ခင္ခFebruary 5, 20131min72622
“ ဘယ်အရွယ်ဝန်းကျင်မို့ ´´   တစ်ခါတုန်းက ချစ်သူနှစ်ဦး ရှိခဲ့တယ်တဲ့။ အဲဒီ ချစ်သူနှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပြီး နေ့တိုင်း အင်ယားမှာ ညနေဆိုတွေ့ဆုံ ဖြစ်ကြတယ်တဲ့။ ချစ်သူရည်စားသက်တမ်း ၈ လ အကြာမှာတော့ အဲဒီချစ်သူ နှစ်ဦး နှစ်ဖက်မိဘစုံညီရှေ့မှာ လက်ထပ်လိုက်ကြ တယ်တဲ့။ အိမ်ထောင်သက် ၈ လ အကြာမှာတော့ အဲဒီဇနီးမောင်နှံအတွက် သားသမီးရတနာကိုယ်ဝန်ရခဲ့တယ်တဲ့။ သားလေးအသက် ၈ နှစ် ပြည့်တဲ့နှစ်မှာဘဲ အမျိုးသားဟာ မမျှော်လင့်သော ကံကြမ္မာတစ်ခုကြောင့် ထောင်ကျ ခြဲ့ပီး ဇနီးသည်အမျိုးသမီးကလည်း နောက်ကိုယ်ဝန်ရခါစဖြင့် ငိုကာကျန်ခဲ့ ရရှာတယ်တဲ့။ အမျိုးသားဟာ ၈ နှစ်ပြည့်ခါနီးထိ ထောင်ထဲမှာနေရပြီး  လွတ်လာခဲ့လို့ မိသားစု ၄ ယောက်ပြန်ဆုံတွေ့ကြတဲ့ အခါ အရမ်းကို ဝမ်းသာကြပြီး တစ်ယောက်ကို […]


ခင္ခFebruary 4, 20131min67439
မောင်တို့ မယ်တို့ ဘာများပြောကြမလဲဟင်!   ခင်ခ ဖေ့ဘုတ်ထဲမှာ ကျန်းမာရေးသတင်းလေးတစ်ခုဖတ်လိုက်ရတယ်။ အဲဒီဖတ်လိုက်ရတဲ့ သတင်းလေးကို ကျန်းမာရေးအမြင်ဖြင့် ဗဟုသုတ မျှဝေတင်လိုက်မယ်။ မောင်တို့ မယ်တို့ ဘာများပြောကြမလဲဟင်!     Facebook မှာတောင် ပျံ့သွားတဲ့ အမျိုးသမီးတွေရဲ့ ရင်သားကို တနေ့၁၅မိနစ် ကြည့်ရင် ကျန်းမာရေး ပိုကောင်းစေနိုင် တယ်ဆိုတာကို အမှတ်မဲ့ မြင်ဖူးလိုက်မယ် ထင်ပါတယ်။ အခု ကြည့်တာတင် မဟုတ်ပဲ ညှစ်ရတော့ မှာပါ။ သိပ္ပံပညာရှင် တွေက အမျိုးသမီး တွေရဲ့ ရင်သားကို ညှစ်ပေးချင်း အားဖြင့် Cancer ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ Cell တွေဖြစ်ပေါ် ခြင်းက ကာကွယ် နိုင်တယ်လို့ ပြောလိုက်ပါတယ်။ ကဲကောင်လေးနဲ့ ကောင်မလေးတွေ ရင်သားကင်ဆာ တားဆီးရေး […]


ခင္ခJanuary 26, 20131min43119
မျက်လုံးရယ်တဲ့ အိပ်ပါကွယ်။   တစ်ခါတလေတော့ ပျော် စရာတွေ  ရှိနေတဲ့ ငါ့ရဲ့ဝန်းကျင် ။   တစ်ခါတလေတော့ ငို စရာတွေ ရှိနေရတဲ့ ငါ့ရဲ့ဝန်းကျင် ။   တစ်ခါတလေတော့ ငေး စရာတွေ ရှိနေတဲ့ ငါ့ရဲ့ဝန်းကျင် ။   တစ်ခါတလေတော့ တွေး စရာတွေ ရှိနေတဲ့ ငါ့ရဲ့ဝန်းကျင် ။   တစ်ခါတလေတော့ လွမ်း စရာတွေ ရှိနေတဲ့ ငါ့ရဲ့ဝန်းကျင် ။   တစ်ခါတလေတော့ ဆွေး စရာတွေ ရှိနေတဲ့ ငါ့ရဲ့ဝန်းကျင် ။   တစ်ခါတလေတော့ ရေး စရာတွေ ရှိနေတဲ့ ငါ့ရဲ့ဝန်းကျင် ။   ဪ……… ပျော် ငို […]


ခင္ခJanuary 24, 20131min40413
ဘဝတွက်တာ သိမှတ်စရာ (၁) အစားထိုးမရတဲ့ ဆုံးရှုံးမှု (၂)ခု ရှိတယ်။ မိဘနှင့်အချိန်။ (၂) လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဟာ အလုပ် လုပ်ခြင်းပဲ။ (၃) ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ် တတ်တယ်။ (၄) မလုပ်တတ်ကြောင်း များများပြောလေ မလုပ်တတ်လေ။ (၅) နှေးတာ အရေးမကြီးဘူး၊ ရပ်မနေဖို့ပဲ အရေးကြီးတယ်။ (၆) လိုသလောက် မရနိုင်ပေမယ့် လုပ်သလောက်တော့ ရနိုင်ပါတယ်။ (၇) မေ့တယ်ဆိုတာ မလေးစားလို့၊ ကြောက်တယ်ဆိုတာ မခိုင်လုံလို့။ (၈) အလုပ် မလုပ်ပဲ အခွင့်အရေး မရချင်ပါနှင့်။ (၉) မနာလို မဖြစ်ပါနဲ့၊ လုပ်တဲ့လူက နေရာရမှာပဲ။ (၁၀) လူတစ်ယောက်၏ အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင် ဖြစ်သည်။ (၁၁) စာရိတ္တကောင်းရင် […]


ခင္ခJanuary 24, 20131min39416
ကျန်းမာရေးအတွက် စုစည်းမိတာလေးတွေပါ။ ၁. အသည်းနဲ့ ကလီစာများသည် လုပ်ဆောင်မှုတူသည့်အပြင်ဆက်စပ်နေကြသည် ။ ထို့ကြောင့် အသည်း တွင် တစ်ခုခုဖြစ်ပါက ကလီစာများတွင်လည်းတစ်ခုခုဖြစ်နိုင်သည် ။ ကလီစာတွင် တစ်ခုခုဖြစ်လျှင် အသည်း တွင်လည်းထိခိုက်နိုင်သည် ။ ၂. အသည်းမှာ ဒါဏ်ရာအနာတရဖြစ်ပါက သာမန်အားဖြင့် မခံစားရပါ ။ မည်သည့်နည်းနှင့်မှ မသိနိုင်ပါ ။ ကင်ဆာအတော်များများ မဖြစ်ခင်တွင် အသည်းသည် အရင်ဆုံး ပျက်စီးရသည် ။ ထို့ကြောင့် အသည်းကို သေသေချာချာ ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပေသည် ။ ၃. အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ်အတောက်များကိုဖယ်ရှားပေးရသည် ။ ထို့ပြင်ကိုယ်ခန္ဓာ အတွင်းရှိဗိုင်းရပ်(စ် )ပိုးများကိုလည်း တိုက်ခိုက်ရသည် ။ ၄. အသည်းသည် ၂၄ နာရီပတ်လုံး […]


ခင္ခJanuary 21, 20131min65519
သက်ကြီးရွယ်အိုများ သူငယ်ပြန်ခြင်း အတွက် နွားနို့သောက်ခြင်း။   သက်ကြီးရွယ်အိုတွေမှာ ဦးနှောက်ရဲ့ လုပ်ငန်းတာဝန်တွေ တစ်စတစ်စ ပျက်စီးတာကို သူငယ်ပြန်တယ်လို့ ခေါ်ဝေါ်ကြတယ်၊ ဒါကိုအင်္ဂလိပ်လိုတော့ Dementia လို့ခေါ်ပါတယ်။ ဒီရောဂါက အသက်အရွယ် ကြီးမြင့်လာ လေ ဖြစ်ပွားနှုန်းများလေပါဘဲ။ အဲဒီလို သူငယ်ပြန်တဲ့ အကြောင်းအရင်းတွေ အမျိုးမျိူးရှိကြတဲ့ထဲက အဖြစ်များ ဆုံးကတော့ အယ်လ်ဇိုင်းမား(ALzheimer’s) ပါ။ အဲဒီရောဂါပြီးရင်တော့ Multi Infarct Dementia လို့ခေါ်တဲ့ ဦးနှောက်ထဲ မှာ သွေးကြောလေးတွေပိတ်တာတို့ ဦးနှောက်ဆဲလ်တွေ ဟိုနေရာပျက်ဖြစ်တဲ့ သူငယ်ပြန်ရောဂါက ဒုတိယလိုက်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါရဲ့ ရောဂါလက္ခဏာက အဆင့်ဆင့်ရှိပါတယ်။ အစောဆုံးအဆင့် early stage မှာတင် ရောဂါဖြစ်ပြီး ၂ နှစ်လောက်ကြာတဲံ အချိန်ဖြစ်ပါပြီ၊ အဲဒီစောတဲ့ အဆင့်တွေမှာ ဘာတွေစဖြစ်လာသလဲဆိုရင် လူနာဟာ […]


ခင္ခJanuary 14, 20131min56038
လက်ကလေးရယ်တဲ့ ရှက်မိတော့   “ မင်္ဂလာပါ ဆရာမ ´´ “ မင်္ဂလာပါ တပည့်တို့၊ ထိုင်ကြ ထိုင်ကြ ´´ မူလတန်းကျောင်းတစ်ခုရဲ့ စာသင်ခန်းတစ်ခုထဲကို အတန်းပိုင်ဆရာမ ဝင်ရောက်လာလို့ ကလေးတွေ လက်လေးပိုက်ကာ မတ်တပ်လေးရပ်လို့ နုတ်ဆက်တာကို ဆရာမကလည်း ပြန်လည်နုတ်ဆက်တဲ့ အသံလေး တွေပါ။ ပြီးတော့ ဆရာမက သူ့စားပွဲပေါ်တင်ထားတဲ့ တပည့်တွေရဲ့သင်္ချာအဖြေစာအုပ်တွေကို တစ်အုပ်ပြီး တစ်အုပ်အဖြေစစ်နေတယ်ပေါ့။ ခဏအကြာမှာတော့ “ မောင်ခင်ခ ´´ “ ခင်ဗျား….´´ “ အရှေ့ထွက်လာခဲ့ ´´ “ ဟုတ်ကဲ့ပါ ခင်ဗျ ´´ ဒါနဲ့ဘဲ လက်ကလေးပိုက်ကာ အတန်းရှေ့သိုလျှောက်လှမ်းပြီး ဆရာမစားပွဲဘေးမှာရပ်လိုက်တယ်ဆိုရင်ဘဲ “ ၂၈ နဲ့ ၂၆ ပေါင်း ကျောက်သင်ပုန်းမှာ  အသံထွက်ပြီး […]


ခင္ခJanuary 10, 20131min60126
“ပိရမစ်ကြီး ဘယ်လိုဆောက်´´   “ဖေကြီး ဒီပုံတွေထဲမှာ ဘာလို့ ပိရမစ်တွေက အောက်ခြေကကြီးပြီး အပေါ်ကျတော့ သေးသေးချွန်ချွန် ဖြစ်သွားတာလဲ´´ “ပိရမစ်တွေက အဲလိုပုံစံဘဲဆောက်ကြတာလေ၊ အောက်ခြေကကြီးကြီး ကျယ်ကျယ် ဆောက်ထားပြီး အပေါ်က သေးသွားတော့ အပေါ်က ဝိတ်ကို အောက်က ထမ်းထားနိုင်ပြီး ကြာရှည်ခိုင်ခံတာပေါ့သားရယ်၊ အဲလိုမဟုတ်ဘဲနဲ့ အောက်နဲ့အပေါ် တည့်တည့်ဆောက်ရင် ကြာလာတော့ ဘေးတွေကနေ ကွာကျတာတို့ အက်ကွဲလာတာတို့ ဖြစ်တတ်တာလေ´´ “ဟုတ်လား ဖေကြီး´´ “ဟုတ်တယ်လေ ဖေကြီးပြောတာမယုံလို့လား၊ သားသိအောင်ပြောရရင် မင်းကွန်းပထိုးတော်ကြီး သားရောက် ဖူးတာဘဲ စဉ်းစားပြီး မြင်ကြည့်လိုက်လေ´´ “အင်း ဟုတ်တယ် ဖေကြီးရ၊ အဲဒါကြောင့် ပိရမစ်တွေက အောက်ခြေကြီးပြီး အပေါ်သေးသွားတာကိုး၊ ဒါဆို ပိရမစ် တွေရဲ့ အောက်ခြေတွေက ခိုင်မှဖြစ်မှာပေါ့နော်´´ “မှန်တာပေါ့ ပိရမစ်တွေ […]


ခင္ခJanuary 9, 20131min57035
ရှက်တတ်သူများ ဖတ်စေဖို့။   ရှက်တတ်သူတွေလို့ဆိုရင် အမျိုးသမီးတွေ အများဆုံးဖြစ်မယ်ထင်ပါတယ်၊ သူတို့ဘာကိုရှက်တတ်တာလဲ ဆိုတာလေ့လာကြည့်ရင် အမျိုးသမီးတိုင်းလိုလို လှချင်ကြပါတယ်၊ လှချင်ပေမယ့် မျက်နှာဝန်းကျင် ဆံပင် နဲ့ အသားအရည်တွေ ပျက်စီးလို့ အလှပျက်ရင်ဘဲ ရှက်တတ်ကြတာတွေတွေ့ဖူးတယ်၊ သွားလေးတွေဝါနေလို့ ရယ်ချင်ရင် ပါးစပ် လေးကို ပဝါလေးကာရယ်ရတာတို့၊ မျက်နှာမှာ အမဲစက်လေးတွေ ပေါက်လာလို့ စိတ်ညစ် နေတာတို့ မျက်နှာ လေးချောမွတ်နေချင်တာတို့ စတဲ့ မလှမှာစိုးကာ ရှက်တတ်သူ အမျိုးသမီးများ အရှက်မရ အလှရဖို့ တစ်ချို့ အချက်လေးတွေ ဗဟုသုတအဖြစ် စုစည်းမျှဝေပေးလိုက်တာပါ။ သွားဖြူစင်နည်း သွားများဖြူဝင်းစေဖို့ သီးမွှေး ဌက်ပျောသီးလေးက စွမ်းဆောင်ပေးမှာပါ။ – သီးမွှေးဌက်ပျောသီးလေး တစ်လုံးကို အခွံနွှာလိုက်ပါ – အသားကိုတော့ စားလိုက်ပေ့ါနော်။ – အခွံကို မပစ်လိုက်ပါနှင့် […]


ခင္ခJanuary 8, 20131min137071
“ ရှက်တတ်သူများ မဖတ်ပါနဲ့ ´´   အိမ်ထောင်သည်တွေနဲ့ ချစ်သူစုံတွဲတွေ အတွက် အနမ်းသည် ကျန်းမာရေးတွင် အထောက်အကူ ဘယ်လိုပြုစေ သလဲ အဆိုတွေလား အကောင်းတွေလား ဗဟုသုတအဖြစ်သိထားရအောင် ဖတ်ဖူးခဲ့တာလေးကို ပြန်လည်ရှာ ဖွေပြီးမျှဝေပေးလိုက်တာပါ။ အဲဒါကတော့ – “ အနမ်းနဲ့ ကျန်းမာရေး ´´တဲ့ ခင်ဗျ။ သင့်မှာ ချစ်သူ ရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူး ပါသလား။ ပြီးတော့ ချစ်သူကို နမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စား တယ်ဆိုရင် အောက်မှာ ရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်း ဘယ်ပုံ ဆက်စပ်နေတယ် ဆိုတာကို ဆက်ပြီး […]


ခင္ခJanuary 7, 20131min31811
“ကူညီခဲ့သည် ဆိုရာဝယ်´´   “ မပြီးကြသေးဘူးလား ဟာ ကြာလိုက်တာ ´´ “ ပြီးတော့မှာပါဟ အေးငယ်က  ကျစ်ဆံမီးကျစ်ခိုင်းလို့ ကျစ်ပေးနေတာပါ ခဏလေးစိတ်ရှည်အုံး သူငယ်ချင်း´´ “မွေးနေ့ရှင်ကိုလုပ်ပေးနေတာဆိုတော့လည်း စောင့်ရမှာပေါ့ ဒါပေမယ့် သိပ်တော့မကြာနဲ့ဟာ´´ ဒါနဲ့ဘဲ နီနီ တစ်ယောက် အိမ်ရှေ့ခန်းက မဂ္ဂဇင်းစာအုပ်ကို ယူကာဟိုလှန်ဒီလှန်ဖတ်နေရင်း စောင့်နေလိုက် တယ်လေ။ နီနီ နဲ့ အေးငယ်က သွက်သွက်လက်လက် ပြောဆိုစနောက်ပြောတတ်တဲ့ အကျင့်လေးတွေရှိ ပေမယ့် သီတာကတော့ စကားပြောနည်းကာ အေးဆေးနေတတ်ပြီး အေးငယ် နဲ့ နီနီ က ဘာကူညီလုပ်ပေးအုံး ဆိုလည်း မညီးမငြူလုပ်ပေးတတ်တဲ့ သူငယ်ချင်းပေါ့။ “ကဲ ထတော့ သွားမယ် ´` ဆိုပြီး သီတာ ခေါ်မှဘဲ ဖတ်လက်စ မဂ္ဂဇင်းကိုပြန်ချထားခဲ့ပြီး သူငယ်ချင်း […]


ခင္ခJanuary 3, 20131min56313
“ ၁၃ ဂဏန်းနှင့် ကျွန်တော်တို့ ဗိုလ်ချုပ် ´´   “ ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဘို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ဘဲ အသက်နဲ့လဲလို့ ဆင်းရဲ ဒုက္ခခံကာ ကြံစည်တယ် သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ် xxxxxx xxxxx ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဘို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ဘဲ အသက်နဲ့လဲလို့ ဆင်းရဲ ဒုက္ခခံကာ ကြံစည်တယ် သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ် xxxxxx xxxxx ငါတို့ဗမာ့ပြည် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေမွေးရမယ်၊ ငါတို့ဗမာ့ ပြည် ……  မိဘ အပေါင်းတို့ကွယ် အာဇာနည်အစစ်ကို ရှိဖို့မွေးရမယ် xxxxxx xxxxxx ဪ ဘုရင်နောင်နဲ့ ရာဇာဒရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့လိုကွယ်… ဗမာတိုင်း ဗမာမျိုး […]


ခင္ခJanuary 2, 20131min60444
“ ယနေ့ မွေးနေ့ရှင်အတွက် ရည်ရွယ်လို့ – – – – – ´´   ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ ဒီနေ့ဟာ ရွာသူတစ်ယောက်ရဲ့ မွေးနေ့မြတ်မင်္ဂလာနေ့ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီရွာသူကတော့ – – – – – – သူဟာ အပြောလည်းကောင်းသူတစ်ဦး၊ သူဟာ အရေးလည်းကောင်းသူတစ်ဦး၊ သူဟာ ကွန်မန့်တွေရေးရင်လည်း သေချာစွာခံစားရေးတတ်သူတစ်ဦး၊ သူဟာ ရွာသူရွာသားတွေ တွေ့ဆုံမှု့တွေမှာလည်း ရင်းနှီးဖော်ရွေစွာ တွေ့ဆုံတတ်သူတစ်ဦး၊ သူဟာ မိဘမဲ့ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေကိုလှုတဲ့ ဒါဇင်ပလပ်မှာလည်း တက်ကြွစွာပါဝင်သူတစ်ဦး၊ သူဟာ ဒီရွာရဲ့ ရွာသူသက်တမ်းလည်း နှစ်နှင့်ချီကြာမြင့်စွာ ရပ်တည်နေခဲ့သူတစ်ဦး၊ သူဟာ ချောမောလှပသော ရုပ်အဆင်းရှိသူတစ်ဦး၊ အဲဒီ သူဟာ […]