” အဟ အဟ အဟက် အဟက် အဟီး အဟီး……….” ” အဟ အဟ အဟက် အဟက် အဟီး အဟီး အဟ အဟ အဟက် အဟက် အဟီး အဟီး ဟီးးးးးးးးးးးးး” မန္တလေးဆောင်းတွင်းမနက်ခပ်ချမ်းချမ်းမှာ မနက် ၆ နာရီလောက်ဆိုပေမယ့် ပတ်ဝန်းကျင်ဟာမိုးမလင်းသေးတဲ့ အချိန် လူသူတိတ်ဆိတ် အိပ်ကောင်းနေတုန်း ဘယ်အိမ်က ကလေးများ စောစောစီးစီးထပြီး အားရပါးရ ရယ်မောနေသံက ရပ်တန့်မသွားဟဲ တအားကိုသဘောကျရယ်နေသံကြောင့် ကျုပ်တစ်ယောက်အိပ်ယာထဲ မှေးနေတဲ့မျက်လုံးဖွင့်ပြီး အသံလာရာကိုနားစွင့်မိလိုက်တော့ အိမ်ရှေ့နှစ်ထပ်အိမ်ဘက်ကလာတဲ့ အသံ ဆိုတာ လဲသိလိုက်ရော မှေးနေတဲ့မျက်လုံးတောင် ကျယ်သွားသလိုဖြစ်မိသွားတယ်လေ။ အကြောင်းကဒီလိုဗျ ကျုပ်တို့အိမ်ရှေ့တည့်တည့်မှာ နှစ်ထပ်အိမ်လေးရှိပြီး သော့ပိတ်ထားတာအတော်ကြာ ခဲ့ကာ ပြီးခဲ့တဲ့ စနေကမှ နေမယ့်သူတွေပြောင်းလာတာလေ အဲဒီပြောင်းလာတဲ့ […]