. ပြီးခဲ့တဲ့ အပါတ်ထဲ က အလင်းချို ရဲ့ “စဉ်းစားကြည့်ပါ ပရိတ်သတ်ကြီးရယ်” ကိုဖတ်ပြီး အတိတ် ကို ပြန်ပြေးသွား ရင်း လွမ်းမိပါရဲ့။ ရွာထဲ အမြဲ ပြောလေ့ ရှိတဲ့ ကျွန်မ ရဲ့ ချစ်စွာသော အဖွား နဲ့ သူ၏ သမီး များကိုပေါ့။ အဖေ့ရဲ့ အမေ က အစ်ကို့ ကို အသည်း မို့ ကိုယ်က အမေ့ အမေ တို့ ဘက် ကို ရောက်သွားရော။ . နွေ ကျောင်းပိတ်တိုင်း အဖွားရှိတဲ့ အမေ့ ရဲ့ ဇာတိမြို့ လေး ဆီ အပြေးသွားလေ့ရှိတာပါ။ အဲဒီတုန်းက ဒီနေ့အချိန်လို အဝေးပြေးကား တွေ မရှိပါဘူး။ […]


ဘာခေါင်းစဉ် ကြီး လဲ ဆိုပြီး ဝင်လာကြတယ်လား။ :-))) အလျှောက်ကောင်း တဲ့ ရှေ့နေနို ကို ပုံလေး တစ်ပုံပြချင် လို့ တင်လိုက်ပါတယ်။ ဒီ သတင်းလေး ကို ဖတ်ပြီးပြီချင်း သဘောကျလွန်းလို့ ဖဘ ထဲ မှာတောင် မျှခဲ့ဘူးတာပါ။ လေယာဉ်မှူးကြီး က သူ့ရဲ့ လက်ထောက် Co-pilot က သူ့သမီး ပါလို့ ဂုဏ်ယူစွာကြေငြာ ခဲ့တဲ့ လေယာဉ် ခရီးစဉ် ရဲ့ သတင်းလေးပါ။ သူတို့ပုံလေးကလဲ အလုပ်ထဲ မှာပါဘဲ။ ဒါပေမဲ့ မျက်နှာ ပုံစံ ကို ကြည့်ပါ။ အဲဒီ သားအဖ အတွက် သူတို့ အမေ ဘယ်လောက် ဂုဏ်ယူလိုက်လေမလဲ မှန်းကြည့်မိသေး။ နောက်ပြီး ကလေး […]


ကျွန်မ က “မြ” ပါ မောင်။ . ရွှေ နဲ့ စိန် မဟုတ်ပါဘူး မောင်။ . . .   FB ထဲ သူများ တွေ ” မောင်” နေတာ နဲ့ ခေတ်နောက်မကျ ရလေ အောင် ဒီမှာ ဝင်ပြီး ” မောင်” လိုက်ပြီ။ မောင် = MG = Myanmar Gazette ဟိ …   lol:-))))) . ပုံ . ချစ်စွာသော . မြ    


အမှန်တော့ ဒီ စာ တွေကို မှတ်ချက် လိုမျိုး ပေးချင်မဲ့ ဒါ့ပုံလေး တစ်ပုံလဲ ပြချင်လို့ ပို့စ် ရေးပြီး ဘဲ တင်လိုက်ပါတယ်။ ဒီပုံ ကို ကြည့်ကြည့် ကြပါ။ ဒီ အရီး တော့ ဖွန်ကြောင်နေပြီ ပြောလဲ ပြောပေရော့။ 😉 ဟုတ်ပါတယ်။ တကယ် သဘောကျလိုက်လို့ တင်တာပါ။ စိတ်ထဲ အတော်လေး ကြည့် ကောင်း တယ် လို့ ထင်မိတယ်။ လူတွေ က အဲလို ယူနီဖောင်း ဝတ်ထားချိန် ပရော်ဖက်ရှင်နယ် ဆန်ပြီး ပိုပြီးလဲ တင့်တယ် သွားသလားဘဲ။ အထူးသဖြင့် စစ်သားတို့၊ လေယာဉ်မှူး တို့ ပေါ့။ ယူနီဖောင်း က နေ သူ့ရဲ့ […]


ဒီမှာတော့ နွေဦး ရောက်ပြီ မို့ ပန်း တွေ လှ တဲ့ ရာသီပေါ့။ လမ်းဘေးမှာ အရိုင်းပန်းလေး တွေ အစု အဖွဲ့လိုက် ပျော်နေကြတာကို မှတ်တမ်း တင် ထားခဲ့တာ လေး တွေ မျှချင်ပါတယ်။ တကယ်မှာတော့ သူတို့ တွေ အားလုံး ဟာ  “ဝေလဲ အတူ ကြွေလဲ အတူ” လေးတွေ လေ။ . ပျော်စရာကြီး နော။  


နားဦးတည့်ရာ နှစ်ဆယ့်တစ် မှာ ၂၁ ပေါက် ကစား ရတဲ့ ဖဲ အကြောင်း ရေးရမလားဘဲ။ lol:-)) ဂျိုကာ မပါတဲ့ ပွဲမှာ Ace က အကောင်းဆုံး ကဒ် မို့ Ace  ကို မျှော်ကြ ရတယ်။ ဘယ်သူမဆို ကိုယ့်လိုချင်တဲ့ ကဒ် သူများ ရ သွားတာ ကို ဘယ်လိုချင်ပါ့မလဲ။ ဒီတော့ ကစားပွဲ ထဲ ထိုင် လိုက်ပြီ ဆိုတာ နဲ့ ဝိုင်း ထဲ က သူတိုင်း ကိုယ့် ပြိုင်ဘက် ဘဲပေါ့။ (က) . ပြီးခဲ့တဲ့ ရက်ထဲ မှာ ဖဘ ထဲ သူငယ်ချင်း တစ်ယောက် က […]


. ဒေါ်ဇီဇီ တို့ ရဲ့ ခြင်္သေ့တိုင်းပြည် မှာ နိပွန်ကလာပြီး ဖွင့်ထား တဲ့  ကော်ဖီဆိုင် တစ်ဆိုင် ရှိသတဲ့။ “Cat Cafe”  လို့ အမည်နာမ ပညတ်ထားသတဲ့။ . ကြောင်ချစ်သူများ အတွက်  ကြောင်တွေ ကို ကြည့်ရင်း  ကာဖီလေး သောက်ရင်း၊ မုန့်လေးစားရင်း လုပ်နေလို့ ရတာပေါ့။ . အဲဒီ က ဓာတ်ပုံများ ကြည့်ပြီး စိတ်ထဲ သကာင်္မကင်း ဖြစ်ပြီးရင်း ဖြစ်ရင်းဘဲ။ . ကြည့်ကြပါ။ . တွေ့ပါလိမ့်မယ်။ :-))))   ကလေး က ဒီမှာထဲ က အင်တာနက် ကနေ တွေ့ထားပြီး အဲဒီကို သွားဖို့ သူ့ပါပါး ကို Book […]


အိမ်ပြန်တိုင်း မပျက်မကွက် သွားရတဲ့ နေရာ လေး တစ်ခု ရှိပါရဲ့။ အဲဒီ မှာ အမှတ်အသား နေရာ ခြေရာလေး တွေ အများကြီး။ ဂျပ်ဆင် နား က စင်္ကြန်လမ်းတွေ၊ အာစီ ထဲ က ဘောလီဘောပွဲ တွေ၊ သစ်ပုတ်ပင်ကြီး နား က အုတ်ခုံ တန်း တွေ၊ အီကို ရှေ့က မြက်ခင်း စိမ်းစိမ်း တွေ၊ အဓိပတိလမ်း က ကံ့ကော်ပင် တွေ၊ တက္ကသိုလ် စာကြည့်တိုက် ရဲ့ လှေခါးထစ် တွေ၊ ဘွဲ့နှင်းသဘင် တစ်ဝိုက်က ဖြတ်လျှောက်နေကျ လမ်းလေး တွေ၊ အင်းလျား ဘေးက အကြော်ဆိုင်တွေ၊ ဘယ်တော့ မှ မမေ့မဲ့ အမှတ်တရ […]


ဘာမှတော့ ထူးထူးခြားခြား မဟုတ်ပါဘူး။ ခရီး တုန်းက ရ ခဲ့တဲ့ ပုံ တွေ ကို ပြန်ကြည့်ရင်း ရွာထဲ မျှ ချင်တာ နဲ့ မျှပါတယ်။ အသေအချာ ပြောနိုင်တာ က တော့ တာဝန်ယူတတ် ပြီး ဉာဏ် ပညာရှိ တဲ့ အုပ်ချုပ်သူများ ရှိတဲ့ မြေ နဲ့ တာဝန်မယူနိုင်၊ မယူတတ်ဘဲ … နေရာ မောင်ပိုင်စီး ထားတဲ့ .. ဉာဏ်ပညာ မဲ့ အုပ်ချုပ်သူများ ကြီးစိုး တဲ့ မြေ အဲဒီ နှစ်ခု ရဲ့ ပုံပြင်လေးတွေပေါ့။ ချစ်သော မျက်စိ နဲ့ ကြည့်နိုင် ကြည့်တတ်ရင်တော့ ဘာမှ မကွာပါဘူးလေ။ တိုက်ကြီးတွေ၊ ကား […]


ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါး အပျော်သီချင်းလေး နားထောင်ကြရအောင်လား။ . နှစ်တိုင်းလုပ်နေကျ Eurovision Song Contest ပွဲ က နီးလာပြန်တာမို့ ကြိုက်ခဲ့ဖူးတဲ့ သီချင်းလေး တစ်ပုဒ် ကို ပြန်ကြားလာလို့။ ဒီ သီချင်း က ၂၀၀၉ ခုနှစ် ရဲ့ Eurovision song contest winner song  ပါ။ အဆိုတော်က နော်ဝေးလူမျိုး ဖြစ်ပြီး နော်ဝေးနိုင်ငံကိုယ်စားပြု ပြီး နိုင်တာပါ။ တကဲ့ ပရို မြူးဇစ်ရှင် ဆိုတာ သီချင်းဆို တာတင်မဟုတ်ဘဲ တူရိယာ တစ်မျိုးမျိုး (ဒါမှမဟုတ်) တစ်မျိုးထက်ပို တီးတတ်ကြတယ်။ သူတို့ ကိုယ်တိုင် သီချင်း ရေးနိုင်တယ်။ အခု အဆိုတော်လေးကလဲ ဒီလိုပါဘဲ။ တယောထိုး ရင်း […]


မြစပဲရိုးApril 29, 20151min79033
ဒီ ပို့စ် က ကျွန်မ ရဲ့ အပုဒ် ၁၀ဝ မြောက် ဆိုတဲ့ နံပါတ်ယူလိမ့်မည်။ ဒါကြောင့် ဒီ ပို့စ်မှာ ကိုယ့် အချစ်ဆုံး သူ ပါရပါလိမ့်မည်။ “ချစ်သူ ရဲ့ စကား” နောက်မှာ 😀  ဆိုတာ တပ်ထား တာမို့ misleading လို့ မစွပ်စွဲပါနဲ့။ စွပ်စွဲချင်လဲ စွပ်စွဲပေါ့။ ဟုတ်သလိုလို။ 🙂 . ဒေါ်အောင်ဆန်းစုကြည် ရဲ့  “ဒီစကား – ၁၀၀” ထဲ က အနှစ်သက်ဆုံး တစ်ပုဒ် ကို ပြောဖို့ပါ။ မဖတ်ချင်သူတွေ အတွက် ပြန်ထွက်သွားဖို့ အချိန်ရှိပါသေးတယ်။ မထွက် ခင်လေး အရင် သတိလေးတော့ ပေးပါရစေ။ အပိုစကား တွေလို့ […]


မြစပဲရိုးApril 26, 20151min53621
ငယ်ငယ်တုန်း က စာမေးပွဲပြီးတိုင်း အသံမထွက်သလောက် ဖြစ်ကျန်လေ့ရှိတယ်။ အသားကုန် အော်ကျက် လိုက်မှ စာရတယ် မှတ်တာကိုး။ အိမ်နီးချင်းတွေ က တော့ ကိုယ့်စာကျက်သံ ကို အပျင်းပြေတယ် တွေးမလား၊ နားညည်းတယ် ဆိုပြီးပြေးမလား မသိ။ အခုလို ပညာရေးစနစ်ကြီး ဇောက်ထိုးမှောက်နေချိန် အတွင်း လှောင်ပြောပြော နေ သလို ပြောရရင် “ကြက်တူရွေး” နှုတ်တိုက် ကျက်တယ် ပေါ့။ ကိုယ့်အချိန်တွေ တုန်းကလို အခုချိန် မှာရော စာအော် ကျက် ကြတဲ့ ဓလေ့ ရှိသေးလား သိချင်သား။ တွေးမိနေတယ်။ စာအော်ကျက် ခဲ့တာ က စာတွေကို နားမလည်ဘဲ နှုတ်တိုက် အလွတ်အော်ခဲ့တာလား လို့။ နားလည်တဲ့ စာ ကို နှုတ်တိုက်ရအောင် […]


မြစပဲရိုးApril 18, 20153min66220
ဒီ ပို့စ် က အိမ်အပြန် တတိယစီးရီး ပေါ့။ . နောက်မှ ရေးခဲ့ပေမဲ့ ဂရုထားခြင်း ကတော့ မနည်းပါ။ စစ်ကြည့်ရင် ပါဝါတောင် ပိုကြီးလေမလားဘဲ။ ရွာ က လူ တွေ နဲ့ တွေ့လိုက်ဖို့ ကို  နှစ်ပေါင်းများစွာ ရင်းနှီး ခင်မင် ခဲ့သူ တွေ ထက်  ဦးစားပေးဖို့ ကြိုးစားနေခဲ့ တဲ့ အဖြစ်။ . ရောက်ပြီး နောက်တစ်နေ့ဘဲ သွားလာလို့ လမ်း အသင့်ဆုံး နဲ့ ကားရပ်စရာ ခေါင်းမစားရတဲ့နေရာမှာ ရှိတဲ့ သွေးသောက် ညီအစ်မ ဆီ ကို လွန်ခဲ့တဲ့ ၃နှစ် က ရှိထား တဲ့ နံပါတ် အတိုင်း ဖုန်းခေါ်ပါတယ်။ ကံ […]