khinmintatthuJune 29, 20101min1380
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းက ဦးစီး၍ ခရီးသွား လုပ်ငန်းဆိုင်ရာ အရည်အသွေးမြင့် ကားများကို ပြည်ပမှ တင်သွင်းရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ အသင်းမှ ၂၂-၆-၂၀၁ဝ ရက်တွင် သိရသည်။ အဆိုပါ အစီအစဉ်ကို မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်အသင်း၏ အသင်းသား လုပ်ငန်းရှင်များ စုပေါင်း တင်သွင်းကြမည် ဖြစ်ပြီးလက်ရှိကာလတွင် စီစဉ်နေဆဲ ကာလဖြစ်၍ ကားအမျိုးအစားနှင့် တန်ဖိုး၊ တင်သွင်းမည့် နိုင်ငံများကို ညှိနှိုင်းနေကြောင်း သိရသည်။ အဓိကအားဖြင့် ခရီးသွား လုပ်ငန်းနှင့် ကိုက်ညီသော ကား အမျိုးအစားကို တင်သွင်းရန် စီစဉ်ထားပြီး အရည်အသွေး ပြည့်မီပြီး ဈေးနှုန်း သက်သာခြင်း၊ တံဆိပ် အသစ်စက်စက် ဖြစ်ရမည်ဟု သတ်မှတ်ခြင်း၊ ဝယ်ယူလိုုက်သည့် စရိတ်နှင့် ကိုက်ညီစေအောင် အသုံးချနိုင်ခြင်း […]


khinmintatthuJune 29, 20101min1200
ဒီဇိုင်းလှပြီးသေးငယ်တဲ့ VAIO P Lifestyle PC ဈေးကွက်ထဲမှာ ဖြန့်ချိပေးတော့မှာပါ။ ၎င်းမှာ Atom ZS40 ပရိုဆက်ဆာ 2GB ပမာဏရှိ DDR2 SDRAM နဲ့ 64GB သိုလှောင်သိမ်းဆည်းနိုင်တဲ့ SSD flash drive တို့ပါရှိပါတယ်။ Windows 7 ကို OS အနေနဲ့တင်ထားပြီး ၈ လက်မအရွယ်ရှိတဲ့ Display ဟာ 1600×768 pixel resolution ရှိတာတွေ့ရပါတယ်။ အရောင်အသွေးစုံလင်ပြီး အခြေခံရောင်းဈေးကတော့ အမေရိကန်ဒေါ်လာ ၇၉၉ ဒေါ်လာဖြစ်ပါတယ်။ မေးလ်ထဲမှ ပြန်လည်မျှဝေလိုက်သည်


khinmintatthuJune 25, 20101min1170
Charts မှ Word Processor သို့ Copy ကူးယူရာတွင် သို့မဟုတ် Microsoft Office ရဲ့ Excel မှ Word သို့ ဖြစ်စေ Openoffice.org ရဲ့ Calc မှ Writer သို့ဖြစ်စေ Copy ကူးယူတဲ့အခါ ဒီ software တွေက မှုလက spreadsheet နဲ့ links တွေကို ဝှက်ကွယ်ထားပါတယ်။ ဒါကြောင့် excel ထဲက Chart ကိုပြောင်းလဲလိုက်တာနဲ့ World ရဲ့ ဖိုင်မှာလည်း ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလိုပြောင်းလဲပေးမှုက အကောင်းဘက်မှာ ဖြစ်တည်နိုင်သလို အဆိုးဘက်မှာလည်း ဖြစ်စေနိုင်ပါတယ်။ အကယ်၍ သင်က သင့်မိတ်ဆွေအား Word ဖိုင်အား Email ဖြင့် ပို့လိုက်ပါက […]


khinmintatthuJune 25, 20101min1261
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင် မကြာမီဖွင့်လှစ်မည့် Ruby Mart ကုန်တိုက်တွင် စတုတ္ထထပ်ကို အိုင်တီမောလ်အဖြစ် ထည့်သွင်းဖွင့်လှစ်ရန်အစီအစဉ်ရှိကြောင်း အိုင်တီလုပ်ငန်းရှင်အချို့က ပြောကြားသည်။ ထိုကုန်တိုက်သည် ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ ကုန်သွယ်လယ်ယာရုံးဟောင်းကို ပြင်ဆင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ ကုန်တိုက်၏အောက်ခြေသုံးလွှာကို အခြားသောကုန်တိုက်များကဲ့သို့ပင် အဝတ်အထည်နှင့် ကုန်စည်မျိုးစုံကို ခင်းကျင်းရောင်းချမည်ဖြစ်ပြီး စတုတ္ထလွှာရှိဆိုင်ခန်း ၁၆ ခန်းကို အိုင်တီမောလ်အဖြစ်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ အဆိုပါဆိုင်ခန်းများအတွက် ဈေးကွက်ရှာဖွေရာတွင် ဩဂုတ်လအတွင်း ဖွင့်လှစ်မည်ဟုဆိုကြောင်း အိုင်တီလုပ်ငန်းရှင်များကပြောသည်။ ကွန်ပျူတာအရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက “Ruby Mart က Marketing လုပ်တော့ စတုတ္တလွှာမှာ ၁၆ ခန်းရှိတယ်လို့ဆိုပါတယ်။ မိုဘိုင်းဖုန်းဆိုင်တစ်ချို့ကတော့ Ruby Mart မှာဖွင့်မယ်လို့ သိထားပါတယ်။ ကွန်ပျူတာဆိုင်တွေကတော့ ဘယ်သူတွေ ဝင်ရောက်ဖွင့်လှစ်ကြမယ်ဆိုတာ မသိသေးဘူး” ဟုပြောသည်။ ထိုအိုင်တီမောလ်ဖွင့်လှစ်မည့် အစီအစဉ်နှင့်ပတ်သက်၍ အဆိုပါကုန်တိုက်မှ တာဝန်ရှိသူများအား […]


khinmintatthuJune 25, 20101min1240
ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင်တွေက မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ လုပ်ငန်းတွေကို စိတ်ဝင်စားပြီး ရင်းနှီးမြှပ်နှံနိုင်ခြေ ရှိတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် တချို့ထံမှ သိရပါတယ်။ “UMFCCI မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဗီယက်နမ် လုပ်ငန်းရှင်တွေက သူတို့ ရင်းနှီးမြှပ်နှံဖို့ စိတ်ဝင်စားတဲ့ လုပ်ငန်းတွေကို ဆွေးနွေးကြတယ်။ အိမ်ခြံမြေ လုပ်ငန်းလဲ အပါအဝင်ပဲ၊ အဓိကတော့ စက်မှုဇုန်မြေတွေ အကြောင်းပါ၊ ဒီစီးပွားရေး လုပ်ငန်းထဲ ဝင်တဲ့အခါ ဘယ်လိုလုပ်ရမလဲ၊ စက်မှုဇုန်မြေတွေ ဝယ်ရမလား၊ ဌားရမလား၊ ဈေးတွေ ဘယ်လိုရှိသလဲ စုံစုံလင်လင် ဆွေးနွေးခဲ့ပါတယ် ” လို့ မြန်မာနိုင်ငံ အိမ်ခြံမြေအသင်း (MREA) ရဲ့ နာယက ဦးသန်းဦးက ပြောပါတယ်။ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးသန်းဦးက “ဗီယက်နမ် […]


khinmintatthuJune 25, 20101min1250
မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူရန် လုပ်ကွက်သစ်များ ရှာဖွေ ဖော်ထုတ်ခြင်းကို ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနိုင်ငံတို့ အပြင် အာဆီယံ ဒေသတွင်း နိုင်ငံများ ဖြစ်သော မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံတို့နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ လက်ရှိတွင် ကမ်းလွန်သဘာဝ ဓာတ်ငွေ့မြေများ ဖြစ်သည့် မုတ္တမ ကမ်းလွန်ပင်လယ်ပြင်မှ ရတနာ သဘာဝ ဓာတ်ငွေ့မြေနှင့် တနင်္သာရီ ကမ်းလွန် ပင်လယ်ပြင်ရှိ ရဲတံခွန်သဘာဝ ဓာတ်ငွေ့မြေမှ နေ့စဉ် သဘာဝ ဓာတ်ငွေ့ ကုဗသန်းပေါင်း ထောင်ကျော်ခန့် ကို ထုတ်လုပ် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။ ကမ်းလွန် ရေနံမြေသစ်များကို တိုးချဲ့ ရှာဖွေရာတွင် ရခိုင်ကမ်းလွန် ပင်လယ်ပြင်၊ မုတ္တမကမ်းလွန် […]


khinmintatthuJune 25, 20101min1721
တစ်နေ့ နှစ်ကြီးသမားတွေ ထားတဲ့ထောင်ဆီကို အကျဉ်းသားတစ်ယောက်ရောက်လာတယ်။ ထောင်ကကျဉ်းကျဉ်း လူကနည်းနည်းဆိုတော့ ကျပ်နေတာပေါ့။ လူသစ်ရောက်လာတော့ဝိုင်းမေးကြတယ် “ခင်ဗျားဘာအမှုနဲ့ကျတာလည်းဟင်” လူသစ်ကပြန်ဖြေတယ် “ပုဒ်မ ၄၀၁.၁” “ဟမ်.. ပုဒ်မနောက်မှာ ဒဿမတွေပါတာမကြားဖူးပါဘူး။ ခင်ဗျားဟာက ဘာအမှုလည်းဗျ” “လူသားစားတဲ့အမှု” လူသစ်ရဲ့အဖြေကိုကြားတော့ အကျဉ်းသားဟောင်းတွေ နည်းနည်းလန့် သွားတယ်။ သူ့ဘေးနားကနေ တဖြည်းဖြည်းရှဲသွားကြတယ်။ နေရာကချောင်သွားတော့ သူနေရတာအေးဆေးဖြစ်သွားတယ်။ တစ်ယောက်ကတော့နေရာကမရွေ ့ဘူး ။ဒီတော့သူကမေးတယ်- “မိတ်ဆွေ ခင်ဗျားကရော ဘာမှုနဲ့ ကျတာလည်း” ဟိုလူကပြန်ဖြေတယ် ်”ပုဒ်မ ၄၀၂.၂” “ဟုတ်လား..ဘာမှုလည်းဟင်” “လူသားစားတဲ့ကောင်ကိုမှ ရွေးစားတဲ့အမှု ” Ref:(နောင်လတ်(မန်း) –ဟာသကဏ္ဍ


khinmintatthuJune 25, 20101min2835
ယခု အပါတ် တနင်္ဂနွေနေ့ နံနက် အစောပိုင်းက မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့အနီး ဂျလန်း တလုပ်ဘာတူး အရပ် စက်မှုဇုံ ၃၆ တွင်မြန်မာ နိုင်ငံသားတဦး ဆိုင်ကယ်ခေတ္တရပ်ထား၍ ထွက်ခွာသွားအပြီး ပြန်ရောက်အလာ၌ ၎င်း၏ မော်တော်ဆိုင်ကယ် သေတ္တာအတွင်း၌ လူသေ အလောင်း တလောင်းအား တွေ့ရှိခဲ့ရသည်ဟု သိရှိရသည်။မလေးရှား ရဲတပ်ဖွဲ့မှ ထုတ်ပြန် ကြေညာချက် အရ ထိုစက်မှုဇုံတွင် တနင်္ဂနွေနေ့ မနက်၈နာရီ ၂၅မိနစ် တွင် တွေ့ရှိရသော အလောင်းမှာ အသက် ၄ဝ အရွယ် တိုလီမုတ်စ ရောင်းဝယ် ဖေါက်ကားသူ မြင့်ရွှေ ဆိုသူ ဖြစ်ပြီး၊ အခြား တနေရာ၌ အသတ်ခံရပြီး မလေးရှားနိုင်ငံ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံး(UNCHR) […]


khinmintatthuJune 25, 20101min1380
ကျောင်းလေး ပိတ်တုန်း နေတိုင်းလိုလို ပို့စ်လေးတွေ တင်ပေးဖြစ်ပါတယ်။ ဒီနေ့လည်း Portable လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Portable ကတော့ Photo Convert လေးဗျာ။ အပျင်းပြေပေါ့ မိမိ ဓါတ်ပုံလေးကို ပုံကြမ်းလေး ခဲရောင် မှင်ရောင် အဲလိုလေးတွေ ပြောင်းလဲ ကြည့်ရအောင်။ စိတ်ဝင်စားတဲ့ မိတ်ဆွေတွေ အတွက် အပြည့်အစုံလေး ဖော်ပြပေးပါ့မယ်။ အခု ကတော့ Potable လေးကို သုံးလို့ အဆင်ပြေမယ် ထင်လို့ ရွှေးတင်ပေး လို်က်ပါတယ်။ Portable မကြိုက်တဲ့ သူငယ်ချင်းတွေ အတွက်လည်း Software အသုံးပြုနိုင်ရန် စီစဉ်ပေးထားပါတယ်။ ဒါမှမဟုတ် Online မှာ တိုက်ရိုက် Convert လုပ်ပေးနိုင်တဲ့ လင့်လေးကိုလည်း ညွန်းပေးသွားပါမယ်..။ ဒီပို့စ်လေးက […]


khinmintatthuJune 25, 20101min1341
ပြီးခဲ ့သည့် မကြာသေးမီ ကာလက ရန်ကုန်မြိ ု့တွင် လူမသိသူမသိ အဖြစ်အပျက်လေးတစ်ခုဖြစ်ပျက်ခဲ ့သည်။ တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစကလေးငယ် တစ်ဦးကို ဆုံးပါးသွားစေခဲ ့သည်။ အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို ့တွင် အသက် ၃ဝ ကျော်မှ ရသောကလေးလေး ဖြစ်သည်။ အသက်ကြီးမှ ရသောကလေးမို ့မိဘများက တအားတန်ဖိုးထားသည့် (Precious Baby ) လေး ဖြစ်သည်။ အဖေဖြစ်သူက Computer Programmer – တနေကုန် Computer ရှေ ့တွင် အလုပ်ရှုပ်နေသူ ရုံးကပြန်လာတိုင်း လုပ်လေ့လုပ်ထရှိသည့် အကျင့်လေးတစ်ခုက သားလေးကို ချီပြီး နမ်း […]


khinmintatthuJune 25, 20102min1050
ဈေးကွက်တွေမှာ ဈေးပေါပေါနဲ ့ ရောင်းချနေတဲ့ တရုတ်နိုင်ငံထုတ် စားသောက်ကုန်များ၊ ဆေးဝါးများသာမက လူသုံးကုန် အသုံးအဆောင်ပစ္စည်းတွေကိုပါ သတိထား သုံးစွဲရမယ့် အခြေအနေတွေ ရှိပါတယ်။ ဈေးပေါတယ်၊ သက်သာတယ်၊ သုံးရတာ လွယ်ကူ အဆင်ပြေတယ် ဆိုတာလောက်ကို ကြည့်ပြီး ဘေးအန္တရယ် ကျရောက်နိုင်တာ၊ သုံးစွဲရ သင့်တော် မသင့်တော် ကိုပါ ထည့်တွက် စဉ်းစားပြီးမှ ဝယ်ယူသုံးစွဲ သင့်ပါတယ်။ ဘေးဒုက္ခ ရောက်မှသာ မရှူနိုင် မကယ်နိုင်ဖြစ်ပြီး အချိန်လွန် ဆုံးရှုံးရတာတွေ မဖြစ်စေချင်ပါ။ ယခုဖေါ်ပြတဲ့ ဆံပင် ခေါင်းစည်းကြိုးက တရုတ်ပြည်ကနေ ထုတ်လုပ်တာပါ။ ဒီ ဆံပင်ခေါင်းစည်းကြိုးဟာ ဈေးပေါပေါနဲ ့ရောင်းချသလို ဝယ်ယူသုံးစွဲကြသူ အမျိုးသမီးထုဟာလည်း အရောင်အသွေးလှလှပပနဲ ့မို ့ ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် ဒီဆံပင် ခေါင်းစည်းကြိုးကို […]


khinmintatthuJune 25, 20101min2791
ဆရာမင်းသိင်္ခ တချိန်က အောင်မြင်ကျော်ကြားခဲ့သော 30 Years Cycle သို ့တကျော့ပြန် ဝင်လာနေပြီမို့…….. ၂ဝဝ၂ ဇွန်လ၏ မိုးရေစက်များအောက်ဝယ်… အဲဒီတုန်းက ရန်ကုန်ဆိုတာကို သုံးခေါက်မြောက် ရောက်ဖူးတဲ့အချိန်။ မှော်ဘီနဲ့ ရန်ကုန် ဘယ်လောက် ဝေးတယ် မသိ။ မှော်ဘီကနေ အယူတော်မင်္ဂလာခြံဆီ ထော်လာဂျီစီးပြီး တစ်ဆင့် ထပ်သွားရတယ်ဆိုတာ မသိ။ ကိုယ်သွားတဲ့လက အဘမွေးနေ့ကျင်းပမယ့် လနဲ့ တိုက်ဆိုင်နေတာ သတိမထားမိ။ ခြံထဲမှာ လူတွေ ပြည့်ကြပ်နေလို့ ဖိနပ်တွေ စုပုံချွတ်ထားတဲ့ ဘေးမှာ ပုဆိုးလေးခင်း အိပ်ရမယ်မှန်း ကြိုမသိ၊ အဘရဲ့ အသံဟာ သံလိုက်ဓာတ်အပြည့်ပါနေမယ်ဆိုတာ မထင်မိ။ သင်ပေးသမျှ ပညာတွေထဲမှာ ယတြာနဲ့ အတွေးအခေါ်ကို အကြိုက်ဆုံး ဖြစ်လာမယ်ဆိုတာ ကြိုမသိ။ မသင်မီက တတ်နှင့်သူ ဆိုတဲ့ […]


khinmintatthuJune 25, 20101min2004
ဥပါတသန္တိစေတီတော်၊ လွှတ်တော်အပါအဝင် နေပြည်တော်ရှိ အထင်ကရ အဆောက်အအုံများကို ကြည့်ရှုနိုင်မည့် ပေ၄ဝအမြင့်ရှိ အထပ်လေးထပ်ပါ မျှော်စင်တစ်ခုကို မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အဦးဌာနမှ သတင်းရရှိပါသည်။ အဆိုပါမျှော်စင်ကို နေပြည်တော် ရေပန်းဥယျာဉ်အဆင့် (၃) တည်ဆောက်ရေးစီမံကိန်း မြေနေရာတွင် တည်ဆောက်လျက်ရှိသည်။ “မျှော်စင်ကို မကြာခင်ဖွင့်လှစ်သွားမှာပါ။ မျှော်စင်ပေါ်မှာ ဆောင်းဘောက်စ်တွေတပ်ဆင်ပြီး သဘာဝရနံ့ကို အမှန်တကယ်ရရှိအောင် ကျေးငှက်သာရကာ အသံတွေ၊ တောရိုင်းတိရစ္ဆာန် အသံတွေ၊ စမ်းရေစီးသံ စတာတွေကို အသံလွှင့်ထုတ်ပေး တာပါ”ဟု နေပြည်တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ ဌာနမှူး ဦးသန်းဦးက ပြောကြားသည်။ ရေပန်းဥယျာဉ် (နေပြည်တော်) အမှတ် (၁) သည် ၆၅ ဧက၊အမှတ် (၂) သည် ၂၅ ဧက၊အမှတ် (၃) […]