ဇီဇီNovember 3, 20141min47059
ဒီ တစ်ပတ်ကို ခွစ် ကို နားပူလို့ ရထားတာလေးနဲ့ ကျေနပ်လိုက်ကြဦးနော်။ ဟိ။  :k: မရှင်းရင် သများရဲ့ ကရင်မလေးကို မေးကြပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~“ ကေဇီရဲ့ထားစားလို့ရတဲ့အစားလေးတွေရေးတဲ့.. https://myanmargazette.net/201451 အဖုထွက်ပို့စ်ကတည်းက ရေးပေးမလို့.. ကြားထဲ..အသုဘတွေဆက်သွားလို့.. အခု.. ကိုရေမြေင်းချက်တဲ့ပို့စ်မှ ရေးပေးဖြစ်လိုက်တယ်.. သများကြိုက်လို့.. စိတ်လိုလက်ရရှိရင် ကိုယ်တိုင်ကြော်ချက်ထားပြီး ထားစားလေ့ရှိတဲ့ ဘူးသွပ်..ပုလင်းသွပ်အကြော် အလှော်နည်းတွေပေးလိုက်တယ်.. သိပြီးသားလည်းဖြစ်မှာပါ.. နည်းတွေက ခက်လွန်းတော့.. သများကတော့ လက်တမ်းချက်နေကြဆိုတော့.. အချိုးအစားအတိအကျတော့မသိ.. ဆား..ငံပြာရည်.. ကြက်သားမှုန့်တို့ .. သကြားပုလင်းတို့ကို ဆပြီး..စောင်းထည့်လိုက်တာပဲ….. ရယ်ဒီမိတ် Paste တွေဝယ်ပြီး သူတို့အထုတ်ပေါ်က အချိုးနဲ့ချက်ရင် ဘယ်တော့မှအချိုးမပြေတတ်လို့.. ကိုယ့်လက်ဆကိုပဲအားကိုးတယ် :mrgreenn:   1) ငါးကွမ်းရှပ်ဆားပေါ့တုံး/ငါးရောင်ခြောက်တုံး ငါးခြောက်၂ဝသားလောက်ကို လက်သန်းတစ်ဆစ်စာလောက်တုံး.. ရေဆေးပြီး နေပြန်ပြထား.. နေ၁နာရီလောက်ပြပြီးရင် […]


ဇီဇီOctober 30, 20141min63354
  ကေဇီ နှယ်… နင်လို လူ နဲ့ အက အခုန် နဲ့ ဘာဆိုင်တုန်း ပြောလည်း ခံရမှာတော့မှာပဲ။ လူက အဆိုရော အကရော အင်မတန် ဝါသနာပါတာ။ အဲ။ အောင်မြင်အောင် လုပ်ရဲ တဲ့ “ဇ” ပဲ ပါမလာတာ။ :mrgreenn: အလယ်တန်းကျောင်းတုန်းကများ နယ် ကျောင်းမှာ ဘာပွဲဖြစ်ဖြစ် ရှေ့ဆုံးက က တာ။ ကိုယ် က ရှေ့ကနေ နန့်နန့် နန့်နန့် က သလောက် ဇော်သန့်က ရှက်လွန်းလို့ ရှေ့ထွက်မလာ။ :mrgreenn: ဆို က ရေး တီး ကို ဇွတ်ခေါ်လို့ ကျောင်းပွဲမှာတော့ ဝင်ပြိုင်လိုက်သေးးး၊ နောက်မှ မင်းသမီး ဝတ်စုံ ကလနား […]


ဇီဇီOctober 27, 20141min57447
ဒီ တစ်ပတ် အလှည့်ကျ စားဖိုမှူးကတော့ … နင်းနင်း ခေါ် ရေမြေ့သနင်း ဖြစ်ပါတယ်။ ခွိ။ ရေမြေ့သနင်း ပြည့်ရှင်မင်းကို မီးဖိုချောင်သွင်းနိုင်တဲ့ နာ ကွ။။ သူတစ်ယောက်တည်း ချက်တာ မဟုတ်ပါဘူးတဲ့။ မဒမ်နင်း နဲ့ ၂ ယောက် အတူ ဈေးသွား အတူချက်တဲ့ ဟင်းတွေပါတဲ့ဗျားးး ဪ။ လောကကြီး၊ လောကကြီး…. နှလုံးသား ဆီသို့ ဖြတ်လမ်းကို သိတဲ့ အမျိုးသားတွေ ပေါများလာပါ့ပေါ့လားးး သာဓု!!!! :kwi: နင်းနင်းတို့ ဘာ စိတ်ကူးပေါက်မှန်းမသိပါဘူးဗျာ။ ၅ ရက်စာထဲရယ် ပေးတော့ ၅ ရက်ပဲ အရင်တင်လိုက်တယ်။ ~~~~~~~~~~   တနလာင်္နေ့  . . ပုဇွန်အစပ်ကြော်လေးရယ်၊ မကျည်းသီးစိမ်းထောင်းကြော်လေးရယ်၊ ဒန့်သလွန်သီး ငါးနဲ့ […]


ဇီဇီOctober 21, 20141min58430
ဒီ ရွာမှာ ကျုပ် အကိုကြီးတွေထဲ ဆာဆာ၊ ကျောက်(စ) နဲ့ အမတ်မင်းပြီးရင် ကျုပ်က ကိုကြီးဘလက် (Black Chaw) ကို အချစ်ဆုံးရယ်။ ကျုပ်နဲ့ တူတာတွေ အများကြီးးးးး  :mrgreenn: ပေါက်ကရတွေပြောတတ်လို့ ပေါက်တတ်ကရလုပ်တတ်တယ်လို့ အထင်ခံရတာ (အမှန်တော့ မဟုတ်တာကို မလစ်ရင် မလုပ်ပါဘူးး) ဘာလုပ်လုပ် စိတ်အားတက်ကြွစွာ လုပ်တာ။ သူများလည်း တက်တက်ကြွကြွ ပါစေချင်သေးတာ။ (အဲလိုမဟုတ်ရင် ဒေါသကြီးတာ စိတ်ကောက်တတ်တာကတော့ ထည့်မပြောတော့ဘူးး) အရေထူမယ် ထင်ရပြီး သူများ စကားတို့ အမူအရာတို့ကို အသေးစိတ်ထိခိုက်လွယ်တတ်တာ။ (ပြီးရင် ဂရုမစိုက်ပါဘူး ဆိုတာ ပြောပြောပြီး ထပ်တလဲလဲ စားမြုံ့ပြန်ပြီး ခံပြင်းတတ်သေးရဲ့) ကိုယ်မနိုင်ရတဲ့သူကို လက်လျှော့သလောက် နိုင်ရတဲ့သူဆို အင်မတန်နိုင်စားတာ၊ (ဘေးနား အနီးဆုံးရှိတဲ့သူ နာပြီသာမှတ်) […]


ဇီဇီOctober 20, 20149min89358
    သမိန်ပေါသွပ် ခေါ်ချက်တာမဟုတ်ဘူးးနော်…. ဒီ တစ်ပတ်တော့ အသီးအနှံ တစ်ခုခုထဲကို အသားတစ်မျိုးမျိုး အစာသွတ်တာ ရေးမားလို့။ ဟိ။  :mrgreenn:  အသားဟင်းချည်း သီးသန့်မစားချင်တဲ့ သူတွေ အကြိုက်ပေါ့။ KZ အဖေ ဆို ဂလို အရောအနှောလေးတွေမှ ခံတွင်းတွေ့တာရယ်။ ဒါပေမဲ့ ခုရေးမှာက အစာသွတ်ဟင်းတွေ။ အရောအနှောဟင်းက နောက်မှ သတ်သတ်လာမှာ။     ~~~~~~~~~~ ၁) ဗုံလုံသီးကို ဝက်သားအကြေသား သွတ်မယ်နော်။ ဒီမှာက ဝက်သားတောက်တောက် စင်းပြီးသားရတယ်။ အဲဒါကို ပဲငံပြာရည် အကြည်၊ ဂျင်း၊ ကြက်သွန်ဖြူထောင်းထားပြီးသားနဲ့ နယ်ထားး ဗုံလုံသီးဝယ်ရုံပဲ။ ပဲလင်းမြွေသီးလို့လည်း ခေါ်တယ်လေ။ ထိပ်ပိုင်းလေးကို ဈေးသည်မသိအောင် ချိုးကြည့်။ အဟွတ်။ ဖျောက် ကနဲ့ ကျိုးမှ […]


ဇီဇီOctober 15, 20141min36141
ဒီနေ့ အရင် ဓာတ်ပုံတွေ မွှေရင်းနဲ့ သများ အချစ်ဟောင်းကြီး ဓာတ်ပုံ ၂ပုံ သွားတွေ့တယ်။ ဒီမှာ ဓာတ်ပုံကြည့်လိုက်။ ကြာပြီ ဆိုတော့ ဝါးတားတားဖြစ်နေပြီ။                                           သများ ၉ တန်း မှာ မွေးမေလေ့ ရဲ့ ကြောင်မ ကြီးက မွေးတာ။ ၃ ကောင်။ သူ အသေးဆုံးပဲ။ ကျန်တဲ့ကောင်တွေ ဘယ်လောက် ဝ မယ် ဆိုတာ စဉ်းစားသာကြည့်!!!   […]


ဇီဇီOctober 10, 20141min60856
အဖိုး ပြောတာလေး သွား အမှတ်ရတယ်။ ကျနော် တို့ အမျိုးက ချစ်ခြင်း မုန်းခြင်း ပြသနာတွေ သိပ်များတာ။ ငယ်တုန်းကတည်းက ဘယ်သူမေးမေး ဖြေရတာ… မဖြေမချင်း ကလေးတွေကို ဇွတ်မေးကြတာရယ်။ “ဘယ်သူ နဲ့ ဘယ်သူ မှာ ဘယ်သူ့ ပိုချစ်တုန်း” ဆိုတာမျိုးး… ပြီးရင် … “နင် က ငါ့ ကို အကြီးမ လောက် မချစ်ပါဘူး၊ သိပါတယ်” ဆိုတာ တသွယ်… နောက်လာသေးတယ်… “သူ့ ကြီးကြီးကို ကြည့်ရင် ချစ်စနိုး၊ ဒီ အဒေါ်ကတော့ချဉ်ဖတ်မှန်း သိပါတယ်” တို့ အဲလိုမျိုး အချစ်ရေး ပြသနာတွေကို ငယ်ကတည်းက ရင်ဆိုင်ခဲ့ရတာပေါ့။   ကိုယ့် မေးလို့ကတော့ မေးတဲ့ သူ […]


ဇီဇီOctober 6, 20143min54344
ယောက်ခမွသဲ အနော့ကို ဒီ တစ်ပတ် ခွေးလွှတ်ပါ။ ဟီးးး :mrgreenn: သဲ က ငပိမစားဘူးရယ်။   ကျနော်က တစ်ရက် တစ်ရက် ငရုတ်သီးရယ်၊ ငပိရယ် မပါရင် ထမင်းစားမဝင်ဘူးဗျ။ ငပိ ငခြောက် ပုဇွန်ခြောက်ကို လူကြုံတိုင်း မှာမှာစားရတာ။  :mrgreenn:   မြန်မာ ပါးစပ် ဆိုတော့ ဘာမှ မပါလည်း ဆီဆမ်း ဆားဖြူးနဲ့ အဲဒါလေးတွေ ဟိုလိုကြော် ဒီလိုကြော်က ထမင်းသိပ်စားဝင်တာရယ်။ အဲဒီတော့ အိမ်မှာ ပုလင်းလေးတွေနဲ့ ထားရတဲ့ လွယ်ကူမြန်ဆန် အဖုထွက် ဟင်းရံလေးတွေကို ရေးပါ့မယ်။ ညှော်နံ့အတွက် ပြသနာမရှိဘူး ဆိုရင် ကြော်ထားပြီး လိုက်ဖက်ရာ ချဉ်ရည်ဟင်းနဲ့ စားရင်ကို စားကောင်းနေတာပါပဲ။ ငိငိငိ။ :mrgreenn: အဲလိုတွေ […]


ဇီဇီOctober 4, 20142min55555
ကိုယ့် နှလုံးသားးး ဒီ ငရုတ်သီးလေး စားမိသလို ရင်ထဲ ပူပြီး တကယ်စပ်တယ် ဒါပေမဲ့တော့ ရှောင်ဖို့ခက်။   :sar: ဂုတလော နေရထိုင်ရ ခံစားရတာ ပူစပ်ပူလောင်ဖြစ်နေလို့။ :s: ဟိ။ ဒါ ကို Red Hot Chilli Pepper Spice ခံစားချက်လို့ ခေါ်တယ်။ ခွိခွိ 😳 ဒါသများ စိုက်ခင်းဟုတ်ဘူးးး ဟိုတခါ ပြပွဲကဟာ။                                             […]


ဇီဇီSeptember 29, 20144min73059
ထမင်းဆိုင် ပြန်ဖွင့်မို့ သာ ကြိုးစားပြီး စု ရတာ။ ဘာဟင်းမှ လက်ထဲမရှိဘူးးး ဟီးဟီးး  :mrgreenn: တဂျီးကလည်း လူလည် (အဟွတ်! သူမလာခင် အတင်းအုပ်လိုက်ဦးမယ်) :kwi: ဟင်းစပ်ရော… ဟင်းချက်နည်းရော… ဖြစ်နိုင်ရင် အချိုးအစား ရော လိုချင်တာ… ကိုယ့်မလည်း စားဖိုမှူးတွေကို ဒီထက် ချေးများလို့ တွန်းလို့ က မကောင်းးးဘူး လေ.။ :mrgreenn: အဲဒီတော့လည်း ဂလိုပဲ ကြံရဖန်ရတော့မယ်။ ဒီ တစ်ပတ်တော့ ကြာဇံ စား ရအောင်။ လူတိုင်း စားလို့ ရအောင် ကြက်သားနဲ့ပဲ အားပြု ပေးထားပါတယ်။ (ကြာဆံလို့ ပေါင်းရမယ်ထင်တယ်၊ မသိဘူးး အားရသလို ပေါင်းလိုက်ပြီ) ပဲကြာဇံ ကြိုက်သူက ပဲကြာဇံ ချက်နည်းယူပေါ့။ ဆန်ကြာဇံ […]


ဇီဇီSeptember 22, 201410min108853
    ဝယ်စားလို့ ရတဲ့နေရာတွေမှာတော့ မထူးဆန်းဘူးပေါ့နော်။   ပြည်ပမှာတော့ အဲဒါတွေက တစ်ခုတ်တရ လုပ်စားရတာ ဆိုတော့ သတင်းစာ အတွက် သုံးချင် သုံးလို့ ရအောင် ရေးပါ့မယ်။   မုန့်ဖတ်   ကျနော်က တော့      မုန့်တီ အတွက် ဆို ရင်  မလေးတွေ လာဆာ (Laksa) ထဲမှာ ထည့်တဲ့ မုန့်ဖတ် ကို ဝယ်ပါတယ်။   နန်းကြီးကြိုက်သူတွေ အတွက်ကတော့   ဂျပန် မုန့်လုံးဖတ် အကြီး (Udon) ဖတ်ကို ဝယ်ပါတယ်။     ရေနွေးကို ဆူအောင် တည်ပြီးမှ ဆီနည်းနည်းထည့်ပြီး မုန့်ဖတ်ကို ပြုတ်။ ပြီးရင် ဇကာထဲလောင်းချပြီး […]


ဇီဇီSeptember 16, 20141min64180
ဟို ကရွဲစည်ပို့(စ) မှာ စရင်းနောက်ရင်း လေးပေါက် စ လိုက်တဲ့ သေတမ်းစာ အကြောင်းကနေ အပြောင်အပျက်ပို့(စ) လေး တင်မှလို့ စဉ်းစားမိတာ။ ဟီးး   :mrgreenn: အဲလို စဉ်းစားမှ အပြောင်အပျက်က ထွက်မလာပဲ ခေါင်းထဲ ပေါ်လာတာတွေက နည်းနည်း ” လေး ” သွားတယ်။ အာတီဒုံရဲ့ ပို့(စ) လေးကိုလည်းဖတ်ထားမိတာလည်းပါတာပေါ့။ ဟိ။ အမှန်က ဟိုပြသနာ ပို့(စ) က အတည်ရေးတာ ဘယ်လိုဖစ်ပြီး ပေါက်ကရဖြစ်သွားမှန်းမသိဝူးးးး  :mrgreenn: ထားပါလေ။ သေတမ်းစာ အကြောင်း စ ပါ့မယ်။ မှတ်မှတ်ရရ ငါးတန်းလောက်က Will လို Auxiliary verb ကို Noun အနေနဲ့  သေတမ်းစာ လို့ […]