klnMay 26, 20101min883
လူ ၆ရဦးသေဆုံး၍ ၁၇၀ဝဦးခန့် ဒဏ်ရာရရှိခဲ့သော ထိုင်းနိုင်ငံဘန်ကောက်မြို့လယ်၌ ထိုင်းတပ်မတော်နှင့် ရှပ်နီဆန္ဒပြသူများကြား ထိပ်တိုက်ရင်ဆိုင်မှုများအပြီး ထိုင်းစတော့အိတ်ချိန်းနှင့် ဘဏ်အဆောက်အအုံများ မီးလောင်ခဲ့မှုကြောင့် နှစ်ကာလများစွာ မြန်မာနိုင်ငံ၌ ခေတ်စားနေသော တရားမဝင် နှစ်လုံးထီလောင်းကစားလုပ်ငန်းမှာ ရပ်တန့်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ တရားမဝင်ပြုလုပ်နေကြသော နှစ်လုံးထီလောင်းကစားပုံမှာ ထိုင်းစတော့ရှယ်ယာဈေးနှုန်းများကို ထိုင်းရုပ်သံလိုင်းတစ်ခုမှ ထုတ်လွှင့်သော နောက်ဆုံးဂဏန်းနှစ်လုံးအားယူ၍ ရုံးဖွင့်ရက်များတွင် နံနက် ၁၂နာရီနှင့် ညနေ ၄နာရီတွင် တစ်ရက်နှစ်ကြိမ်ပေါက်ဂဏန်းအဖြစ် ကစားခဲ့ကြခြင်းဖြစ်သည်။ မေလ ၂ဝရက်မှစ၍ စတော့အိတ်ချိန်းအဆောက်အအုံများ မီးလောင်ခဲ့သဖြင့် ထိုနေ့မှစ၍ ထိုင်းစတော့အိတ်ချိန်းဈေးကွက်မှာလည်း ရပ်တန့်ခဲ့သည်။ ထို့ကြောင့် အဆိုပါလောင်းကစားနည်းမှာလည်း ယာယီရပ်တန့်ခဲ့ရခြင်းဖြစ်သည်။ အဆိုပါလောင်းကစားနည်းအား အိမ်ရှင်မအမျိုးသမီးအများစု ကစားလေ့ရှိကြပြီး သက်ဆိုင်ရာကလည်း လောင်းကစားခြင်းအား တားဆီးရန် ကစားသူနှင့်ဒိုင်များကို ဖော်ထုတ်အရေးယူခဲ့ခြင်းများရှိခဲ့ကြောင်း ၂၀၁ဝခုနှစ် မေလ ၂ရရက်နေ့ထုတ် 7 Day News […]


klnMay 26, 20101min751
နိုင်ငံတစ်ဝန်းရှိပုဂ္ဂလိက စက်သုံးဆီဆိုင်အားလုံးလာမည့်ဇွန်လ ၁ဝရက်တွင်တစ်ပြိုင်နက်ဖွင့်လှစ်ကြမည်ဖြစ်ပြီး၊ အဆိုပါ ဆိုင်များတွင် ဓာတ်ဆီတစ်ဂါလံလျှင် ၂,၅၀ဝကျပ်ထက်မပိုသောနှုန်းဖြင့် ရောင်းချသွားကြမည်ဖြစ်ကြောင်းကိုယ်တိုင်စက်သုံးဆီဆိုင်ဖွင့်လှစ်မည့် လုပ်ငန်းရှင်များကပြောသည်။ မေလ၂၄ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက စက်သုံးဆီဆိုင်ဖွင့်လှစ်မည့်လုပ်ငန်းရှင်များ အစည်းအဝေးတွင် ယခင်အစိုးရစက်သုံးဆီဆိုင်များအား ပုဂ္ဂလိကစက်သုံးဆိဆိုင်အဖြစ်လွှဲပြောင်းလုပ်ကိုင်မည့်ဆိုင်များ၏ စတင်ဖွင့်လှစ်မည့်ရက်ကို ဇွန်၁ဝရက်ကို သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေးသို့တက်ရောက်ခဲ့သော စီးပွားရေးလုပ်ငန်းရှင်များကပြောသည်။ ထိုဆိုင်များတွင် ဒီဇယ်ကို မိမိအစီအစဉ်ဖြင့်ဝယ်ယူတင်သွင်းရောင်းချနိုင်သကဲ့သို့ ဓာတ်ဆီကိုလည်း စွမ်းအင်ဝန်ကြီးဌာနမှ ဝယ်ယူ၍ ရောင်းချခွင့်ရရှိကြောင်း သိရသည်။ ထိုသို့ ဓာတ်ဆီကို ပြန်လည်ရောင်းချရာတွင် ဈေးနှုန်းမှာတစ်ဂါလံလျှင် ၂၅၀ဝကျပ်ထက်မပိုသော နှုန်းဖြင့်ရောင်းချကြရန် ညှိနှိုင်းထားကြောင်းလည်း သတင်းရရှိသည်။ ထို့ကြောင့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင်ရောင်းချမည့် ဓာတ်ဆီဈေးနှုန်းမှာ ယခင်အစိုးရစက်သုံးဆီဆိုင်များတွင် ခွဲတမ်းဖြင့်ရောင်းချခဲ့သော နှုန်းနှင့် အတူတူပင်ဖြစ်နိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။ အစိုးရစက်သုံးဆီဆိုင် ၂၄၆ဆိုင်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား ယခုနှစ် နှစ်ဆန်းပိုင်းတွင်လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း […]


klnMay 26, 20101min690
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း၏ ဦးဆောင်မှုဖြင့် ဆန်အထူးပြုကုမ္ပဏီများ၏ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို မေလ ၂၈၊၂၉ ရက်များတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တွင် ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲတွင် ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ငွေကြေးတတ်နိုင်သူများက လယ်သမားများကို ယခုထက်ပိုမို ကူညီနိုင်ရန် ဆန်အထူးပြုကုမ္ပဏီများ အနေနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ထားသည့် အစီအမံများအကြောင်းကိုလည်း ဆွေးနွေးကြမည် ဖြစ်သည်။ ထို့ပြင် ဆန်စက်လုပ်ငန်းများတွင် ရင်းနှမြှုပ်နှံထားရှိမှုများနှင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်နှင့်လည်း ပတ်သက်သည့်အချက်အလက်များကိုလည်း အဆိုပါဆွေးနွေးပွဲတွင် ဖလှယ်သုံးသပ်ကြမည်ဖြစ်ကြောင်း သိရသည်။ “ ဒီပွဲကို ဥက္ကဋ္ဌ အပါအဝင် ဦးဆောင်ကုမ္ပဏီတွေ အကုန်လုံးတက်ကြဖို့ရှိပါတယ်။ အနာဂတ် ဆန်စပါးလုပ်ငန်းကို အခုထက်တိုးတက်ဖို့ စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်နိုင်ဖို့ ကျင်းပရခြင်းပါ ” ဟုမြန်မာနိုင်ငံ […]


klnMay 26, 20101min841
မြန်မာနိုင်ငံတွင် ဘိလပ်မြေထုတ်လုပ်မှု မြင့်တက်လာစေရန် ပုဂ္ဂလိကဘိလပ်မြေစက်ရုံ ၆ရုံကို တည်ဆောက်ရန် ဆက်လက်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း ဘိလပ်မြေစက်ရုံ နှစ်ဆယ်ကျော် ရှိလာမည်ဖြစ်ကြောင်း ဘိလပ်မြေထုတ်လုပ်မှုနှင့် ပတ်သက်၍ စာတမ်းပြုစုထားသူ ပညာရှင် တစ်ဦးကပြောသည်။ “ ရှမ်းပြည်နယ်တောင်ပိုင်း တီကျစ်မြို့အနီးက PNO ပိုင် နဂါးဘိလပ်မြေစက်ရုံကလည်း ဆောက်ပြီးသွားပါပြီ။ ၆ လလောက်အတွင်း လုပ်ငန်းလည်ပတ်ဖို့ စီစဉ်နေပါတယ်။ အဲဒါဆိုရင်တော့ မြန်မာနိုင်ငံမှာ ဘိလပ်မြေစက်ရုံ ၁၄ ရုံရှိလာတော့မှာပါ။ ကျွန်တော်သိတဲ့အထဲမှာတော့ ပုဂ္ဂလိကစက်ရုံ ၆ ရုံ ထပ်မံတည်ဆောက်ခွင့်ပြုထားပါတယ် ” ဟု၎င်းကပြောသည်။ ယခုအခါ ပြည်တွင်း၌ တစ်နှစ်လျှင် ဘိလပ်မြေတန်ချိန် အနည်းဆုံး ၅သန်း လိုအပ်လျက်ရှိပြီး လက်ရှိထုတ်လုပ်မှုမှာ တန်ချိန် ၂သန်း မပြည့်သေးကြောင်း သိရသည်။ […]


klnMay 26, 20101min590
မြန်မာနိုင်ငံ ပြည်တွင်းအခွန်များဦးစီးဌာန၏ ယမကာအတွက် အခွန်ထမ်းဆောင်ပြီးကြောင်း အသိအမှတ်ပြု Logo တံဆိပ်များကို ရန်ကုန်တိုင်းအတွင်း မြို့နယ်၊ ရပ်ကွက်အချို့ရှိ ယမကာဆိုင်များနှင့် ယမကာလက်လီ ရောင်းချသော ဆိုင်များတွင် လိုက်လံဝယ်ယူစုဆောင်းသူများ ရှိနေကြောင်း သိရသည်။ ယင်းသို့ဝယ်ယူကြရာတွင် နိုင်ငံတော်ထံ အခွန်ထမ်းဆောင်ပြီးဖြစ်သော သတ်မှတ်ကုတ်ငါးမျိုး (A1 ၊ A2 ၊ A3 ၊ A4 ၊ A5) အနက် A1 တံဆိပ်ကို အဓိကထားဝယ်ယူလျက်ရှိပြီး ကျန်တံဆိပ်များမှာ A1 အမှတ်တံဆိပ်လောက် ဈေးကောင်းမရကြောင်း သိရသည်။ “ ယမကာနဲ့ ပတ်သက်တဲ့ အခွန်တံဆိပ်တွေကို လိုက်ဝယ်တဲ့နေရာမှာ စုတ်ပြဲခြင်းမရှိဘဲ ပကတိအတိုင်း ကောင်းမွန်တဲ့ အမှတ်တံဆိပ်တွေကိုသာ ဝယ်ပြီး တစ်ခုကို ၁၅ ကျပ်ရပါတယ်။ ပထမတော့ ဘာမှန်း၊ ညာမှန်းမသိတဲ့အတွက် […]


klnMay 26, 20101min511
ရန်ကုန်မြို့တော်နေပြည်သူများအတွက် မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် နောက်ထပ် နှစ်လအထိ ရေအတွက် စိုးရိမ်စရာမလိုကြောင်း၊ အဆိုပါကော်မတီ၏ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။ “မိုးမကျခင်အချိန်အတွက် ရန်ကုန်မြို့မှာ ရေလုံလောက်မှုရှိပါတယ်။ နောက်ထပ်နှစ်လစာရှိတယ်” ဟု ၎င်းကဆိုသည်။ လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ၃၃မြို့နယ်ရှိ လူဦးရေ ငါးသန်းအတွက် တစ်ဦးလျှင် တစ်နေ့အတွက် ဂါလန် ၃ဝနှင့်ဆိုပါက လိုအပ်သော ရေဂါလန်မှာ သန်း ၁၅ဝဖြစ်ကြောင်း၊ နေ့စဉ်ပေးဝေနေမှုမှာ ဂါလန် သန်း ၁၆ဝဖြစ်ကြောင်း သိရသည်။ ပေးဝေနေသော ရေများမှာ ဂျိုးဖြူကန်မှ ဂါလန် ၂ရသန်း၊ ဖူးကြီးကန်မှ ဂါလန် ၅၄သန်း၊ လှော်ကားကန်မှ ဂါလန် ၁၄သန်း၊ အဝီစိတွင်းမှ ဂါလန် ၁၆သန်း၊ ငမိုးရိပ်အထယုမှ ဂါလန် ၄၅သန်း၊ ဒဂုံတောင် ၁၀ရရေပေးဝေရေးမှ ရေဂါလန် တစ်သန်း၊ ဒဂုံတောင် […]


klnMay 25, 20101min760
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်သော မြန်မာတစ်နိုင်ငံလုံးအားထားရသည့် မင်္ဂလာဈေးကြီး မေလ ၂၄ရက် နံနက် ၈နာရီကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုမှာ ဝိုင်ယာရှော့ခ်ဖြစ်ရာမှ စတင်သည်ဟု မီးလောင်မှုမပြင်းထန်မီအဆိုပါဈေးတွင် အထည်ရောင်းသော ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ မီးသတ်ဌာနချုုပ်မှ သတင်းရသောအချိန်မှာ နံနက် ၈နာရီ ၃၈မိနစ်ဖြစ်ပြီး မီးသတ်ဦးစီးဌာန တာဝန်ရှိသူ ပြောပြချက်အရ အရန်မီးသတ်များအပါအဝင် မီးသတ်ယာဉ် ၆၁စီး၊ အုပ်ချုပ်မှုယာဉ် ၁၁စီး၊ ထောက်ကူပြုယာဉ် ရစီးတို့ဖြင့် ငြှိမ်းသတ်နေကြကြောင်း၊ မီးလောင်မှုတွင် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းအချို့ ဒဏ်ရာရရှိသွားကြောင်းနှင့် အဆိုပါဈေးသည် ရန်ကုန်စည်ပင်သာယာရေး ကော်မတီပိုင်ဈေးဖြစ်ပြီး မီးသတ်စနစ်ကို စနစ်တကျထားရှိသောဈေးဖြစ်ကြောင်း သိရသည်။ `မီးလောင်နေတဲ့အထပ်ရဲ့အတွင်းပိုင်းထဲဝင်ပြီး မီးသတ်နေတာတွေရှိတယ်။ ဆေးဝါးပစ္စည်းတွေဆိုတော့ မီးလောင်ဖို့ လောင်စာရနေတယ်။ မြို့တော်စည်ပင်ဘဏ်အနေနဲ့ နီးတဲ့အခြမ်းကတော့ မီးငြိမ်းနေပြီ´ဟု မီးသတ်သမားတစ်ဦးက ပြောကြားသည်။ မီးစတင်လောင်ကျွမ်းရာအခန်းသည် ဝိုင်ယာရှော့ခ်ကြောင့် မီးခိုးများထွက်လာသော်လည်း ဆိုင်ခန်းသည် […]


klnMay 25, 20101min721
မေလ ၂၄ရက်က မီးလောင်မှုဖြစ်ပွားခဲ့သော မင်္ဂလာဈေးကြီးမှာ အာမခံထားခြင်းမရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာ မောင်မောင်သိန်း ကပြောသည်။ “ ဈေးတစ်ခုလုံး အာမခံမထားထားဘူး။ ဈေးရဲ့ မြေညီထပ်၊ ပထမထပ်က ဆိုင်ခန်းတချို့ကပဲ အာမခံထားတယ်။ အဲလို အာမခံထားတာကလည်း ဆိုင်ခန်းကို ထားတာမဟုတ်ဘူး။ ဆိုင်ခန်းထဲက ပစ္စည်းကို ထားတာ ” ဟု ယင်းကပြောသည်။ ယင်းကဲ့သို့ အာမခံထားရှိရာတွင် အခြေခံစားသောက်ကုန်မှလွဲ၍ အဝတ်အထည်၊ ပရိဘောဂ၊ လျှပ်စစ်ပစ္စည်းများကို အာမခံထားရှိနိုင်ကြောင်းနှင့် မင်္ဂလာဈေး မြေညီထပ်နှင့် ပထမထပ်မှာ အထည်ဆိုင်များ အများဆုံးတည်ရှိကြောင်း သိရသည်။ ဈေးများအာမခံထားရှိရာတွင် ဈေးတစ်ခုလုံးကိုသာမက ဆိုင်ခန်း၊ ကုန်ပစ္စည်းများပါ အာမခံထားရှိနိုင်ကြောင်း သိရသည်။ “ အခုလက်ရှိ ရန်ကုန်မြို့ကဈေးတွေက တစ်ဈေးမှ အာမခံမထားဘူး။ ဈေးတွေက ဆိုင်ခန်းတချို့ပဲ အာမခံထားတယ်။ […]


klnMay 25, 20101min481
် မုတ္တမကမ်းလွန်မှ သွယ်တန်းလျက်ရှိသည့် ၂၄လက်မကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းခြင်း ပြီးဆုံးသွားပြီဖြစ်ရာ လျှပ်စစ်ဓာတ်အားရရှိရေး လည်ပတ်မည့်စက်ယန္တရားများတပ်ဆင်ပြီးစီးပါက လျှပ်စစ်မီးများပေးဝေနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ၂၄လက်မပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့များ မေလ တတိယပတ်အတွင်း ရန်ကုန်မြို့သို့ စမ်းသပ်ပို့လွှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အလားတူပင် ယင်း ၂၄လက်မ ပိုက်လိုင်းသွယ်တန်းမှုနှင့်ပတ်သက်၍ ပိုက်လိုင်းသွယ်တန်းမှုစီမံကိန်း၏ ကမ်းလွန်သဘာဝဓာတ်ငွေ့ ထိန်းချုပ်တိုင်းတာဖြန့်ဖြူးရေးစခန်း(ရွာမ)နှင့် သဘာဝဓာတ်ငွေ့လက်ခံစခန်း(အလုံ) တည်ဆောက်ရေးလုပ်ငန်း များရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ၂၀၁ဝခုနှစ် မေလ ၂၆ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။


klnMay 25, 20101min642
ယခုနှစ်ပိုင်းကာလများသည် စွမ်းအင်ရှားပါးသည့် ကာလတစ်ခုသို့ ချဉ်းနင်းဝင်ရောက်ပြီဖြစ်သဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့များအပြင် အခြားစွမ်းအင်ကဏ္ဍများကိုလည်း စိတ်ဝင်စားမှုများပြားလာကြကြောင်း၊ မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်ကဏ္ဍတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရင်းနှီးမြှုပ်နှံမှုများ နေကြောင်းသိရှိရသည်။ ယင်းရေအားလျှပ်စစ်ကဏ္ဍတွင် ကချင်ပြည်နယ်ဧရာဝတီမြစ်ဆုံရေကာတာမှ ရေအားလျှပ်စစ် ၆၀၀ဝမဂ္ဂဝါဝပ်ထုတ်လုပ်ကာ တရုတ်နိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ကြောင်းနှင့် ဧရာဝတီမြစ်ဆုံပေါ်တွင် ရေကာတာခုနစ်ခုတည်ဆောက်ရေးစီမံချက်၏ပထမဆုံးစီမံချက်ဖြစ်ကြောင်း သိရှိရသည်။ ထို့အတူ ရွှေလီမြစ်ပေါ်တွင် တည်ဆောက်ထားသည့် နမ့်ခမ်းမြို့အနီးရွှေလီရေအားလျှပ်စစ်ကို ၂၀၀၉ခုနှစ် ဩဂုတ်လတွင် စတင်ထုတ်လုုပ်ခဲ့ပြီးစုစုပေါင်းဓာတ်အား၏ ၅ဝရာခိုင်နှုန်းအား တရုတ်နိုင်ငံသို့ တင်ပို့ပေးနေပြီဖြစ်ကြောင်း သိရှိရသည်။ အလားတူပင် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား CPI ခေါ်တရုတ်စွမ်းအင်ရင်နှီးမြှုပ်နှံမှုကော်ပိုရေးရှင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အေးရှားဝေါလ်ကုမ္ပဏီတို့က အကောင်အထည်ဖော်နေကြောင်း သိရှိရသည်။ ထို့အတူ ရှမ်းပြည်နယ် သံလွင်အထက်ပိုင်းကွမ်းလုံဒေသတွင်လည်း တရုတ်နိုင်ငံနှင့် ဒုတိယအကြီးဆုံးရေးအားလျှပ်စစ်စီမံကိန်းတစ်ခုတည်းဆောက်ရန် သဘောတူထားကြောင်း၊ ယင်းစီမံကိန်းအားသက်ဆိုင်ရာ ဝန်ကြီးဌာန တရုတ်နိုင်ငံ Energy Holding Group Ltd နှင့် Gold […]


klnMay 25, 20101min580
ပြည်တွင်းရေကြောင်း သဘောင်္များ မုန်တိုင်းမကျရောက်မီ ၁၂နာရီအတွင်း မုန်တိုင်းနားခိုရာသို့ ရွှေ့ပြောင်းပြီး ပန်းဆိုးတန်း- ဒလကူးတို့ကို မုန်တိုင်းမဝင်မီ တစ်နာရီအထိ ပြေးဆွဲပေးသွားမည် သဘာဝဘေးအန္တရာယ်များတွင် တစ်ခုအပါအဝင် ဖြစ်သည့် မုန်တိုင်းအန္တရာယ်နှင့် ကြုံတွေ့လာရပါက ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် သဘောင်္များအား မုန်တိုင်းမကျရောက်မီ၁၂နာရီ အတွင်း မုန်တိုင်းနားခိုရာ နေရာသို့ ရွှေ့ပြောင်းပေးပြီး ပန်းဆိုးတန်း- ဒလ ကူးတို့လမ်းကိုမူ မုန်တိုင်းမဝင်မီ တစ်နာရီအလိုအထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းပြည်တွင်းရေကြောင်းပို့ဆောင်ရေးဦးဆောင်ညွှန်ကြားရေး မှူးဦးစိုးတင့် ကပြောပြခဲ့ပါသည်။ “ နာဂစ်မုန်တိုင်းဖြစ်ပြီးတော့ ကမ်းတင်၊ နစ်မြှုပ်နေတဲ့ သဘောင်္တွေကို ပြန်ပြီး ဖော်ဆယ်ပြုပြင်ခဲ့တယ်။ တဖက်မှာလည်း နောက်ဒီလိုမျိုးထပ်ဖြစ်လာရင် ဆုံးရှုံးမှု နည်းအောင် သဘောင်္တွေ မုန်တိုင်းနားခိုဖို့နေရာ ၊ မုန်တိုင်းလာရင်လုပ်ဆောင်ရမယ့် အဆင့်တွေအလိုက် အရောင်သတ်မှတ်ချက်တွေ၊ စတာတွေကို ညှိနှိုင်းဆွေးနွေးလုပ်ဆောင်ခဲ့တယ်” ဟုပြည်တွင်းရေကြောင်း မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ ထိုသို့ မုန်တိုင်းအန္တရာယ်ကျရောက်ပါက […]


klnMay 25, 20101min620
မေလနောက်ဆုံးပတ်သို့ ရောက်ရှိလာပြီဖြစ်သော်လည်း မိုးရွာသွန်းမှု အားနည်းနေသေး၍ ရန်ကုန်မြို့အား လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနေသော လောပိတနှင့် ရဲရွာရေအားလျှပ်စစ်ပုံမှန်လည်ပတ်မှုမရှိနိုင်သေးကြောင်း သိရှိရသည်။ မြန်မာနိုင်ငံအနေဖြင့်မူ ယခုနှစ်ကာလ အပိုင်းအခြားအတွင်း ရေအားလျှပ်စစ်ကဏ္ဍအတွက် တိုးမြှင့်လုပ်ဆောင်လာကြောင်းနှင့် အဓိကအားဖြင့် ဧရာဝတီမြစ်နှင့် သံလွင်မြစ်တို့တွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများမြင့်တက်နေကြောင်း သိရှိရသည်။ ရေအားလျှပ်စစ်ကဏ္ဍကို မြှင့်တင်တာကောင်းပါတယ်။ လောလောဆယ် သဘာဝဓာတ်ငွေ့နဲ့မီးအပြည့်အဝမပေးနိုင်တဲ့အချိန်မှာ ရေအားနဲ့လည်ပတ်ပြီးမီးရတာ။ ဒါပေမယ့် ရေအားကလည်း မိုးရေချိန်ပေါ်မူတည်နေတော့ ရေရှည်အတွက် ရေအားတစ်ခုတည်းကိုပဲ အားကိုးလို့ရ၊ မရဆိုတာစဉ်းစားစရာပဲ။ အခုနှစ်ပိုင်းတွေမှာ သဘာဝပတ်ဝန်းကျင်အနေအထားတွေ ပြောင်းလဲနေပြီလေ။ ဘာပဲဖြစ်ဖြစ် အခုတည်ဆောက်နေတဲ့ ၂၄လက်မပိုင်လိုင်းက အမှန်တကယ်မီးရရှိလာပြီဆိုရင်တော့ အထိုက်အလျောက်အဆင်ပြေသွားမှာပါ”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သ်။ အစဉ်အလာအားဖြင့် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ လောပိတနှင့် ရဲရွာရေအားလျှပ်စစ်သာဖြစ်ကြောင်းနှင့် ပေါင်းလောင်းရေအားလျှပ်စစ်မှ ထွက်သော လျှပ်စစ်ဓာတ်အားမှာ လက်ရှိအခြေအနေတွင် National Grid ထဲသို့ […]


klnMay 25, 20101min721
တိုင်းတာချက်များအရ စတုရန်းကီလိုမီတာ ၁၀၀ဝန်းကျင်သာကျန်ရှိတော့သည့် အင်းလေးကန် ပြန်လည်စိမ်းလန်းလာစေရန် သက်ဆိုင်ရာဌာနများနှင့် နိုင်ငံခြားအဖွဲ့အစည်းများပူးပေါင်း၍ FREDA (Forest Resource Environment Development and Conservation Association)မှ စီမံကိန်းလေးရပ်ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းမှ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားခဲ့သည်။ စီမံကိန်း ကနဦးလုပ်ငန်းစဉ်အဖြစ် ဇွန်လအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အင်းလေးကန် ပြန်လည်ထူထောင်ရေးအလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။ “အင်းလေးကန်ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားအမွေအနှစ်တစ်ခုဖြစ်သလို ကမာ္ဘလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာနေရာတစ်ခုလည်း ဖြစ်ပါတယ်။ အင်းလေးကန်ပျက်ရင် အနီးတစ်ဝိုက်မှာရှိတဲ့ အင်းသားတွေရဲ့ဘဝ ပျက်မယ်။ အင်းလေးကန်ကို အမှီပြုနေတဲ့ လုပ်ငန်းတွေပျက်မယ်။ နောက်ဆုံး ဇီဝမျိုးစုံမျိုးကွဲလို့ခေါ်တဲ့ ငှက်တွေ၊ ငါးတွေ၊ အပင်တွေအကုန်ပျက်မယ်။ အခုချိန် အင်းလေးကန်မှာ ငါးဖိန်းငါးမျိုးတွေလုံးဝမရှိတော့ဘူး။ ပြီးတော့ အင်းလေးကန်က ဘီလူးချောင်းနဲ့ […]