khinmintatthuJune 25, 20102min2002
ဆယ်စုနှစ်ကျော် ရပ်တည်ခဲ့ပြီး ဖြစ်သည့် အထင်ကရဈေးကြီးများ ပြောင်းရွှေ့အဆင့်မြှင့်တင်မှုများ ပြုလုပ်ရာတွင် ဈေးကွက်သစ် ဖော်ဆောင်နိုင်မှု အနေအထား၊ အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ရရှိနိုင်မှုနှင့် အခြားကဏ္ဍများအပေါ် သက်ရောက် နိုင်မည့် အချက်အလက်များကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဟု မြို့ပြရေးရာ ကျွမ်းကျင်သူများက သုံးသပ် ပြောကြားသည်။ ယင်းအပြင် ဈေးကြီးများအား အဆင့်မြှင့်တင်မှု ဆောင်ရွက်နေသည့်ကာလ၌ ယာယီနေရာချထားပေးမှု အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဟု လေ့လာသူများက အကြံပြုထားသည်။ ”ဆယ်စုနှစ်နဲ့ ချီပြီး တည်ရှိခဲ့တဲ့ အထင်ကရဈေးကြီးတွေကို အဆင့်မြှင့်တင်မှုတွေ လုပ်တဲ့နေရာမှာ အကြောင်းအရင်းတွေ အများအပြားရှိပါတယ်။ ဒါလည်းပဲ ဈေးကွက်နဲ့ ရောင်းဝယ် ဖောက်ကားမှု အခြေအနေအပေါ်ကို မူတည်ပါတယ်။ ရန်ကုန်မှာ နှစ်ရာပြည့်တော့မယ့် ဈေးတွေ အများကြီးရှိပါ တယ်။ ဥပမာ ဗိုလ်ချုပ်ဈေးတို့ သိမ် ကြီးဈေး(ဘီရုံ) […]


khinmintatthuJune 25, 20101min1040
ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင် ချောင်း မြစ်သုံးဆိုင် အတွင်း နစ်မြုပ် နေသော ဓမ္မစေတီမင်း ခေါင်းလောင်း တော်ကြီးကို အဖွဲ့အသီးသီး က နှစ်ရှည်လများ အကြိမ် ပေါင်းများစွာ ရှာဖွေ သော်လည်း ရလဒ် ပီပီ ပြင်ပြင် မရရှိ ခဲ့ကြောင်းသိရသည်။ ဩစတြေး လျနိုင်ငံ အခြေစိုက် ANIMAX Films က History Maker များအနေဖြင့် Documentary Film ထုတ်လုပ်ရေး အတွက် ခေတ်မီ ပစ္စည်း ကိရိယာများ အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ နစ်မြုပ် နေသည့် ခေါင်းလောင်း တော်ကြီး၏ ပုံရိပ်ဟု ယူဆ ရသော နေရာ နှစ် နေရာကို ဖမ်းယူ ရရှိ ခဲ့ကြောင်း၊ […]


khinmintatthuJune 25, 20101min1422
၂၀၁ဝ ကမ္ဘာ့ဖလားမှ ပုစဉ်းရင်ကွဲ အော်သံကဲ့သို့ တစီစီ ပေါ်ထွက်နေသည့် အာဖရိက ရိုးရာ ဗူဗူဇီလာ နှဲသံများကြောင့် စိတ်အနှောင့် အယှက် ဖြစ်ရသူများ၊ အိပ်ရေး ပျက်ရသူများ အများအပြား ရှိနေပါတယ်။ ဗူဗူဇီလာမှုတ်၍ အားပေးမည့် ပရိသတ်တစု (ဓာတ်ပုံ – Getty Images) ကမ္ဘာ့ ဖလားပွဲ လာရောက် ကြည့်ရှုတဲ့ ပရိသတ် တွေက ဗူဗူဇီလာ နှဲတွေကို ဆူညံစွာ မှုတ်နေတဲ့ အတွက် စိတ်အနှောင့် အယှက် ဖြစ်ရသူ များကို နှဲလုပ်သူလို့ ပြောလာတဲ့ တောင်အာဖရိကသား နီးလ် ဗန် ရှော့လ်ဗစ်ခ် (Neil Van Schalkwyk) က မကြာသေးမီက သတင်းစာ ရှင်းလင်းပွဲ တခုပြုလုပ်ကာ တောင်းပန် လိုက်ကြောင်း […]


khinmintatthuJune 25, 20101min2084
မြန်မာနိုင်ငံ မှ တစ်ဆင့် ဖြတ်သန်း၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဖောက်လုပ်မည့် ဘင်္ဂ လားဒေ့ရှ် အစိုးရ ၏ လမ်း ဆက်သွယ် ဖောက် လုပ်ရေး အဆိုပြုလွှာ ကို တရုတ် အစိုးရက သဘော တူညီ လိုက်ပြီ ဖြစ်ကြောင်း ဇွန် ၁၉ ရက် သတင်းတစ်ရပ် အရ သိရသည်။ အဆိုပါ လမ်းဖောက်လုပ်ရေး လုပ်ငန်း ကြီးကို ဘင်္ဂလားဒေ့ရှ် အစိုးရက ငွေကြေး စိုက်ထုတ် တည်ဆောက် မည်ဖြစ်ပြီး ယခု အခါ စီမံကိန်း အတွက် အပြီးသတ် ဒီဇိုင်း ရေးဆွဲမှုများ ပြုလုပ် လျက်ရှိကြောင်း  ဘင်္ဂ လားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ပါလီမန်သို့ […]


khinmintatthuJune 24, 20101min1350
MP3 ဖြင့် တစ်နာရီ (သို့မဟုတ်) တစ်နာရီထက်ကျော်ပြီး သီချင်းနားထောင်ရုံဖြင့် ရေရှည်တွင် အကြားအာရုံပျက်စီးနိုင်ကြောင်း ဘယ်လ်ဂျီယံရှိ Ghent တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာမှုတစ်ရပ်အရ သိရသည်။ MP3 ဖြင့် သီချင်းနားထောင်ခြင်းသည် ရေရှည်တွင် အကြားအာရုံပျက်စီးစေကြောင်း၊ အချိန်တိုအတွင်း အသံပြောင်းလဲမှုကြောင့် နားထဲရှိ အမွေးအမှင်ဆဲလ်များအတွင်း လှုံ့ဆော်မှု အလွန်အကျွံဖြစ်ပေါ်ကြောင်း လေ့လာမှုတွင် ဖော်ပြခဲ့သည်။MP3 ကို နားကြပ်တပ်ပြီး အသံကျယ်ကျယ်နားထောင်ခြင်းသည် အကြားအာရုံပျက်စီးနိုင်သည်ဟု သုတေသနပညာရှင်များ၏ သတိပေးချက်ထုတ် ပြန်ခဲ့ပြီးနောက် အသက် ၁၉ နှစ်မှ ၂၈ နှစ်အကြား လူငယ် ၆ဝ ကို လေ့လာခဲ့ခြင်းဖြစ်သည်။ MP3 ဖြင့် ပေါ့ပ်နှင့်ရော့ခ်ဂီတများကို တစ်နာရီခန့် နားထောင်စေပြီး အသံအတိုးအကျယ် ပြုလုပ်ကာ သီချင်းနားမထောင်မီနှင့် နားထောင်ပြီးနောက်ပိုင်း အကြားအာရုံများကို စစ်ဆေးခဲ့သည်။ သုတေသနအဖွဲ့ခေါင်းဆောင် […]


khinmintatthuJune 24, 20101min1131
အမျိုးသား – အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ် အမျိုးသမီး – ဟင်းနော်….ထားသွား လိုက်ရမလား? အမျိုးသား – အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့ အမျိုးသမီး – တကယ် ချစ်ရဲ ့လားဟင်? အမျိုးသား – ဒါပေါ့ ဒီထက်တောင်ပိုသေးတယ် အမျိုးသမီး – ကျွန်မကို အရူးလုပ်မှာလား အမျိုးသား – ဘုရားစူးရစေရဲ ့ ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား အမျိုးသမီး – ကျွန်မကို နမ်းချင်သလား ဟင်? အမျိုးသား – အချိန်မရွေးပဲ အမျိုးသမီး – နှိပ် ကော နှိပ်စက်မှာလား? အမျိုးသား – မင်းရူးများရူးနေလားကွာ အမျိုးသမီး – ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်? အမျိုးသား […]


khinmintatthuJune 24, 20101min1501
တောင်အာဖရိကမှာ ကျင်းပနေတဲ့ ၂၀၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအေတွင် ပြင်သစ်အသင်းသည်  ၃ ပွဲကစား၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံးဖြင့် ရမှတ် ၁ မှတ်သာ ရရှိပြီး အုပ်စုတွင်းမှ စောစီးစွာထွက်ခွာသွားခဲ့ရ သည်။ ပြင်သစ်၏နောက်သို့ ထပ်မံလိုက်ပါလာတဲ့အသင်းကတော့ ၂၀၀၆ ချန်ပီယံ အီတလီ အသင်းပင်ဖြစ်သည်။ အီတလီအသင်းသည် ဇွန်လ ၁၄ ရက်နေ့က ကိပ်တောင်းမြို့၊ ကိပ်တောင်း အားကစားကွင်းတွင် ကစားသွားခဲ့သော ကမာ္ဘ့ဖလားအုပ်စု (F) ပွဲစဉ်တွင် လက်ရှိချန်ပီယံ အီတလီ အသင်းသည် ပါရာဂွေးအသင်းနှင့် (၁-၁)ဂိုး သရေကျ သွားခဲ့သည်။ အီတလီ အသင်းသည် ပါရာဂွေးအား ကစားကွက်နှင့် ဘောလုံး ပိုင်ဆိုင်မှု အသာရ ခဲ့သော်လည်း အဆုံးသတ်ပိုင်း သေချာမှု မရှိခဲ့သဖြင့် ရလဒ်မကောင်း […]


khinmintatthuJune 24, 20101min1160
“အကြောပြတ်ခြင်း” ကို ဖတ်ပြီး၊ “အကြောထုံး” တာလည်း သိချင်တယ်ဆိုလို့။ နောက်တခါ “သားကြောဖြတ်” တာ ရေးရမလားဘဲ။ ဗမာစကားမှာ “အကြော” ဆိုတာကို အလွယ် သုံးတတ်ကြတယ်။ Nerve အာရုံကြော၊ Muscle ကြွက်သား၊ Tendon အရွတ်၊ အကုန် အကြောချည်းဘဲ ပြောတယ်။ တခါတလေ ဘာပြောတယ်ဆိုတာ မှန်းမရတတ်ဘူး။ “ရှက်ကြောပြတ်တာ” တာ့ ဆရာဝန်ရော၊ လူနာပါ အတူတူ သိကြတယ်။ တခြားလူမျိုးတွေက မသိကြရှာဘူး။ သွေးကြောဆိုတာ နှလုံးကနေ တကိုယ်လုံး ရောက်အောင်လွှတ်ပေးတဲ့ Artery သွေးလွှတ်ကြော နဲ့ ခန္ဓာကိုယ်အနှံ့ကနေ နှလုံးဆီကို ပြန်လာတဲ့ Vein သွေးပြန်ကြော ဆိုပြီး နှစ်မျိုးရှိတယ်။ Capillaries သွေးကြောမျှဉ်လေးတွေ ဆိုတာလည်း ရှိပါသေးတယ်။ မျက်စိနဲ့တော့ မမြင်နိုင်ဘူး။ […]


khinmintatthuJune 24, 20101min1341
အိမ်ထောင်သည်နှင့်အပျို၊ လူပျို လူတိုင်းဟာ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေထိုင်လိုကြတဲ့ သူချည်းပါပဲ။ ‘သေချင်လိုက်တာနော်’ ဆိုတဲ့ သူတွေတောင်မှ… ပါးစပ်ကသာ ပြောနေကြပြီး ဘယ်သူမှ မသေလိုကြပါဘူး…။ ဒီတော့… အသက်ရှည်ပြီး၊ ကျန်းကျန်းမာမာ၊ လှလှပပနဲ့ ဘဝကို နေထိုင်သွားချင်တယ်ဆိုရင်တော့…. လူပျိုကြီး၊ အပျိုကြီးများအဖြစ်နဲ့ မနေကြဖို့ ခေတ်သစ်ဆေးသိပ္ပံပညာရှင်များက စာတမ်းတစောင် ထုတ်ပြီး ပြောဆိုခဲ့ပြပါတယ်။ အိမ်ထောင်သည်များဟာ… တကိုယ်တည်း လူပျိုကြီး၊ အပျိုကြီးများထက် စစ်တမ်းကောက်ယူချက်များအရ အသက်ပိုပြီး ရှည်ကြမယ်လို့ ဆိုပါတယ်။ အိမ်ထောင်သက် ရှည်ကြာလာတာနဲ့အမျှ အိမ်ထောင်သည် အမျိုးသား၊ အမျိုးသမီးများဟာ ရောဂါပိုမွှားများရဲ့ ဒဏ်ကို လူပျိုကြီး၊ အပျိုကြီးများထက် ပိုမိုပြီး ခုခံနိုင်ရည်ရှိကြတယ်လို့ ဆိုပါတယ်။ ကျားနဲ့ မ ဖွားသေစာရင်းများအရ… အမျိုးသမီးများရဲ့ သေဆုံးမှုဟာ … အမျိုးသားများ၏ သေဆုံးမှုထက် […]


khinmintatthuJune 24, 20101min910
“လေးဘက်နာ” ကို ဖတ်ရာကနေ မေးလာတာတွေရှိလို့ အဆစ်နာကို ထပ်ဖြည့်လိုက်ပါတယ်။ အဆစ်နာ အမျိုးပေါင်း ၂၀ဝ ရှိတယ်။ အကြီး-အငယ်၊ အရွယ်မရွေး၊ ကျား-မ မရွေး ဖြစ်တယ်။ တကိုယ်လုံးအနှံ့ ဖြစ်တယ်။ Osteoarthritis အဆစ်ကို အသုံးချတာ များရာကနေ ကြာတော့ ပွန်းပဲ့ ဟောင်းနွမ်းရာကနေဖြစ်တာမျိုး။ Rhumatoid arthritis ခုခံအားစနစ်ကြောင့် ဖြစ်တယ်။ Juvenile arthritis ကလေးတွေမှာဖြစ်တာ ဆိုပြီး သုံးမျိုးခွဲနိုင်တယ်။ (က) ဆေးပေးကုသနည်း အဓိက စားဆေး လေးမျိုးရှိတယ်။ (၁) Analgesics အနာသက်သာဆေး။ Aspirin, Paracetemol, Ibuprofen တို့ဖြစ်တယ်။ Aspirin နဲ့ Ibuprofen က အရောင်ကျတာမှာ ပိုကောင်းတယ်။ ပိုပြင်းတဲ့ အနာသက်သောဆေးတွေက Codeine နဲ့ […]


khinmintatthuJune 24, 20101min1741
*၁ ။ ပါးစပ်သေနက်* မိန်းမတို့ရဲ့ မွေးရာပါလက်နက်ပါပဲ — သမီးရည်းစား ဘဝမှာ သိပ်မသုံးတက်ကြဘူး ။ အိမ်ထောင်ရှင်ဖြစ်မှ ထုတ်သုံးကြတာ — တစ်အိမ်လုံးကို စက်သေနက်နဲ့ မွှေသလို မွှေတတ်ကြတာ ။ အိပ်ရင်တောင် ကျည်ထိုးမောင်းတင်ပြီးမှ အိပ်တတ်ကြတာ ။ တစ်ရေးနိုး ထပစ်ရင်တောင် ပစ်တက်ကြတာ ။ ( သိပ်ကြောက်စရာကောင်းတာနော် ) *၂။ မျက်စောင်း* အဲဒီ မျက်စောင်းက အမျိုးမျိုးရှိတယ် ။ မူကွဲတွေပေါ့ အချစ်မျက်စောင်း ၊ အမုန်းမျက်စောင်း ၊ ရောစွပ်မျက်စောင်း ၊ — (ရောစွပ်မျက်စောင်း ဆိုတာအရေးကြီးတယ် — ဘာသာပြန်မှန်ဖို့လိုတယ်) ချစ်သလိုလို မုန်းသလိုလို ဘာကြီးမှန်းကို မသိတဲ့ မျက်စောင်းမျိုးလေ – ဘာသာပြန်များ အကောက်လွဲလို့ကတော့ […]


khinmintatthuJune 23, 20101min1130
သတင်းခေါင်းစဉ် ၁။ မျဉ်းဝါမှတစ်ဆင့် လမ်းဖြတ်ကူးသူများ ဖိနပ်စီး၍ လမ်းလျောက်လျက်ရှိ၊ ၂။ AIDS ရောဂါကို လူတိုင်းကြောက်ရွံ့၊ ၃။ တရားသူကြီးများ တရားစီရင်ရေးကိစ္စဆွေးနွေး၊ ၄။ နှာခေါင်းတွင် အပေါက်နှစ်ပေါက်မပါပါက လူများအသက်ရှုရာတွင် အခက်အခဲတွေ့နိုင်ဟု သိပ္ပံပညာရှင်များဆို၊ ၅။ အခိုးခံရသော ပန်းချီကားများ ပျောက်ဆုံးလျှက်ရှိ၊ ၆။ ကျောင်းသားတစ်ဦး ကျောင်းကားပေါ်တွင် ကျောင်းသားများနှင့် စာအကြောင်းဆွေးနွေး၊ ၇။ နားမကြားသူများ နားကြားကိရိယာအသုံးမပြုပါက နားကြားရမည်မဟုတ်ဟု ကျွမ်းကျင်သူများပြောကြား၊ ၈။ ခရီးသည်တင်ကားများတွင် ထိုင်ခုံမရပါက မတ်တတ်စီး၍ လိုက်ပါနိုင်၊ ၉။ မဆင်မခြင်သောက်သုံးမှုကြောင့် အရက်သမားတစ်ဦး အမူးလွန်၊ ၁၀။ ရထားစီးစဉ် ပြတင်းပေါက်များဖွင့်ထားပါက လေကောင်းလေသန့်ရနိုင်၊ ဘီယာအဖြတ်တော်သူ တစ်ခါတုန်းက မိတ္ထီလာ နည်း ပညာ တက္ကသိုလ် ကြီးမှာပေါ့ သူငယ်ချင်း သုံးယောက်ရှိတယ် […]