ခင္ခJanuary 14, 20142min48935
” အဟ အဟ အဟက် အဟက် အဟီး အဟီး……….”   ” အဟ အဟ အဟက် အဟက် အဟီး အဟီး အဟ အဟ အဟက် အဟက် အဟီး အဟီး ဟီးးးးးးးးးးးးး” မန္တလေးဆောင်းတွင်းမနက်ခပ်ချမ်းချမ်းမှာ မနက် ၆ နာရီလောက်ဆိုပေမယ့် ပတ်ဝန်းကျင်ဟာမိုးမလင်းသေးတဲ့ အချိန် လူသူတိတ်ဆိတ် အိပ်ကောင်းနေတုန်း ဘယ်အိမ်က ကလေးများ စောစောစီးစီးထပြီး အားရပါးရ ရယ်မောနေသံက ရပ်တန့်မသွားဟဲ တအားကိုသဘောကျရယ်နေသံကြောင့် ကျုပ်တစ်ယောက်အိပ်ယာထဲ မှေးနေတဲ့မျက်လုံးဖွင့်ပြီး အသံလာရာကိုနားစွင့်မိလိုက်တော့ အိမ်ရှေ့နှစ်ထပ်အိမ်ဘက်ကလာတဲ့ အသံ ဆိုတာ လဲသိလိုက်ရော မှေးနေတဲ့မျက်လုံးတောင် ကျယ်သွားသလိုဖြစ်မိသွားတယ်လေ။ အကြောင်းကဒီလိုဗျ ကျုပ်တို့အိမ်ရှေ့တည့်တည့်မှာ နှစ်ထပ်အိမ်လေးရှိပြီး သော့ပိတ်ထားတာအတော်ကြာ ခဲ့ကာ ပြီးခဲ့တဲ့ စနေကမှ နေမယ့်သူတွေပြောင်းလာတာလေ အဲဒီပြောင်းလာတဲ့ […]


ခင္ခJanuary 13, 20141min21811
  ” ကျသွားတဲ့ ခဲ ဂယက်ထတာပါဘဲ” တစ်ခါတုန်းကဆိုတာ မေ့လွယ်ပျောက်လွယ်ကြတဲ့ အရာတွေရှိသလို မေ့ပျောက်မရတဲ့ အရာတွေလည်း ရှိတတ်ကြစမြဲပေါ့။ တစ်ခါတလေကျပြန်တော့ အဲဒီတစ်ခါတုန်းကအကြောင်းတွေကို တစ်ယောက်ထဲငေးငိုင်ကာ ပြန်တွေးနေမိ တတ်ကြတာလည်း ရှိတတ်ကြပြန်ရော။ ဒါတွေကို အတိတ်ဇာတ်ကြောင်းမမေ့ကောင်းလို့လည်း တင်စားကာရေးကြပြန်သကိုး။ ကျွန်တော်လည်း တစ်ခါတုန်းက ရွာသာယာတစ်ခုမှာ ဝင်ရောက်ကျင်လည်ကျက်စား ဆော့ကစားခဲ့ဘူးပါတယ်၊ အဲဒီ ရွာသာယာမှာ ကျင်လည်ကျက်စားဆော့ကစားတုန်းကဆို နေ့စဉ်နေ့တိုင်းအချိန်တိုင်းနီးပါးပါဘဲ။ အိမ်သူက ညဉ့်နက်မအိပ်သေး ရွာသာယာမှာဘဲရှိနေသေးလို့ ညဉ့်နက်ပြီအိပ်တော့လေ မနက်အလုပ်သွားရမယ်လေလို့ သတိပေးဖြစ်ခဲ့တာအခါခါ ထမင်းစားချိန် ထမင်းစားဖို့ ထမင်းဟင်းတွေခူးခပ်ပြီးအဆင့်သင့်ပြင် အိမ်သူခဗျာ စောင့်နေသော်လည်း ဒီမောင်က ရွာသာယာထဲကထွက်မလာလို့ ရွာအပြင်ဇနပုဒ်တဲမှာပြင်ထားတဲ့ ဟင်းထမင်း တွေအေးကုန်မှစားဖြစ်ခဲ့ရပေမယ့်လည်း ရွာသာယာထဲဝင်လည်နေရရင်ပျော်နေတတ်သူ ကျွန်တော်ကတော့ ကျေနပ်နေပြန်သပေါ့။ အဲဒီတုန်းကရွာယာယာလေးဟာ စည်စည်ကားကား ဖို့ရို့ဖရားဆိုပေမယ့် အတော်ပျော်ခဲ့ ရွှင်ခဲ့ မြူတူးခဲ့ တယ်လေ။ […]


ခင္ခDecember 30, 20132min2057
  သတိပြုရမည့် အရာ   ကျွန်တော်တို့ နေထိုင်ရာ မြန်မာပြည်မှာ သတိပြုရမည့် အရာတွေရှိတယ်။ ဒါတွေဟာ ပုံသေနည်းတစ်ခုလိုဘဲ မှတ်ထားမယ်ဆိုရင်လည်း ရတယ်လို့ဆိုလို့ဖြစ်တယ်။ နွေရာသီဆိုရင် မီးသတိပြုရမယ်။ ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးလှတာ သူခိုးဓမြထက်ဆိုးတဲ့ရန်သူပါ …………. စသည်ဖြင့် ရပ်ကွက်တွေမှာ လော်နဲ့လှည့်ပြီး သတိပေးကြတယ်လေ။ မိုးရာသီဆို သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ရေး သတိပေးသဗျ။ တီဗွီတွေ သတင်းစာတွေ ကျောင်းတွေမှာ ပညာပေးအစီအစဉ်နဲ့ လုပ်ကြတယ်လေ။ ဆောင်းရာသီဆို ချောင်းဆိုး နှာဆေး အအေးမပတ်အောင်နေရေး သတိပြုစရာပေါ့။ အဲဒီလို နွေ မိုး ဆောင်း ဥတုသုံးလီရှိတော့ သူ့ရာသီနဲ့သူ သတိပြုရသည့် အရာတွေရှိတယ်ပေါ့ဗျ။ အဲဒီမှာ နွေ မိုး ဆောင်း ဘယ်ဥတုမဆို တစ်နှစ်ပတ်လုံး နေ့စဉ်နှင့်အမျှ သတိပြုရမည့် အရာတစ်ခုရှိတယ်။ မိတ်ဆွေတို့ […]


ခင္ခDecember 28, 20131min2138
” အနှောင့်အသွားမလွတ် စကားလုံးများနဲ့မြန်မာ” အနှောင့်အသွားမလွတ်တဲ့ စကားတွေဟာ တစ်ခါတရံမှာ တစ်ဖက်နှင့်တစ်ဖက် ရန်သူသဖွယ်အထိဖြစ်တတ်ကြတယ်လေ။ အဲလိုအနှောင့်အသွားမလွတ်တဲ့ စကားရပ်တွေဟာ အခုထဲက မြန်မာစကားမှာရှိခဲ့ကြတာမဟုတ်ဘူး ဟိုးရှေးရှေးထဲကဖြစ်တည်ခဲ့ကြတာတွေဗျ။ အသင်တို့ငြင်းချင်ရင်ဥပမာစကား နှစ်ခု ကျွန်တော်ပြောပြမယ် အမျိုးသားတွေရဲ့ခါးဝတ်ပုဆိုးကို ရှေးတုန်းက ဒီလိုဆိုခဲ့တယ် တောင်ရှည်ပုဆိုး တဲ့။ ဟော အမျိုးသမီးတွေရဲ့ခါးဝတ်ထမီကြတော့ ဒီလိုဆိုပြန်သတဲ့ ထိုင်မသိမ်း တဲ့လေ။ ကဲ စဉ်စားသာကြည့်ပေတော့………………………။   ခင်ခ။      


ခင္ခNovember 28, 20131min26716
  ” ဘယ်သူကို ရွေးမှာလဲ”   တခါတုန်းက မြို့ကလေးတစ်မြို့မှာ လူကုံထန်လူချမ်းသာ မိသားစုရဲ့ သားတစ်ယောက်နဲ့ သတင်းစာပို့ ဖိနပ်ချုပ်အလုပ်လုပ်တဲ့ ဆင်းရဲသားမိသားစုရဲ့ သားတစ်ယောက်တို့ရှိတယ်တဲ့။ သူဌေးသားက မနက်မုန့်ကို မှန်လုံခန်းလေးနဲ့ သပ်ယပ်စွာလှပချယ်သဆောက် ထား တဲ့ ကော်ဖီ ဆိုင်မှာ ဟန်ဘာကာစား ကော်ဖီသောက်တဲ့အခါ ဆင်းရဲသားသားကတော့ လမ်းဘေးပလက်ဖောင်း မှာဖွင့်တဲ့ လဘက်ရည်ဆိုင်မှာ အီကြာကွေးနဲ့ လဘက်ရည်ပေါ့ဗျာ။ သူဌေးသားက သူအလုပ်သွားတဲ့အခါ မှန်လုံကားကို အဲကွန်းဖွင့်ပြီး ချွေးမစို့ဘဲ သွားပေမယ့် ဆင်းရဲသား ကတော့ စက်ဘီးလေး လမ်းကြမ်းလေးကနေ ဖိနပ်ပါးလွှာ ရာဘာဖိနပ်အစုတ် နဲ့ ချွေးပေါက်ပေါက်ကျအောင် နင်းကာသွားကြတယ်။ လူဆိုတာ စိတ်ညစ်မှု အဆင်မပြေမှုဆိုတာကတော့ ချမ်းသာဆင်းရဲမရွေးရှိတတ်ကြတာမို့ သူဌေးသားက အဲလို စိတ်ညစ်တာကြုံတော့ အပေါင်းအသင်းဘော်ဒါတွေနဲ့ ဘီယာဆိုင်မှာ သောက်စားကာရင်ဖွင့်ပြောနေတဲ့အခါ […]


ခင္ခNovember 28, 20132min24214
” လူ ညစ် တွေ “   ဟေ့ လူ ဘာ ထိုင် နေ တာ လဲ မင်း အ ခု ထွက် သွား။   မ သွား နိုင် ဘူး ငါ အ ခု မှ ထိုင် လို့ ကောင်း နေ စဲ။   မင်း ထိုင် ကောင်း တာ မ ကောင်း တာ ငါ မ သိ ဘူး ဒီ နေ ရာက မင်း နဲ့ မ ထိုက် တန် ဘူး။   ဟ […]


ခင္ခNovember 15, 20131min22212
မေးပါရစေ မိတ်ဆွေတို့ရေ   စက်ရုံတစ်ခုကို အကြီးအကဲတွေ လာကြည့်တော့မယ်ဆိုရင် ဧည့်ခံဖို့နေရာ ကျွေးဖို့စားစရာ လှည့်ကာကြည့်မဲ့ ဝန်းကျင် စိမ်းလန်းစိုပြေရေး သားသားနားနားအမြင်တင့်တယ်ရေးအတွက် စက်ရုံကသူတွေ အလုပ်တွေရှုပ် ယောက်ယှက်တွေခတ်နဲ့ လူတိုင်းနီးပါးအလုပ်ကိုယ်စီ တာဝန်ကိုယ်စီ လုပ်နေကြပေမယ့် မောင်ပြူးတစ်ယောက် ကတော့ စီးကရက်လေးဖွာကာခဲပြီး လဘက်ရည်ဇိမ်နဲ့သောက် မပျက် အေးဆေးထိုင်နေလျှက်ပေါ့။ စက်ရုံမှုးကပြောလည်းသူကတော့ မဖြုန်နဲနဲမှမလှုပ် ဟီးဟားနဲ့ ငုတ်တုတ်ရှိလေတဲ့သူပါဘဲ။ အဲ အကြီးအကဲ ရောက်လာပြီဆိုရင် ဝန်ထမ်းဆိုတဲ့အတွင်း စိတ်သဘောကလည်း အကြီးအကဲကို မျက်နှာလုပ်ကာ ဖားချင် ပြုချင် အကြီးအကဲမမြင်မှာစိုးလို့ မြင်သာတဲ့နေရာကနေ နုတ်ဆက်ချင်ကြတာလေ အဲဒီအချိန်မှာတော့ မောင်ပြူး တစ်ယောက်ဘာလုပ်နေလဲသိလား အကြီးအကဲ သွားလာနေထိုင်ရာနေရာကနေ ခပ်ဝေးဝေးလည်း မဟုတ် အနီးနားလည်းမဟုတ် မြင်သာထင်သာတဲ့နေရာမှာ ချွေးတစ်လုံးလုံးကျအောင် အလုပ်တွေကို ခေါင်းမ ဖော်တမ်း လုပ်ပြနေသပေါ့ဗျာ။ အဲဒီကျ […]


ခင္ခNovember 13, 20132min29916
  ” ခေါင်းတွေသာကုတ် “   ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ မြန်မာထဲမှာ မရှင်းရှင်းတွေဟာ အခုထိလည်း မရှင်းသေးပါ ဘယ်တော့များမှ ရှင်းကြလိမ့်မှာ ရှင်းရအကြွေး တောင်ပုံရာပုံသာ။   ရခိုင်ပြည်အရေး ခပ်မှေးမှေးနဲ့ လက်ပံတောင်ကိစ္စ ဟိုလိုဒီလိုပြ ငါးလောင်းပြိုင်က မပေါ်သေး အခြေခံဥပဒေ ပြင်ရန်နှေး အခုအိုအိုင်စီကို သူဖိတ်တာပါတဲ့ မျိုးစောင့်ဥပဒေ ခပ်ဝေးဝေးနေ တပ်မတော်ပိုင်မြေကိစ္စ ခေတ္တခဏ အင်တာနက်ကွန်နက်ရှင် သီးခံစေချင် တရုတ်အကြွေးကလည်း မကျေသေးခင် လျှပ်စစ်မီးမှန်ရေး မဖြစ်နိုင်သေးမို့ ခဏစောင့်ပါ ပြည်သူများရာ နိုင်ငံစုံလေး သွားပါရစေအုံး ခုမှသွားလို့ ကောင်းနေတုန်း။   အကြံတူရင် နောက်လူသာစမြဲ စကားအဆို ရှိပါသော်လည်း ရှေ့ကအထုပ်ရှုပ် နောက်လူကငုတ်တုတ် ပိုက်ဘောကြီးနဲ့ အဟုတ်အဟုတ် ဖြစ်လာသမ္မတတော့ ခေါင်းတွေသာကုတ်။   ခင်ခ။ […]


ခင္ခNovember 6, 20131min24810
” မဲ့ပြုံး “   ပြင်ဖို့သင့်တယ် ပြောတော့ပြင်မယ်၊ ပြင်ကြရအောင် ဆွေးနွေးလုပ်တယ်၊ အချိန်မလောက်လို့ နောက်လ ဆုတ်ကွယ်၊ ပြင်ဖို့အရေး နှောင့်နှေးနိုင်ဖွယ်၊ ဒီလိုနဲ့ဘဲ ၂၀၁၅ ရောက်ပါလိမ့်မယ်၊ ပါးစပ်ကပြောပြီး လက်ကမမြန်တယ်၊ ဒီနည်းလမ်းတွေ ရိုးပါပေါ့အစိုးရရယ်၊   မဂျာအေးကိုလေဗျာ သူ့အမေရိုက်ပါလို့ မှောင်မိုက်မှာငို၊ ကိုလူပျိုထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလဲ၊ တွဲလဲရယ်နေပါအုံး မိုးတောင်ကချုံး မုန်လုံး၊ မုန်လုံးကိုစက္ကူကပ် ကြာကလပ်နဲ့ဆွမ်းတော်တင် ပလ္လင်ပေါ်ကမျောက်ကလေး ဆင်းကာလို့ပြေး ဂျာအေး၊ မဂျာအေးကိုလေဗျာ သူအမေရိုက်ပါလို့ မှောင်မိုက်မှာငို၊ …………………. ………………….. ………………… ဂျာအေး။   ငယ်တုန်းကသီချင်း ဆုံးစမရှိငြီးရင်း ပြုံးလှမိခြင်း၊   ခင်ခ။


ခင္ခOctober 28, 20131min20711
” တစ်ခါတုန်းက အဖေ့စကားတစ်ခွန်း”   ငယ်ရွယ်တုန်းကပေါ့ အိမ်ကိုအဖေ့ဧည့်သည်လာလည်တော့ မုန့်ပုံးထဲကမုန့်ကိုပုဂံနဲ့ထဲ့ပြီး ဧည့်သည်ကိုဧည့်ခံတယ်၊ အဲဒီဧည့်ခံတဲ့မုန့်ကို စားချင်နေတဲ့စိတ်က ကျွန်တော်မှာမုန့်ပုဂံ ဧည့်ခန်းဆီသွားပို့စဉ်ဖြစ်မိတယ်။ ဒါနဲ့ဘဲ ဧည့်သည်လည်းပြန်လို့ အိမ်ရှေ့ပေါက်ဝမှာ အဖေ့ကိုနုတ်ဆက်နေတုန်းဘဲရှိသေးတယ် ကျွန်တော်က ခုနမုန့်ပုဂံဆီသွားပြီး မုန့်ကိုယူစားလိုက်တယ်။ အဲဒါကို အဖေ့ကလှမ်းမြင်တယ်လေ။ အဲဒီတော့ ဧည့်သည်လည်း ကားမောင်းထွက်သွားတယ်ဆိုရင်ဘဲ အဖေက ခုနမုန့်ပုံးကို ကျွန်တော်ရှေ့မှာချပြီး သားစားစမ်း ကြိုက်သလောက်လို့ ကျွေးတော့ စားတာပေါ့။ ခဏလည်းနေရော ဗိုက်ကပြည့်တော့ ဆက်မစား နိုင်တော့ဘူး တော်ပြီလို့အဖေ့ကိုပြောလိုက်တယ်။ ကျွန်တော်စားတာထိုင်ကြည့်နေတဲ့ အဖေက အဲဒီမုန့်ပုံး ကုန်အောင်ဆက်စား မကုန်ဘဲရပ်ရင်ရိုက်မယ်ဆိုပြီး ကြိမ်လုံးယူလိုက်တယ်ဆိုရင်ဘဲ ဆက်စားပေမယ့် တစ်ခု နှစ်ခုလောက်ဘဲစားပြီးဆက်မစားနိုင်တော့ စားနိုင်တော့ဘူး အဖေလို့လည်းပြောလိုက်ရော အဖေက ဆက်စား မလား အရိုက်ခံမလား ကြိုက်တာရွေးတဲ့ အဖေကရွေးခိုင်း တော့ လက်လေးပိုက်ပြီ […]


ခင္ခOctober 21, 20131min15612
ပျော် မျှော် အော် ရော် ဖူးတဲ့ သီတင်းကျွတ်   ပျော် ခဲ့ဖူးတဲ့ သီတင်းကျွတ် ငယ်တုန်းအရွယ် ကလေးဘဝရယ်ကပေါ့ သီတင်းကျွတ်ဆိုရင် လမ်းတွေလမ်းတွေမှာ ဆီမီးထွန်း တေးသရုပ် ဖော် ဇာတ်စင်တွေနဲ့ ဖျော်ဖြေကြ၊ တစ်ချို့လမ်းတွေမှာ လမ်းလည်ပိတ်ကားထောင်ပြီး ၃ ကားပေါင်းမိုးလင်း ရုပ်ရှင်တွေပြကြ၊ ပြီးတော့ ပွဲဈေးတန်းတွေကလည်း အစီအရီမို့ မိဘတွေ အဖိုးအဖွားတွေ ထံကဝါကျွတ် ကန့်တော့ မုန့်ဖိုးလည်းရသမို့ မုန့်စားလိုက် တေးသရုပ် ဖော်တို့ ရုပ်ရှင်တို့ကြည့်လိုက် အိမ်ရှေ့ မီးပန်း လွှတ်လိုက်နဲ့ အဲဒီရက်တွေက ကျောင်းကလည်း သီတင်းကျွတ် ကျောင်းပိတ်ရက်မို့ ကျောင်းစာလည်း မကျက်ရ ဆိုတော့ ငယ်စဉ်ကလေးဘဝ ဒီသီတင်းကျွတ်ကို အခုလို ဆိုရင်ရတယ်ပေါ့ဗျာ ပျော် ခဲ့ဖူးတဲ့ သီတင်းကျွတ်။   မျှော် […]


ခင္ခOctober 5, 20131min1849
“ ဒီလမ်းကလေးက ´´   ဒီလမ်းကလေးက ဖြောင့်ဖြူးပါသည် ခလုတ်ရှိလည်း ဝိုင်းကာရှင်းကြ။   ဒီလမ်းကလေးက ရွာဝင်လမ်းပါ ကြည့်မိပါက ရွာတန်းရှည်လည်း မြင်ရစဲပါ။   ဒီလမ်းကလေးက ရွာသူရွာသားဆုံကြများပြီး ငြင်းကြခုန်ကြ ပြောဆိုခဲ့လည်း စိတ်နာစိတ်ဆိုး မရှိခဲ့ပါ။   ဒီလမ်းလေးက ဆုံတွေ့ခင်မင် စိတ်တူဖြစ်လို့ စုကာဝေးပြီး အသင်းအဖွဲ့လည်း ဖြစ်ခဲ့ပါ၏။   ဒီလမ်းလေးက သင်အတွက်ပျော်ရွှင် ပေးခဲ့ဘူးသည်၊ ဒီလမ်းလေးက သင်လည်းယခင် လျှောက်ခဲ့ဘူးသည်၊ ဒီလမ်းလေးက သင့်အတွက်တော့ ရင်းနှီးဖူးသည်၊ ဒီလမ်းလေးက ဘော်ဒါအပေါင်းအသင်း ရခဲ့ဘူးသည်၊ ဒီလမ်းလေးက ဗဟုသုတစုံညီလှစွာ ခံစားရခဲ့ပါသည်။   သင်လျှောက်ခဲ့ဖူးရာ ဒီလမ်းလေးက ခြောက်ခါနေပေါ့ သစ်ရွက်ကြွေလျှော့ မိုးစက်တို့ဆင်း မြေကိုထိလို့ နှင်းတွေဝေစွာ အေးလှမည်တစ်ခါ ဥတုသုံးလီ ပြောင်းကာနေလည်း […]


ခင္ခOctober 4, 20131min30113
“ လွမ်းတသသနှင့်သာ အိပ်နေပါတော့မည် ´´   တစ်ခါတုန်းက စည်ကားခဲ့ရာ ခင်ခ ရေးတင် ပိုစ့်များတွင် ပြန်လှန်ပြောဆို ငြင်းကြအစုံနဲ့ ကွန်မန့်တွေများ ပိုစ့်လေးများဝယ် အခုတော့လည်း တွက်ရေချိုးရင် ဆယ်ချောင်းမပြည့်ချင် ခင်မင်ရှိရင်း သိကြသူချင်း ပြန်လှန်မန့်ရေး ထိုမျှလောက်လေး တွေ့ခဲ့ရတော့ စိတ်ရယ်အင်အား ရေးနိုင်လက်များ ချည့်နဲ့နှေးကွေး မှိုင်ချငေးကာ လွမ်းမိပါသည် တစ်ခါတုန်းက ရွာပိုစ့်များဆီ။   သစ်ရွက်ခတ်သံ လေညင်းသွဲ့သံ ထိုသံမှတစ်ပါး အခြားသံများ တိတ်ဆိတ်လွန်းလှ နံဘေးမှာမို့ တစ်ကိုယ်တည်း ငိုက်မြည်းလာလို့ လွမ်းတသသနှင့်သာ အိပ်နေပါတော့မည်။   ခင်ခ။