ဒီနေ့ ဇူလိုင် ၉ ရက် ၂၀၁၂ ကို တစ်ချို့က Internet Doomsday လို့ခေါ်ပြီး တစ်ချို့က Black Monday လို့ ခေါ် နေကြ ပါတယ်။ ဖြစ်ရပ် ကို လွယ်လွယ် သိအောင် ပြောပြချင်ပါတယ်။ ၂၀၀ရ လောက်မှာ ကမ္ဘာတစ်ဝှမ်း ရှိ အသုံးပြု နေတဲ့ ကွန်ပျူတာတွေမှာ DNSchanger လို့အမည်ရှိ malware (ဗိုင်းရပ်) တစ်မျိုး ပြန့်နှံ့ ခဲ့ပါတယ်။ အဲဒီ malware က ကိုယ် အင်တာနက် အသုံးပြုချိန်မှာ သူတို့ ပြင်ဆင်ထားတဲ့ sites တွေ ဆီ ကို လမ်းလွဲလိုက်ပါတယ်။ အဲဒီမှာ ကိုယ့်စက်က သူတို့ ထိန်းချုပ်မှု အောက်မှာ ရောက်သွားပါတယ်။ […]


အကြောင်း က ဒီ လိုပါ။ ရုပ်ကြီး ကိုက။ 😀   Facebook ထဲ မှ တွေ့သောပုံ ဖြစ်ပါသည်။ မူလပိုင်ရှင် ကို မသိ၍ ခွင့်မတောင် ဘဲ ယူသုံး မိသည် ကို တောင်းပန်ပါသည်။ ပုံ ကို ကြည့်ပြီး ဝါးလုံးကွဲ ရီမိ ၍ ချစ်သော ရွာသူ/သား များ ကို လဲ မျှပါသည်။ Copy/Paste ထဲ ထည့်ထားပါသည်။ တင်း နေသော စိတ် များ ရှိနေပါက ပြေပျောက် စေရန် ရည်ရွယ်ပါသည်။  😆


မြစပဲရိုးJune 30, 20121min70640
(တောင်းပန်ချက် –  ခေါင်းစဉ် ကို ဆရာမ ဂျူး ၏  “မိန်းမ တစ်ယောက် ရဲ့ ဖွင့်ဟ ဝန်ခံချက်” ဝတ္ထု ခေါင်းစဉ် ကို မှီငြမ်း၍ ယူပါသည်။) ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥရောပခရီး မှာ သူ့ ဂုဏ်သတင်း ကြောင့် ကမ္ဘာအနှံ့ မှာ နေထိုင်နေတဲ့ မြန်မာ တွေရော၊ ပြည်တွင်း က မြန်မာ များ ပါ “ဒါ ဟာ ငါတို့ မြန်မာ”့ လို့ မော်ကြွား နိုင်ခဲ့ပါတယ်။ ကျွန်မ လဲ အပါအဝင်ပေါ့။ ရုံးက အဖိုးကြီး တစ်ယောက် ဆိုရင် “နင်တို့ လေဒီ”၊ “နင်တို့ လေဒီ” ဆိုပြီးကို သူကြား သမျှ […]


မြစပဲရိုးJune 21, 20122min55929
အိုင်တီဗီ သတင်း မှ  Print Screen လုပ်ပြီး ယူထားပါသည်။ http://www.itv.com/news/story/2012-06-18/suu-kyi-given-freedom-of-dublin/ Aung San Suu Kyi has planted a tree to commemorate her visit to Clarence House. The Burmese pro-democracy leader met Prince Charles and the Duchess of Cornwall during her historic return to the UK.


မြစပဲရိုးJune 18, 20121min96693
Online Petition ကို ဆောက်ပြီးသွားပါပြီ။ http://www.change.org/petitions/tell-united-nations-human-rights-a-better-way-to-help-the-rakhine-people-of-myanmar# အင်္ဂလိပ်လိုအပြင် မြန်မာ Unicode နဲ့ရော၊ ဇော်ဂျီ Font နဲ့ပါ တင်ထားပါတယ်။ ရခိုင်ဒေသ နဲ့ မြန်မာပြည် ဒီမိုကရေစီ အရေးမှာ ကူညီချင်သူများ ကိုယ့်အမည် ဒါမှမဟုတ် အီးမေးထည့် ပြီး Sign လုပ်လို့ရပါတယ်။ အမည်/ အီးမေး ကို မပေါ်စေချင်ရင် “Display my signature publicly ” ကို uncheck လုပ်လိုက်ပါ။ အားလုံး ကို ကျေးဇူးတင်ပါတယ်။ Signature တစ်သောင်း လို့ မှန်းထားပါတယ်။ ဇူလိုင်လ ၁ရ ရက် မှာပြီးပါမယ်။ တစ်လ အတွင်းမှာ သဘောတူသူ တစ်သောင်း မှ မရရင်လဲ …..  🙁


မြစပဲရိုးJune 15, 20121min51117
E.T. ဆိုတဲ့ တစ်ခြား ဂြိုလ်က ဂြိုလ်သားလေး ကမ္ဘာပေါ်လမ်းမှား ရောက်လာတဲ့ ဇာတ်လမ်းလေးကို ကြည့်ဘူး ကြမှာပါ။ ကြည့်တဲ့ လူတိုင်း အီးတီ လေးကို မချစ်သူမရှိ။ အီးတီ လေး ကို သနား လိုက်တာ လွန်ပါရော။ သူ့ကို  ကြင်ကြင်နာနာ နဲ့ ကူညီကြတဲ့ ကလေးတွေ ကို အလွန်သဘောကျ ကြသလား မမေးနဲ့။ မဆီမဆိုင် သူတို့ စီးတဲ့ BMX စက်ဘီး တွေ အပြင်လောကမှာ ရောင်းမလောက်ဘဲ။ ဒီ  ဂြိုလ်သားလေး ကို အတင်းဖမ်းဖို့ ကြိုးစား တဲ့ လူတွေ ကို မုန်းလိုက်တာများ။ တီဗီ ကြီး ကွဲ မှာစိုးလို့ သာ ခဲ နဲ့ ဝင်မထုသာ။ […]


မြစပဲရိုးJune 14, 20121min55952
သူကြီး အမေရိကန် refugee ဆိုတာလဲ မရှိဘူး။ အင်္ဂလိပ် refugee ဆိုတာလဲ မရှိဘူး။ ပြင်သစ် refugee ဆိုတာလဲ မရှိဘူး။ မြန်မာ refugee တွေ က ကမာ္ဘ္ဘအနှံ့။ ဒီတော့ သူများရဲ့ refugee တွေ ကို လက်ခံဖို့၊ တရားမျှမျှ တတ နဲ့ လူသားခြင်း စာနာစိတ် အပြည့် နဲ့ ထားဖို့ အတွက်က အဲဒီလို တိုင်းပြည်တွေမှာ ဒီမိုကရေစီ ဆိုတာကို လက်တွေ့အမှန် ကျင့်သုံး နေတဲ့ အစိုးရ နဲ့ အဲဒါကို အရိုးစွဲ နားလည် နေတဲ့ ပြည်သူတွေ ရှိတဲ့ တိုင်းပြည် ဖြစ် မှ ပိုပြီး သင့်တော်ပါတယ်၊ ပိုပြီး ထိရောက်စွာ ကူနိုင်ပါမယ်။ […]


မြစပဲရိုးJune 13, 20121min64036
ကွန်ပျူတာ မှာ ပရိုဂရမ်တစ်ခု ရေးရင် ဖြစ်နိုင်ချေ အကြောင်းတွေ အားလုံးကို စဉ်းစားပြီး ဒါဖြစ်ရင်ဒါလုပ် ဆိုပြီး If Pattern တွေ အများကြီး နဲ့စစ်ရပါတယ်။ များများ စဉ်းစားပြီး စစ်နိုင်လေ ကိုယ့် ပရိုဂရမ် မှာ လွဲချော်မှု နဲ ပြီး စိတ်ချရ လေ ဖြစ်ပါ တယ်။ ဒါပေမဲ့ ဘယ်လောက်စစ်စစ် မမြင်ခဲ့လိုက်တဲ့ ဟာကွက်တွေ အများကြီး တွေ့ ခဲ့ဘူးပါတယ်။ အခုရက်ပိုင်း ကျွန်မ ခေါင်းထဲမှာ အကယ်၍သာ ဆို တဲ့ If တစ်ခု ရှိပါတယ်။   ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီး စပါပြီ။ အဲဒီမှာ အများစု မေးမဲ့ အသေချာဆုံး ကိစ္စကတော့ ရိုဟင်ဂျာအရေး ပါဘဲ။ […]


ဒီခေါင်းစဉ် အတိုင်း ရွာထဲ က တစ်ယောက်ကို ရင်ခုန်အောင် လုပ်ပါ့မယ်။ အပျော်သဘော ပေါ့။ 😉 ကျွန်မ ရွာထဲ မှာ စာတစ်ပုဒ် ကို ၂၀၁၁ စက်တင်ဘာလ ထဲ မှာ စပြီး တင်ခဲ့ပါတယ်။ ကျွန်မ ရဲ့  မှာ စစချင်းမှတ်ချက် (၃) ခု ရခဲ့ပါတယ်။ ကျွန်မ ကို မှတ်ချက် ပေးသူတွေ က မမ က  ဒုတိယပေးသူ မောင်မှော် က တတိယ ပေးသူ အစ်မ အေး က နဲနဲ လေးကြာတော့ (၄) ယောက် မှတ်ချက်ပေးသူ ဖြစ်ခဲ့ပါတယ်။ သူတို့ အားလုံး နဲ့ ကျွန်မ ရင်းနှီးချစ်ခင်ခဲ့တယ်။ မမ […]


အမှန်က အေးအေးဆေးဆေး ရေးပြီးမှတင်မလို့ ပါဘဲ။ ဒါပေမဲ့ ရွာထဲ မှာ အပြောင်းအလဲပုံလေးတွေများ ကြည့်ချင်ကြမလားလို့။ 🙂 ဒီလို ခေတ်ကြီးထဲ မှာ သက်ဦးဆံပိုင် ဘုရင်စနစ် ဆိုတာ မရှိသင့်တော့ဘူးလို့ ပြောလိုသူများ ရှိနိုင်ပေမဲ့ ဒီ အဲလိဇဘက်ဘုရင်မကြီး နဲ့ သူမ ကချစ်သော ပြည်သူများ၊ သူမကို ချစ်သော ပြည်သူများ ရဲ့ ရုပ်ပုံမြင်ကွင်း တွေကို မြင်နိုင်ပါတယ်။ မိုးတွေရွာနေတဲ့ ကြားထဲ က ကို သူတို့ ဘုရင်မကြီး အတွက် အားပေးနေကြတဲ့ သိန်းနဲ့ချီတဲ့ ပြည်သူတွေပါ။ တိုးရစ်စ် တွေ လဲအပြည့်ပါဘဲ။ “Elizabeth the Great” ဆိုတဲ့ ဆိုင်းဘုတ် တွေ ကိုင်ထားကြတာ ဘယ်သူမှ ခိုင်းလို့ မဟုတ်ပါဘူး။ […]


Cho Tu Zal စိုးရိမ်စရာကောင်းတဲ့ အခြေအနေတခုမိတ်ဆွေတို့ရေ အန်တီစု ရဲ့ ထိုင်းခရီးစဉ်မှာ ဘယ်လို လုံခြုံရေး စနစ်တွေကို စီစဉ်ထားလဲ ကျနော်မသိပါ။ ဒါပေမယ့် ကျနော့်ဆီ မိတ်ဆွေတယောက်က မေးလ် ပို့လာပါတယ်။ အန်တီစု ရဲ့ အနားမှာ ဘော်ဒီဂတ်လုံခြုံရေးအနေနဲ့ တာဝန်ယူနေတဲ့ လူတဦးဟာ မသင်္ကာစရာအနေအထားမှာ ရှိနေပါတယ်။ ဓါတ်ပုံမှာ မြင်ရတဲ့ အန်တီစုရဲ့ နောက် ညာဘက်က ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ရင်ဘတ်မှာ အန်တီစု ပုံ ရင်ထိုးထိုးထားတဲ့လူပါ။ သူ့နာမည်က “ညီညီထိုက်” လိုို့ သိရပါတယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ စင်္ကာပူမှာ ကျင်လည်နေပါတယ်။ သူ့ကိုယ်သူ အစပိုင်းမှာ “ဂျီတီအိုင်” က ကျောင်းပြီးတာလို့ ပြောခဲ့ပြီး၊ နောက်ပိုင်းမှာ အင်္ဂလန်ကွင်းစ် က မက္ကနီကယ်လ် […]


  သူကြီး က  ခင်ခ ရဲ့ “ပျားရည် အသုံးဝင်ပုံ”မှာ “မြန်မာပြည်ထဲ ရှိနေသလားတော့မသိ.. စတားဘတ်မှာ.. လက်ဖက်ရည်ကို.. ပျားရည်နဲ့သောက်တာ… ကောင်းတယ်ခင်ဗျ..” လို့ ပြောနေလို့ ဒါကြောင့် သောက်ချင်သူများ သွားသောက် နိုင်အောင် ကြော်ငြာ ဝင်ပါတယ်။ အသေအချာ ကြည့်၍ သောက်ကြ ပါကုန်လော့။ မပြောတော့ဘူး။ တော်ချက်ကတော့။  😀