သတင်းထုတ်ပြန်ချက် ရက်စွဲ။ ။ နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၄ ခုနှစ် ရန်ကုန်။ ။ အမေရိကန်ပြည်ထောင်စုသမ္မတမစ္စတာဘာရတ်ခ်အိုဘားမားသည် ရန်ကုန်မြို့လယ်ရှိယခင် ဝန်ကြီးများရုံးအဆောက်အအုံသို့ ယနေ့လည်ပတ်ရာတွင် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးနှင့် တွေ့ဆုံခဲ့သည်။ ယခင်ဝန်ကြီးများရုံးအဆောက်အအုံဝင်ပေါက်တွင် တွေ့ဆုံကြပြီးနောက် မစ္စတာအိုဘားမားသည် ဒေါက်တာ သန့်မြင့်ဦးနှင့်အတူ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးကို ဦးဆုံးထုတ်ပြန်ကြေညာခဲ့ရာ အလယ်ကွက်လပ်ရှိအထိမ်းအမှတ်အလံတိုင်ရှိရာ နေရာသို့သွားရောက်ခဲ့သည်။ အဆိုပါနေရာသည် ၁၉၄ရ ခုနှစ်တွင် နိုင်ငံခေါင်းဆောင်ကြီးများလုပ်ကြံခံခဲ့ရသည့်အထိမ်းအမှတ်ကမ္ဗည်းကျောက်တိုင်နှင့် မြန်မာပထမဆုံး တိုင်းပြုပြည်ပြုလွှတ်တော်ကျင်းပခဲ့ရာနေရာလည်း ဖြစ်သည်။ ဝန်ကြီးများရုံးအဆောက်အအုံသည် မြန်မာနိုင်ငံအား ၁၉၄၈ခုနှစ်တွင် လွတ်လပ်ပြီးယဉ်ကျေးမှု မျိုးစုံထွန်းကားရာဒီမိုကရေစီနိုင်ငံအဖြစ် မွေးဖွားပေးခဲ့ရာ အထင်ကရနေရာဖြစ်သည်။ ၂ဝ ရာစုအစောပိုင်းမြို့ပြအခင်းအကျင်းကိုအာရှတိုက်အတွင်း မပျက်မယွင်းတွေ့မြင်နိုင်သေးသော မြို့ပြရှုခင်းကိုပိုင်ဆုငိ ်ရာ ရန်ကုန်၏ သမိုင်းဝင်မြို့လယ်ဧရိယာအတွင်းတည်ရှိပြီး မြန်မာနိုင်ငံ၏ အရေးအကြီးဆုံးသော မြို့ပြအဆောက်အအုံတစ်လုံးဖြစ်သည်။ ရန်ကုန်၏သမိုင်းဝင်မြို့လယ်ဧရိယာကို မော်တော်ယာဉ်ဖြင့်ဖြတ်သန်းသွားပြီး […]