khinmintatthuJuly 16, 20101min1371
ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီနှင့် ကုန်တင် မော်တော်ယာဉ် ကြီးကြပ်မှု ကော်မတီတို့ ပူးပေါင်း၍ ရန်ကုန် တိုင်း လမ်းပန်း ဆက်သွယ်မှု လုံခြုံရေး ချောမွေ့စေရန် ကုန်တင်ယာဉ်၊ ကုန်သေတ္တာ ယာဉ်နှင့် သစ်လုံးတင် ယာဉ်ကြီးများ သွားလာရမည့် လမ်း ကြောင်းများကို သတ်မှတ်လိုက် ကြောင်း  ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်းရုံး ဦးစီးဌာန ရှိ တာဝန်ရှိသူက ပြောသည်။ ဒီယာဉ်ကြီးတွေ က သွား လာရမဲ့ လမ်းကြောင်း တွေကို အရင်ကတည်းက သတ်မှတ်တာ ရှိပါတယ်။ အခု မသိသေးတဲ့ လူတွေ ပြန်သိရအောင် မြေပုံနဲ့ တကွ လမ်းကြောင်း တွေ ပြန်လည် ထုတ်ပြန် ပေးတာပါ။ သတ်မှတ် ထားတဲ့ […]


khinmintatthuJuly 15, 20101min1210
၂၀၁ဝ ပည့်နှစ်တွင် သက်ရောက်မည့် ရာသီဥတုနှင့် စပ်လျဉ်း၍ “၂၀၁ဝ လာနီညာ ရာသီဥတု ဖြစ်နိုင်ခြေအပေါ် သုံးသပ်ချက်” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ တစ်ရပ် ကျင်းပမည် ဖြစ်ကြောင်း၊ ဇူလိုင်လ ၁ရ ရက်နေ့၊ နေ့လည် ၂ နာရီတွင် ကျင်းပရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် တာဝန်ရှိသူများထံမှ သတင်း ရရှိပါသည်။ အဆိုပါ ခေါင်းစဉ်ဖြင့် ဒေါက်တာထွန်းလွင်(မိုး/ဇလ) ( ငြိမ်း) မှ ဟောပြောမည် ဖြစ်ကြောင်း၊ ဘုရင့်နောင် လမ်းမကြီးနှင့် ဆေးဝါးစက်ရုံ လမ်းထောင့်၊ အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံး သီရိအဏ္ဏဝါခန်းမတွင် ဟောပြောပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။ “ ၂၀၁ဝ ပြည့်နှစ် ရာသီဥတုဟာ ဘယ်လို […]


khinmintatthuJuly 15, 20101min1320
အာရုံမစိုက်နိုင်တဲ့ရောဂါ (attention deficit hyperactivity disorder) အတွက် သောက်ရမယ့်ဆေးနဲ့ ကုထုံးတွေ သိပါရစေဆရာ။ ဆေးက ရှာရလွယ်ပါသလား။ Attention Deficit Hyperactivity Disorder (ADHD) ဆိုတဲ့ “ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ” ဆိုတာ ကလေးများမှာ အဖြစ်များတယ်။ ကလေး ၃-၅% ဖြစ်တယ်။ သေခြာ မကုသလို့ ကြာသွားရင် ကြီးတဲ့အထိ မကောင်း ဖြစ်တတ်တယ်။ ဘာလို့ဖြစ်ရသလဲဆိုတာ များသောအားဖြင့် တိကျကျမသိပါ။ မျိုးဗီဇ၊ အစားအသောက် နဲ့ ပတ်ဝန်းကျင်တို့ကနေ ဖြစ်စေနိုင်တယ်လို့ ထင်ရပါတယ်။ လက္ခဏာတွေကတော့ Impulsiveness ကလေးဟာ ဘာလုပ်လုပ် မတွေးတောဘဲ ဟောဟောဒိုင်းဒိုင်း ပြုမူတယ်။ Hyperactivity ငြိမ်ငြိမ်မထိုင်၊ ကောင်းကောင်းလမ်းမသွား၊ ပုံမှန်မပြေး၊ သူများ အထက်တက်သလိုမတက်၊ သူများတွေလို […]


khinmintatthuJuly 15, 20101min1473
Uzekistan မှာရှိတဲ့ ဒီနေရာကို ငရဲပြည်သို့တံခါးဝ ဟု အမည်ပေးထားပါတယ် ။ Darvaz ဟုခေါ်သောမြို့ငယ်လေးရဲ့အနီးမှာ တည်ရှိပါတယ် ။ ဒီပုံပြင်လေးဟာ ၃၅နှစ်တိုင်အောင် တည်ရှိခဲ့တာ ဖြစ်ပါတယ် ။ တစ်ခါတုန်းက ဘူမိဗေဒပညာ ရှင်တွေဟာ ဓါတ်ငွေ့တူးဖော် ခဲ့ကြပါတယ် ။ ဓါတ်ငွေ့တူးဖော်နေစဉ် အတွင်းမှာပဲ သူတို့ဟာလှိုဏ်ခေါင်းကြီး တစ်ခုကို တွေ့ှရှိခဲ့ ကြပါတယ်။ ဒါဟာ အလွန်ကြီးမားပြီးတူးခဲ့သမျှထဲမှာ အနက်ဆုံး လှိုဏ်ခေါင်းတွင်းကြီးကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ် ။ ဘယ်သူမှ ဒီတွင်းကြီးထဲကို မဆင်းရဲ ကြပါဘူး ။လှိုဏ်ခေါင်းတွင်းကြီးတစ်ခု လုံးဟာဓါတ်ငွေ့တွေနဲ့ ပြည့်နေလို့ ဖြစ်ပါတယ် ။ ဒါကြောင့်သူတို့ဟာ အဆိပ်ဓါတ်ငွေ့တွေ မထွက်အောင် မီးရှို့ခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး မီးတွေစွဲလောင် ကြပါတယ် ။ ရပ်နားခြင်းမရှိပဲ ၃၅နှစ်တိုင်တိုင် မီးတွေစွဲလောင်ခဲ့တာ ဖြစ်ပါတယ်။ […]


khinmintatthuJuly 15, 20101min1795
ဘီယာပုလင်းတွေပေါ်မှာကားမောင်းပြတဲ ့တရုတ်အမျိူးသား… ဘီယာပုလင်းပေါ်မှာကားမောင်းပြတဲ ့အာဂယောကျာင်္း…. တရုတ်နိုင်ငံ၊ ဝမ်ကျိူးမြို ့မှအမျိူးသားတစ်ဦးဟာ စီတန်းလျက်ထောင်ထားတဲ ့ ဘီယာပုလင်းတန်းနှစ် ခုအပေါ်မှာမီတာ ၆ဝ ( ၁၉၆ ပေ ) ကျော်မျှ ရင်သပ်ရှုမောဖွယ်ကားမောင်းနိုင်ခဲ ့ လို ့ကမာ္ဘ ့ဂင်းနက်စ် မှတ်တမ်းတင်ခံခဲ ့ရပါတယ်… တရုတ်နိုင်ငံမြို ့တော် ဘေကျင်းမြို ့မှ စစ်တပ်ယာဉ်မောင်းသမား လီဂွေဝန်း ဟာ ပုလင်းပေါင်း ၁၇၉၈ ခုထောင်ထားတဲ ့အပေါ်မှာ မီတာ ၆ဝ အရှည်ခရီးကို ရှစ်မိနစ်ခဲ ့၂၈ စက္ကန် ့ကြာအောင် တရုတ်နိုင်ငံ၊ ကျီကျန်းပြည်နယ်မှာ မောင်းပြခဲ ့တာဖြစ်ပါတယ်… လွန်ခဲ ့တဲ ့၂၀၀၉ ခုနှစ်တုံးကလည်း ယခုစံချိန်ကိုတင်နိုင်ဖို ့ကျိူးစားခဲ ့ပေမယ် ့ ထိုစဉ်က […]


khinmintatthuJuly 15, 20101min1673
ယခုဖော်ပြထားသောအိမ်လေးကတော့UK နိုင်ငံ သီသန် ့နေရာလေးတစ်ခုတွင်တည်ဆောက်ထားသောအိ်မ်လေးဖြစ်ပါတယ် ထိုအိမ်လေးကို သစ်ခွပန်းပုံကဲ့သို ့တည်ဆောက်ထားပြီ မြေပြင်နှင့်အနဲငယ်မျှသာထိပြီးရေပေါ်တွင်တည်ဆောက်ထားခြင်းဖြစ်ပါတယ်… ရေအောက်မှအင်နာဂျီ(energy)စွမ်းအင်ကိုကောင်းစွာထုပ်ယူနိုင်အောင်ပြုလုပ်ထားပါတယ်.. သန် ့ရှင်းအေးမြသောရေ ကောင်းရေသန် ့ကိုအပြည် ့အဝရရှိပြီ ရေထည်းမှာ လျှပ်စစ်မီးကိုထုပ်ယူနိုင်အောင်ပြုလုပ်ထားတယ်လို ့စိုပါတယ်.. ထိုအိမ်လေးတည်ဆောက်မူ ့ကုန်ကျစရိတ်အားလုံးမှာ £7.2 million ရှိပါတယ်..သဘာဝတရားနှင့်တည်ဆောက်ထားခြင်းဖြစ်ပါတယ်..ရေမီးလျှပ်စစ် အားလုံးကိုသဘာဝတရားမှရယူထားခြင်းဖြစ်ပါတယ် ဒါပေမဲ့ တစ်ခါတစ်ရံရာသီဥတုအခြေနေကြောင့်ရေတက်လာပါက နေထိုင်လို ့မရတဲ့အခြေအနေမှာရှိပါတယ်.. ဆောင်းရာသီနွေရာသီတို ့မှာနေထိုင်မို ့အပန်းဖြေ တည်ဆောက်ထားသောအိမ်လေးအကြောင်းတင်ဆက်ပေးလိုက်ပါတယ် forward mail


khinmintatthuJuly 14, 20101min1545
ဇူလို်င်လ ၁၄ ရက်နေ့ တွင် ဗိုလ်တထောင်မြို့နယ်အတွင်း ကွန်တိန်နာနှင့် ကုန်တင်ကားနှစ်စင်းတို့ှ မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။


khinmintatthuJune 30, 20101min1541
ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနသည် ၂၀၁၁-၂၀၁၄ ပညာရေး လမ်းပြမြေပုံပါ မဟာဗျူဟာ ၄ သွယ်နှင့် စီမံချက် ၆၄ ခု အတွက် ဘတ်ငွေ ၁၀၉.၄၅ ဘီလီယံကို အတည်ပြု လိုက်ပြီဖြစ်သည်။ ပထမ မဟာဗျူဟာနည်းလမ်းမှာ စီမံကိန်း ၃ဝ အတွက် ဘတ်ငွေ ၁၅.၇၉၈ ဘီလီယံ တန်ဖိုးရှိသော ခေတ်မီ ထိုင်းအရည်အသွေး ဖွံ့ဖြိုးမှု အစီအစဉ်ဖြစ်သည်။ အခြေခံ ပညာရေးကော်မရှင်၏ ဘတ်ငွေ ၁.၁ ဘီလီယံ စီမံချက်တွင် ကျောင်းငယ် နှစ်ထောင်ကို အရည်အသွေး မြှင့်တင်ခြင်းနှင့် အဆင့်မြင့်ပညာ ကော်မရှင်၏ အဆင့်မြင့် ပညာရေး မူဝါဒနှင့် အစီအစဉ် ရေးဆွဲရန်အတွက် ဘတ် ၂ ဘီလီယံ သုံးမည့် စီမံကိန်းတို့ ပါဝင်သည်။ ဒုတိယ မဟာဗျူဟာဖြစ်သော […]


khinmintatthuJune 29, 20101min2454
ရုရှားနိုင်ငံ ထောက်လှမ်းရေး ဌာနအတွက် သူလျှိုလုပ်ငန်း လုပ်ကိုင်ပေးနေသော အမေရိကန် နိုင်ငံသား ၁ဝ ဦးကို ဖမ်းဆီး ရမိခဲ့သည်ဟု သက်ဆိုင်ရာ အရာရှိများက ထုတ်ဖော်ပြောဆိုသည်။ ကျန်တစ်ဦးမှာမူ ယခုထက်တိုင် လွတ်မြောက်နေဆဲ ဖြစ်သည်။ အဆိုပါ သူလျှိုများအား နယူးယောက်၊ နယူဂျာစီ၊ မက်ဆာချူဆက်နှင့် ဗာဂျီးနီးယားပြည်နယ် မြောက်ပိုင်းတို့မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သူလျှိုများအား တရားရေးဌာနနှင့် အက်ဖ်ဘီအိုင် အဖွဲ့တို့မှ နှစ်ပေါင်းများစွာ စုံစမ်းထောက်လှမ်း ခဲ့ရာမှ ယခုကဲ့သို့ ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် လူ ၉ ဦးအား ငွေကြေး ခဝါချမှု၊ လုပ်ငန်းတွင် ပူးပေါင်း ပါဝင်မှုဖြင့် ဖမ်းဆီး နိုင်ခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကမူ အမေရိကန်နှင့် ရုရှားသမ္မတတို့ ချစ်ကြည်ရင်းနှီးစွာ […]


khinmintatthuJune 29, 20101min1410
တရုတ်ပြည်မကြီးနှင့် တရုတ်တိုင်ပေ ကျွန်းတို့သည် သမိုင်းဝင် ကုန်သွယ်ရေး သဘောတူညီချက် တစ်ခုကို အင်္ဂါနေ့တွင် လက်မှတ် ရေးထိုးကြမည် ဖြစ်သည်။ အဆိုပါ သဘောတူညီချက်သည် လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ခန့်က တစ်ဖက်နှင့် တစ်ဖက် ရန်စောင်နေခဲ့ကြသော ဒေသနှစ်ခုအား ပိုမိုနီးစပ် သွားစေမည် ဖြစ်သည်။ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် (ECFA)ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ချုံကျင်းမြို့တွင် လက်မှတ် ရေးထိုးကြမည် ဖြစ်သည်။ ယင်း သဘောတူညီချက်ကြောင့် ကုန်သွယ်မှု အခွင့်အလမ်းများ အများအပြား ပေါ်ပေါက်လာမည်ဟု ယုံကြည်ကြသည်။ တရုတ်တိုင်ပေ၏ ရေနံဓာတု ပစ္စည်းများနှင့် မော်တော်ယာဉ် အစိတ်အပိုင်းများ၊ စက်ပစ္စည်းများ အပါအဝင် ပို့ကုန် အမျိုးပေါင်း ၅၃၉ မျိုး အပေါ်တွင် အခွန်အကောက်များကို […]


khinmintatthuJune 29, 20103min2416
နေပြည်တော် – ရန်ကုန် လမ်းမသစ် ကြီးပေါ်တွင် နေပြည်တော် ဘက်မှ အုပ်စုလိုက် ရွှေ့ပြောင်း နေကြသည့် ထောင်နှင့်ချီသော  ကြွက်အုပ်များကို ယခု ရက်အတွင်း တွေ့ရကြောင်း ခရီးသွားများက ပြောသည်။ မိုင်တိုင် ၄ရ တလျှောက်တွင် ဧရာမ ကြွက်အုပ်ကြီး ရွှေ့လျား နေသည်ကို တွေ့ရကြောင်း၊ ကားများက နင်းကြိတ်မိ သဖြင့် အမြားအပြား သေနေကြသည် များလည်း ရှိကြောင်း ဇွန်လ ၂ရ ရက်နေ့က နေပြည်တော်မှ ရန်ကုန်သို့ ပြန်လာသည့် ခရီး သည်တဦးက ပြောသည်။ တခြားသော ခရီးသွား တဦးကလည်း သူတွေ့ရှိ ချိန်တွင် မိုင်တိုင် ၄၅ ဘက်သို့ ရောက်ရှိနေပြီး ပဲခူးဘက်သို့ ဦးတည် နေကြောင်း ပြောဆိုသည်။ “ကားတွေဆိုတာ […]


khinmintatthuJune 29, 20101min1952
ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် စက်လှေ​ နှစ်စင်း တိုက်မိမှုကြောင့် လူပေါင်း(၄၂)ဦး ဒဏ်ရာများ ရရှိ​ သွားကြောင်း သိရသည်။ ဇွန်လ​ (၂၆)​ ရက်နေ့ ညပိုင်းက နိုင်ငံခြားသား၊ကမာ္ဘ့လှည့် ခရီးသည်များကို တင်ဆောင်လာသည့် လှေ​ တစ်စင်းနှင့် ထိုင်း​ လူမျိုးများ လိုက်ပါ​ လာသော လှေတစ်စင်း တိုက်မိ​ ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားသားများ တင်ဆောင်​ လာသည့်​ လှေသည် လပြည့်​ ပွဲတော် ကျင်းပ​ နေသည့် ဖန်င​ ကျွန်းသို့ ဦးတည်​ ခုတ်မောင်း​ လာစဉ် အခြားလှေနှင့် တိုက်မိ​ ခဲ့ခြင်းဟု ရဲတပ်ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ် ပွန်ကာဂျွန် ဆူကရ ာဆောင်းက ပြောကြားခဲ့သည်။ ထိုနေ့ည သန်းခေါင်​ အချိန်က လှေချင်း​ တိုက်မိခဲ့ချိန်တွင် မိုးရွာပြီး လေလည်း​ […]


khinmintatthuJune 29, 20101min1460
နှစ်နှစ်တစ်ကြိမ် ကျင်းပသော ကမာ္ဘ့မြို့တော်များ ထိပ်သီးအစည်းအဝေး (WCS)ကို စင်္ကာပူနိုင်ငံတွင် တနင်္လာနေ့က စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ နိုင်ငံပေါင်း ၂ဝ မှ ဝန်ကြီး ၂၅ ဦး၊ မြို့တော်ဝန် ၄၅ ဦးနှင့် ကျွမ်းကျင် ပညာရှင်များ တက်ရောက် ခဲ့ကြသည်။ အဆိုပါ အစည်းအဝေးသည် နိုင်ငံများအား ထိရောက်စွာ အုပ်ချုပ်၍ ဦးဆောင်မှု ပေးနိုင်ရေး၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော မြို့တော်များ တည်ဆောက်ရေးနှင့် ဂေဟစနစ်နှင့် လိုက်လျောညီထွေသည့် လူ့အသိုင်းအဝိုင်း ပေါ်ပေါက်ရေးတို့ကို တွေ့ဆုံ ဆွေးနွေးနိုင်သည့် စင်မြင့်တစ်ခု ဖြစ်သည်။ မြို့ပြ စီမံခန့်ခွဲရေး၊ ရာသီဥတု ပြောင်းလဲမှု စသည့် ကမာ္ဘလုံးဆိုင်ရာ စိန်ခေါ်မှုများကို မူဝါဒ ဖော်ဆောင်သူများနှင့် ကျွမ်းကျင်သူများတို့က ညှိနှိုင်း ဆွေးနွေးကြမည် ဖြစ်သည်။ […]