ခင္ခApril 8, 20141min55020
ရေကစားဟန်   ထူးပို့ ထူးပို့ တေးသံ မြူးစို့ မြူးလို့ သင်္ကြန် ပိတောက်ဝေဝေ ပွင့်ဖူးပြန် နွေအလှ ရေကစားကြဟန် သပြေခက်နဲ့ ငွေဖလားသဏ္ဍန် ဟိုး အတိတ်ဆီကအမှန် နောက်များတော့ နို့ဆီခွက်နဲ့ ခွက်စောင်းခုတ်ပြန် အခုများတော့ မဏ္ဍပ်ကယ်ထိုး မီးသတ်ပိုက် တစ်မျိုးနဲ့ ကျောစုတ်အောင်ထိုးသမို့ ရေကစားကြတဲ့ အခါသင်္ကြန် အမလေး တ ရမဟဲ့ ဧကန်။   ခင်ခ။


ခင္ခApril 8, 20141min56121
သင်္ကြန်မုန့်ဖိုး   ကလေးဘဝ ငယ်စဉ်တုန်းက ” ဖေကြီး တားတားကို သင်္ကြန်မုန့်ဖိုးပေး “ ” အေးသား ရော့ သုံးဆယ်” ” ဟင် ဖေကြီးကလည်း သားက သင်္ကြန်ရေပက်ဖို့ ရေခွက်ဝယ်ရအုံးမယ့်ဉ္စာကို သုံးဆယ်ထဲနဲ့” ” ဟေ မလောက်ဘူးလား ရော့ ငါးဆယ်ယူသွားကွာ “   မူလတန်းကျောင်းသား ကလေးဘဝအရွယ်တုန်းက ” ဖေကြီး သားကို သင်္ကြန်မုန့်ဖိုးပေးအုံးနော်” ” ရော့သား သုံးရာ “ ” ဟာ ဖေကြီးကလည်း ကျောပိုးလွယ်တဲ့ရေဗူးနဲ့ ရေပက်ပိုက်လေးက နှစ်ရာဆိုတော့ သားသုံးဖို့ဘယ်ကျန်တော့မလဲဗျ” ” ဒါဆိုလည်း သုံးရာထပ်ယူသွားကွာ”   အလယ်တန်းကျောင်းသား အရွယ်လောက်တုန်းက ” ဖေကြီး သင်္ကြန်ရောက်ရင် လမ်းထိပ်ကမဏ္ဍပ်မှာ သားရေသွားကစားချင်တယ်” […]


ခင္ခMarch 26, 20143min36514
” ရင်ဘတ်စည်တီး ငိုလိုက်တော့မယ် “   သက်တမ်းတွက်စစ် သုံးနှစ်ကာလ လွန်မြောက်လှလည်း စမ်းစစ်ပြည်မြန်မာ ပြောင်းလဲလာတာ အထွေအထူး မရှိလှဘူး မော်တော်ကားဈေး ကျခဲ့ပေးတော့ လမ်းပေါ်ကားကြပ် ဒုက္ခများလော့ ဖုန်းကဒ်ဖိုးများ ထောင့်ငါးရာဖြစ် လိုသလောက်မပေး ထိန်းချုပ်သေးလို့ ပြင်ပပေးဝယ် သိန်းသောင်းချီတယ် အင်တာနက်လိုင်း ဖွင့်ကာပေးလည်း ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ အဝိုင်းလေးရယ် ကလည်ကလည် လိုင်းရမရ သူမသိတယ် ကျငွေကတော့ ဖြတ်မယ့်အမ်ပီတီရယ် ဒေါ်စုသမ္မတ ရွှေးချယ်ရဖို့ ပြင်ရအုံးမယ့် အခြေခံမူရယ် ပြင်မယ်ပြင်မယ် အော်ကာနေတယ် စလုံးရေးက မစသေးကွယ် နိုင်ငံရပ်ခြား ကုမ္မဏီများက မြုပ်နှံအရင်းအနှီး လာကြမှာမို့ အလုပ်အကိုင်အခွင့်အလမ်း ပေါလှမယ်လို့ ပြောကာမိန့်ခွန်း ချွေခဲ့သော်လည်း သတမတ်မကျ မူဝါဒကို ယုံရန်ခက်တော့ အခုထိရောက်မလာ ဆင်းရဲလွတ်မြောက် တိုက်ဖျက်ရေးလည်းပျောက် ခေတ်ကြပ်စနစ်ကပ် […]


ခင္ခMarch 17, 20141min79740
” ရည်းစားစာလေး ရေးပေးပါ “   ကျွန်တော်တို့ စာကိုဘယ်အချိန်ကစပြီးရေးတတ်တာလည်း ဘယ်အချိန်က စပြီးဖတ်တတ်လည်းလို့ မေးခဲ့ရင် ကျွန်တော်ထင်တယ် က ခ ဂ ဃ င ဆိုပြီး မူကြိုတက်တဲ့အချိန် တစ်ချို့က သူငယ်တန်းတတ်တဲ့ အချိန်ကာလ ကစမယ်လို့ဘဲ ပြောရလိမ့်မယ်လေ။ အဲဒီမှာ တစ်ချို့လည်း ကျောင်းစာကို စိတ်ဝင်စားပြီး ရေးကြ ဖတ်ကြ ကျက်ကြ မှတ်ကြ စသည်ဖြင့် ကြိုးစားကြ သလို တစ်ချို့လည်း ရေလိုက်ငါးလိုက် ရေး ဖတ် ကျက် မှတ် ကြတာပေါ့ဗျာ။ ဘယ်လိုဘဲဖြစ်ဖြစ် လူပျိုအရွယ် အပျိုအရွယ် ဝင်လာတဲ့အရွယ်ရောက်လာကြရင်တော့ ကျောင်းစာကို ဖြစ်ဖြစ်မြောက်မြောက်မကြိုးစာချင် တတ်တဲ့သူတွေတောင်မှာ စာကိုစိတ်ဝင်းစားလာကြတယ် ကိုယ်တိုင်ရေးကြတယ် သူများရေးတာကို ဖတ်ချင် ကြတယ် မိန်းခလေးတွေလည်း ထိုထိုသောစာကို […]


ခင္ခMarch 13, 20142min59211
” ဝဋ်ဆင်းရဲခြင်းမှ လွတ်ကင်းရပါစေ”   ခေတ်အဆက်ဆက် ရက်စက်ယုတ်မာ အာဏာရှင်ဆန် အကောက်ကြံလို့ ပြည်သူကိုနှိပ်စက် သူတို့ချမ်းသာဖို့အတွက် တိုင်းပြည်ရောင်းစား သံယံဇာတများ ချွတ်ခြုံကျမှ ဒီမိုကရေစီပြ အသွင်းကူးပြောင်း လုပ်ဆောင်သော်လည်း လူလည်းမပြောင်း မူလည်းမပြင် စကားတွေပင် ပြောင်းကာပြောလည်း ထိရောက်စွမ်းအား အကြွင်းသုညမယုံရ။   ဝဋ်ကြွေးတော်ပြေ မြတ်ဘုရားရှေ့ဝယ် ဆုတောင်းမိတယ် အခါခါရယ် လူမှု့ဒုက္ခ ဒီပြည်သူများဘဝ လွတ်မြောက်စေကြောင်း ဆုမွန်တောင်းသည် နောင်သံသရာဘဝ လူဖြစ်လှလျှင် မြန်မာပြည်သား မြန်မာများအဖြစ် ပြန်လည်ဝင်စား မြန်မာပြည်နေ ပြည်သူဘဝ မရောက်ရစေ ဝဋ်ကြွေးရှိလျှင် ဒီဘဝနဲ့ဘဲကျေပါစေ။     ခင်ခ။  


ခင္ခMarch 12, 20143min36419
” မကောင်းကျောင်းပို့ ဆိုစကားမို့”   ” အဘ အဘကုတင်က ခုနှစ်ဆွေးရှစ်ဆွေးကကုတင်ကြီး ဟောင်းလည်းဟောင်းနေပြီ ခေတ်ပေါ်သံကုတင်နဲ့ လဲလိုက်ပါလား မြေးဒီလကုန် လစာရရင်ဝယ်ပေးမယ်လေ တစ်ခုတော့ရှိတယ် အဘ အခုကုတင်ကြီးသာ ဘယ်သွားပစ်ရမလဲ အဘစဉ်းစားထား” ” ဒါများငါ့ မြေးရယ် ပူတတ်ရန်ကော် ဒို့ကိုးကွယ်နေတဲ့ဘုန်းတော်ကြီးကျောင်း ပို့လိုက်တာပေါ့” …………………………………………………………………….. ” ဘုရားကျောင်းဆောင်တစ်ခု ဝယ်လာတယ် မိန်းမရေ” ” ဟင် မောင်ကလည်း အခုဘုရားကျောင်းဆောင်အဟောင်း က ဘယ်မှာသွားထားမှာလဲ တစ်အိမ်ထဲ ဘုရားကျောင်းဆောင်နှစ်ခုထားတော့လည်း ဘယ်လှပါ့မလဲ” ” ဒီအတွက်တော့ မပူပါနဲ့ ဘုရားကျောင်းဆောင်အဟောင်းကို ဘုန်းကြီးကျောင်းပို့ပြီး လှုလိုက်မယ်လေ” ………………………………………………………………………….. ” ငါ့ ရွာဦးဘုန်းတော်ကြီးဆီ သွားလိုက်အုံးမယ်ကွ မယ်ဖော့ရေ” “ရှင်ကလည်း နေ့လည်စာထမင်းလေးဘာလေး စားပြီးမှသွားရောပေါ့” ” နေ့လည်စာထမင်းစားပြီးမှဆို […]


ခင္ခMarch 10, 20144min57536
” ဥဩ ဥဩ လို့ တွန်သံကြားပြန်တော့ “   ခါနွေတပေါင်း ရာသီပြောင်းလို့ ဂိမ္မာန်ကာလ ပူလှတော့သည် ဥဩသံက တွန်လို့သာမြည် သစ်ခြောက်တွေလည်း ရွက်နုဝေစီ ရော်ရမ်းကာ လွမ်းလိုက်ချင်သည် ဟိုအရင်တုန်းက တက္ကသိုလ်ဆီ။   ” ဟေ့ သူငယ်ချင်း မင်းအတန်းချိန် မရှိဘူးလား မတက်ဘူးလား” ရန်ကုန်တက္ကသိုလ် နဲ့ စီးပွားရေးတက္ကသိုလ် တို့ရဲ့ထိစပ်နေရာ တက္ကသိုလ်ကင်တင်း(စားသောက်တန်း)က ထိုင်နေကျ လက်ဘက်ရည် ဆိုင်လေးမှာ ခင်ခ တစ်ယောက် လဘက်ရည်သောက်ရင်း စီကရက်လေးဖွာ နေတုန်း Eco က သူငယ်ချင်း ပုတု ရောက်လာပြီး ဝင်ထိုင်ရင်းမေးလိုက်တဲ့စကားကိုကြားလိုက်ရင်ဘဲ ” မင်းကလည်း အထူးအဆန်းလုပ်လို့ မေးနေသေးတယ် အတန်းချိန်ကတော့ ရှိနေတာဘဲလေ ငါတို့က ကျူတိုရီရယ်နဲ့ မေဂျာဘာသာလောက် အတန်းမှန်တဲ့ဟာကို […]


ခင္ခMarch 6, 20142min34017
” မျက်ဝန်းအိမ်မှာ မျက်ရည်တွေနဲ့ “   အချစ်ကြောင့် ကျတဲ့မျက်ရည် အမုန်းကြောင့် ကျတဲ့မျက်ရည် ကြင်နာမှုကြောင့် ကျတဲ့မျက်ရည် ဂရုဏာကြောင့် ကျတဲ့မျက်ရည် သံဃောဇဉ်ကြောင့် ကျတဲ့မျက်ရည် လွမ်းလွန်လွန်းလို့ ကျတဲ့မျက်ရည် ပူဆွေးသောကကြောင့် ကျတဲ့မျက်ရည် နာကျင်မှုကြောင့် ကျတဲ့မျက်ရည် ဒေါသစိတ်ကြောင့် ကျတဲ့မျက်ရည် စာလောင်မွတ်သိပ်မှုကြောင့် ကျတဲ့မျက်ရည် အလိုမပြည့်လို့ ကျတဲ့မျက်ရည် ဝမ်းသာပိတိစိတ်ကြောင့် ကျတဲ့မျက်ရည် ဝမ်းနည်းမိလို့ ကျတဲ့မျက်ရည် ခွဲခွါခြင်း၊နုတ်ဆက်ခြင်းကြောင့် ကျတဲ့မျက်ရည် ကျေနပ်လွန်းလို့ ကျတဲ့မျက်ရည် မကျေနပ်နိုင်လို့ ကျတဲ့မျက်ရည် ခံစားမှုမဲ့ မကျသည့်မျက်ရည် ……………………………….. …………………………. ……………….. ………… မျက်ရည်။     ခင်ခ။    


ခင္ခMarch 5, 20144min32614
” အများခေါ်ခဲ့တဲ့ အဘပါတဲ့ “   ဟိုအရင်တုန်းက သူငယ်ချင်းနှစ်ယောက် လမ်းဓာတ်မီးတိုင်နားက အုတ်ခုံလေးမှာထိုင်နေကြစဉ်   ” မိုးနတ်မင်းကြီးရေ ကျွန်တော်တို့အိမ်ကို လျှပ်စစ်မီးလင်းအောင်လုပ်ပေးပါ” ” ဟေ့ကောင် လျှပ်စစ်မီးလင်းအောင် မိုးနတ်မင်းကြီးက ဘယ်လုပ်တတ်မလဲ “ ” ဘာဖြစ်လို့လဲကွ “ ” မိုးနတ်မင်းတို့နေတဲ့ နတ်ပြည်မှာ လျှပ်စစ်မီးမရှိဘူးလေ အဲဒီတော့ လျှပ်စစ်မီးဆိုတာသူဘယ်သိမလဲ “ ” ဟေ အဲလိုလား “   ” မိုးနတ်မင်းကြီးရေ သူများတွေကိုင်ပြောကြသလို ကျွန်တော်ကို ဟန်းဖုန်းလေးရအောင် လုပ်ပေးပါ” ” ဟေ့ကောင် မိုးနတ်မင်းကြီးတို့ နတ်ပြည်မှာဖုန်းမရှိတော့ ဘယ်သိမလဲဟ “ ” ဒါဆိုသူတို့က နတ်တစ်ပါးနဲ့တစ်ပါး ဘယ်လိုဆက်သွယ်လဲဟင် “ ” သူတို့ရဲ့တန်းခိုးနဲ့  လှမ်းပြောလို့ရတယ်လေ” […]


ခင္ခFebruary 26, 20141min52821
အချိန်တန်သင့်ပြီ   နေပူပူမှာ စစ်ယူနီဖောင်းဝတ်ပြီး ၅ ယောက်အုပ်စုလိုက် လျှောက်လာနေကြတယ် ၃ ယောက်ရဲ့လက်ထဲမှာ ဆိုဒ်မျိုးစုံတစ်ချို့စာအုပ်တွေကို ပွေ့ကိုင်လို့ ကျန် ၂ ယောက်က စာအုပ်တွေထဲ့ထားဟန်တူတဲ့ အိတ်ကိုယ်စီ ဆွဲလျှက်အနေအထားရှိပြီး အဲဒီ ၅ ယောက်ထဲမှာ ၂ ယောက်က ဂျိုင်းထောက်နဲ့ပါ။ သူတို့တွေ ကျွန်တော်ထိုင်နေတဲ့နားရောက်တယ်ဆိုရင်ဘဲ ရပ်လိုက်ပြီး ” ကျွန်တော်တို့က ဒီမြို့နယ်က စစ်ပြန်စစ်မှုထမ်းဟောင်းတွေပါ ရံပုံငွေအတွက် စာအုပ်လေးတွေ လိုက်ရောင်း ပေးတာမို့ ဒီကနောင်ကြီး အားပေးပါအုံးနော် ” ဆိုပြီး သူတို့လက်ထဲမှာပွေ့ထားတဲ့စာအုပ်တွေကို ရွေးဖို့လှမ်း ပေးတယ်လေ။ စာပေကို ကျုပ်ကလည်း မြတ်နိုးတတ် ဖတ်လေ့ရှိသူမို့ရယ် မတတ်တစ်ခေါက် ဟိုတို့ဒီတို့ စာလေးတွေလည်း လက်တဲ့စမ်းကာ ဒီရွာထဲ(အခုမြို့ပေါ့)ရေးနေသူဖြစ်တာကြောင့်ရယ် သူတို့လို မသန်းစွမ်းပေမယ့် နေပူပူထဲ လျှောက်ကာရောင်းနေရတာကို သနားစိတ်ကြောင့်ရယ် […]


ခင္ခJanuary 21, 20141min39112
” သိစေချင်လို့ပြောတာနော် “   ဒီနေ့ဖတ်လိုက်ရတဲ့ The Voice Weekly သတင်းလေးတစ်ခုကို ဖတ်ပြီးမျှဝေချင်စိတ်လေး ပေါက်သွားမိတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ မန္တလေးဈေးကွက်အတွင်း တင်သွင်းလာတဲ့ပန်းသီးတွေဟာနေ့စဉ် ခြောက်ဘီးကားရှစ်စီးခန့် ဝင်ရောက်လျက်ရှိပြီး အဲဒီပန်းသီးတွေထိခိုက်ပွန်းပဲ့မှု မရှိစေရန် ဖယောင်းသုတ် ထားမှုရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပန်းမန်စိုက်ပျိုးတင်ပို့ရောင်းချသူများအသင်း ဥက္ကဌဦးကိုကိုထွေးက ပြောကြားသည်။ အဆိုပါ ဖယောင်းအနည်းငယ်သုတ်ထားသော ပန်းသီးကိုစားသုံးပါက အဆိပ်မဖြစ်နိုင် သော်လည်း စားသုံးမှုများပြားလာပါက အူပိတ်၍အော့အန်ခြင်းများ ဖြစ်လေ့ရှိသောကြောင့် အဆိုပါ ဖယောင်းသုတ်ထားသော ပန်းသီးများစားသုံးမည်ဆိုပါက ရေဆေးအခွံနွာလို့ စားသုံးသင့်ကြောင်း မန္တလေး ဆရာဝန်များအသင်း အတွင်းရေးမှုးဒေါက်တာနေဝင်းကရှင်းပြပါသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ပန်းသီးအများစုသည် အမြင်တွင် အလုံးကြီးထွားပြီး ပြောင်လက်စေရန် ဖယောင်းသုတ်လေ့ရှိကြောင်း သစ်သီးရောင်းသူတစ်ဦးကဆိုခဲ့ပြီး ပြီးခဲ့သည့် ဇန်နာဝါရီလဆန်းက သတ္တမတန်း ကျောင်းသားတစ်ဦးသည် ပန်းသီးကိုရေမဆေးဘဲ […]


ခင္ခJanuary 20, 20144min2075
” ပြန်တွေးမိတဲ့အခါ “   ဓာတ်မီးတိုင်အောက် ထိုင်ကာသာ စာဖတ်ကြမယ်လာလာ မာကျူရီမီး ထိန်ထိန်ကြီး တစ်ညလုံးလာ မဆလလက်ထက်မှာ၊ နွေလည်းမီးမပျက် မီးစက်ဆိုတာလည်းဝေးလျှက် လောပီတကပို့တာတဲ့။   တစ်ဖက်နဲ့တစ်ဖက်ကမ်း ကူးတို့ဇက်နဲ့ ကူးကာလှမ်း ဇတ်ထွက်ခွာချိန် စောင့်လျှက်လေ အချိန်တွေကုန် ခရီးဖင့်လို့ မြစ်ကိုမြင်လျှင် တံတားဆင် မြစ်ကူးတံတားများ ဆောက်ကာသွားတော့ အလျှင်အမြန် ရောက်ကာလှမ်းပေါ့ ချိန်ကုန်သက်သာ သွားကြသူဌာ နဝတခေတ် လုပ်ခဲ့ကြတာ လမ်းတံတားတော့ ဆောက်လှများစွာ။   လွတ်လပ်ခွင့်များ မပေးထားဘဲ ဖိနှိပ်ခဲ့တာ နှစ်ကာလကြာ အခုတော့ မီဒီယာ လွတ်လပ်ခွင့်လာ ရေးကြပြီဗျာ၊ ဇိမ်ခံမော်တော်ကား တန်ဖိုးများများ လူအတော်များများ စီးကြတက်စီကား အခုများတော့ ကားဈေးထိုးကျ ကိုယ်ပိုင်ကားတွေ များလှလမ်းပေါ်ဝယ်၊ အရင်တုန်းက ဆယ်လူလာဖုန်း လက်မှာကိုင်စွဲ ပြောကြသူကို […]


ခင္ခJanuary 15, 20144min65626
” နိုင်ငံခြားကို ပို့သတဲ့”   ငါတို့တိုင်းပြည် ဆန်ရေစပါး ပေါကြွယ်ဝလို့ နိုင်ငံခြားကို ပို့သတဲ့။   ငါတို့တိုင်းပြည် ပဲမျိုးစုံလည်း အထွက်ကောင်းသမို့ နိုင်ငံခြားကို ပို့သတဲ့။   ငါတို့တိုင်းပြည် ကျွန်းပင်တောကြီး ကြည့်မျှော်မဆုံးလို့ နိုင်ငံခြားကို ပို့သတဲ့။   ငါတို့တိုင်းပြည် ငါးမြင်း၊ငါးသလောက် ဖမ်းလို့မကုန်လို့ နိုင်ငံခြားကို ပို့သတဲ့။   ငါတို့တိုင်းပြည် ပုဇွန်ကောင်ကြီး ဈေးကောင်းရလို့ နိုင်ခြားကို ပို့သတဲ့။   ငါတို့တိုင်းပြည် ငါးရှည့်ကလည်း တရုတ်ကြိုက်လို့ နိုင်ငံခြားကို ပို့သတဲ့။   ငါတို့တိုင်းပြည် ကျောက်သံပတ္တမြား အလွတ်မထားဘဲ နိုင်ငံခြားကို ပို့သတဲ့။   ငါတို့တိုင်းပြည် သဘာဝဓာတ်ငွေ့ ကိုယ်မသုံးတတ်လို့ နိုင်ငံခြားကို ပို့သတဲ့။   ငါတို့တိုင်းပြည် လျှပ်စစ်မီးတောင် ပိုလျှံလို့ဆို […]