kaiApril 10, 20101min1300
အခုပဲ ၂၀၁ဝ ထဲရောက်လို ့ပထမ ၃လ ကုန်ပါပြီ။ ၂၀၁ဝ ရွေးကောက်ပွဲ ဘယ်တော့လုပ်မလည်း။ ဘယ်နေ့လည်း မသိရသေးပါဘူး။ တချို့က အောက်တိုဘာဆိုပါတယ်။ တချို ့က ဒီဇင်ဘာတဲ့ ၊ခုရက်ပိုင်း အာစီယန် ထိပ်သီး အစည်းအဝေးလာတက်တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကတော့ ရွေးကောက်ပွဲကော်မရှင်ကအဲဒီနေ့ရက်ကိုဆုံးဖြတ်မှာတဲ့။ မြန်မာ့ကိုယ်စားလှယ်ထိပ်သီးလည်း သိပုံမရပါဘူး။ ဆိုလိုတဲ့ သဘောက(စစ်တပ်ထုံးစံအတိုင်း) စစ်ဦးစီးချုပ်တယောက်ကပဲ သိနေပုံရပြီး သူကပဲ ဘယ်အချိန်မှာမှ ထုတ်ပြန်လိုက်မယ်ဆိုတာရော။ ဘာတွေဆက်လုပ်ရမှာရော သိထားနေပုံရပါတယ်။ ူ ထားပါတော့.. အသံများဆိုရာမှာ နားထောင်ပုံနားထောင်နည်း….ဗမာတွေကိုအကြံပေးချင်တာလေးတွေ ရှိပါတယ်။ ၂၀၁ဝ ရွေးကောက်ပွဲဟာ (ဘယ်အကြောင်းနဲ့မဆို)ရောက်ကိုရောက်လာမှာမို ့ ဘယ်လိုလုပ်ရမလဲ။ ဘာတွေဖြစ်လာမလဲ သိချင်သူတွေ လုပ်ရမှာတွေ တချို ့ကို ရေးပြချင်တာပါ။ လိုတာတွေရှိလည်း အောက်က ကွန်မန့်မှာဖြည့်သွားပေါ့နော..။ ပြည်တွင်းက အသံတွေ ကြားချင်တယ်ဆိုပါစို့။ […]


kaiApril 9, 20105min740
ပြည်သူ့ဂုဏ်ရည် အစီအစဉ်တွင် ဝိုင်းဝန်းပါဝင်ကြမည့် မြို့များ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ စာရင်း ဧပြီ ၈၊ ၂၀၁၀ အမေရိကန်ရှိ မြို့များ ၁ – နယူးယောက် ၂ – ဝါရှင်တန်ဒီစီ + ဗာဂျီးနီးယား + မေရီလန်း ၃ – ဆီယက်တဲ ၄ – ဖီးနစ်စ် ၅ – ဘော်စတွန် ၆ – လော့စ်အိန်ဂျလိစ် ရ – ဆန်ဖရန်စစ္စကို ၈ – ဘတ်ဖဲလိုး ၉ – ဖို့ဝိန်း ၁ဝ – အယ်ဘေနီ ၁၁ – စင်စင်နတီ ၁၂ – ပေါ့တ်လန်း + ဘီဗာတန် + […]


kaiApril 9, 20101min1071
၂၀၀၅ ကတည်းက တောက်လျှောက်လုပ်လာတာ အခု၅နှစ်မြောက်ဖြစ်ပါတယ်။ ရွှေပွဲလာပရိသတ်လည်း များများလာလိုက်တာ ဒီနှစ်တော့ ၅၀၀ဝ ကျော်တော့မယ်ထင်ပါတယ်။ ဟုတ်ပါတယ်..။ အမေရိကန်ပြည်ထောင်စုမှာ ဗမာအများဆုံးနေတာ အယ်လ်အေမြို ့ပါ။ ဒါကြောင့်လည်း လူဒီလောက် လာကြတယ်ပဲဆိုပါတော့..။ ပွဲကျင်းပတဲ့ နေရာပြောင်းထားပါတယ်။ အဲဒါကြောင့် ဖလိုင်ရာမှာလိပ်စာဖတ်ပြီးမှ ပွဲလာပါလို့ပဲ တိုက်တွန်းပါရစေ။ နီးစပ်ရာ မိတ်ဆွေတွေလည်း ပြောပြပေါ့နော..။ မနှစ်ကနေရာနဲ့ နီးပါတယ်။ နီးဆို တဝင်းထဲ။ ပန်ခြံတခုထဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်နေရာက ကားရပ်ခ ၆ဒေါ်လာပေးဖို ့မလိုပါဘူး။ အဲဒီတော့ မုန် ့ဟင်းခါးတပွဲအပို စားလို့ရသွားမယ်ပဲ ဆိုပါတော့..။ သတင်းစာမှာလည်း လိပ်စာအတိအကျ ထည့်ရေးပေးပါမယ်။ သတင်းစာကိုင်ပြီးလာကြပေါ့နော. ။ “ဒါကိုင်ပြီးမှ ပွဲလာပါ ”ဆိုလည်းပြောနိုင်ပါလိမ့်မယ်။ တော်ကြာ နေရာမှားဝင်လို့ ကားရပ်ခ ၆ ဒေါ်လာပေးပြီးမှ ဘွာတေး […]


kaiApril 7, 20105min1102
ကျုပ်က ကားမောင်းရင်းရေဒီယိုနားထောင်တတ်ပါတယ်။ အဲဒါခုတလော ရေဒီယိုမှာ အသည်းအသန်ကြော်ငြာနေသမို ့ ဘာလည်းဆိုတာ သေချာသိအောင်တင်ပေးလိုက်တာပါ။ မူရင်းသတင်းအောက်မှာဖတ်ပါ။ အသံနဲ့ပြောပေးတဲ့ ရစ်ချက်ဂီရီ ကဗုဒ်ဓဘာသာဝင်တဦးဖြစ်ပါတယ်။ ကြုံလို့ ပြောရရင် ယူအက်စ်က ဆယ်လီဗရိတ်တီတွေ ဒလိုင်လာမားစည်းရုံးမှုနဲ့ ဗုဒ်ဓဘာသာဝင်ကြတာတွေရှိပါတယ်။ ဘောလုံးသမား ဒေးဗစ်ဗက်ခမ်တို့။ အိုင်ပက် ထုတ်တဲ့ ပန်းသီး(အက်ပဲလ်)ဆရာကြီး စတိဗ်ဂျော့ဘ်တု့ိလည်း ဗုဒ်ဓဘာသာဝင်တွေပါပဲ။ တိဗက်ကဆိုတော့ မဟာယာန ဗုဒ်ဓဘာသာပေါ့။ ဟိနယာနတို့၊ ထေရဝါဒတို့ မဟုတ်ပါဘူး..။ မဟာယာန ဗုဒ်ဓဘာသာကို လူတွေ သန်းထောင်ချီ ကိုးကွယ်ကြတာပါ။ တရုတ်ပြည်၊ ဂျပန်ပြည်၊ ထိုင်ဝမ်တု့ိပေါ့..။ The Buddha, A Film by David Grubin Premiering April 7, 2010 at 8 p.m. EST This […]


kaiApril 5, 20101min1675
လျှပ်တစ်ပြက်ဂျာနယ် ၂၀၁၀၊ဧပြီလ(၂)ရက် နေ့ထုတ်တွင် ပါလာတဲ့ ကဗျာဆရာ မောင်ရဲ၏ “ထိုတစ်ရက်” အမည်ရ ကဗျာ.. မြန်မာပြည်ကပို ့လာလို့ပါ။ တဦးဦးကိုရည်ရွယ်တယ်ဆိုပါတယ်။ ကဗျာအရတော့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း ဥက္ကဌဖြစ်မယ်ထင်ပါတယ်။ ရေးသူက အဲဒီအထဲကလူပါပဲတဲ့။ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှုး ဦးတင့်ဆွေ ဆိုပါတယ်..။ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ်က ဦးမြတ်ခိုင်ဖြစ်ပါတယ်။ အဲဒီကဗျာက.. စကားတွေ အများကြီးပြောနေပါတယ်။ သေသေချာချာ ဖတ်ကြပါ။ သမိုင်းကျန်ရစ်အောင် ဒီမှာ လာထားရစ်လိုက်တာပါ။


kaiApril 4, 20104min1764
အခုတင်လှုပ်တာပါ။ ရှေ ့နောက်ခါသွားတာဖြစ်ပြီး အပေါ်အောက် ဟုတ်ပုံမရတာမို ့ဆုနမိတွေဘာတွေ စိုးရိမ်စရာရှိမယ် မထင်မိပါ။ ငလျှင်ဗဟိုက မက်စီကိုထဲမှာဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားနဲ့ မက်စီကိုနယ်စပ်နားမှာဖြစ်ပါတယ်။ တခြားသတင်းတွေ မတက်သေးပါကြောင်း..နဲ့ ခုတလော မြေကြီးထဲအိပ်နေတဲ့ ကာလနဂါး စိတ်ဆိုးနေသလားမသိ..ခဏခဏပျင်းကြောဆန် ့နေပါကြောင်း.. ငလျှင်အကြောင်း သိတာလေးတွေဖြစ်တာလေးတွေ အောက်ကကွန်မန် ့မှာ သတင်းရေးပေးစေလိုပါတယ်။ ကယ်လီဖိုးနီးယား၊ ဆန်ဒီယေးဂိုဖက်(ငလျှင်ဗဟိုနဲ့ နီးတဲ့မြို ့)မှာ ဗမာတွေ ၃-၄ထောင်လောက်နေတာမို ့သတင်းမရသေးသော်လည်း ပြသနာရှိပုံမရပါဘူး။ ဖုန်းဆက်မေးကြည့်သလောက်ပါ။ ကယ်လီဖိုးနီးယားနေ မိတ်ဆွေ၊ ဆွေမျီုးသူငယ်ချင်းတွေအတွက် အထူးတလည်စိုးရိမ်စရာမရှိပါကြောင်းလည်း တခြားနိုင်ငံ၊ ပြည်နယ်နေ ဗမာတွေကိုသတင်းပေးလိုပါတယ်။ http://maps.google.com/maps?f=q&hl=en&q=32.0931,-115.2491%28M6.9+-+Baja+California,+Mexico+-+2010+April+04+22:40:39+UTC%29&t=h&z=6&iwloc=A http://quake.usgs.gov/recenteqs/ ူငလနါ်  http://media.myfoxla.com/live/2/ M6.9 – Baja California, Mexico – 2010 April 04 22:40:39 UTC […]


kaiApril 4, 20107min880
ဒီနေ့(ဧပြီ ၄ မှာ)မှာ ယိုးဒယားတွေလည်း နှစ်သစ်ကူးပွဲလုပ်ပါတယ်။ ကယ်လီဖိုးနီးယား၊ ဟောလိဝုဒ်မှာပါတဲ့။ အဲဒီနေရာကယိုးဒယားတွေအများဆုံးနေတာဖြစ်ပါတယ်။ သူတို့ကလူဦးရေများတော့ လမ်းမကြီးတောင်ပိတ်ပြီးလုပ်တယ်ရေးထားတာပဲ..။ အချိန်မှီသေးရင် သွားလည်လို့ရအောင်ပါ..။ အောက်မှာ ဝက်ဘ်ဆိုက်သတင်ဖတ်ဖို့..။ အောက်ဆုံးမှာ Thai Town ဖြစ်လာပုံအကျဉ်းချုပ်ပါ။ Bama Town တွေဘာတွေ လုပ်ချင်သူတွေ ဖတ်ဖို ့မှတ်တန်းကျန်အောင် ကူးတင်ပေးလိုက်ပါတယ်။ စပွန်ဆာတွေက လေကြောင်းလိုင်းတွေနဲ့ ထိုင်းသံရုံး၊ ပါတာတွေ့ရပြီး ဈေးရောင်းဖို ့နေရာတွေ Boothတွေကို ဝက်ဘ်ဆိုက်နေနေ မှတ်ပုံတင်လို့ရပါတယ် ၃၀၀-၃၅ဝ ဒေါ်လာလို့တွေ့ရပါတယ်။ ရက်ဖယ်က ဟွန်ဒါ စီဗစ် ၂၀၁ဝ ဖြစ်နေပါတယ်။ ကျုပ်တို့ မဟာသင်္ကြန်အယ်အေပွဲနဲ့တော့ တော်တော်ကွာသေးတာတွေ့ရပါတယ်။ ကွာဆို ဗမာတွေက လက်ရှိအာဏာရအစိုးရနဲ့မှ အစဉ်မပြေတာမို ့..လေကြောင်းလိုင်းတွေဆီကလည်း စပွန်ဆာ ယူလို့မရတာကိုး..။ ဒါကြောင့် ဗမာတွေက အမေရိကန်ပြည်ထောင်စုမှာနေကြလည်း ကိုယ်ဒုက္ခနဲ့ကိုယ်ပဲဆိုပါတော့။ […]


kaiApril 3, 20101min1482
ဒေါသသင့့်တယ်..သင့်တယ်နဲ့ကြားဖူးကြမှာပါ။ စာ၊ကဗျာတွေမှာ ပြောပါတယ်..။ အဲဒါမှာ ဘယ်ကဘယ်လို သင့်ကြတယ်ဆိုတဲ့အကြောင်းနဲ့ သင့်ပုံသင့်နည်းတွေဖေါ်ပြထားတဲ့ ဆောင်းပါးကို အင်တာနက်မှာတွေ ့လို့တင်ပေးလိုက်ပါတယ်။ ကဗျာသမား၊၊စာသမားတွေ လိုက်နာရမယ်တော့မဟုတ်ပါဘူး။ ဒါကြောင့် “သင့်ကြောင့် ဒေါသမသင့်ပါစေနှင့် ”ဆိုတာက စိတ်ဝင်စားအောင် ရေးလိုက်တာရယ်ပါလို့။ …ဒါပေမဲ့ မြန်မာ့ကဗျာ…ဆိုတာက ..ဒီလိုဒီလို..ဥပဒေသစည်းကမ်းလေးတွေရှိတယ်ဆိုတာ သတိထားမိနိုင်အောင်ပါ။ ဆောင်းပါးတွေ ဝတ္ထုတွေမှာလည်း ဆိုင်ရာဆိုင်ရာတွေ ထည့်တွေးပြီး “ဒေါသမသင့်” ဖြစ်ကြစေလိုပါတယ်။ စည်းကမ်းသဘောက အတူတူပါပဲ။ စည်းကမ်းတွေနောက်အတင်းလိုက်ပြီး ညှိယူနေရင်လည်း အနုပညာပျက်ပြီး မရိုးမသားတွေ ဖြစ်ကုန်တာမို ့…အနုပညာဆိုတာ “ရိုးသားမှုကိုအခြေခံတယ်”ဆိုတာလေး နှလုံးသွင်းပြီး အတင်းကြီးလုပ်ယူမနေရင် “လှ”လာတာပါပဲလို့..။”လှ”မှတော့ လူတွေစိတ်ဝင်စားပြီး ဖတ်ကြ၊ဆွေးနွေးကြ၊ ဝေဖန်ကြနဲ့ အနုပညာမြောက်ပြီပေါ့နော။ ဘာပဲဖြစ်ဖြစ် ဒီလိုစည်းကမ်းတွေရှိတာကလူမျိုးခြားတွေကို ကြွားလို့ရသပေါ့…။ စိတ်ဝင်စားရင်..ကဗျာကျမ်းစာအုပ်လေးငါးအုပ်ရှိပါသေးတယ်..။ဖတ်ပြီးရင် တင်ပေးမယ်လေ။ ====== ကဗျာ၌ သင့်သော ဒေါသ Saturday, December […]


kaiApril 2, 20102min2015
myanmargazette.net တွင်ရေးသားနေသူများသို့…. (Myanmar Celebrity Team) မှ အောက်ပါမေးလ်ကိုလက်ခံရရှိပါသည်။ စစ်ဆေးကြည့်ရာ မှန်ကန်နေကြောင်းတွေ့ရှိရသဖြင့် myanmargazette.net တွင်စာရေးသားသူများကို သတိပေးလိုပါသည်။ မိမိတု့ိရရှိမည်ဖြစ်သောအကျိုးအမြတ်အနည်းငယ်မျှအတွက် သူတပါး၏ အကျိုးစီးပွားကို ရယူသုံးရန်မသင့်ပါ။ သတင်းသမား၊စာရေးဆရာ၏ ကျင့်ဝတ်နှင့်လည်း မညီညွတ်ပါ။ စဖွင့်ကတည်းက တင်ပေးထားသော myanmargazette.net တွင်စာရေးနေသူများ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်ကို ထပ်မံဖေါ်ပြအပ်ပါသည်။ https://myanmargazette.net/?p=45 သူတပါးရဲ့ စာမူကို ကူးယူတင်တာမျိုး ၊သူတပါးဓါတ်ပုံကို ယူသုံးတာမျိုး၊ တခြားတနေရာမှာ ဖေါ်ပြပြီးသားကို ပြန်တင်တာမျိုး စသဖြင့် မလုပ်ကြဖို ့ပါ။ အင်္ဂလိပ်လို တိုက်ရိုက်ကူးတင်တာမျိုးကိုလည်း တားမြစ်ပါတယ်။ ကိုးကားတယ်ဆိုယင် ကိုးကားတဲ့ သတင်းလင့်ခ်တော့ အပြည့်အစုံအောက်ဆုံးမှတ်ချက်မှာ ဖေါ်ပြပေးစေလိုပါတယ်။ မလွဲမရှောင်သာ သူများစာကိုကူးတင်ဖြစ်တယ်ဆိုရင်လည်း အောက်မှာ “မှတ်ချက်။   ။ ..” ဆိုပြီး ရေးပေးစေချင်ပါတယ်။ မူပိုင်ခွင့်တွေကို […]


kaiApril 1, 20103min853
ရန်ကုန်။ ။ဧပြီ ၁ ယနေ့၌ နေပြည်တော်နှင့်အနီးတဝိုက်တွင်မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျကြောင်းကြားသိရသည်။ မိုးသီးကြွေချိန်တွင် လူအများအပြား မိမိတို့နေအိမ်များမှထွက်လာကြ၍ မိုးသီးများကို ခွက်များနှင့်ခံယူကာ အရေပျော်သည်အထိစောင့်ပြီး သောက်သုံးကြကြောင်း။ သောက်သုံးသူအချိုု့၏ ပြောပြချက်အရ မိုးသီးပျော်ရေများမှာ ခါးသက်သည့်အရသာရှိသော်လည်း သောက်ပြီးသည်နှင့် ပေါ့ပါးပျော်ရွှင်စိတ်များဖြစ်လာကြောင်း၊ မိုးသီးမှာ တနာရီခန့်သာကျပြီး ရပ်သွားသော်လည်း မိုးမှာမူ ၂နာရီခန့်ကြာအောင် ရွာသွန်းခဲ့ကြောင်း။ မိုးတိတ်သောအခါ မိုးရေထိသော ကျောက်တုံးကျောက်ခဲများအရောင်တောက်လာပြီး ပတ္တမြားခဲများအဖြစ်ပြောင်းလဲသွားကြောင်း။ မိုးရေထိသော သစ်ရွက်များမှာမူ အစိမ်းရောင်ကတ္တီပါစများအဖြစ်ပြောင်းသွားကြောင်း၊ မိန်းမပျိုများမှာမူ မိမိတို့ဝတ်ဆင်ထားသော အဝတ်အစားများကိုဆုတ်ဖြဲပစ်ကာ အဆိုပါကတ္တီပါစများနှင့် လဲလှည်ဝတ်ဆင်ကြကြောင်း။ ပတ္တမြားခဲများကိုလည်း ကြိုးနှင့်သီကာ ဆင်မြန်းနေကြကြောင်း သိရှိရသည်။ ယောက်ျားများမှာမူ အစိမ်းရောင်ကတ္တီပါစကို ကိုယ်တွင်ပါတ်လိုက်သည်နှင့် အားမာန်များတဟုန်းဟုန်းကြွလာကာ မိမိကိုယ်မိမိ စင်္ကြာဝတေးမင်းကဲ့သို့ ကြီးမြတ်သောစိတ်များဖြစ်လာကြောင်း၊ လက်ညိုးညွှန်ရာ အနီရောင်များဖြစ်ကုန်ကြကြောင်း သတင်းဌာနများသို့ရောက်ရှိလာသော အီးမေးလ်သတင်းများကဆိုသည်။ ရန်ကုန်မြို ့နေလူအများအပြား နေပြည်တော်သို့ […]


kaiMarch 31, 20102min1011
The 2010 Census is easy, important and safe. This Burmese-language video shows you how to fill out and mail back your census form. When you take 10 minutes to answer 10 questions, you help your community get what it needs for the next 10 years. အမေရိကန်ပြည်ထောင်စု သန်းခေါင်စာရင်း ပုံစံဖြည့်စွက်နည်း ကို မြန်မာလို ဗီဒီယိုဖြင့်ရှင်းပြထားသည်။ ယခုအချိန်ထိ ဖေါင်မရသေးသူများ နီးစပ်ရာ မြို […]


kaiMarch 30, 20101min901
ခင်မင်ရပါသော ဒေါက်တာဆလိုင်းလော်မာ၏ ဖခင် ဦးဒိုထောင်း ကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် များစွာ စိတ်မကောင်းဖြစ် ဝမ်းနည်းရပါသည်။ မန္တလေးဂေဇက် —- လွှတ်တော်ကိုယ်စားလှယ်(ကွယ်လွန် မြင့်မောင် | တနင်္လာနေ့၊ မတ်လ ၂၉ ရက် ၂၀၁ဝ ခုနှစ် ၂ဝ နာရီ ဝ၂ မိနစ် နယူးဒေလီ (မဇ္ဈိမ)။     ။ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဦးဒိုထောင်း (၇ဝ နှစ်) သည် ကျောက်ကပ်ရောဂါဖြင့် ယနေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားသည်။ ဦးဒိုထောင်းသည် ၁၉၉ဝ ရွေးကောက်ပွဲ၌ ကလေးမြို့နယ် မဲဆန္ဒနယ်မြေ ၁ မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး၊ နိုင်ငံတော်ပုံကန်မှုဖြင့် ထောင်ဒဏ် ရ နှစ် ကျခံခဲ့ဖူးရသည့် […]


kaiMarch 29, 20107min942
[polldaddy poll=3006238] ငလျှင်လှုပ်သော်…ဆိုပြီးလိုက်ရှာတာ…နောက်ဆုံးတော့ ငလျှင်တိုင်းပြည် ဂျပန်က အကောင်းဆုံးလုပ်ပေးထားတာတွေ့တာမို ့ ဒီအတိုင်းပဲကူးတင်ပေးလိုက်ပါတယ်။ သူတို့က အရုပ်ကလေးတွေနဲ့မို ့နားလည်ရလွယ်မယ်ထင်လို့ပါ။ တခြား ကြက်ခြေနီကထုတ်တာတွေလည်းရှိပါတယ်။ မြန်မာပြည်ဟာ ငလျှင်ကြော( ပြတ်ရွေ့ကြော)တွေပေါ်မှာရှိပြီး ယူအက်စ်က ဗမာအများဆုံးနေတဲ့ ကယ်လီဖိုးနီးယားလည်း ပြတ်ရွေ ့ကြိးပေါ်မှာမို ့ ဒီဟာကို သတင်းစာမှာ ပုံနှိပ်ဖေါ်ပြပါမယ်။ နံရံမှာ ကပ်ထားနိုင်အောင်လို့ပါ။ What You Can Do for Preparation (1) Fix furniture and other objects to the floor and/or wall firmly with special metal devices made for this purpose.(2) Don’t keep […]