ခင္ခSeptember 20, 20141min2306
” လှေနံနှစ်ဖက်နင်းလို့ “   တစ်ခုသော အချိန်ကာလတုန်းက အဖြစ်အပျက်လေးတစ်ခုပါ။ ပြည်မြို့ မင်းကြီးတောင်ခြေဆိုတာကြားဖူးကြမယ်ထင်ပါတယ်၊ ဧရာဝတီမြစ်ရဲ့ တဖက်ကမ်းပေါ့၊ ဟိုဖက်တစ်ဖက်ကမ်းကတော့ ပဒေါင်းကိုသွားတဲ့ဖက်ပါ၊ အဲဒီအချိန်တုန်းက ထိုဧရာဝတီမြစ်ကို အခုလို ဖြတ်ကူးတဲ့ မြစ်ကူးတံတားကြီး မဆောက်ရသေးတော့ ပြည်မြို့တဖက်ကမ်းက ရွှေဘုံသာမုနိဘုရားသွား ဖူးချင်ကြတဲ့သူတွေ ပဒေါင်းဘက်သွားချင်သူတို့က ဌက်သမ္မာန်တို့ စက်လှေတို့နဲ့ ကူးကြရတာပေါ့ဗျာ။ အဲဒီ ရွှေဘုံသာမုနိဘုရားမှာ အမတော်မမြစိမ်းသိုက်နန်းရှိလို့ သွားရောက်ဘုရားဖူး၊ သိုက်ပွဲပေး ဆုတောင်းကြ သူတွေ အနေနဲ့ အများဆုံးသွာတတ်တာမို့ အဲဒီလှေဆိပ်ကလည်း လူစည်လေတော့ တစ်ခါတလေ ကိုယ်စီး ရမည့် စက်လှေအလှည့်မရောက်သေးလို့ရှိရင် စောင့်ရတာမျိုးလည်း ပိတ်ရက်တွေဆို ကြုံရလေ့ ရှိတာပေါ့ဗျာ။ ပဒေါင်းဖက်သွားဖို့ ပြည်တဖက်ကမ်းကူးရမှာမို့ ကျုပ်တစ်ခါက အဲဒီလှေဆိပ်ကိုရောက်တော့ စက်လှေနှစ်စီး ဆိုက်ကပ်ထားပြီး စီးဖို့ဦးရေများနေတာကြောင့် ဟိုဘက်ကမ်းက စက်လှေတွေပြန်ကျော့လာမှ ကိုယ်စီးမယ့် […]


ခင္ခSeptember 19, 20141min2666
” အဟင့် အဟင့် အဟင့် “   နောက်ဆုံးဘုရင် ပါတော်မူ သီပေါဘုရင်တစ်ဆူ ခပ်ချာချာအုပ်ချုပ်ခဲ့ မဆလပါဟဲ့ စွာစိလံကာအုပ်ချုပ်သာ နဝတပါဗျာ ဟာတာတာလေးအုပ်ချုပ်ထား လက်ရှိအစိုးရများ တသက်လုံးက ညာခဲ့တာ ဝန်မင်းတွေပါကွာ ပြောခွင့်ရှိတဲ့ အရာရှိများ အထက်ဆရာကို ညာလို့စား ခရိုနီဆိုတဲ့ ဟိုလူတွေ နွှာရသမျှ အကုန်ယူလေ လွှတ်တော်ကြီးက ကျင်းပမြဲ အာ တော်မူသံ မစဲဘဲ အဲလို အဲလို ခေတ်ဆက်ထိုထို ဖြတ်သန်းခဲ့တာ ပြည်ထောင်စုပါ ဒို့ပြည်သူတွေ ဘာတွေဖြစ် အဟင့် အဟင့် အဟင့် ။     ခင်ခ။  


ခင္ခSeptember 19, 20141min3108
” စားဖိုဆောင်မှရသော ကျန်းမာရေးအထောက်အပံများ “   မိမိ စားဖိုဆောင်ထဲမှာ ရှိလေ့ရှိထဖြစ်ပြီး စားသောက်နေပါလျှက် ဘာတွေကိုယ့်ကျန်းမာရေးအတွက် ဘယ်လို အကျိုးပြုတယ်ဆိုတာလေးတွေ သိရအောင်လို့ ပြန်လည်စုစည်းကာတင်ပြလိုက်တာပါ။   ပန်းပွင့်စိမ်း – အသားအရေကောင်းမွန်၍ အလှတိုးစေတယ်၊ မောပန်းနွမ်းနယ်မှု့ ပြေစေတယ်၊ အူသိမ်ဦးပိုင်း နဲ့အစာအိမ်အနာပေါက်တာ ကာကွယ်ပေးနိုင်တယ်၊ ပန်းပွင့်စိမ်းကိုများများစားရင် အအေးမိတာမဖြစ်လွယ်ပါ၊ အရောင်အရမ်းကျတယ်၊ အဆိပ်အပုပ်စင်တယ်၊တင်းတိတ်အမည်းအပြောက်ပျောက်တယ်၊ အူမကင်ဆာ၊ ဆီးအိတ်ကင်ဆာ၊ရင်သားကင်ဆာတွေအတွက်ကာကွယ်မှု့စွမ်းအား မြင့်မားတယ်၊ ပန်းပွင့်အစိမ်း မှန်မှန်စား ပေးခြင်းဟာ အသည်းရဲ့အဆိပ် အပုပ် ရှင်းထုတ်အားပိုကောင်းစေပြီး ကိုယ်ခံအားတက်စေတယ်၊ သွေးကြောမာ ကာကွယ်ပေးပြီး လေဖြတ်ရောဂါဖြစ်နိုင်ခြေလျော့စေတယ်၊( ရင်ကျပ်ရောဂါရှိသူများ သတိထားစားပါ)   ဂေါ်ဖီထုပ် – မှန်မှန်စားခြင်းဖြင့် မောပန်းနွမ်းနယ်မှု့ ပြေစေတယ်၊ ဝမ်းချုပ်တာကာကွယ်ပေးတယ်၊ ဇီဝဖြစ်စဉ်ကို အားပေးတယ်၊ ကိုယ်တွင်းအဆိပ်အပုပ် ရှင်းထုတ်ပေးတယ်၊ အူးကိုပိုအားကောင်းစေတယ်၊ […]


ခင္ခSeptember 18, 20141min40418
” တာဝန်မယူနိုင်ရင် မဖမ်းပါနှင့် “   သတင်းဆောင်းပါးတစ်ခု မဇ္ဈိမဂျာနယ်မှာဖတ်လိုက်ရတယ်၊ အဲဒီသတင်းက ရန်ကုန်မှာ စည်းကမ်းမဲ့ ရပ်နား ထားသဖြင့် ကရိန်းဖြင့်ဆွဲကာ သိမ်းယူလာပြီး ယာဉ်ရပ်နားစခန်းအတွင်းသို့ မနေ့က ယူဆောင်ထားတဲ့ ယာဉ်ကို စက်တင်ဘာလ ၁၁ ရက် နံနက် ၉ နာရီဝန်းကျင်လောက်က ဒီမနက်ကျတော့ ဘာအထောက်အထား မှမပါဘဲ ကားကိုမောင်းထွက်သွားတာ ဘယ်သူမှတားလို့မရဘူး၊ တားရင်လဲ အတိုက်ခံရမှာ မောင်းသွားတဲ့ အရှိန်က တော်တော်ပြင်းတယ် လို့ဆိုထားပါတယ်။ အဲဒီကားကို လမ်းမတော်လမ်းမှ ဒဂုံမြို့နယ် ရှင်စောပု ယာဉ်ရပ်နား ဝင်းကို ကရိန်းနဲ့ဆွဲခဲ့တယ်ဆိုပါတယ်၊ ထိုသို့ကရိန်းဖြင့်ဖမ်းဆီးအရေးယူသော ကားကို စည်ပင် သာယာတရား ရုံးပြေစာ၊ ကရိန်းပြေစာ၊ ဘီးခွန်နှင့် ယာဉ်မောင်းလိုင်စင်မိတ္တူများ အပြည့်အစုံပါမှသာ ပိုင်ရှင် ကိုပြန်လည် ပေးအပ်နေခြင်းဖြစ်ပြီး ယာဉ်ပိုင်ရှင်မှ […]


ခင္ခSeptember 18, 20141min2529
” ဒီနေ့ ဖြစ်ခဲ့သော ဒီနေ့ “   စက်တင်ဘာလ ၁၈ ရက်နေ့ ဒီနေ့ မှာ တစ်ခါတုန်းက ကြေငြာချက်တစ်ခု တိုင်းပြည်ကို ကြေငြာလိုက်တာ ဒီနေ့ပါဘဲ အဲဒီကြေငြာချက်လွန် ကာလတွေမှာ တစ်ချို့တွေက မြို့ပေါ်မှာ ကြက်ပျောက်ဌက်ပျောက်သလိုပျောက်သွားပြီး နယ်စပ်တွေ တောထဲတွေရောက်ခဲ့တယ် တစ်ချို့တွေက နံရံလေးဘက်ကို တံတိုင်းကြီးလို ကာရံထားတဲ့ထဲ ဝင်သွားကြရှာတယ် တစ်ချို့တွေက ပေါ်လိုက်ပျောက်လိုက် ပုန်းလိုက်ပြေးလိုက် လုပ်နေကြရတယ် တစ်ချို့တွေက မိသားစုတွေနဲ့ တကွဲတပြားဖြင့် ဘဝကြမ်းကိုရင်ဆိုင်ခဲ့ကြတယ် တစ်ချို့တွေက အမိမြန်မာမြေကို စွန့်ခွာသွားဖြစ်ကြတယ် တစ်ချို့တွေက ပါးစပ်တွေအပိတ်ခံလိုက်ရတယ် တစ်ချို့တွေက လက်တွေကိုချည်နှောင်ခံလိုက်ရတယ် တစ်ချို့တွေတော့ ချမ်းသာရေးလမ်းပေါ်ကို ထွက်လာခွင့်ရသွားကြတယ် တစ်ချို့တွေက တောထဲကနေ မြို့ပေါ်မှာတရားဝင်နေခွင့်ရလာကြတယ် တစ်ချို့တွေက နှစ်ပေါက်တစ်ပေါက် ဒီနိုင်ငံသားတွေ ဖြစ်ခွင့်ရသွားသလို တစ်ချို့တွေက ဒီနိုင်ငံသားဖြစ်ပါသော်လည်း […]


ခင္ခSeptember 17, 20141min1723
” ပေးချင်ပေမယ့် “   ပန်းပေးလို့အရှုံးပေး နှလုံးအေးတယ်ဆို သံဃောဇဉ်ရိုးတံနဲ့ အချစ်ထုံမွှန်းပြည့်စုံပန်းမို့ သူခေါင်းမှာပန်ဆင် အလှတွေဆင့်လို့ မြတ်နိုးဟန်နဲ့လက်ခံပြုရင် ဆယ်သက်ဆယ်ခါပေးလိုက်ချင်ရဲ့ ခုတော့ထိုပန်းအရမ်းလှလို့ မြတ်နိုးသဒ္ဒါကြည်ဖြူစွာဖြင့် နတ်စင်ထက်ကပန်းအိုးမယ် ထိုးလိုက်ပါ့မယ်ကွယ်။ ခင်ခ။


ခင္ခSeptember 17, 20141min2386
” လုပ် သင့် တာ လုပ် ပေး စေ ချင် “   ” သမီးလေး ညဉ့်နက်နေပြီ စာတွေလုပ်တာ မပြီးသေးဘူးလား ” ” မပြီးသေးဘူး ဖေဖေ ” ” ဘာတွေများ ဒီလောက်တောင်ရေးနေရတာလဲ ” ” ဆရာမက သင်္ချာအိမ်စာတွေလေ အပုဒ် ၅ဝ တောင် ကျောင်းပိတ်ရက်မှာ အပြီးတွက်ဖို့ပေးလိုက်တာမို့ပါ အခုမှ အပုဒ် ၃ဝ ကျော်ဘဲ ပြီးသေးလို့ ” ” မနက်ဖြန်မှာ ဆက်တွက်ပါလား သမီးရယ် အရမ်းညဉ့်နက်အိပ်ရေးပျက်တော့ သမီးနေမကောင်းဖြစ်နေ အုံးမယ် ” ” မနက်ဖြန်ကျတော့လည်း အပြင်ကျုရှင်က တစ်နေ့လုံးနီးပါးရှိတာဆိုတော့ မပြီးမှာစိုးလို့ပါ ” ” ဒါနဲ့နေပါအုံးသမီး သမီးတို့ကျောင်းဆင်း […]


ခင္ခSeptember 16, 20141min31314
” အစည်းအဝေး “   ရှေ့တန်းမှာဦးစားပေး ဗီအိုင်ပီတဲ့လေး သူတို့လေးတွေရေဆာလို့ ရေဗူးလေးတွေထောင်ထားစို့ စားစရာကလည်းအရှန်ပယ် သူတို့တွေကဆာတတ်တယ် နောက်တန်းတွေမှာထိုင်သူများ အဟာရသိဒ္ဓိပြီးလို့လား ရေလေးတောင်မှမတိုက်ထား မြန်မာ့ရုံးများရဲ့အခမ်းအနား အစဉ်လာမပျက် ကျင်းပလျှက် မြင်ကွင်းမှတ်တမ်းတင်စေသောဝ်။ ခင်ခ။


ခင္ခSeptember 16, 20141min2146
” ဘယ်တော့များမှ အမြဲမခွဲနေရပါ့ “   နှစ်တွေအလီလီ ပြောင်းကာ မင်းငါကိုလှည့်စားနေတာသိပေမယ့်လည်း ညနေဆည်းဆာနေဝင်လွန်ရင် ငါနဲ့အတူရှိစေချင်။   တစ်ခါတလေ မင်းမလာသေးဘူးဆိုပေမယ့် ငါကမျှော်လင့်မိနေတယ် ဘာရယ်တော့မဟုတ်ဘူး မင်းကိုငါနဲ့အတူရှိစေချင်တာပါ။   ညဖက်အိပ်နေရင်း လန့်ကာနိုးလို့ ညဦးယံမှာ မင်းရှိနေပြီး ထကာကြည့်မှ မင်းမရှိရင် စိတ်ထဲဘဝင်မကျ စိတ်ပူမိပါ့ မနက်ထိတိုင်ပြန်လာပါ့မလား စိုးရိမ်မိတယ်။   အနားမှာအမြဲ နာရီတိုင်းစက္ကန့်တိုင်းရှိပါ့မယ်လို့ မင်းပြောခဲ့တာမုသားဆိုတာသိပေမယ့်လဲ စိတ်တော်မဆိုးရက်ဘဲ မလာရင်တော့မျှော်နေမိသလို လာပြန်ရင်လည်း ဘယ်တော့များပြန်ပျောက်မလဲလို့ စိုးရိမ်စိတ်အစဉ်နဲ့နေခဲ့ရပြီး၊ တစ်နေနေ့တော့ ငါအနားအမြဲရှိလာမှာပါလို့ စိတ်ဖြေမိကာနေခဲ့တာလည်း နှစ်လအလီလီ ကြာလှပေါ့ကွယ်။   တကယ်တော့ ငါအတွက်ရွေးချယ်စရာမရှိ မင်းမှမင်းဘဲဆိုတာ သိနေရော့မို့ အိုက်တင်ခံကာ လာတလှည့် မလာတလှည့် လုပ်နေတာများလား ဒါမှမဟုတ် သတင်းကြီးတဲ့မင်းသမီးမို့ မော်ကာကြွားပိုဂရုမစိုက်လေလား ဘာဘဲဖြစ်ဖြစ် မင်းမရှိတဲ့ညဟာ […]


ခင္ခSeptember 15, 20141min2115
” တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် “   စင်္ကာပူမြို့နဲ့ ရန်ကုန်မြို့ကို တူအောင်လုပ်မယ်ဆိုလို့ ဒီလိုတူတာလေးတစ်ခုကို ပြောမလို့ပါ။ သတင်းဆောင်းပါးတစ်ခုဖတ်လိုက်ရတယ် စိုက်ပျိုးမြေမရိသော စင်္ကာပူနိုင်ငံ၏အစားအစာပြဿနာကိုဖြေရှင်း နိုင်ရန် ရေပေါ်အထပ်မြင့်စိုက်ခင်းများကို စပိန်နည်းပညာဖြင့်တည်ဆောက်စိုက်ပျိုးကာ မိမိနိုင်ငံအတွက် လိုအပ်သော အစားအစာကို နိုင်ငံတွင်းတွင် ထုတ်လုပ်သွားနိုင်ရန်စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းတဲ့ဗျာ။ ဘာစီလိုနားအခြေစိုက် ဒီဇိုင်းကုမ္ပဏီတစ်ခုဖြစ်သော Fast Company က စင်္ကာပူဆိပ်ကမ်းဆိပ်ကမ်းတွင် မိုးမျှော်အထပ်မြင့်စိုက်ခင်းများတည်ဆောက်ပေးမည်ဖြစ်ပြီး တစ်နှစ်ပတ်လုံးကောက်ပဲသီးနှံများ စိုက်ပျိုးနိုင် မည်ဖြစ်သည်၊သို့သော် ရေပေါ်အထပ့်မြင့်စိုက်ပျိုးရေးလုပ်ငန်းမှာ ၁၉၃ဝပြည့်လွန်နှစ်များကတည်းက အထပ်မြင့်ငါးမွေးမြူရေးကန်များဖြင့် လုပ်ငန်းဆောင်ရွက်နေသော စင်္ကာပူနိုင်ငံအတွက်အသစ်အဆန်းတော့ မဟုတ်တော့ကြောင်းသိရပါတယ်၊ ရေပေါ်အထပ်မြင့်စိုက်ခင်းများကို နေရောင်ခြည်ကိုကောင်းစွာရရှိနိုင်ရန် ကျောချင်းကပ်တည်ဆောက်မည်ဖြစ်သည်၊ စိုက်ခင်းများထဲတွင် ကောက်ပဲသီးနှံများကို စောင့်ကြည့်မည့် ဆင်ဆာများစွာတပ်ဆင်ထားမည်ဖြစ်ပြီး ၎င်းတို့ကိုမြေပြင်ထိန်းချုပ်ရေးဌာနက စဉ်ဆက်မပြတ် စောင့်ကြည့် နေမည်ဖြစ်သည်၊ ထိုစနစ်ဖြင့် စင်္ကာပူနိုင်ငံသားများနေ့စဉ်ဝယ်ယူနေသောဟင်းသီးဟင်းရွက်ပမာဏကိုလည်း တိုင်းတာနိုင်မည်ဖြစ်ပြီး လိုအပ်သလောက်စိုက်ပျိုးထုတ်လုပ်သွားကာ ဟင်းသီးဟင်းရွက်နှင့် ကောက်ပဲသီးနှံ […]


ခင္ခSeptember 15, 20141min1803
မိုးစက်တို့ မစဲဘဲ တသဲသဲနဲ့ကျလေသည် လူသူကင်းမဲ့ လမ်းမဘေးဝယ် ဗန်ဒါပင်အောက် မိုးခိုသူတစ်ယောက် အမြင်ပုံစံဆင်းရဲဟန်ဖြင့် စိုးရိမ်အတွေးမျက်နှာပေးနဲ့ မိုးလေးတိတ်ဖို့မျှော်လင့်တယ်။ စပါးစိုက်ခင်း လယ်တောတခွင်ကို ရေအားနည်းစဉ်ရွာပါ့မိုးအစဉ် ကောင်းကင်ရယ်လင်း တိတ်ဟန်ပြုတော့ စိုးရိမ်အတွေးမျက်နှာပေးနဲ့ မိုးကြီးဆက်ရွာနေဖို့မျှော်လင့်တယ်။ မတူကွဲပြား မျှော်လင့်ချက်များ ကျင်လည်ဘဝ မတူကြတော့ သူတို့ဆန္ဒပြည့်ဝပေးဖို့ မိုးနတ်မင်းလည်း စိတ်ရှုပ်မယ်။ ခင်ခ


ခင္ခSeptember 14, 20141min2295
မနက်ဖြန်ဥပုဒ်ဆွမ်းချက်လောင်းဖို့ ဓမ္မာရုံက လော်အစုံနဲ့ တရားတွေပြ အလှုခံသဗျ မနက်ငါးနာရီမထိုးမှီ တစ်နေလုံးလည်း မဟာဒုတ်ဇာတ်တွဲ အခါခါနွဲလို့အော်လေသမို့ ဒီတစ်နေ့တော့နားမချမ်းသာပေါ့ တိုက်ခန်းတွေများ တိုက်တွေကြားထဲ သံကုန်ဟစ်ကာ ဖွင့်တဲ့လော်သံ တိုက်နံရံတို့ရိုက်ခက်သည့်ဟန် ပဲ့တင်သံနဲ့ တိုက်ခန်းကျဉ်းထဲ ဲနေရဆင်းရဲ တပတ်ဥပုဒ်အဖိတ်ရောက်တော့မယ် ဗုဒ္ဓဘာသာပေမယ့် ကြောက်လှပြီကွယ်။ ္တ ခင်ခ။


ခင္ခSeptember 14, 20141min2166
မြန်မာဓလေ့ တောနယ်ဘက်ဝယ် တွန်လှကြက်သံ အောအီအီးအွတ်ဟန် ခွဲခြားကာသိအချိန်ဟူ၏ မှောင်ရီပျိုးစညနေစောင်း ခြောက်နာရီမှာတွန်လေတယ် အိပ်တန်းတက်ချိန်တဲ့ကွယ် သက်ငယ်ခေါင်းချတွန်သံက ညခွန်းခွဲသာသာဗျ သက်ကြီးခေါင်းချတွန်သံပြ ညတစ်ဆယ်ဝန်းကျင်မယ် ညဉ်နက်ချိန်ခါတွန်လေတာ သန်ခေါင်းဆယ့်နှစ်နာရီဟာ လုလင်ပြန်ချိန်တွန်သံပေး ညနှစ်နာရီအခါလေး နံနက်အာရုံတွန်သံချို မနက်လေးခွဲအခါဆို မိုးလင်ခြောက်နာရီတွန်သံက လင်းကြက်တွန်တယ်ဟ ကိုးနာရီထိုးတွန်သံပျို ဆွမ်းခံဝင်ချိန်ကိုး နေ့လည်ဆယ့်နှစ်နာရီတွန်သံပြု မွန်းလွဲအောက်အီအီးအွတ်။ ခင်ခ။