klnMay 27, 20101min1094
ရန်ကုန်မြို့ အဆင့်မြင့်မင်္ဂလာဈေး မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မီးပေါ့ဆမှုဖြင့် ဆိုင်ပိုင်ရှင်သုံးဦးအား အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ နို်င်ငံနှင့် ပုဂ္ဂလိကပိုင်ရှင်များအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ပေါ်စေသဖြင့် နောင်တွင် မီးပေါ့ဆသူများအား ထိရောက်စွာ အရေးယူသွားမည် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အဆင့်မြင့်မင်္ဂလာဈေး စတုတ္ထထပ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်မှ မေ ၂၄ရက် နံနက် ၈နာရီခွဲခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး မေ ၂၅ရက် နံနက် ၅နာရီ ၅မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ဖြစ်စဉ်အား မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့် ဦးစီးအဖွဲ့က စုံစမ်းစစ်ဆေးခဲ့ရာ ဆိုင်ခန်းအမှတ် စ(၈၀/၈၁)၌ လျှပ်စစ်ရေနွေးအိုး ပလတ်ပေါက်ထိုး၍ ရေနွေးကျိုထားစဉ် မေ ၂၃ရက် ညနေ ၅နာရီ ဈေးပိတ်ချိန်တွင် ဈေးကော်မတီက လျှပ်စစ်မီးများ ဖြတ်တောက်ခဲ့ရာ ရေနွေးအိုးအား […]


klnMay 27, 20101min530
မန္တလေး-မြစ်ကြီးနားရထားလမ်း မြစ်ကြီးနားဘူတာနှင့် နန်းကွေ့ဘူတာအကြားရှိ ရထားသံလမ်းအောက်၌ မေလ ၂၆ရက်နေ့ နံနက်ပိုင်းတွင် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ မေလ ၆ရက်နေ့ နံနက် ၁ဝနာရီ ၃၅မိနစ်ခန့်တွင် မြန်မာ့မီးရထားမှ ဝန်ထမ်းတစ်ဦးက မြစ်ကြီးနားဘူတာနှင့် နန်ကွေ့ဘူတာအကြား မိုင်တိုင်အမှတ် ၁၇၉/၁၉နှင့် ၂ဝအကြား ရထားသံလမ်းအောက်၌ မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိသဖြင့် လုံခြုံရေးတာဝန်ရှိသူများထံ ဆက်လက် သတင်းပေးပို့ခဲ့ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးရှင်းလင်းရာ ရထားသံလမ်းဆက်အောက်၌ အထုပ်နှစ်ထုပ်၊ ၎င်းမှ ပေ ၄ဝခန့်အကွာ သံလမ်းဆက်အောက်၌ အထုပ်နှစ်ထုပ် စုစုပေါင်း လေးထုပ်တွေ့ရှိခဲ့ကြောင်း၊ ယင်းအထုပ်များကို စစ်ဆေးရာ TNT ယမ်းတုံး ၄၀ဝဂရမ်ပါ အတုံး ၃၀၊ ၂၀ဝဂရမ်ပါ အတုံး ၂၀၊ စနက်တံခြောက်ခု၊ ဆားကစ်သုံးခုနှင့် ဓာတ်ခဲ ၁ ဒသမ ၅ဗို့ […]


klnMay 27, 20101min641
ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုထားသည့် စက်သုံးဆီဆိုင်အချို့တွင် လက်ရှိသုံးစွဲလျက်ရှိသည့် ဆီပန့်များအစား ဒီဂျစ်တယ်ပန့်များကို အစားထိုးတပ်ဆင်ပြီး ဆီရောင်းချမှုကိုလည်း ကွန်ပျူတာစနစ်ဖြင့် လုုပ်ဆောင်မည်ဖြစ်ကြောင်း ထိုပန့်များကို တင်သွင်းရောင်းချပေးသည့် International Marine Services Co Ltd အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်ဟိန်းက မေလ ၂၁ ရက်တွင် ပြောကြားသည်။ အဆိုပါ ဒီဂျစ်တယ်ဆီပန့်များ သည် သတ်မှတ်ပေးထားသော စက်သုံးဆီရောင်း ဈေးအတိုင်း ဝယ်ယူသူထည့်လိုသည့် ဆီပမာဏကို တိကျစွာထည့်ပေးနိုင်သည့် ပန့်များဖြစ်ကာ လက်ရှိတွင် ထိုပန့်များကို ကုမ္ပဏီသုံးခုမှ လုပ်ကိုင်ဆောင်ရွက်မည့် စက်သုံးဆီဆိုင်ပေါင်း ၂ဝ တွင် ပြောင်းလဲတပ်ဆင်ရန် သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။ “ ဒီဂျစ်တယ်ပန့်တွေကိုတော့ ကုမ္ပဏီတော်တော်များများက စိတ်ဝင်စားကြတယ်။ သုံးစွဲမယ့် ကုမ္ပဏီတွေကလည်း လက်ရှိပန့်တွေ နေရာမှာ ဒီပန့်တွေကို အမြန်ဆုုံးပြောင်းလဲတပ်ဆင်သွားဖို့ ရှိပါတယ် ” […]


klnMay 27, 20101min731
မန္တလေးမြို့ရှိ သုံးစွဲသူနည်းသော အင်တာနက်ဆိုင်များမှာ အခြားအိမ်များသို့ လိုင်းခွဲရောင်းချပေးခြင်းဖြင့် ရပ်တည်လာကြကြောင်းသိရသည်။ မန္တလေးမြို့တွင် အင်တာနက် သုံးစွဲသူများမှာ အင်တာနက်သုံးစွဲရာတွင် ဈေးနှုန်းအပြင် Webcam, Earphone တို့ပြည့်စုံမှုရှိမရှိ၊ အဲယားကွန်းအေးမအေး၊ သုံးစွဲရာတွင် Privacy ရှိမရှိတို့ကိုပါ စဉ်းစား၍ ၎င်းတို့၏ လိုအပ်ချက်များ ပြည့်စုံမှုရှိသည့်ဆိုင်များကိုသာ ရွေးချယ်လာကြရာ အချို့ဆိုင်များတွင် လိုင်းခွဲရောင်းပေးမှသာ စီးပွားရေးအရ အဆင်ပြေနိုင်ကြောင်း အင်တာနက်ဆို်င်ဖွင့်လှစ်ထားသူတစ်ဦးမှ ရှင်းပြသည်။ “အင်တာနက်သုံးတဲ့သူတွေအနေနဲ့ အဲကွန်အေးတဲ့ဆိုင်ကို ရွေးပြီး အများဆုံးသုံးဖြစ်ကြတယ်။ ဒီဘက်ပိုင်းမှာ မီးမလာတာများတော့ အဲကွန်းအတွက် ဂျင်နရေတာသုံးရင်မကိုက်တော့ ပန်ကာလောက်ပဲ ဖွင့်ပေးဖြစ်တယ်။ အဲဒါကြောင့် နေ့ခင်းပိုင်းတွေမှာ လူသိပ်မလာတော့ ဆိုင်စရိတ်ကာမိအောင် ဘေးအိမ်တွေကို Router သုံးပြီး လိုင်းခွဲပြီးရောင်းပေးထားတယ်။ လောလောဆယ်တော့ ဆယ်အိမ်လောက်လိုင်းခွဲပေးထားပြီး တစ်လိုင်းကို တစ်လနှစ်သောင်းနှုန်း ယူပါတယ်” ဟု မြို့သစ်ပိုင်းမှ အင်တာနက်ဆို်င်ဖွင့်ထားသူတစ်ဦးက […]


klnMay 27, 20101min700
ဘုန်းတော်ကြီးများနှင့် တရားဓမ္မလေ့လာလိုက်စားသူများ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ e-တရားသင်ပုန်း (DHAMMA PAD) အမည်ရှိ Tablet ကွန်ပျူတာတစ်မျိုးကို မန္တလေးအခြေစိုက် အယ်လ်ဖာကုမ္ပဏီက ထုတ်လုပ်ရောင်းချရန် စီစဉ်လျက်ရှိကြောင်း ထိုကုမ္ပဏီအုပ်ချုုပ်မှုဒါရိုက်တာ ဦးရဲမြတ်သူက ပြောကြားသည်။ ထို Tablet ကွန်ပျူတာတွင် ကုမ္ပဏီမှ ယခင်က ထုတ်လုပ်ခဲ့သော အိတ်ဆောင်ပိဋကစက်တွင် ပါဝင်သော ဒေတာအချက်အလက်များ အားလုံးပါဝင်မည့်အပြင် စာအုပ် Scan များနှင့် ပီဒီအက်ဖ်ဖိုင်များကိုပါ ဖတ်ရှုနိုင်စေမည်ဖြစ်သည်။ “ ဓမ္မပက် (DHAMMA PAD) ဆိုတာကို ပြောရရင် အိုင်ပေါ့ဒ်တပ်ချ်ခေတ်က အိတ်ဆောင် တိပိဋက ထုတ်ရာကနေ အိုင်ပက်ဒ်ခေတ်မှာ အကြီးထုတ်တာပါပဲ။ စာအုပ်တွေ၊ Scanတွေ၊ ပီဒီအက်ဖ်တွေကိုပါ ဖတ်လို့ရတဲ့ မိုဘိုင်းအင်တာနက် Device ရတဲ့ Tablet ဖြစ်သွားတယ် ” ဟု […]


klnMay 27, 20101min690
အနောက်တောင်မုတ်သုံလေမှာ မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများသို့ ဝင်ရောက်နေပြီ ဖြစ်သဖြင့် တစ်နိုင်ငံလုံးသို့ ဇွန်လဆန်းတွင် ဝင်ရောက်ပျံ့နှံ့သွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မုတ်သုံမှာ မြန်မာနိုင်ငံတောင်ပိုင်းသို့ မေ ၁၈ရက်တွင် ဝင်ရောက်ခဲ့ပြီး မြစ်ဝကျွန်းပေါ်ဒေသများသို့ မေ ၂၁ရက်တွင် ဝင်ရောက်ခဲ့သည်။ ဆက်လက်၍လည်း မေလ ၂၆ရက်၊ ၂ရရက် ဝန်းကျင်တွင် မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဝင်ရောက်နိုင်ပြီး ဇွန်လဆန်း ၃၊ ၄ရက်တွင် တစ်ပြည်လုံးသို့ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူဖြစ်သော ဦးချစ်ကျော်က ရှင်းပြသည်။ “ မြန်မာနိုင်ငံတောင်ပိုင်း ကတော့ ဆယ်ရက်လောက်နောက်ကျတယ်။ မြစ်ဝကျွန်းပေါ်က လေးရက်နောက်ကျတယ်။ ကျန်ဒေသတွေ ကတော့ ပုံမှန်အတိုင်းပဲ။ ” ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။ မုတ်သုံဆုတ်ခွာချိန်ကို လာမည့် စက်တင်ဘာလ ပထမ ၁ဝ […]


klnMay 27, 20101min881
ဆိုင်ခန်းတစ်ခန်းလျှင် ဈေးနှုန်းအနည်းဆုံးကျပ်သိန်းရာချီတန်သော မင်္ဂလာဈေးမီလောင်မှုတွင် မြန်မာ့အာမခံလုပ်ငန်းမှ လျော်ကြေးပေးရဖွယ်မရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူကပြောသည်။ “ပထမထပ်နဲ့ မြေညီထပ်ပဲ အာမခံထားတယ်။ ဆိုင်ခန်းစုစုပေါင်း ၃၂ခန်းက သူတို့ပိုင်ပစ္စည်း တွေအတွက် ထားတာပါ။ အခုလက်ရှိစုံစမ်းချက်အရ အဲဒီဆိုင်တွေက ထိခိုက်မှုမရှိပါဘူး။ ဒါကြောင့် အာမခံလျော်ကြေးငွေပေးရဖို့ တော်တော်နည်းပါတယ်” ဟု မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာဒေါက်တာမောင်မောင်သိမ်းက ပစ္စည်းအာမခံထားသည့်ဆိုင်များမှာ မီးမလောင်၍ မီးအာမခံလျော်ကြေးမပေးရနိုင်ကြောင်း ကိုရှင်းပြသည်။ မင်္ဂလာဈေးမီးလောင်မှုတွင် စတုတ္ထထပ်နှင့် အမိုးပေါ်ရှိစားသောက်ဆိုင်များ မီးလောင်ဆုံးရှုံးခဲ့ရသော်လည်း မင်္ဂလာဈေးကြီးအနေဖြင့် အာမခံထားရှိခြင်းမရှိသဖြင့် လျော်ကြေးငွေရရှိမည်မဟုတ်ကြောင်းသိရသည်။ ၂၀၀၈ခုနှစ်က မန္တလေးမြို့တွင် မန္တလေးရတနာပုံဈေးကြီး မီးလောင်မှုအတွက် အမေရိကန်ဒေါ်လာ ၂ဒသမ ၆သန်းကျော်အပြင် မြန်မာကျပ်ငွေဖြင့် သန်းချီ၍ အာမခံပေးအပ်ခဲ့ရသည်။ ထို့အပြင် ရန်ကုန်မြို့တွင် ၂၀၀၉ခုနှစ်ကလောင်ကျွမ်းခဲ့သော မြန်မာ့ဝိုင်နှင့်အရက်ချက်စက်ရုံ ( MWDC) မီးလောင်ကျွမ်းမှုတွင်လည်း အာမခံထားခဲ့၍ လျော်ကြေးဒေါ်လာသန်းနှင့်ချီ၍ ပေးခဲ့ရကြောင်း […]


klnMay 27, 20101min660
မြန်မာနိုင်ငံတွင် ဘိလပ်မြေထုတ်လုပ်မှု မြင့်တက်လာစေရန် ပုဂ္ဂလိကဘိလပ်မြေစက်ရုံ ၆ရုံကို တည်ဆောက်ရန် ဆက်လက်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း ဘိလပ်မြေစက်ရုံ နှစ်ဆယ်ကျော် ရှိလာမည်ဖြစ်ကြောင်း ဘိလပ်မြေထုတ်လုပ်မှုနှင့် ပတ်သက်၍ စာတမ်းပြုစုထားသူ ပညာရှင် တစ်ဦးကပြောသည်။ “ ရှမ်းပြည်နယ်တောင်ပိုင်း တီကျစ်မြို့အနီးက PNO ပိုင် နဂါးဘိလပ်မြေစက်ရုံကလည်း ဆောက်ပြီးသွားပါပြီ။ ၆ လလောက်အတွင်း လုပ်ငန်းလည်ပတ်ဖို့ စီစဉ်နေပါတယ်။ အဲဒါဆိုရင်တော့ မြန်မာနိုင်ငံမှာ ဘိလပ်မြေစက်ရုံ ၁၄ ရုံရှိလာတော့မှာပါ။ ကျွန်တော်သိတဲ့အထဲမှာတော့ ပုဂ္ဂလိကစက်ရုံ ၆ ရုံ ထပ်မံတည်ဆောက်ခွင့်ပြုထားပါတယ် ” ဟု၎င်းကပြောသည်။ ယခုအခါ ပြည်တွင်း၌ တစ်နှစ်လျှင် ဘိလပ်မြေတန်ချိန် အနည်းဆုံး ၅သန်း လိုအပ်လျက်ရှိပြီး လက်ရှိထုတ်လုပ်မှုမှာ တန်ချိန် ၂သန်း မပြည့်သေးကြောင်း သိရသည်။ […]


klnMay 27, 20101min532
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း၏ ဦးဆောင်မှုဖြင့် ဆန်အထူးပြုကုမ္ပဏီများ၏ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို မေလ ၂၈၊၂၉ ရက်များတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တွင် ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲတွင် ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ငွေကြေးတတ်နိုင်သူများက လယ်သမားများကို ယခုထက်ပိုမို ကူညီနိုင်ရန် ဆန်အထူးပြုကုမ္ပဏီများ အနေနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ထားသည့် အစီအမံများအကြောင်းကိုလည်း ဆွေးနွေးကြမည် ဖြစ်သည်။ ထို့ပြင် ဆန်စက်လုပ်ငန်းများတွင် ရင်းနှမြှုပ်နှံထားရှိမှုများနှင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်နှင့်လည်း ပတ်သက်သည့်အချက်အလက်များကိုလည်း အဆိုပါဆွေးနွေးပွဲတွင် ဖလှယ်သုံးသပ်ကြမည်ဖြစ်ကြောင်း သိရသည်။ “ ဒီပွဲကို ဥက္ကဋ္ဌ အပါအဝင် ဦးဆောင်ကုမ္ပဏီတွေ အကုန်လုံးတက်ကြဖို့ရှိပါတယ်။ အနာဂတ် ဆန်စပါးလုပ်ငန်းကို အခုထက်တိုးတက်ဖို့ စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်နိုင်ဖို့ ကျင်းပရခြင်းပါ ” ဟုမြန်မာနိုင်ငံ […]


klnMay 26, 20101min601
မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနသည် နိုင်ငံတော်အတွင်းရှိငါးမွေးမြူခြင်း လုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျစီမံခန့်ခွဲခြင်း၊ မျိုးထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းလာသည့် အာဖရိက ငါးခူ (Clarias gariepinus) များသည် သဘာဝသယံဇာတများကို ပျက်စီးစေကြောင်းနှင့် ဒေသခံငါးမျိုးများကို ပြုန်းတီးစေကြောင်း စစ်ဆေးတွေ့ရှိရပါသဖြင့်အဆိုပါအာဖရိက ငါးခူများကိုပြည်ပမှပြည်တွင်း သို့တင်သွင်းခွင့်မပြုကြောင်းနှင့် ပြည်တွင်းတွင် လက်ရှိ သားဖောက်ထုတ်လုပ်နေသည့် အာဖရိက ငါးခူများကို ဆက်လက်သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းစသည်တို့ကို မပြုလုပ်ကြရန် ၊ အမိန့်ကြော်ငြာစာအမှတ် ၅/ ၂၀၀၁ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ တားမြစ်ချက်များကို ဖောက်ဖျက်၍ ငါးလုပ်ငန်းလုပ်ကိုင်ကြောင်းစစ်ဆေးတွေ့ရှိရပါက ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်းသတိပေးထားရှိသည်။ သို့ဖြစ်၍ ဤအမိန့်ကြော်ငြာစာပါ သတိပေးတားမြစ်ချက်များကို လိုက်နာကျင့်သုံးကြရန် […]


klnMay 26, 20101min1055
ငွေတစ်ထောင်ကျပ်တန် အစစ် ကျပ်တစ်သိန်းနှင့် အတု ငွေကျပ် ၁ဝသိန်းကို အလဲအလှယ်လုပ်လာသူများ အဖမ်းခံရကြောင်း ဒေါပုံမြို့နယ်ရဲစခန်းမှ သိရသည်။ ယခုလ ၁၁ရက်က ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းစံရပ်ကွက်တွင် ငွေစက္ကူအတုဟု ယူဆရသည်များကို ကိုင်ဆောင် သုံးစွဲနေကြောင်း ကြားသိရသည့်အတွက် ယင်း၏ တာဝန်ရှိသူများက သွားရောက် စစ်ဆေးကြရာ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ “ဗိုလ်ထွန်းစံရပ်ကွက် ဗိုလ်တေဇလမ်း၊ အိမ်နံပါတ် ၁ရမှာနေတဲ့ မကြည်ကြည်မိုးနှင့် အဖဦးဘိုအောင်တို့က အဲဒီရပ်ကွက်က ဈေးဆိုင်တွေမှာ ငွေစက္ကူအတုနဲ့ ဈေးဝယ်ကြတာကစပြီး သဲလွန်စဖြစ်တာပါပဲ”ဟု ယင်း၏ တာဝန်ရှိသူကရှင်းပြသည်။ ၎င်းတို့ကငွေစက္ကူအတုဖြင့် ငွေကျပ် ၂၀ဝဖိုးစီ ဝယ်ယူကာ ၈၀ဝကျပ်ကို ပြန်လည်သိမ်းကြောင်း ယင်းကစစ်ဆေးတွေ့ရှိမှုအပေါ် အခြေခံ၍ ပြောသည်။ “စုစုပေါင်း အဲဒီအနီးပတ်ဝန်းကျင်မှာ အတု ငွေ ၁၀၀ဝကျပ်တန်ငါးရွက် အသုံးပြုထားတာတွေ့ရတယ်”ဟု ယင်းကဆိုသည်။ အဆိုပါ နေအိမ်မှ […]


klnMay 26, 20101min1053
ယခုရက်ပိုင်းအတွင်း ဗိုင်းရပ်စ်ကျွမ်းကျင်သူများပင် အခက်အခဲတွေ့နေရသည့် ဗိုင်းရပ်စ်တစ်မျိုး အွန်လိုင်းပေါ်မှ ပေါ်ထွက်လာခဲ့ပြီး အဆိုပါဗိုင်းရပ်စ်သည် အွန်လိုင်းမှ Data transfer ပြုလုပ်သူများနှင့် အွန်လိုင်းဆက်နွယ်စီးပွားရေးလုပ်ကိုင်နေသူများအတွက် အလွန်အန္တရာယ်ကြီးမားလျက်ရှိကြောင်း သိရသည်။ ယင်းဗိုင်းရပ်စ်သည် ရိုမေးနီးယားနိုင်ငံရှိ ကွန်ပျူတာဟက်ကာတစ်သီးမှ (piece)အမည်ပေး၍ အွန်လိုင်းမှ တစ်ဆင့် ဗီဒီယိုဖိုင်အသွင်ဖြန့်ဝေခြင်းဖြစ်ပြီး ယခုရက်ပိုင်းမှာပင် လပြည့်ဝန်းပလာဇာရှိ ရုံးခန်းတစ်ခု၏ ပြည်ပ Bank အကောင့်ကိုပါ စောင့်ကြည့်ခိုးယူသွားခဲ့ကြောင်း အဆိုပါဗိုင်းရပ်စ်အား ပိတ်ပင်တားဆီးသည့် ကျွမ်းကျင်သူတစ်ဦးကပြောသည်။ `သူ့ဗိုင်းရပ်စ်က Anti-virus တွေ မမြင်နိုင်အောင် အဆင့်မြင့်တဲ့နည်းသုံးထားတယ်ပြောရမယ်။ ဒီ ဗီဒီယိုဖိုင်ကို နှိပ်လိုက်တာနဲ့ စက်က လေးသွားတယ်။ ပြီးတော့ System ကControl Panel တွေပျောက်တယ်။ အဆိုးဆုံးကတော့ နက်ဝက်ခ်ချိတ်ထားတဲ့ ကွန်ပျူတာတွေအားလုံး ချက်ချင်းကူးတယ်။ ပြီးတော့ ဗီဒီယိုဖိုင်ကို ဖွင့်တာနဲ့ သူ့ရဲ့စောင့်ကြည့် Comment […]


klnMay 26, 20101min821
မင်္ဂလာဈေးမီးလောင်မှု အိမ်သုံးဆေးဝါးဈေးကွက်ကို များစွာမထိခိုက်နိုင်ဟု ဈေးကွက်ကျွမ်းကျင်သူများဆို အိမ်သုံးဆေးဝါးမျိုးစုံနှင့် ဆက်စပ်ပစ္စည်းများအား မြန်မာနိုင်ငံအနှံ့အပြားသို့ လက်လီလက်ကားဖြန့်ဖြူးရောင်းချပေးနေသော ဆေးဆိုင်များတည်ရှိရာ ရန်ကုန်မြို့ မင်္ဂလာဈေးမီးလောင်မှုဖြစ်ပွားခဲ့ရာတွင် ဆေးဆိုင်အများစုဆုံးရှုံးခဲ့ရသော်လည်း ဆေးဈေးကွက်အား ထိခိုက်မှုများစွာမရှိကြောင်း ဆေးရောင်းချသူများကပြောသည်။ `ဈေးကွက်ကိုတော့ သက်ရောက်မှုသိပ်မရှိနိုင်ဘူး။ အရင်ကလို မင်္ဂလာဈေးတစ်ခုတည်းရှိတာမဟုတ်ဘူး။ ကုမ္ပဏီတွေမှာလည်း ပစ္စည်းတွေရှိတယ်´ဟု မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကျန်းမာရေးအတွက် ဆေးများအား မြန်မာနိုင်ငံအနှံ့အပြားသို့ မင်္ဂလာဈေးမှတစ်ဆင့် ဖြန့်ဖြူးသော်လည်း ကုမ္ပဏီများမှ အဓိကတင်သွင်းရောင်းချနေပြီး ယင်းကုမ္ပဏီ၏ ဆိုင်ခွဲများမှာလည်း မြန်မာနိုင်ငံအနှံ့အပြားတွင် တည်ရှိနေခြင်းနှင့် ဗိုလ်ချုပ်ဈေးတွင် ဆေးလက်ကားဖြန့်ဖြူးနေသည့်ဆိုင်များရှိခြင်းတို့ကြောင့် ဆေးဈေးကွက်အပေါ် များစွာသက်ရောက်မှုမရှိနိုင်ကြောင်း သုံးသပ်ကြသည်။ သို့သော် ထိုင်းနှင့်တရုတ်နယ်စပ်မှ ဝင်လာသောဆေးဈေးကွက်အား အနည်းငယ်ထိခိုက်ပြီး ရှားပါးဆေးများအား အရေးပေါ်လိုအပ်သူများအတွက်မူ အခက်အခဲတွေ့နိုင်ကြောင်း သုံးသပ်ကြသည်။ `ကျွန်တော်ကတော့ ဝန်ထမ်းတွေ ဘယ်လိုလုပ်ပေးရမလဲ။ ဖောက်သည်တွေ ဘယ်လိုပေးရမလဲပဲတွေးနေတယ်´ဟု အဆိုပါဈေးမီးလောင်ရာ၌ ဆိုင်ခန်းပါသွားသော […]