၂၀၁ဝ ခု၊ မေလ ၁ဝ ရက်နေ့က VOA မြန်မာပိုင်းမှာ ၁၅ နှစ်လုပ်ခဲ့လို့ ဂုဏ်ပြုပွဲ၊ ပြန်လည်ပြောကြားတဲ့ ကျေးဇူးတင်စကားထဲ ကျနော်ဟာ စာမဖတ်ပဲ မနေနိုင်လောက်အောင် အရူးအမူးဘဝကနေ စာရေးဆရာဖြစ်လာပုံ ထည့်ပြောခဲ့ပါတယ်။ တောရွာမှာ ဆင်းရဲနွမ်းပါးတဲ့ မိဘရဲ့ သားသမီး ၁၂ ယောက်ထဲ ပါဝင်တဲ့ ကျနော် ဒီလိုဖြစ်လိုရတာ စာဖတ်လို့ပါ။ လူတွေ စာဖတ်၊ စာရေးတတ်ကြဖို့ နှစ်ပေါင်းများစွာ တစတစနဲ့ကြိးပမ်းကြပြီးမှ ဖြစ်လာရတယ်။ စောစောတုန်းက အာဂုံဆောင် အလွတ်ကျက်ထားတာတွေ စာနဲ့ရေးလာနိုင်တော့ ပိုမိုတိကျ ကြာရှည်ခံလာပြီ။ စာဖတ်တတ်သူတိုင်း ဖတ်လာနိုင်ကြပြီ။ အာဂုံဆောင်ထားတာတွေသာမက တခြားရေးစရာများလည်း တွေးလာကြပြီ။ အဲဒီလောက်နဲ့ပဲ စာရေးစာဖတ်ခြင်းဟာ လူ့ယဉ်ကျေးမှု တိုးတက်ရေးမှာ ဘယ်လောက်အရေးပါသလဲ ဆိုတာထင်ရှားနေပြီ မဟုတ်ပါလား။ လူတွေဟာ အစုအဝေးနဲ့ စနေလာကြကတည်းက […]