ခင္ခOctober 2, 20131min38115
“FAMILY ဆိုသော မိသားစု´´   မိသားစု အသိုက်အမြုံ လို့တင်စားခေါ်နေကြတဲ့ အစုလေးမှာ အဖေရယ် အမေရယ် သားတွေ သမီးတွေရယ် သိုက်သိုက်ဝန်းဝန်းပါဝင်နေကြတယ်ဆိုတဲ့ အဓိပ္ပါယ်လေးကို သိကြပြီးသားဖြစ်မှာပါ။ အခုမကြာမှီဝါလကင်းလွတ် သီတင်းကျွတ်ပြီဆိုတာနဲ့ ချစ်တတ်ကြသော ချစ်နေကြသော မင်္ဂလာမောင်နှံတို့ လက်ထပ်မင်္ဂလာ ဆင်ယင်လို့ အတူနေပေါင်းဖက်ကြတော့မယ့် သူတွေလည်း နှစ်စဉ်ရှိနေတတ်ကြတာ ဓမ္မတာ သဘာဝတရားပင်ဖြစ်ပါသည်။ အဲဒီမှာ အဖေ အမေ သားသမီးတွေရယ်လို့ ဖြစ်လာကြမည့် မိသားစုရဲ့ အခြေ အမြစ် စတင်ရာ ဇနီးမောင်နှံတို့သည် နောင်တစ်ချိန်မှာ မိဘဆိုတဲ့ အဖေ နဲ့ အမေ တွေဖြစ်လာကြတာလည်း သဘာဝတရားလို့ပြော၍ရပါတယ်။ အိမ်ထောင်တစ်ခု တည်ဆောက်ကြတယ် ဆိုရာဝယ် တစ်ဦးကိုတစ်ဦးချစ်ခင်စုံမက်ပြီး ပေါင်းသင်းကြတဲ့သူတွေ ဆိုရင်ဖြင့် မပေါင်းဖက်ခင်က ချစ်လို့လက်ထပ်ပြီး အတူနေကာ အိမ်ထောင်စုတစ်ခုဆိုတဲ့ ဘဝခရီးကို […]


ခင္ခSeptember 25, 201314min48324
“တနေ့ကဘဲ ဆုံးသွားပြီ´´   ( အော် အီးအီးအွတ် အော် အီးအီးအွတ် ) ဖုန်းမြည်သံကြောင့် ကိုပေါက်တစ်ယောက် အိပ်ကပ်ထဲက ဖုန်းကို ထုတ်ပြီး ကိုပေါက် ။ ပြောပါခင်ဗျ ကိုပေါက်ပါ။ လုံမလေး ။ လေးပေါက် သမီး မွန်မွန် ပါ ကိုပေါက် ။ ဪ အေး မွန်မွန် သမီးပြောလေ ဘာကိစ္စလဲ လုံမလေး ။ လေးပေါက် လေးခင်ခ ဆုံးသွားပြီဆိုတာ ဟုတ်လား သမီးအဲဒါသိချင်လို့ ကိုပေါက် ။ ဟေ ဟုတ်လို့လား အဲဒီသတင်း ကျွန်တော်မသိသေးဘူးဗျ နေစမ်းပါအုံး မွန်မွန်က ဘယ်ကကြား တာလဲ အရင်တစ်ပတ်ကဘဲ ကျုပ်နဲ့ လက်ဘက်ရည်ဆိုင်ထိုင်ကာ စကားပြောခဲ့ကြသေးတာ အကောင်းကြီးပါ။ လုံမလေး ။ […]


ခင္ခSeptember 25, 20131min1776
“ကြိုတင်သိသူ မရှိပြီ´´   ဒီတစ်ခါတော့ မှားခဲ့မိတယ် နှစ်ခါမမှားဖို့ လိုလှသမို့ နောက်မမှားဖို့ စဉ်းစားရမယ် သို့သော်ငြားလည်း မှားမြဲမှားတယ်။   တကယ်ဆိုတော့ သူမှားတာကိုသူ့မှာမသိ အမှားကိုအမှန်ထင်နေခဲ့တယ် မှားနေပါတယ် ပြောပြန်တော့လည်း သူ့ကခံငြင်း မှန်တယ်ဇွတ်အတင်း။   အမှားကိုအမှန်လုပ် အမှန်ကဘေးငုတ်တုတ် အမှားထဲမှာသံသရာလည် အမှန်မမြင်နိုင်ဖွယ်။   သိပါသတိ ကပ်ကာငြိလို့ ပိုင်းခြားဝေဖန် ထောက်ကာရှုရင် ဖြစ်ပျက်သဘော လွန်ဆန်ခက်လို့ ရလာခန္ဓာ တွယ်ညှိနေတာ အမှားသံသရာ လည်ခွင့်သာသမို့ ကမ္မဌာန်းတရား စီးကာဖြန်းပြီး ရသည့်အချိန် ကျင့်ကာနေပါ သင်္ခ ါရသည် ဘယ်ချိန်လာမည် ကြိုတင်သိသူ မရှိပြီ။     ခင်ခ။


ခင္ခSeptember 24, 20131min27010
“ဖတ်နေအုံးမှာ ဂဇက်ရွာ´´   ရွာပြင်ဇနပုဒ် မီးလေးမှိန်တုတ် တကုတ်ကုတ်နဲ့ ဘာတွေလုပ် ဂဇက်စာတွေ ဖတ်ကာရှုပ်။ တစ်နေ့မဖတ်ရ မနေနိုင် အချိန်တန်တော့ ဝင်မိပြန်။ ရေးချင်ပေမယ့် အခုတော့နား လမ်းပေါ်အော်ကာ နုတ်ဆက်သွား “ဦးခင်ခကြီး ဘာတွေလုပ်´´။ လှမ်းကာကြည့်ပြီး ပြန်အော်တယ် “ဂဇက်ပိုစ့်များ ဖတ်နေပါတယ်´´။     ခင်ခ။


ခင္ခSeptember 19, 201314min33032
“အနီချင်းပြိုင် နိုင်မတဲ့လား´´ ၁၄ ရက်ခရီး အကဲခတ်ကြည့်ခြင်း ခင်ခ သမီး မခင်နှင်းသက်သည် ဂဇက်ရွာ၏ မူလတန်းကျောင်းက ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ သူငယ်တန်း ကို ဒီနှစ်မှစပြီးကျောင်းထားရတာဖြစ်ပြီး ကျောင်းဆင်းတဲ့အချိန် ခင်ခ တစ်ယောက်သမီးလေးကို ကျောင်းသွား ကြိုခဲ့ပြီး ခင်ခ နေထိုင်ရာ ဂဇက်ရွာအပြင် ဇနပုဒ်တဲလေးကိုရောက်တော့ သမီးလေး အဝတ်အစားလဲပြီးကျောင်း ကြိုရင်းနဲ့ရွာမုန့်ဈေးတန်းက ဒေါ်ကေဇီ ဆိုင်က စားစရာလေးတွေဝယ်လာလို့ သမီးလေးနဲ့ အတူ မုန့်စားရင်းနဲ့ စကားစမည်းပြောဖြစ်ကြတာပေါ့။ “သမီးလေး ကျောင်းမှာ ဆရာမတွေ သင်ပေးတဲ့စာတွေ သမီးလိုက်နိုင်ရဲ့လား´´ “လိုက်နိုင်ပါတယ် ဖေကြီးရ၊ သမီး ဖြေတဲ့အဖြေတွေအားလုံး အနီရောင်အမှတ်လေးတွေဘဲ ရတာဖေကြီးရ´´ “ဟေ သမီး အနီရောင်အမှတ်လေးတွေ ဟုတ်ရဲ့လား သမီးရယ်´´ “ဖေကြီး မယုံရင် သမီး စာအုပ်ပြမယ်´´ ဆိုပြီး သမီးလေးက […]


ခင္ခSeptember 16, 20131min23620
“ပင်စင် ´´   အစိုးရဘဏ်တစ်ခုထဲကို ခင်ခ ငွေလွဲထုတ်စရာရှိလို့ ဝင်ရောက်ခဲ့ပြီး ငွေထုတ်ဖို့စောင့်နေတုန်း ဘဏ် အဆောက် အဦးပထမထပ်က ဆင်းလာတဲ့အမျိုးသားကြီးတစ်ယောက်နဲ့ အဲဒီလှေကားကိုလှမ်းတက်မည့် အမျိုးသားတစ်ဦး ဆုံတွေ့ကြပြီး စကားပြောနေတာကို ခင်ခ နားထောင်မိတဲ့အခါ “ကိုအောင်ကြီး ခင်ဗျ ပင်စင်ယူဖို့တင်လိုက်ပြီဆို´´ “ဟုတ်တယ် ကိုစိုး ရေ´´ “ခင်ဗျကလည်းဗျာ မပြောမဆိုနဲ့ တင်လိုက်ရတယ်လို့ ဟိုတစ်လက လက်ဖက်ရည်ဆိုင်ထိုင်တုန်းကတောင် ပင်စင်မတင်သေးနဲ့အုံး ဆက်လုပ်ခွင့်ရရင် ခြောက်လတစ်နှစ်လုပ်အုံးမလားလို့ စဉ်းစားနေတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့အပတ်ကမှ ခင်ဗျပင်စင်ယူဖို့တင်လိုက်ပြီဆိုတာ ကိုတင်အေး ပြောလို့သိတာဗျ၊ ဘယ်လိုဖြစ်တာ လဲဗျာ´´ “ဘယ်လိုမှ မဖြစ်ပါဘူး၊ တစ်ချိန်ချိန်မှာခွဲရမှာဘဲလေ ဒါသင်္ခ ါရတရားဘဲဉ္စာ လုပ်လာတဲ့ ဝန်ထမ်းလုပ်သက်က အနှစ် ၃ဝ ကျော် အသက်ကလည်း ၆ဝ ပြည့်ပြီဆိုတော့ တစ်နေ့နေ့ မနက်ရုံးလာ ညနေထိနေ […]


ခင္ခSeptember 9, 20131min1766
“မျက်လှည့်ဆရာ´´   ဈေးထောင့်နားက တစ်နေရာ လူစုကာ အုံလို့ခဲ လက်ခုပ်သံ သောသောညံစဲ ရှေ့ရောက်အောင် တိုးဝှေ့ကာလှမ်း “ဟဲကလေး အရမ်းတိုးရလား´´ ဆူလိုက်တာ ဂရုမစိုက်ဘဲ ကြည့်ချင်လို့ ရှေ့ကိုတိုးမြဲ ရှေ့ရောက်လို ထိုင်ကာအကြည့် မျက်နှာနဲ့ တည့်ကာတိုးသည့် ပါးပျင်းထောင် မြွှေဟောက်တစ်ကောင်မို့ လန့်ကာသာ အော်ငိုမိပါတယ် လကွင်းသံတောင် လွမ်းကာတာမို့ “ကလေးမငိုနဲ့ သူညှို့ထားတယ်တဲ့´´ ဪ့ ပေါက်မည့်မြွှေကို ပြန်ကာညှို့နိုင်သူရယ် စွမ်းချက်ကို အထင်ကြီးလို့ အားကျမိတာ ကလေးဘဝကပါ။     ခင်ခ။ ( ငယ်ငယ်တုန်းကပေါ့ဗျာ )


ခင္ခSeptember 9, 20131min22212
“ချစ်ရင်ထားပါ ပဓာဏမို့´´   တူနှစ်ကိုယ်တဲအိုပျက်မှာ နေရနေရ ရွှေဘုံပေါ်မှာ စံရစံရ ချစ်သာချစ်သာ ပဓာဏလို့ ဆိုချင်ပါတယ်မောင်ရယ်……….။   ကြားခဲ့ဖူးတယ် သီချင်းကွယ် တကယ်တွေးကြည့် ရှေးကဖြစ်နိုင်၏ အဲဒီခေတ်အခါ တစ်ယောက်လုပ်စာ ထိုင်ကာစားပြီး ပိုလျှံစုလို့ အလှုလည်းပေး၊ တန်ဖိုးရှိသလေ မြန်မာပိုက်ဆံတွေ ငွေတစ်ကျပ်နဲ့ တစ်ဒေါ်လာ ဇတူလဲလို့ ရတယ်ဗျာ မောင်ကောင်းစံလင်း ငွေမှာအတိအလင်း။   အခုများတော့ ပြောင်းလဲခဲ့တယ် မြန်မာရယ်၊ တစ်ဒေါ်လာကို လဲရကျပ်မှာ တစ်ထောင်နီးပါးမို့ အိမ်ရှိလူကုန် အလုပ်လုပ်ရသကိုး ဒါတောင်စုဖို့ခပ်ဝေးဝေး အလှုဆိုရင် ကန်တော့ဆွမ်းပါမနှေး ပြောရချည်သေး။   ဒီလိုခေတ်အခါ ပြောရမည်မှာ တူနှစ်ကိုယ် ကွန်ဒိုလေးမှာနေရနေရ အိမ်ခြံကြီးမှာ စံရစံရ ချစ်ရင်ထားပါ ပဓာဏမို့ ဆိုချင်ပါတယ် မောင်ရယ်…………….။     ခင်ခ။


ခင္ခSeptember 6, 20132min31320
“အနီချင်းပြိုင် နိုင်မတဲ့လား´´ ပိုမိုရှင်း အဖွင့်   အခုတလောရွာထဲမှာ လူသွားလူလာနည်းပြီး နည်းနည်းခြောက်နေသလိုမို့ ပိုစ့်လေးများရေးတင်ကြဖို့ ကွန်မန့် လေးများဝင်ကာပေးကြဖို့နဲ့ ရွာထဲဝင်ရောက်ပိုစ့်တင်နေသူတွေကိုလည်း ကျေးဇူးတင်လက်ဆောင်လေး ပေးချင် တဲ့အတွက် ရည်ရွယ်ပြီး“အနီချင်းပြိုင် နိုင်မတဲ့လား´´ ဆိုပြီး ခင်ခ ၏ ပျော်ပျော်ပါးပါး ဟေးလားဝါးလား ပိုမိုရှင်း အစီအစဉ်လေးကို အသိပေးရေးတင်ခဲ့ပါတယ်ဗျ။ ( အကျယ်ပြန်ဖတ်ချင်ရင် လင့်က ဒီမှာပါ https://myanmargazette.net/184741 ) အဲဒီထဲမှာ အခုလိုအချက်လေးတွေသတ်မှတ်ပြီး ဒီပိုမိုးရှင်းကိုပြုလုပ်တာပါ။ ၁။ ပိုစ့်တင်ပြီး ၃ ရက်မြောက် မြန်မာစံတော်ချိန် ၃ နာရီ နောက်ပိုင်းမှာ ပိုစ့်တစ်ခုရဲ့ ကွန်မန်တွေမှာ ဘယ်လောက်အနီလွှမ်းသလဲ(အနုတ်အနီတွေကိုပြောတာ) ခင်ခ ဖွင့်ကြည့်ပြီးရေတွက်ပါ့မယ်။ ၂။ ထို ၃ ရက်မြောက် ၃ နာရီ မတိုင်မှီ ဖြစ်ပျက်နေသည် […]


ခင္ခSeptember 5, 20131min27015
“အခမဲ့´´   တန်းဖိုးသင့်ခ မပေးရဘူး ပိုက်ဆံပေးစရာ မလိုဘူး အလကားမတ်တင်းပါ မေတ္တာနဲ့ စေတနာနဲ့ အဲလိုမျိုးတွေကို ခြုံငြုံပြီးသုံးနှုန်းခေါ်တဲ့စကားရပ်လေးက “အခမဲ့´´ တဲ့။ ဘုန်းတော်ကြီးပညာသင်ကျောင်းမှာ စာသင်တဲ့ကလေးတွေအတွက် ဘုန်းတော်ကြီးတွေက အခမဲ့ ပညာ သင်ပေးတယ်။ ဆရာဝန်လေးက စမ်းသပ်ခမယူဘူး အခမဲ့ မေတ္တာနဲ့ကုပေးရှာတာ ဆေးဘိုးတောင် အမြတ်မတင်ရှာပါဘူးအေ။ ဇီဝိတဒါန မျက်စီဆေးရုံးက လူနာတွေကို အခမဲ့ မျက်စိစမ်းသပ်ပေးတယ်တော့။ နာရေးကူညီမှု့အသင်းက အခမဲ့ ပိုဆောင်ပေးတာလေ။ ဗြမ္မာစိုနာရေးကူညီမှုအသင်းက ဖွင့်ထားတဲ့ဆေးခန်းမှာ အခမဲ့ ရောဂါရှာဖွေစမ်းသပ်ပေးနေပါတယ်။ ကျောင်းဆရာမလေးက သူ့အိမ်အနီးနားက ကလေးတွေကို ညဖက်ကျရင် စေတနာနဲ့ စာအလကားပြပေးတယ် ပိုက်ဆံပေးလည်းမယူဘူး အခမဲ့ ပညာကုသိုလ်လုပ်တာတဲ့။ အဲဒီလိုအသံတွေမျိုး စာဖတ်သူတို့ ကြားဖူးကြမယ်ထင်ပါတယ်။ ဒီလိုတွေလည်းပြောကြပါသေးတယ် ဆေးရုံကြီးသွားပြတာ အခမဲ့မို့လားမသိဘူး ဆရာဝန်တွေက ဝတ်ကျေတန်းကျေဘဲ သူတို့ပိုက်ဆံယူတဲ့ […]


ခင္ခSeptember 4, 20131min25311
“ဝါး လောက်မယ်မထင်´´   အခု ၂၀၁၃ မြန်မာ ပေါ့နော် ပြူတင်းပေါက်ကနေ ဟိုအဝေးကို ကျွန်တော်လှမ်းကြည့်မိတယ် ခပ်လှမ်းလှမ်းမှာ မြင်ရတာ ၂၀၁၄ မြန်မာ ပါဘဲ။ သူကတော့ အခု ၂၀၁၃ မြန်မာ နဲ့ သိပ်ပြီးကွာလှတယ်ဟုတ်ဘူး။ သူထက် ထက်ပြီးဝေးနေတဲ့နေရာမှာတော့ ခပ်ရေးရေး မှုန်ဝါးဝါး မပိမပြင် မပြတ်မသား လှမ်းမြင်နေရတာ ကတော့ ၂၀၁၅ မြန်မာ ပါ။ သိပ်ပြီး မပီမပြင် မသဲမကွဲလို့ ကျွန်တော်အမြင်အာရုံတွေ အစုအစည်းဆုံး နဲ့ ထပ်လှမ်းကြည့်သော်လည်း ၂၀၁၅ မြန်မာကတော့ ဝါးနေလျှက်ပါဘဲဗျာ။  အဲဒီမှာ ကျွန်တော် သိလိုက်တဲ့အသိကတော့ ကျွန်တော် မျက်မှန်ဆိုင်မှာ မျက်မှန်ပါဝါပြန်စမ်းသင့်ပြီ ငါအမြင်မကြည်သာ မျက်မှန်ကြောင့်နေမှာပါ ၂၀၁၅ မြန်မာ ကတော့ ဝါး လောက်မယ်မထင်။ […]


ခင္ခSeptember 3, 20131min48143
“အနီချင်းပြိုင် နိုင်မတဲ့လား´´   သတိထားမိတာတော့ အတော်ကြာခဲ့ပါပြီ။ အဲဒါနဲ့ ပက်သက်ပြီးတော့လည်း သီတင်းကျွတ် တန်ဆောင်တိုင် မီးထွန်းပွဲတွေကျင်းပတော့ ရပ်ကွက်တွေ လမ်းတွေမှာ စင်လေးတွေဆောက်ပြီး ဝါသနာရှင်တွေ သီချင်းဆိုကြ ကာရာအိုကေဆိုကြပြီ အပျော်သဘောမျိုး ဖျော်ဖြေကြတယ်၊ အဲဒီမှာ ဆိုလက်စ ဖျော်ဖြေနေသူကို စင်ရှေ့ကကြည့်တဲ့ပရိတ်သတ်တွေထဲက “ဆင်းပါ တော့ဗျို့´´ “တော်ပါတော့ဗျို့´´ စတဲ့ အနုတ်လက္ခဏာဆောင်တဲ့ အပြုအမူမျိုး အော်နေရင် အဲဒီဆိုတဲ့သူ နောက်လာပြန်ဆိုပါ့အုံးမလား သူ့ စိတ်ထဲ ဘယ်လိုနေသွားမလဲ အဲလိုဘဲပေါ့ ဒီဂဇက်မှာ ဝင်ပြီးမန့်တဲ့သူတွေကို ဘာလို့အနုတ်ပြုနေတော့ အဲဒီမန့်သူတွေ ကြာတော့ လာတောင့်မန့်ပါအုံးမလားလို့ ဆိုပြီး ထိုရေးချိန်တုန်းက ခရမ်းရောင်နဲ့မို့ ခရမ်းရောင်တွေစီကာရီကာရှိတဲ့ဂဇက်ရွာဆိုပြီး ရေးခဲ့ဖူးပါတယ်။ အခုတော့ ခရမ်းရောင်ဟုတ်တော့ဘူး အနီရောင်ဖြစ်ကာ ရဲဗလောင်းခနေပါပြီ။ ဒါပေသည့် ပိုစ့်တွေရဲ့ ကွန်မန့်မှာ ထိုထိုသော အနီလေးတွေက […]


ခင္ခSeptember 2, 20131min1105
“ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဘေးကင်းလိုပါ၏´´   ကျွန်တော့်၏ လွန်ခဲ့တဲ့ အနှစ်၂ဝ ကျော်လောက်က အဖြစ်အပျက်လေးတစ်ခုပါ။ ကျွန်တော်တို့ ပြည်မြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်း ပဒေါင်းဘက်မှာကျွန်တော် အရင်လုပ်တဲ့အလုပ်က လုပ်ငန်း တွေလုပ်တာမို့ အဲဒီကို အလုပ်ကိစ္စနဲ့သွားပြီး ပြန်ခဲ့တဲ့တစ်နေ့ပေါ့၊ ကျွန်တော်တို့ အဲဒီကို သွားတုန်း က အခုလိုဧရာတီမြစ်ကူးတံတားမဆောက်ရသေးဘူး စက်လှေနဲ့ကူးကြရတယ်။ ဒီဘက်ကမ်းက ပြည်မြို့မှာ ပြည်ရွှေဆံတော်ဘုရားရှိပြီး ဟိုဘက်ကမ်းမှာက ရွှေဘုံသာမုနိဘုရားရှိပါတယ်။ အဲဒီတော့ ဟိုဘက်ကမ်း ရွှေဘုံသာမုနိဘက်က မော်တော်နဲ့ပြည်ဖက်ကိုကူးပြီး ပြည်ရောက်တော့ညနေ ၅ နာရီလောက်ရှိပြီမို့ ပြည့်မြို့ ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံနားက အိုဆာကာထမင်းအဝစားဆိုင်မှာ ညစာထမင်းဝင်စားပြီး ဆိုင်ရှင်နဲ့က ပြည်မြို့ ရောက်တိုင်းဝင်စားနေကြမို့ သိနေတော့ ဆိုင်ရှင်ကို ရန်ကုန်ပြန်ဖို့ဒီည ကားတစ်စီးလောက်ဌားရရင် ဌားချင်တဲ့ အကြောင်းပြောပြပြီး ကားရှာခိုင်းလိုက်တာ ခဏနေတော့ ဒီမနက်ရန်ကုန်က ပစ္စည်းလာပို့တဲ့ ဟိုက်လတ်ကား […]