်ခဲ့ဖူးသည်ဆိုပါသည်။ မြန်မာပြည်ပထုတ်အစောဆုံးတခု ဖြစ်နိုင်ကောင်း၏။ ထိုခေတ်က မြန်မာနိုင်ငံပြင်ပတွင် […]


kaiMarch 24, 20172min1572
အရင်လကဖော်ပြခဲ့တဲ့ conditional clause လေးအကြောင်း ဒီလမှာ ထပ်ပြီးလေ့လာကြရအောင်။ Conditional clause (၄)မျိုးစလုံးကို ယှဉ်ပြီး ကြည့်ကြရင်၊ တခုနှင့်တခု ဘယ်လိ်ုကွာခြားသလဲဆိုတာ ပိုပြီးထင်ရှားနေမှာပေါ့။ # 1 Present Real Conditional – 100% Certainty If + simple present, simple present Conditional Clause, main Clause e.g. If we heat water, it boils. e.g. If he goes to Las Vegas, he gambles all night. #2 Future Real Conditional – […]


kaiMarch 18, 20177min56320
အဆဲဋီကာအတွက်.. အချက်အလက်လေးတွေ… လာစုထားတာပါ…။ ဖြည်းဖြည်းချင်းဖြည့်မယ်စိတ်ကူးတယ်..။ သိသူတွေလည်း.. တင်သွားကြပေါ့..။ စာတွေကိုတော့… မှတ်တမ်းအချက်အလက်စုတာမို့.. မျက်စိနဲ့မနာ.. ဖဝါးနဲ့နာ..။ = အောက်က… အခြေအနေနဲ့ဆက်စပ်တာအကုန်ရေးတင်နိုင်ပါကြောင်း..။ 🙂 လူဆဲနည်း ၊ ဘုန်းကြီး ဆဲနည်း ၊ စင်ပေါ်က မိုက်ကရိုဖုန်းနဲ့ ဆဲနည်း ၊ ဖေ့စ်ဘွတ်မှာ profile ပုံမရှိဘဲ ခိုးကြောင်ခိုးဝှက်ဆဲနည်း ၊ ကုလား ဆဲနည်း ၊ ဗမာဆဲနည်း ၊ တိုင်းရင်းသားဆဲနည်း ၊ တစ်ဦးစီကို ဆဲနည်း ၊ အဖွဲ ့လိုက်သိမ်းကျုံ းဆဲနည်း ၊ ပါတီ ကို ဆဲနည်း ၊ အစိုးရကို ဆဲနည်း ၊ ဘယ်သူ့ကိုဆဲနေမှန်း မသိရတဲ့ ဆဲနည်း ၊ ကြားလိုက်တာနဲ့ ကြက်သီးမွေညင်း […]


kaiMarch 7, 20173min74822
House Republicans release long-awaited plan to replace Obamacare March 6 at 10:03 PM House Republicans on Monday released long-anticipated legislation to supplant the Affordable Care Act with a more conservative vision for the nation’s health-care system, replacing federal insurance subsidies with a new form of individual tax credits and grants to help states shape their […]


kaiFebruary 25, 20172min2132
ဒီလမှာ Tense လေးတွေအကြောင်း ခဏနားပြီး Conditional clauses လို့ခေါ်တဲ့ if pattern လေးတွေကို လေ့လာကြရအောင်။ Valentine’s day ကနီးလာပြီနော်။ ဒီတော့ချစ်သူမရှိသေးသူတိုင်းကို ချစ်သူနဲ့ကြည်နူးခွင့် ရအောင် ဖန်တီးပေးတတ်တဲ့ If Pattern #3 လေးတွေကိုလေ့လာကြတာပေါ့။ Valentine’s day မှာ မည်သူမဆို အထီးကျန်ပြီး ငေးငိုင်နေလိုမှာမဟုတ်ပါဘူး။ ဒီတော့ conditional clauses ရဲ့ နံပါတ်(၃) possible condition တနည်းအား ဖြင့် present unreal conditional ကိုသုံးတတ်အောင် လေ့ကျင့်ထားဖို့ လိုလာပြီပေါ့။သူ့ရဲ့ Form လေးက မှတ်ရလွယ်ပါတယ်။ present unreal conditional If + simple past, would + […]


kaiFebruary 23, 20171min2063
လိုချင် ပေးလိမ့် လောကတွင်ပေးသူ/ယူသူများရှိသည်။ နှောင်ကြိုးပါသည်/မပါသည်လည်းရှိ၏။ အကျိုးလို၍ညောင်ရေလောင်းကြသလို “ငါ့လက်ကလွတြ်ဗွတ်” အလှူလက်ခံသူဘာဖြစ်ဖြစ်လှည့်မကြည့် ပြီးပြီးရော ပစ်လှူများလည်းရှိသည်။ သို့သော် လူ၏မူလအတွင်းစိတ်အရ “လိုချင်သောသူသည် ပေးချင်နေသည်”ဟုသာ ဆိုချင်သည်။ အတွေးနက်နက်ချ စစ်ဆေးကြည့်ပါလေ။ 1st amendment Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to […]


kaiFebruary 16, 20171min55110
ဒီခေတ်မှာ နုပျိုချင်သူ လေဒီများအတွက် ကုန်ကျစရိပ်တွက်ထားတာပါတဲ့..။ အမေရိကားမှာ”မျက်နှာ”ပြင်ဆင်ခွဲစိတ်ကုသစရိပ်တြွေ့ဖစ်ပါတယ်..။ အသက် ၅၁နှစ်ရှိတဲ့ လော့စ်အိန်ဂျလိစ်က လေဒီတယောက်ကို စံထားဆန်းစစ်ရှာဖွေထားတဲ့ ဈေးနှုန်းတွေပါ..။ ဆိုတော့.. အောက်က ပုံကိုချဲ့ကြည့်ပြီး ဈေးနဲ့ အသေးစိတ်ကြည့်ကြစေလို..။


kaiJanuary 25, 20172min2072
ယခုလိုနှစ်ဆန်းကာလမှာ New Year Resolutions တွေလုပ်တတ်ကြတာ လူတိုင်းလိုလိုပါဘဲ။ ဒါပေမယ့် တချို့လူများကသာ ဒီ New Year Resolution လေးတွေကို တိတိကျကျလိုက်နာပြီပိုမိုတိုးတက်အောင်မြင်သွားကြတယ်။ အများစုကတော့ ဒီ New Year Resolutions လေးတွေကို ခေတ္တခဏသာလိုက်နာနိုင်ပြီး လပိုင်းအတွင်း၊ ရက်ပိုင်းအတွင်း နဂိုမူလဘဝကိုပြန်ရောက်သွားကြတယ်။ တိုးတက်အောင်မြင်ဖို့ဝေလာဝေး၊ ဆုတ်ယုတ်ပျက်စီးသွားတာမျိုးတောင် ရှိကြပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလည်းဟုဆိုရင် Future Perfect tense ကို နားလည်းမလည်၊ သုံးလည်းမသုံးတတ်ကြလို့ပါဘဲ။ Future Perfect tense ကို ကောင်းကောင်းသုံးတတ်သူများကတော့ အောင်မြင်မှုသရဖူဆောင်းပြီး လောကအလယ်မှာ တင့်တယ်နေကြတယ်။ အောက်ပါဝါကျနှစ်ခုကို ယှဉ်ကြည့်လိုက်ပါ။ “I will lose fifty pounds and become healthy.” “I’ll have […]


kaiJanuary 23, 20171min1461
ဇန်နဝါရီ ၂၈တွင်ချိုင်းနီးစ်နယူးရီးယားနှင့် နှစ်ကူးပြန်ဦးမည်။ မြန်မာပြည်တွင် တိုင်းရင်းသား ၁၃၅မျိုးနှင့် ချိုင်းနီးစ်၊ အိနိ္ဒယန်း၊ ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယန်များပါ နှစ်ရာချီ အတူတကွသွေးနှောနေထိုင်ကြရကား လူမျိုးရေး၊ ဘာသာရေးအရ နှစ်သစ်ကူးပွဲ အများဆုံးကျင်းပသည့်နိုင်ငံဟုဆိုမည်။ ထို့အပြင် ၁၉၆၂ခုနှစ်တွင်ဗိုလ်ချုပ်ကြီးနေဝင်းအာဏာကောက်သိမ်း၍ ပြည်သူပိုင်ခေါင်းစဉ်တပ် အေးဓမြတိုက်ကာ တိုင်းပြည်၏ငွေရှင်ကြေးရှင်များကို နှင်ထုတ်ခဲ့သော(ကျေးဇူး)ကြောင့် ယခုအမေရိကားရောက် မြန်မာပြည်မှပြောင်းခိုလာသူများတွင် မြန်မာပြည်ပေါက် တရုတ်၊ကုလား ကပြားများနှင့် ဆက်စပ်ဆွေမျိုးများ အများစုမှီခိုနေထိုင်ကြ၏။ သို့နှင့် လော့စ်အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကို၊ နယူးယောက်တို့တွင် အနေများသော မြန်မာ-အမေရိကန် ချိုင်းနီးစ်ကပြား တရုတ်များအတွက် နှစ်သစ်ဆုမွန်ဆက်ပေးလိုက်ပါသည်။ ပျော်ရွှင်တက်ကြွဖွယ် ကြက်ဖနှစ်သစ်ဖြစ်ပါစေ။ တက်ကြွတဲ့ကြက်ဖ ကြက်ဖနှစ်သည်တက်ကြွစွာ ကြိုးစားလုပ်ပါက အောင်မြင်ခြင်းရောက်မည့်နှစ်ဆိုသော်ငြား လက်တွေ့အချက်အလက်များအရမူ ယခုနှစ်သည် ကမ္ဘာမြေအတွက် ကြမ်းသောနှစ်ဖြစ်မည်ဟုဆိုချင်သည်။ ကမ္ဘာနိုင်ငံရေးအပြောင်းအလဲကြီးအဖြစ် ့ ဥရောပယူနီယံမှ ဗြိတိသျှတို့ထွက်ခွာခြင်း(Brexit) နှင့် အမေရိကသမ္မတသစ် […]