khinmintatthuJune 19, 20101min700
၄ နှစ်မှတစ်ကြိမ် ကျင်းပခြင်းဖြစ်တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကို ၂၀၁ဝ တွင် တောင်အာဖရိက နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ရာတွင် အခုဆိုရင် အုပ်စုအဆင့်ပွဲစဉ်များရဲ့ ဒုတိယမြောက်ပွဲစဉ်များကို ယှဉ်ပြိုင်နေချိန်တွင် အသင်းကြီးများအနေဖြင့် အုပ်စုတက်နိုင်ဖို့အတွက်ကို ကြိုးစားရုန်းကန်နေရ ပြီး ထင်မှတ်မထားသည့် ရလဒ်များထွက်ပေါ်လျက်ရှိနေသည်။


khinmintatthuJune 14, 20101min600
ကမ္ဘာ့ဖလားအုပ်စုအဆင့် အုပ်စု (E)မှ ဂျပန်အသင်းနှင့် ကင်မရွန်းအသင်းတို့ ဇွန်လ ၁၄ရက်နေ့က ဘလွန်းဖောင်တိန်မြို့၊ ဖရီးစတိတ်ကွင်းတွင် ယှဉ်ပြိုင်ကစာသွားခဲ့ရာ ဂျပန်အသင်းက ကင်မရွန်းအသင်းကို ၁-ဝ ဂိုးဖြင့် အနိုင်ရကာ အဖိုးတန် အနိုင်သုံးမှတ်ကို ထိုက်တန်စွာ ဆွတ်ခူးသွားနိုင်ခဲ့သည်။ ယင်းပွဲစဉ်တွင် ဂျပန်အသင်းကို ပွဲစကတည်းက ကင်မရွန်းခြေစွမ်းပိုင်းရော ကစားကွက်ပိုင်းပါ အသာစီးဖြင့် ဖိအားပေးကစားနိုင်ခဲ့သည်။ ဂျပန်အသင်းသည် ကစားကွက်တည်မရဖြစ်ကာ ကင်မရွန်းအသင်း၏ တရစပ်ဖိအားပေးမှုကို ခံစစ်သက်သက်ဖြင့်သာ ကစားနိုင်ခဲ့သည်။ တစ်ချက်တစ်ချက်မှသာ ပြန်လည်ထိုးဖောက်ကစားနိုင်ခဲ့သည်။ ပြန်လည်ထိုးဖောက်တိုုက်စစ်ဆင် ကစားတဲ့အခါမှာလည်း ကင်မရွန်းဂိုးသမားနှင့် နောက်တန်းခံစစ်မှူးများမှာ မနည်းကို ဖျက်ထုတ်လိုက်ရသည်။ ပထမပိုင်းပွဲစပြီး ပွဲချိန် ၃၈ မိနစ်တွင်မှ ကင်မရွန်း ကစားသမား အီနို့က ပထမဆုံး ဂိုးသွင်းခွင့် စရခဲ့ပြီး ဂျပန် ဂိုးသမား ကာကွယ်နိုင် ခဲ့သည်။ နောက်ထပ် […]


khinmintatthuJune 12, 20101min610
ဇွန်လ ၁၂ရက်နေ့တွင် ဂျိုဟန်ဘတ်မြို့ရှိ အဲလစ်ပတ်စ်ကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ကစားသွားခဲ့ သည့် ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်အဆင့် ၄ ပွဲမြောက်ပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းနှင့် နိုက်ဂျီးရီးယားအသင်းတို့ယှဉ်ပြိုင်ကစားသွားခဲ့ရာ တွင် ၆ မိနစ်တွင် အာဂျင်တီးနားအသင်း နောက်တန်း ဘယ်အစွန်လူ ဂယ်ဘရီရယ်ဟိန့်ဇ် သွင်းယူခဲ့သော တစ်လုံးတည်းသောဂိုးဖြင့် အာဂျင်တီးနားတို့ နိုင်ပွဲရရှိခဲ့သည်။ အာဂျင်တီးနားအသင်းသည် နိုက်ဂျီးရီးယားအသင်းကို ယှဉ်ပြိုင်ကစားရန်အတွက် ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်လာခဲ့ပြီး ရှေ့တန်းတွင် ဟီဂွေအင်နဲ့ တဲဗက်ဇ်တို့ တိုက်စစ်အတွဲကို ပွဲထွက်ကစားစေခဲ့ပြီး ကွင်းလယ်ပိုင်းတွင် ဒီမာရီယာ၊ ဗီရွန်၊ မာရှေယာနို၊ မက်ဆီတို့ ကို အထိုင်ချကစားစေခဲ့ပြီး နောက်တန်းတွင် ဂူတီရက်ဇ်၊ ဆမ်မြူရယ်၊ ဟိန့်ဇ်၊ ဒီမီချယ်လီ တို့ကို နောက်တန်းခံစစ်အမာခံများကို ထားကစားစေခဲ့သည်။ နိုက်ဂျီးရီးယားအသင်းကလည်း အာဂျင်တီးနားအသင်းကို ၄-၅-၁ ကစားကွက်နဲ့ ခံစစ်ဦးစားပေးကစားစေခဲ့ပြီး ယာကူဘူ တစ်ယောက်တည်းကို […]


khinmintatthuJune 12, 20101min1243
ဦးဆင်ပေါက်သည် ဆူဆူညံညံအသံများကြောင့် အိပ်ရာမှလန့်နိုးလာခဲ့ရသည်။ အသံချဲ့စက်နှင့်အော်နေသော အသံများဖြစ်၏။ “ဒီဓာတ်မှန်ကားတွေဟာ တော်တော်တရားလွန်တယ်” ဟုတ်မကျေမနပ် ရေရွတ်သည်။ ထို့နောက် သူတို့လို လူကုံထံတွေသာ အသုံးပြုနိုင်သော မှို့စစ်စစ်ဖြင့်ပြုလုပ်ထားသည့် ခေါင်းအုံးကို နားရွက်ပေါ်မှာဖိလိုက်ပြီး ပြန်အိပ်ဖို့ကြိုးစားသည်။ သို့ရာတွင် အိပ်လို့မရတော့။ ထို့ကြောင့်အိပ်ရာမှထလိုက်ရပြီး ရေချိုးခန်းသို့ဝင်ခဲ့သည်။ နယ်လှည့်ဓာတ်မှန်ကားများသည် သူတို့အရပ်ဒေသသို့ တစ်လနှစ်ခေါက်လောက်တော့ လာတတ်သည်။ ကြီးမားရှည်လျားသော မှန်လုံကားကြီးဖြစ်၏။ အစိမ်းရင့်ရောင်မှန်များ တပ်ဆင်ထားသည်။ ရောဂါရှာဖွေရေး ကိရိယာအပြည့်အစုံနှင့် ဓာတ်ခွဲခန်းလည်းပါဝင်သည်။ သူတို့ဆီမှာတော့ ဓာတ်မှန်ကားဟူ၍သာ အလွယ်တကူခေါ်ကြသည်။ ဒီကားတွေဟာ ရောက်လာပြီဆိုလျှင် အသံချဲ့စက်ဖြင့် အော်ဟစ်ကြေညာတတ်သည်။ အမှန်အားဖြင့်တော့ သူတို့နေရာမှာ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်၏။ ဆူဆူညံညံမလုပ်ရ။ သန့်ရှင်းလတ်ဆတ်သော လေကောင်းလေသန့်ကို ထိခိုက်စေနိုင်သည့် ဒီဇယ်ကား၊ ဓာတ်ဆီကားတွေမဝင်ရ။ လောင်စာဆဲဓာတ်အိုး၊ နေရောင်ခြည်စွမ်းအင် စသည်တို့ အသုံးပြုသော ယာဉ်များသာ ဝင်ခွင့်ပြုသည်။ ဓာတ်မှန်ကားတွေကတော့ […]


khinmintatthuJune 12, 20101min570
ဇွန်လ ၁၂ ရက်နေ့ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော မကွေးအက်ဖ်စီ အသင်းနှင့် မနောမြေအသင်းတို့ ယှဉ်ပြိုင်ကစားသွားခဲ့ကြပြီး မကွေးအက်ဖ်စီအသင်းက မနောမြေ အသင်းကို ၅-၃ ဂိုးဖြင့်  အနိုင်ရရှိခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဇယား အဆင့် (၄)နေရာသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့ပါပြီ။ ကစားခဲ့သောပွဲစဉ်တွင်  မကွေးအက်ဖ်စီအသင်းက မနောမြေအသင်းကို နောက်ကျချေပဂိုးများဖြင့် သွင်းယူပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပွဲစတာနဲ့ နှစ်သင်းစလုံး အကြိတ်အနယ် ကစားခဲ့ကြပြီး အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ကြပြီး မိနစ် ၃ဝ ကျော်လောက်မှာ မနောမြေအသင်းမှ ကျော်ဇေယျာဝင်းက မကွေးအက်ဖ်စီအသင်းဘက်သို့ အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ဂိုးပေးလိုက်ရပြီးနောက် မကွေးအက်စ်စီအသင်းသည် မိမိတို့ရှုံးထားတဲ့ အရှုံးဂိုးကို ပြန်လည်ချေပနိုင်ရန်အတွက် မနားတမ်းတိုက်စစ်ဆင်ခဲ့ရာ သိပ်မကြာခင်မှာပဲ မကွေးအက်ဖ်စီအသင်းအတွက် ချေပဂိုးကို ဟိန်းဇာအောင်က သွင်းယူပေးနိုင် ခဲ့သည်။ ဆက်လက်ယှဉ်ပြိုင်ကစားပြီး ပထမပိုင်းပြီးလုပြီးခင်မှာပဲ ခြေစွမ်းပြကစားနေတဲ့ စိုးကိုကိုထွန်းက ဒုတိယအနိုင်ဂိုးကို […]


khinmintatthuJune 12, 20101min712
12ရက် ဇွန်လ ညနေတွင် မန္တလေးမြို့ ဗထူးကွင်းတွင် ယှဉ်ပြိုင်ကစားသွားသော ရတနာပုံအသင်းနှင့် ဒယ်လ်တာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာတွင် ရတနာပုံအသင်းက ချန်ပီယံခြေစွမ်းဖြင့် ဒယ်လ်တာအသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိသွားပြီး မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားကို ပထမဆုံးပြန်လည်ဦးဆောင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ ယခု ယှဉ်ပြိုင်ကစားသွားခဲ့သော ရတနာပုံအသင်းနှင့် ဒယ်လ်တာယူနိုက်တက်အသင်းတို့ပွဲစဉ် သည်  နှစ်သင်းစလုံးပြိုင်ဆိုင်မှုပြင်းထန်စွာဖြင့် အကြိတ်အနယ် ကစားသွားခဲ့ကြသည်။ ပွဲစကစားချိန်ကတည်းက နှစ်သင်းစလုံး အပြန်အလှန်ထိုးစစ်ဆင်ကစားနေရင်းက ဒယ်လ်တာအသင်းမှ တိုက်စစ်မှူးစတန်လေ၏ အမှတ်မထင်ကန်ချက်အား ရတနာပုံဂိုးသမား ယဉ်မင်းအောင် ပုတ်ထုတ်ကာကွယ်ရာကနေ အသင့်ပါလာသော မင်းမင်းသူက ပိတ်သွင်းပြီး ဒယ်လ်တာအသင်းအတွက် အဖွင့်ဂိုးကို ပွဲစပြီး ၄ မိနစ်လောက်မှတင် သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက်ရတနာပုံအသင်းမှာလည်း ချေပဂိုးရယူနိုင်ရေးအတွက် ပြန်လည်ထိုးစစ်ဆင်နေရင်း တင်ဇော်မိုးက ဂိုးသမားယဉ်မင်းအောင် ရှေ့ထွက်နေသည်ကို အခွင့်ကောင်းယူပြီး ဒုတိယဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပြန်သည်။ အိမ်ရှင်ရတနာပုံအသင်းကလည်း ပေးထားရသည့်ဂိုးများကို […]


khinmintatthuJune 12, 20105min730
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏အဆိုအမိန့်များ(၁) The aphorisms of The Venerable Ashin Janakabhivumsa သိမ်ငယ်တဲ့စိတ်ထား ဘာသာရေးသမားများဟာ ကိုယ့်ဘာသာမဟုတ်ရင် ဂရုမစိုက်ကြဘူး။ ဒါတွေဟာ သိမ်ငယ်တဲ့ စိတ်သဘောထားတွေပဲ Base and mean some religionists have a contempt for other’s religion. This base and mean. …………………………………………………. တစ်ဘဝ ငါမဟုတ်ပါ တစ်ဘဝ တစ်ခဏ၏ ငါအဖြစ်ကို မကြည့်ပါနဲ့၊ တစ်သံသရာလုံးက ငါအဖြစ်ကိုသာ ကြည့်ကြပါ။ Transitory Life Don’t look only to your sutuation in this transitory life; look […]


khinmintatthuJune 12, 20101min680
(ယမုန်နာ ဆေးခန်းလက်ထောက်များအတွက် သင်ခန်းစာသာဖြစ်သည်၊) အသဲရောင်စေသည့် (ဗိုင်းရပ်စ်) ပိုး ၅ မျိုးရှိသည်။ A, B, C, D, E တို့ဖြစ်ကြသည်။ (ဗိုင်းရပ်စ်) ပိုးမှ ကူးသည့် အခြား ရောဂါများမှာ အအေးမိခြင်း၊ ခွေးရူးပြန်ခြင်း၊ အချို့သော ကင်ဆာရောဂါများ၊ ဦးနှောက် အမြှေးပါး ရောင်ခြင်း၊ ရေယုံ၊ ဝက်သက်ရောဂါ၊ တုပ်ကွေး၊ ရေကြောက် တို့ဖြစ်ကြသည်။ အသဲ၏အလုပ်များ 1. အစာထဲက အဆီ၊ ဆီတို့ကို အစာခြေပေးသည်၊ 2. အား (အင်နာဂျီ) ကို သိုလှောင်ထားသည်၊ 3. အဆိပ်အတောက်ကို ဖယ်ရှားပစ်သည်၊ 4. (ဘိုင်းလ်) အစာခြေရည် ထုတ်ပေးသည်၊ 5. ကိုလက်စထရော၊ သွေးခဲစေသည့် ပစ္စည်းများ၊ ပရိုတင်းများ ထုတ်လုပ်ပေးသည်။ […]


khinmintatthuJune 12, 20101min820
လေးဘက်နာဟာ လူရွယ်တွေ သိချင်ကြတဲ့၊ သိသင့်တဲ့ ရောဂါတခုပါ။ ဆေးစာမှာတော့ အနီးစပ်ဆုံးက Rheumatism ဖြစ်ပါတယ်။ Rhumatic အဆစ်နာ၊ Rhumatic အဖျား၊ Rhumatic နှလုံးရောဂါ၊ စတာတွေကို ခြုံခေါ်တာ ဖြစ်ပါတယ်။ ဒီအသုံးက နဲနဲတော့ ခေတ်နောက်ကျသွားပါပြီ။ ရောကောသောကော လုပ်ရာကျနေလို့ပါ။ ဒီအုပ်စုဝင် Arthritis ရောဂါကို ကုရတာနဲ့ Lupus ကို ကုရတာ ဘာမှမဆိုင်အောင် မတူလို့ ရောဂါအုပ်စု တခုထဲ လုပ်ဘို့ မဆီလျှော်လို့ ဖြစ်ပါတယ်။ Arthritis အဆစ်နာတယ် ဆိုလိုက်ရင် လေးဘက်နာလို့ဘဲ ထင်ကြတယ်။ နဲနဲတော့ မှန်တယ်။ ဒါပေမဲ့ အဆစ်နဲ့ မဆိုင်တဲ့ နှလုံး၊ အရေပြား၊ ကျောက်ကပ်၊ အဆုပ်တွေမှာလည်း ဖြစ်တာတွေ ရှိသေးတယ်။ ရောဂါခွဲတွေက များသလား […]


khinmintatthuJune 12, 20101min550
သွားများကို တစ်နေ့နှစ်ကြိမ်ပုံမှန်မတိုက်သူများသည် ပုံမှန်သွားတိုက်သူများထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၇ဝရာခိုင်နှုန်းရှိကြောင်း လေ့လာမှုတစ်ခုအရသိရသည်။ တစ်နေ့နှစ်ကြိမ် သွားပုံမှန်တိုက်ပေးပါက နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပြီး၊ သွားတိုက်ရန်ပျက်ကွက်ပါက နှလုံးရောဂါဆိုင်ရာများ ဖြစ်ပွားနိုင်မှုအနေအထားများပြားကြောင်း သုတေသီများက ပြောသည်။ အကြာသေးမီက ပြုလုပ်သည့် လေ့လာမှုအရ သွားနှင့်ခံတွင်းဆိုင်ရာ သန့်ရှင်းမှုအားနည်းခြင်းနှင့် သွားဖုံးသွေးယိုခြင်းများကြောင့် သွေးကြောများအတွင်းသို့ ဘက်တီးရီးယားပေါင်း ၇၀ဝ ခန့် ဝင်ရောက်လာနိုင်ကာ မည်မျှပင်ကျန်းမာသည့်လူဖြစ်စေ နှလုံးရောဂါဖြစ်ပွား စေနိုင်ကြောင်း သိရသည်။ သွေးကြောများအတွင်းသို့ ဘက်တီးရီးယားများဝင်ရောက်ခြင်းသည် သွေးလွှတ်ကြောနံရံများကို ရောင်ရမ်းပြီး ကျဉ်းမြောင်းစေကာ ကျန်းမာရေးထိခိုက်စေနိုင်ခြင်းကို ဖြစ်စေသည်။ လန်ဒန်တကသိုလ်ကောလိပ်မှ သုတေသီများက အသက် ၅ဝ ပတ်ဝန်းကျင်ရှိ လူဦးရေ ၁၁၀၀ဝ ကျော်ကို လေ့လာစမ်းသပ်ခဲ့ခြင်းဖြစ်သည်။ လူနာများသည် သွားဆရာဝန်ထံသို့ အကြိမ်ရေဘယ်လောက်သွားသည်၊ သွားသန့်ရှင်းရေးမည်မျှပြုလုပ်သည်စသည်ဖြင့် သွားကျန်းမာရေးဆိုင်ရာ လုပ်ဆောင်မှုရာဇဝင်ကို မေးမြန်းလေ့လာခဲ့သည် ဟုသိရသည်။ လူနာများအနက်မှ […]


khinmintatthuJune 11, 20101min1134
နားတွေမှာ သူဘာသာသန့်စင်စေခြင်းနဲ့ သူဘာသာ ကာကွယ်နိုင်ခြင်းဆိုတဲ့ သဘာဝသတ္တိရှိပြီးသားပါ။ ဒါ့ကြောင့် နားတွေကို မမှန်ကန်တဲ့နည်းတွေနဲ့ သန့်စင်ဆေးကြောမှု ပြုလုပ်တဲ့အခါ နားမှာ ထိခိုက်ဒဏ်ရာရခြင်းနဲ့ နားတွင်း ကူးစက်ပိုးဝင်ခြင်းဆိုတဲ့ ပြဿနာတွေ ဖြစ်စေနိုုင်ပါတယ်။ နားဖာချေးကို မကလော်ပါနဲ့ နားဖားချေးတွေဟာ နားရဲ့သူ့ဘာသာ သန့်စင်စေတဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ နားဖာချေးတွေဟာ ဆိုးဆိုးဝါးဝါးပိတ်ဆို့ မနေရင် ကလော်ပြီး မဖယ်ရှားသင့်ပါဘူး။ အပြင် နားစည်အရေပြားရှိ ဂလင်းကနေ ထုတ်ပေးလေ့ရှိတဲ့ နာဖာချေးတွေဟာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာ တွေကို လုပ်ဆောင်နေပါတယ်။ နားစည်ရဲ့ အရေပြားကို ကာကွယ်ဖုံးအုပ်ပေးခြင်း၊ ရေကို တွန်းထုတ်ခြင်းနဲ့ နားတွင်းပိုးဝင်တာနဲ့ ထိခိုက်ဒဏ်ရာမဖြစ်အောင် ကာကွယ်ပေးခြင်းစတဲ့ လုပ်ငန်းတွေအပြင် နားအတွင်း အရေပြားခြောက်သွေ့ ယားယံခြင်းမဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။ ဒါ့ပြင် နားဖာချေးဟာ အပြင်ကနေဝင်လာတဲ့ […]


khinmintatthuJune 11, 20101min700
သွားများ ခိုင်မာစေမည့် အကောင်းဆုံး သဘာဝဆေးစွမ်းကောင်း တစ်ခုအဖြစ် ဒိန်ချဉ်ကို ဆရာဝန်များက ညွန်းဆိုလိုက်သည် ၊ ဒိန်ချဉ်ကို ပုံမှန်စားခြင်းဖြင့် သွားများ ယိုယွင်းပျက်စီးမှုကို ၂၂ ရာနှုံး ပိုမိုအကာအကွယ် ဖြစ်စေကြောင်း သုတေသန စစ်တန်းတစ်ခုအရသိရသည်။ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကို နေ့စဉ်ဖြစ်စေ တစ်ပတ်လျှင် အနည်းဆုံးလေးကြိမ်ဖြစ်စေ ဒိန်ချဉ်တိုက်ကျွေးပြီး တစ်ပတ်လျှင်တစ်ကြိမ်သို့မဟုတ် လုံးဝဒိန်ချဉ်မတိုက်သော ကလေးနှင့် နှိုင်းယှဉ်ပါက သွားများခိုင်ခန့်မှု သိသာစွာ တွေ့ရှိရကြောင်း ဂျပန်နိုင်ငံ ဖူကို အိုကာ တက္ကသိုလ်နှင့် တိုကျို တက္ကသိုလ်မှ သုတေသီများက ဩစတေးလျနိုင်ငံမှ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိမှုကို အခြေခံကာ သုတေသန ပြုလုပ်ပြီးနောက် ယခု တွေ့ရှိချက်ကို ဂျပန်သွားဘက်ဆိုင်ရာ ဆေးပညာဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့သည်၊ ပညာရှင်များ အဆိုအရ ဒိန်ချဉ်တွင်ပါဝင်သော ပရိုတင်းဓာတ် တစ်မျိုးသည် […]


khinmintatthuJune 11, 20101min500
ပုံ (၁) အမျိုးမျိုးသော soft drinks များ မြန်မာနိုင်ငံမှာ soft drink လို့ ခေါ်တဲ့ အချိုရည်ပုလင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင်ထုတ်လာကြတာ နှစ် ၂ဝ လောက်ရှိပြီ ထင်ပါတယ်။ Pepsi တို့ 7up တို့က စလိုက်တာ အခု fruito တို့ cola တို့ခောတ် အထိပါပဲ။ ကြားထဲမှာ lippo တို့ ကျွဲရိုင်းတို့လည်း ပါပါသေးတယ်။ သူတို့ကို energy drink လို့လည်း ခေါ်ကြတယ်။ ဘာဖြစ်လို့လဲဆိုသော် သူတို့ထဲမှာ သကြားဓာတ်တွေ အမြောက်အမြားပါဝင်တယ်။ သကြားဆိုတာ body အတွက် စွမ်းအင်ပဲ။ အဲဒီတော့ အချိုရည်သောက်လိုက်ရင် လန်းသွားတယ်ဆိုတာ တကယ်တော့ မဆန်းလှပါဘူး။ ပေါ်စတုန်းက အရမ်းခောတ်စားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မြို့ပေါ်ကလူတွေက […]