kalinkJune 23, 20121min29618
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM/ WCDMA မိုဘိုင်းဖုန်းများကို ဇွန်လ (၂၉) ရက်နှင့် ဇူလိုင်လ (၃၁) ရက်နေ့များတွင်အရစ်ကျငွေချေစနစ်ဖြင့်ရောင်ချသွားရန်စီစဉ်ထားကြောင်းသိရသည်။ GSM အတွက်တစ်လ လေးသောင်းနှုန်းနဲ့ (၅)ရစ်ကိုလစဉ်ပေးသွင်းသွားရမှာဖြစ်ပြီး WCDMA အတွက်တစ်လ ငါးသောင်းနှုန်းနဲ့ (၅)ရစ်ကိုလစဉ်ပေးသွင်းရမှာဖြစ်ပါတယ်။ အင်တာနက်အသုံးပြုလိုသူများအတွက်အသုံးပြုလိုသည့်အချိန်မှာ သတ်မှတ်နှုန်းထားဖြင့်သုံးစွဲသွား ရမှာဖြစ်ပါတယ် သတ်မှတ်အရစ်ကျငွေမပေးသွင်းပါက လိုင်းဖြတ်တောက်ထားမှာဖြစ်ပြီး ပေးသွင်းပြီးမှသာလိုင်းပြန် ဖွင့်ပေးမှာဖြစ်ပါတယ် ပထမအရစ်ပေးသွင်းပြီးပါက ကဒ်အားထုပ်ပေးပြီးစတင်သုံးစွဲနိုင်မှာဖြစ်ပါတယ် နောက်ဆုံးအရစ်ပေးသွင်းပြီးချိန်မှာစာရွက်စာရွက်စာတမ်းတွေ လွှဲပေးမှာဖြစ်ပါတယ်….
kalinkJune 22, 20121min1489
ဇွန်လ ၂၂ ရက်။    ။ ရန်ကုန်မြို့ ရန်ကုန်ဟိုတယ်မှာ ဇွန်လ (၂၁) ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီနှင့် သတင်းမီဒီယာများ တွေ့ဆုံဆွေးနွေးပွဲမှာ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ၎င်းရဲ့ လျှပ်တပြက်ဂျာနယ်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် ပိတ်ပင်လိုက်တဲ့အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရက လျှပ်တပြက်ဂျာနယ်ကို ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်ရေးသားမှုနဲ့ အရေးပေါ် ဥပဒေ ပုဒ်မ ၅၀၅ (ခ) (ဂ) အရ ပုဇွန်တောင်မြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ ပြောပါတယ်။ “ကျွန်တော့် ဂျာနယ်ကို ပုဇွန်တောင်မြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅ (ခ) (ဂ) နဲ့ တရားစွဲဆိုကြောင်း ဆင့်ခေါ်စာ ရောက်လာပါတယ်” အဲဒီလို […]
kalinkJune 22, 20121min33330
မြန်မာနိုင်ငံသား fb အသုံးပြုသူများသတိပေးကြေငြာချက် မိမိ fb စာမျက်နှာတွင် http://goo.gl/ အစရှိသည့် link ဖြင့်စသည် စာတန်းများကို လုံးဝလုံးဝ မနိုပ်ကြရင်သတိပေးပါရစေ လုံးဝလုံးဝမနိုပ်ပါနဲ ဘင်္ဂလားနဲမြန်မာ Cyber war ဖြစ်နေပါသည် များများ share ကြပါ
kalinkJune 21, 20121min19410
စားသုံးဆီတွေနဲ့ ပက်သက်ပြီး ကျန်းမာရေးအရ မစားသုံးသင့်တဲ့ဆီများကို  သတိထားဖို့လိုပါတယ်လို့ ဒီနေ့သတင်းစာမှာ ရေးထားပါတယ်။ အခုအခါမှာ အသုံးပြုပြီး စားသုံးဆီများကို ပြန်လည် ပုံပြောင်းပြီး  ဖြန့်ဖြူးရောင်းချမှုများရှိနေလို့ အခုလို သတိပေးတာဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ တဖက်နိုင်ငံက ဝင်လာတဲ့ဆီတွေကို စစ်ဆေးကြည့်ရာမှာ အဲဒီလိုတွေ့ရတာပါတဲ့။ ရှမ်းပြည်မြောက်ပိုင်းဆိုတော့ တရုတ်နိုင်ငံဘက်က သွင်းလာတဲ့ဆီတွေကို ရည်ရွယ်ဟန်တူပါတယ်။ ထိုင်းနိုင်ငံမှာတော့ အပေါ်ပုံမှာ တွေ့ရတဲ့အတိုင်း စားသုံးဆီဆိုတာတွေကို အိတ်နဲ့ထုပ်ရောင်းနေပါတယ်။ တချို့အိတ်တွေက တံဆိပ်ပါသလို တချို့ကတော့ ဘာတံဆိပ်မှ မပါပါဘူး။ သတင်းအဆုံးပိုင်းမှာ အမည်မသိ ဆီများကို သတိထားပါလို့ ဖော်ပြထားပါတယ်။ တံဆိပ်မပါတဲ့ဆီများကို ရည်ရွယ်လိုဟန်တူပါတယ်။ တံဆိပ်မပါရင် အရောင်းအဝယ် မလုပ်နဲ့၊ ဘယ်တံဆိပ်တွေက စိတ်ချရတယ် ဆိုတဲ့ အခြေအနေကို ဘယ်တော့ရောက်မယ်ဆိုတာတော့ မသိရပါဘူး။ ုမြန်မာပြည်ထက် ခေတ်ရှေ့ပြေးပြီး ပြည်သူ့ကျန်းမာရေးကို ဂရုစိုက်တဲ့ ထိုင်းနိုင်ငံမှာတောင် […]
kalinkJune 20, 20121min1083
ကိုယ်လုပ်နေသော အလုပ်သည် ကိုယ့်ရဲ့ အကောင်းဆုံးစိတ်ထားနှင့် အကောင်းဆုံးအရည်အသွေးကို ဖော်ပြနေခြင်းဖြစ်ရမည်။ ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)
kalinkJune 19, 20121min39926
အရေးကြီးတယ် ဆက်ပြီး share ပေးပါ… aungsansukyi@blumail.org ဟု add လာပါက လုံးဝလက်မခံပါနဲ့။ ၂၄ နာရီအတွင်း မိမိတို့အကောင့်များ ပျောက်ဆုံးသွားပါလိမ့်မည်။ အမေစုဖြေပေးပါ အပိုင်း၂ ဆိုပြီး zip ဖိုင်နဲ့ပို့လာတာ အလွန်ကြောက်စရာကောင်းတဲ့ Virus ပါ၊ ကွန်ပျူတာကို လုံးဝ ပျက်သွားစေပါတယ်…. လုံးဝဖွင့်မကြည့်ပါနဲ့။ မှတ်ချက်။ ကျနော့တို့ ကိုယ်တွေ့ဖြစ်ပြီး သတ်ဖို့အဖြေရှာ မရနိုင်သေးခင် ကြိုတင်သတိပေးလိုက်ပါတယ်။
kalinkJune 16, 20121min1164
ဒီအပတ် ရှဲလ်ရင်းချင်တာက.. လူတိုင်းမဖတ်တဲ့.. နိုင်ငံတော်သတင်းစာထဲက တန်ဖိုးရှိတာလေး.. ကိုဝေမျှလိုက်ပါတယ်။ အခကြေးငွေလည်းမကုန်၊ ဘာအရင်းအနှီးမှစိုက်ထုတ်စရာလည်းမလို၊ ဘာညာကွိကွ ကိရိယာတွေလဲ ဝယ်စရာမလိုဘဲ.. လူတိုင်းပြုလုပ်နိုင်တဲ့ ကျန်းမာရေးလေ့ကျင့်ခန်းဟာ…လမ်းလျှောက်ခြင်းပါပဲ။ ကျန်းမာရေးလိုက်စားသူ၊ အချိန်ပေးနိုင်သူတွေအတွက် နေ့စဉ်ခြေလှမ်းပေါင်း ၁၀၀၀ဝ လျှောက်ခြင်းဟာ အကောင်းဆုံး စံနှုန်းပါပဲ။ သာမန်လူတွေအတွက်တော့ တစ်နေ့မှာ ခြေလှမ်းပေါင်း ၃၀၀ဝ တစ်ပတ်မှာ ငါးရက် လျှောက်နိုင်ရင် လုံလောက်ပြီလို့ဆိုပါတယ်။ ဒါကတော့ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့က ဆေးပညာရှင်တစ်စုရဲ့ လေ့လာချက်ပါ။ ယင်းလိုလူတွေမှာ အမှတ်(၂) ဆီးချိုအမျိုးအစားဟာလည်း အဖြစ်နည်းသွားပြီး သာမန်လူတွေထက်သုံးချိုးတစ်ချိုး နည်းသွားနိုင်တယ်လို့ဆိုပါတယ်။ နာက်လေ့လာချက်တစ်ခုမှာတော့ အသက်(၅၉)နှစ်မှ အသက်(၇၀) အတွင်း လူများကို လေ့လာထားတဲ့ စာတမ်းတစ်စောင်မှာ ယင်းအရွယ်လူအများအနက် တချို့ကို ဗီတာမင် ဒီ နှင့် ကယ်လ်စီယမ်ဓာတ်ပါတဲ့ ပုံမှန် အစားအသောက်ကိုကျွေးပြီး လမ်းလျှောက်ခြင်း၊ […]
kalinkJune 16, 20122min1434
ကျန်းမာရေးလိုက်စားသူ၊ အချိန်ပေးနိုင်သူတွေအတွက် နေ့စဉ်ခြေလှမ်းပေါင်း ၁၀၀၀ဝ လျှောက်ခြင်းဟာ အကောင်းဆုံး စံနှုန်းပါပဲ။ သာမန်လူတွေအတွက်တော့ တစ်နေ့မှာ ခြေလှမ်းပေါင်း ၃၀၀ဝ တစ်ပတ်မှာ ငါးရက် လျှောက်နိုင်ရင် လုံလောက်ပြီလို့ဆိုပါတယ်။ ဒါကတော့ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့က ဆေးပညာရှင်တစ်စုရဲ့ လေ့လာချက်ပါ။ ယင်းလိုလူတွေမှာ အမှတ်(၂) ဆီးချိုအမျိုးအစားဟာလည်း
အဖြစ်နည်းသွားပြီး သာမန်လူတွေထက်သုံးချိုးတစ်ချိုး နည်းသွားနိုင်တယ်လို့ဆိုပါတယ်။
<a href=”http://3.bp.blogspot.com/-Me2g3hrqDUs/TlsQ6XIy-QI/AAAAAAAABCs/XNNOsAQ_znw/s1600/couple-walking.jpg” imageanchor=”1″ style=”clear: […]
kalinkJune 15, 20121min53542
ဒီနေ့ထွက်နေကြအတိုင်း လမ်းပေါ်ထွက်ပီး လိုင်းကားတိုးစီးလာခဲ့တာ.. တယ်ကံကောင်းလှပါတယ်အောင်းမေ့မိတယ်။ ကားပေါ်တက်လိုက်တာနဲ့ထိုင်ခုံလဲအဆင်သင့်ရတာခင်ဗျား…။ ဟော..လှည်းတန်းဘက်ဖြတ်လာတော့လည်း လူတွေရှင်းနေတာဘဲ..ကားတိုးစီးမဲ့သူတောင်မရှိဘူး..။ ကြာလှချည်ရဲ့ဆိုတဲ့ လှည်းတန်းပွိုင့်တောင် ဘယ်လိုဖြတ်ခဲ့မှန်းမသိဘူး..မြို့ထဲကို ခဏချင်းရောက်လာတယ်။ ဟော မြို့ထဲရောက်တော့လည်း…လူတွေရှင်းနေလိုက်တာမှာဘဲ…ကိုယ့်ကိုယ်ကိုတောင် အားငယ်မိတယ်။ ပြည်သူ့ရင်ပြင်ရှေ့မှ သတိထားမိတယ် အောဒီနေ့က လူတွေလိပ်ပြာလန့်အောင် ကောလဟာလ သတင်းတွေလွင့်ထားတာကိုးလို့…။ ဘာဖစ်ဖစ် လာမဲ့ဘေး ..ကြိုရှောင်ထားတာကောင်းပါတယ်ဆိုပီး အိမ်ကနေမထွက်ကြတာနေမှာပေါ့ဆိုပီး စိတ်ထဲမှာတွေးမိတယ်။ တချို့မိဘတွေလည်း ပေးမထွက်ဘူးဒီနေ့ ဘာဖစ်မယ် ညာဖစ်မယ်ဆိုပီး…။ ကျနော်တော့ မျက်စိဖွင့် နားစွင့်ပီး ရုံးကို အပြေးလာခဲ့တော့တာဘဲ။ လူအများ နေ့စဉ်လှုပ်ရှားမှုများအား လိပ်ပြာလန့်အောင်လုပ်သူများ လူအများ လိပ်ပြာလန့်သလို သူ့တို့လဲ ပြန်လန့်ပါစေ….. အားလုံးလိပ်ပြာလှပါစေ..