တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း– ၅) Beijing’s Policy Dilemma တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွက် အရေးကြီးတဲ့ ပင်လယ်ရေကြောင်းတွေမှာ choke points တွေ ရှိနေပါတယ်။ အဆိုးဆုံးတခုကတော့ မလက္ကာရေလက်ကြားဖြစ်ပါတယ်။ မလက္ကာရေလက်ကြားကို တရက်ပိတ်ဆို့လိုက်တာနဲ့ တရုတ်နိုင်ငံထဲမှာ အဓိကရုဏ်းဖြစ်သွားနိုင်ကြောင်း တရုတ်တပ်မတော်မှ အရာရှိတဦးက ခန့်မှန်းထားဖူးပါတယ်။ ဒါကြောင့် မလက္ကာရေလက်ကြားကို ရှောင်ရှားပြီး တရုတ်နိုင်ငံထဲကို ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ သယ်ယူ နိုင်မယ့် ပိုက်လိုင်းတွေကို မြန်မာနိုင်ငံကို ဖြတ်ပြီး တည်ဆောက်နိုင်ရေးက တရုတ်နိုင်ငံရဲ့ အရေးကြီးသော မူဝါဒရေးရာ မဟာဗျူဟာတခုဖြစ်ပါတယ်။ တခြား choke points တွေကတော့ တောင်ရုတ်ပင်လယ်ထဲမှာရှိတဲ့ Lombok ၊ Makassar နဲ့Sunda Straits ရေလက်ကြားတွေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဒေသအချို့ဟာ တောင်တရုတ်ပင်လယ်ထဲက […]