မြစပဲရိုးAugust 8, 20132min105033
သွားလေသူကြီး အကြောင်း ရုပ်ရှင် အစမ်းပြပွဲ သတင်းဖတ်လိုက် ရတာမို့ ဟို ကိုယ်တော်တို့ လက်မဦးခင် အပြေးအလွှား တင်လိုက်ပါကြောင်း။ Ashton ရေ တာဝန်ကျေပါစေ။ It Only Takes One Person. To Start A Revolution. Inspired By True Events. The Original Innovator. The Original Rebel. The Original Visionary. Others Change What’s Possible. JOBS August 16          


မြစပဲရိုးApril 17, 20131min35718
The Iron Lady တဲ့။ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ ကို တင်စားခေါ်တာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅နှစ် နီးပါး ၁၉၇၉ခုနှစ် ထဲက နေ ၁၉၉ဝ ထိ ဝန်ကြီးချုပ် နေရာမှာ ၃ကြိမ်ဆက်တိုက် အရွေးခံခဲ့ရတဲ့ စံပြဒိတ်ဒိတ်ကြဲ မိန်းမတစ်ယောက်ပေါ့။ သူဆုံးပြီးနောက်တစ်နေ့ သတင်းစာတစ်ချို့ရဲ့ မျက်နှာဖုံးမှာ သူ့ပုံအပြည့်တင်ထားတာ။ မယုံမရှိနဲ့။ ဘတ်စကားဂိတ်မှာ လူတစ်ယောက်ဒေါသတကြီးနဲ့ အဲဒီမျက်နှာဖုံး ကို စုတ်ဖြဲနေ တာတွေ့ခဲ့တယ်။။ သူ သေဆုံးတဲ့သတင်းနောက်မှာ လူတစ်ချို့ ရဲ့ “ဒီရက်ကိုစောင့်နေခဲ့ရတာ” ဆိုပြီး ပျော်ပွဲရွှင်ပွဲ တွေတောင် လုပ်ခဲ့ကြတာ၊ “The Wizard of Oz” ရုပ်ရှင်ထဲက “Ding Dong! The Witch Is Dead” […]


မြစပဲရိုးMarch 19, 20131min57028
ကိုကြောင်ကြီး ပြောတဲ့ “အဝေဖန် မခံနိုင်ရင် နိုင်ငံရေး မလုပ်နဲ့။” ဆိုတဲ့စကားကို အင်မတန်သဘောကျပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့  အခုချိန်မှာ တကဲ့နိုင်ငံရေးသမား ဖြစ်သွားကြောင်း ဝေဖန်ကြပါတယ်။ သူကတော့ နဂိုထဲ က ဝေဖန်ရေးတွေ အပေါ်မှာ အရည်ထူနေပုံပါဘဲ။ အဲဒီ ဝေဖန်ရေးတွေကိုလဲ လစ်လျုရှုပြီး ထားမယ်လဲ မထင်ပါဘူး။ အဲဒီပေါ်မှာ ဒေါသထွက်တာ၊ မာန်တက်တာတွေလဲ ရှိမှာ မဟုတ်ပါဘူး။ အဲဒီ ဝေဖန်ရေးတွေပေါ်မှာလဲ Feedback ပြန်ယူတတ်သူဖြစ်မယ်လို့ ယုံကြည်ပါရဲ့။ ကျွန်မတို့ ဘေးက လူတွေကသာ အရည်မထူနိုင်တာပ။ ဒါကြောင့်လဲ နိုင်ငံရေးသမား မလုပ်တာပေါ့။ အမှန်တော့ လုပ်ချင်တာမှ အရမ်းပါဘဲ။ တစ်ခြားသူတွေကတော့ ဘယ်လိုအကြောင်းနဲ့ နိုင်ငံရေးလုပ်ကြတယ်မသိဘူး။ ကျွန်မ နိုင်ငံရေးလုပ်ချင်တာကတော့ ငယ်ကထဲက ရှိခဲ့တဲ့ ထရော်မာတစ်ခု ကြောင့်ပါ။ ကျွန်မအရမ်းချစ်တဲ့ […]


မြစပဲရိုးMarch 17, 20131min81836
ဒီရက်မှာ ကျွန်မ စဉ်းစားနေမိပါတယ်။ “သူ့ကို ထိရင် ငါ ဘာလို့ စိတ်တို မိတာလဲ။ သူ့ကို ဘာလို့ ကာကွယ်ပေးချင်နေရတာလဲ။ သူ့ ကို ဆုံးရှုံးသွားမှာ ဘာလို့ အရမ်း ကြောက်နေရတာလဲ” စသဖြင့်ပေါ့။ ကျွန်မ ညွန်းနေတဲ့ “သူ” ဆိုတာ “ဒေါ်အောင်ဆန်းစုကြည်” ပါ။ ဒီရက် တွေထဲမှာ လူထုကြားက သူ့ ဓာတ်ပုံလေးတွေ တွေ့ရပြန်ပါတယ်။ ဟိုးအရင် စည်းရုံးရေးဆင်းတုန်းက ပြည်သူလူထု ထဲ က ပုံမျိုး တော့ မဟုတ်ဘူး။  အဲဒီတုန်းက ဆိုရင် လူတိုင်းမျက်နှာမှာ အပြုံးတွေ နဲ့ သူ့ကို ချစ်ခင်တဲ့ အကြည့်တွေ နဲ့။  အခုတော့ သူ့ ကို ကြည့်တဲ့ တစ်ချို့ရဲ့ မျက်ဝန်းတွေက နာကျည်းချက် […]


မြစပဲရိုးJanuary 4, 20131min56935
သူကြီးမင်းရဲ့ ခရီးသွား မှတ်တမ်း စတန်းဖို့ကျောင်းကြီး ကတစ်ဆင့်ပွါးသွားတဲ့ စာစုလေးပါ။ အားလုံးထဲမှာ ရှေးကျလှတဲ့ အောက်စ်ဖို့ က လောကဓာတ်ပညာကျောင်းကြီးကို ၁၁ရာစု (1096 ) လောက်မှစပြီး သင်ကြားနေချိန် မြန်မာပြည်မှာ အဲဒီအချိန် ဘာတွေများ ဖြစ်နေ၊ လုပ်နေခဲ့လဲ ဆိုတာ သိ ချင်တာ နဲ့  မြန်မာမင်းဆက်များ စာရင်း ကို ဝီကီပီးဒီးယား ကနေ ကြည့်ပြီး ပြုစုလိုက် ပါတယ်။ မှားနိုင်ပါတယ်။ အမှား တွေ့ပါလျှင် ပြင်ပေးကြပါ။ ဒါမှမဟုတ် ပိုပြီး ပြည့်စုံအောင်လဲ ဖြည့်စွက် ပြီး ပါဝင်ပူးပေါင်းပေးပါလို့ လဲ ပန်ကြားပါတယ်။   ပြောခဲ့တဲ့ အောက်စ်ဖို့ လောကဓာတ်ပညာကျောင်းကြီး စာစသင်တဲ့ နှစ် 1096 က မြန်မာပြည်မှာ အနော်ရထာမင်းပြီးလို့ ကျန်စစ်သားမင်း […]


မြစပဲရိုးOctober 29, 20121min52948
သီတင်းကျွတ် တစ်ခါ လာပြန်ပါပြီ။ နောက် တစ်ဝါမဆို ခင်မှာ တစ်ကိုယ်တည်း ဘဝမှ ကျွတ်လိုသူများ / ကျွတ်တော့မည့် ဆဲဆဲ သူများ ဘဝ မကူးခင် စဉ်းစားနိုင်သလောက် စဉ်းစားနိုင်ကြစေရန် တွန်းပို့ စာလေး ကို တင်လိုက်ပါတည်။ သူများ ရဲ့ စာ ဖြစ်ပါသည်။ အဲဒီ စာကနေ စိတ်ပျက်ပြီး ဒီ အတိုင်းဘဲ နေကြတော့ မလား။ ဖြစ်ချင်ရာဖြစ် ဆိုပြီး အတင်း တိုးဝင် ကြမလား။ ဘယ်ဘက် ကို တွန်းမိ မလဲ တော့ မသိဘူး။ ဘာဘဲဖြစ်ဖြစ် ကျွတ်ကြ လွတ်ကြ စေသတည်း။ ခင်မင်စွာဖြင့် အရီး  :hee: နိဒါန်း “နှုတ်ထွက် ဂတိ သစ္စာ စကားများပေးကာ […]


မြစပဲရိုးOctober 21, 20121min47135
ဘာရယ်မဟုတ် ။ Miss International 2012  ကို ကြည့်ပြီး အတွေး တွေ အများကြီးပါဘဲ။ ဘယ်သူမဆို ကိုယ့်တိုင်းပြည် နဲ့ သူများတိုင်းပြည် ယှဉ်ရင် ကိုယ့်တိုင်းပြည်ကို နိုင်စေချင်တာပါဘဲ။ ကိုယ့်နိုင်ငံ ကို အားပေးတာလဲ အားပေးတာပေါ့။ ကိုယ်မနိုင်တဲ့အချိန်မှာ နိုင်သူ ကို သဘောထားကြီးစွာ လက်ဆွဲနှုတ်ဆက် ချီးမွမ်းနိုင်တဲ့ စိတ်ဓာတ် ရှိဖို့ လဲ လိုတယ်။ Result မကြေငြာ ခင်အချိန်လေး ထဲ မှာ မြန်မာတွေ Live Chat ထဲမှာ ပြောနေတာတွေ တွေ့ရတာ က ကိုယ့်လူ ဘယ်လို အခြေအနေမှာ ရှိတယ် ဆိုတာ မသိတာလား။ ပြိုင်ပွဲ ကို နားမလည်တာလား။ Final ၁၅ ယောက် မှာ ကိုယ့်နိုင်ငံ […]


မြစပဲရိုးOctober 13, 20121min51328
ဟိဟိ။ စိတ်ဝင်စားကြပါသလား။ တူး အင် ဝမ်း လုပ်ထားပါ။ ကျွန်မတို့ ရဲ့ ရွာသားကြီး အဘဖော တစ်ယောက် တစ်လနီးပါး ရွာကနေ ပေါ်တာဆွဲ ခံလိုက်ရတာ ဒီနေ့ဆို အိမ်ပြန်ရောက် ရောပေါ့။ ဒီတော့ ရွာကိုပြန်ရောက်လာတော့မဲ့ သူ့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပေးပါတယ်။ မျက်နှာလိုက် တယ်လို့ လဲ မထင်ကြပါနဲ့။ သူခရီး မထွက်ခင် ဘယ်နေ့သွားပြီး ဘယ်နေ့ပြန်ရောက်မယ် ဆိုတာ တရားဝင် ကြေညာပြီး အသိပေး နှုတ်ဆက် ခဲ့တာမို့ ပြန်ရက် မှာ ကြိုဆို ပေးခြင်းပါ။ ပေါ်တာဆွဲခံ ရတဲ့ ရက်ပိုင်းတွေမှာ Gucci တွေ၊ Prada တွေ ကြားမှာ စိတ်ရောဂါ ရလာနိုင်တာ မို့ Facebook ထဲမှာ တွေ့ခဲ့တဲ့ အမျိုးသားများ […]


မြစပဲရိုးOctober 8, 20128min1331120
အပြင်မှာ မာခေါက်ခေါက် အတွင်းမှာချို ပုံရမယ်ထင်ရတဲ့ ရွာ့ ကဏန်း နှင့် ကခုန်ခြင်း မဟုတ်။  😉 ဂဏန်း (သချာင်္) နှင့် ကခုန်ခြင်းပါ။ သချာင်္ ဆိုလို့ မျက်လုံးအရောင်တောက် သွားမည့်သူများ ရှိက မှားပါမည်။ လူ သချာင်္ မဟုတ်ပါ။ ကိန်းဂဏန်း များကို ဆိုလိုခြင်းဖြစ်၏။။   “လစဉ် အကြိုက်ဆုံး စာမူ ကြေညာပွဲ နဲ့ ကိန်းဂဏန်းများ ဘာဆိုင်လို့လဲ” လို့ ထင်နိုင်ပါ တယ်။ မှန်ပါတယ်။ ဘာမှ မဆိုင်ပါ။ ရှေ့က စာရေးကောင်းသူ တွေရဲ့ အဖွဲ့အနွဲ့ အသော အရွှန်း ကောင်း လေးတွေ လို ရေး ချင်ပေမဲ့ ဘယ်လို စရေးရမှန်း ကို မသိတာ […]


မြစပဲရိုးSeptember 29, 20123min34914
by Spring Flowers on Saturday, September 29, 2012 at 7:04am Facebook မှ ကူးယူ ခြင်း ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း (အမေရိကန်နိုင်ငံ Yale တက္ကသိုလ်မှ)                     ဒီနေ့ ကျမပြောချင်တဲ့ အကြောင်းအရာကတော့ တရာဥပဒေစိုးမိုးရေး  ” Rule of Law ”  ပါဘဲ ။ ဒါပေမယ့် စာသင်ခန်းထဲမှာ ဆရာတွေ သင်လေ့ရှိတဲ့ Rule of Law  မျိုး မဟုတ်ပါဘူး ။ ဆရာတွေက ကျမထက်သာအောင် ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ကြမှာပါ ။ အခု ကျမက အဲဒီ  Rule of Law  […]


မြစပဲရိုးSeptember 15, 20121min61727
ဒီနေ့ သတင်း ပြောရရင် တော့ အင်္ဂလန် အနာဂါတ် မိဖုရား ( Kate Middleton) အကြောင်းပါ။ ဒီတစ်ခါလဲ မီဒီယာ များရဲ့ ထိုးနှက်ချက်ပါဘဲ။ အင်တာနက် မှာ သူမရဲ့ topless ပုံတွေ ပြန့်နေတာ။ အရင် Prince Harry ရဲ့  ပုံက ပါတီမှာ ပေါ်တင် ရိုက်ခံရလို့ ဖြစ်ခဲ့တာ။ အခုကတော့ အတော်လေး မိုက်ရိုင်းတယ် ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပါတ် က ပြင်သစ်နိုင်ငံ မှာရှိတဲ့ သူတို့ ဦးလေးပိုင် ပရိုက်ဗိတ် အိမ်က ခြံထဲမှာ  အပေါ်ပိုင်းချွတ် နေစာလှုံ  နေတာ ကို အဝေးမှန်ပြောင်း နဲ့ ဆွဲပြီး ခိုးရိုက်ထားတာပါ။ ပါပါရာဇီ လက်ချက် နေမှာပေါ့။ […]


မြစပဲရိုးAugust 29, 20121min29214
Prince Harry အပြီး ကကြောင်ကြီး များ အဲဒီ လိုဖြစ်ပြီလားလို့ ထင်များ သွားကြလား မသိ။ 😉 မဟုတ်ပါဘူး။ ကိုဘလှိုင် ရဲ့ Post လေး ဖတ်ပြီး ဂီဂီ ကို အားကျလို့ မရှိ ရှိတဲ့ အကြောင်း တင်လိုက်ပါ တယ်။ အစားကောင်းချက် ကြရင် ရွာထဲ မှာမျှသူ တွေ ကို အားကျပေမဲ့ ကိုယ်က အဖြစ်ရှိရှိ မချက်တတ်တော့ ရီ စရာ တွေ့ချိန် ချစ်ခင်သူ တွေကို မျှချင်တာလဲ ပါပါတယ်။ သတင်း ကို ပြောရရင်ဖြင့် နွေရာသီ ကျောင်းပိတ်ရက်မှာ အင်္ဂလိပ်တော တွေမှာ အပန်းဖြေ သူတွေ များပါတယ်။ တစ်ချို့ caravan ကားတွေ […]


မြစပဲရိုးAugust 24, 20123min32520
ဒီရက် အတွင်းကြားရတဲ့ သတင်းပါ။ အင်္ဂလန်ရဲ့ နန်းအရိုက်အရာခံ နံပါတ်(၃) နေရာက မင်သားလေး ဟာရီ ရဲ့ ကိုယ်လုံးတီးပုံ များ အင်တာနက်ပေါ်ပြန့်နေတာ သိသူများ သိကြမှာပါ။။ အမေရိကန်နိုင်ငံ ရဲ့ Las Vegas ဟိုတယ်ခန်းထဲ မှာ ကိုယ်လုံးတီး အမျိုးသမီးတစ်ယောက် နဲ့ ပူးရက် ရပ်နေတာလဲ ပါသတဲ့။ အဲဒါ သူ့ပုံ ဆိုတာ အမှန်ဆိုတာ နန်းတွင်းက သတင်းထုတ်ပြီး နိုင်ငံသတင်းစာတွေမှာ မဖော်ပြဖို့ မေတ္တာရပ်ခံခဲ့ ပါတယ်။ ဘယ်သတင်းစာကမှ မဖော်ပြခဲ့တာ ကို ဒီနေ့တော့ နိုင်ငံတွင်းထုတ် The Sun သတင်းစာကနေ မျက်နှာဖုံး မှာ တင်လိုက်ပါတယ်။ အဲဒီ The Sun သတင်းစာက ပြောတယ်။ သူတို့ ဟာ […]