klnMay 25, 20101min1962
ပြီးခဲ့တဲ့လ အနည်းငယ်အတွင် လိုင်စင်ရအင်တာနက်ဆိုင်(Public Access Centre) အချို့က ၎င်းတို့၏ လုပ်ငန်းလိုင်စင်ပြန်လည်အပ်နှံမှုများနှင့် ပိတ်သိမ်းမှုများ ရှိခဲ့သော်လည်း ထိုအရေအတွက်မှာ လိုင်စင်လျှောက်ထားရယူထားသည့် အရေအတွက်နှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်းအနည်းငယ်သာဖြစ်ကြောင်း အင်တာနက်ဆိုင်များကို လိုင်စင်ထုတ်ပေးသည့် မြန်မာအင်ဖိုတက် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးစိန်ဝင်းက ပြောသည်။ “ ပီအေစီလိုင်စင်ပြန်အပ်တဲ့ဆိုင်က ၁ဝဆိုင်လောက်တော့ ရှိပါတယ်။ အခုဆိုရင် လိုင်စင်ကြေးစပြီး လျှော့ချပေးခဲ့တဲ့ နောက်ပိုင်းခြောက်လအတွင်းမှာ ဆိုင်ပေါင်း ၇၂ဝ အထိတိုးလာတယ်။ လိုင်စင်ပြန်အပ်တဲ့ အရေအတွက် ဒါနဲ့နှိုင်းယှဉ်ကြည့်ရင် ရာခိုင်နှုန်းအနည်းငယ်လောက်ပဲ ရှိပါတယ် ” ဟု ၎င်းကပြောသည်။ ထိုကဲ့သို့ လိုင်စင်များပြန်လည်အပ်နှံခြင်းနှင့် ဆိုင်ပိတ်သိမ်းခြင်းများမှာ လျှပ်စစ်မီးရရှိမှုနည်းပါးခြင်း၊ အင်တာနက်ဆိုင်များပိုမို များပြားလာခြင်းနှင့် နေ့စဉ်ကုန်ကျစရိတ်ကို ကာမိမှုနည်းပါးလာခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။ တာမွေမြို့နယ်အတွင်းရှိ အင်တာနက်ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကလည်း “ […]


klnMay 25, 20101min1700
မြန်မာနိုင်ငံရှိမသန်စွမ်းသူများ၏ ၈၅ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့များဖြစ်ပြီး မသန်စွမ်းသူများသည် မိမိတို့ဘဝရပ်တည်နိုင်ရေးအတွက် အခက်အခဲများစွာရှိနေကြောင်း သိရသည်။ မြန်မာုနိုင်ငံအတွင်း နေထိုင်လျက်ရှိသည့် မသန်စွမ်းသူများ၏ ၈၅ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့များဖြစ်ပြီး အများစုမှာ အလုပ်လုပ်နိုင်သည့် အသက် ၁၆နှစ်မှ ၆၅နှစ်အတွင်းရှိသူများဖြစ်ကြောင်း မသန်စွမ်းသူများ၏ လက်ရှိအလုပ်အကိုင်ရရှိမှုမှာ ၁၅ရာခိုင်နှုန်းထက်လျော့နည်းလျက်ရှိကြောင်းလူမှုဝန်ထမ်းဦးစီးဌာနနှင့် The Leprosy Mission International ( TLMI) တို့မှ စစ်တမ်းကောက်ယူမှုများအရသိရသည်။ စစ်တမ်းများအရ ဧရာဝတီတိုင်းတွင် ကိုယ်အင်္ဂါမသန်စွမ်းသူများအများဆုံးရှိပြီး ပညာအရည်အချင်းအနေဖြင့်လည်း မူလတန်းအဆင့်အထိသာ တက်ရောက်မှုများကြောင့်၊ မသန်စွမ်းသူများအတွက် လုပ်ငန်းစီမံချက်များ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့နိုင်သည့်အခက်အခဲများထဲတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေခြင်းလည်းပါဝင်နေကြောင်းသိရသည်။ “အခုဆိုရင် လူမှုဝန်ထမ်းလက်အောက်မှာ မသန်စွမ်းသူတွေအတွက် ဖွင့်လှစ်ပေးထားတဲ့သင်တန်းကျောင်းတွေနဲ့ တခြားအဖွဲ့အစည်းတွေက ဖွင့်လှစ်ပေးထားတဲ့အသက်မွေးဝမ်းကျောင်းသင်တန်းတွေလည်းရှိနေပါပြီ။ ဒါပေမယ့် အများစုက ရန်ကုန်မှာ ပဲရှိတဲ့အတွက် တခြားနယ်တွေမှာ ရှိတဲ့မသန်စွမ်းသူတွေတက်ရောက်ဖို့အတွက် အခွင့်အလမ်းနည်းနေပါသေးတယ်” ဟုမသန်စွမ်းသူတစ်ဦးကပြောပါသည်။ ယင်းသင်တန်းကျောင်းများ၌ ကွန်ပျူတာသင်တန်း၊ […]


klnMay 25, 20101min1911
သင်္ကြန်ပြီးနောက်ပိုင်းတွင် လက်ပ်တော့နှင့် နက်ဘွတ်ခ် အရောင်းအဝယ်အနည်းငယ်အေးခဲ့သော်လည်း ယခုဈေးကွက် အနည်းငယ်ပြန်လည် လှုပ်ရှားလာကြောင်း၊ ရန်ကုန်မြို့ရှိ ကွန်ပျူတာအရောင်းဆို်င်အချို့က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပြောကြားသည်။ ဆိပ်ကမ်းသာလမ်းရှိ သပြေပွင့် ကွန်ပျူတာဆို်င်မှ တာဝန်ရှိသူကိုထိုက်က “ သင်္ကြန်မတိုင်မီ အိုင်စီတီပြပွဲအတွင်းမှာ လက်ပ်တော့ ၊ နက်ဘွတ်ခ် ဝယ်ယူတာတွေ ရှိခဲ့ပေမယ့် သင်္ကြန်နောက်ပိုင်းမှာတော့ ဝယ်ယူမှုနိမ့်ကျခဲ့တယ်။ နောက်ပိုင်းမှာတော့ ပြန်တက်လာပါတယ်။ သင်္ကြန်မတိုင်ခင်က ဝယ်အားက တစ်ပတ်ကို သုံး၊ လေးလုံးလောက်ပဲ ရောင်းခဲ့ရတာ။ အခုနောက်ပိုင်းတော့ အချို့ဆိုင်ဆိုရင် တစ်ပတ်ကို ငါးလုံးကနေ ရှစ်လုံးလောက်ရောင်းရတယ် ” ဟု၎င်းကပြောသည်။ ယခုနောက်ပိုင်းတွင် ကွန်ပျူတာဈေးကွက်အတွင်း အသုံးပြုပြီးသားလက်ပ်တော့များနှင့် လက်ပ်တော့အသစ်များအကြားတွင် ဈေးနှုန်းကွာဟမှုမှာ ကျဉ်းမြောင်းလာကြောင်း၊ အသုံးပြုပြီးသား လက်ပ်တော့တစ်လုံးကို ဝယ်ယူမည်ဆိုပါက ကျပ်သုံးသိန်းဝန်းကျင် ကုန်ကျမည်ဖြစ်သော်လည်း အသစ်တစ်လုံးကို ဝယ်ယူမည်ဆိုပါကလည်း ကျပ်လေးသိန်းဝန်းကျင်သာ […]


klnMay 24, 20101min2968
၂၀၁၀-၂၀၁၁ပညာသင်နှစ်အတွက် ယာယီခွင့်ပြုထားခဲ့သော ပုဂ္ဂလိကပညာသင်ကျောင်းများအား ရန်ကုန်တိုင်းအတွင်း အနည်းဆုံး၁ဝကျောင်းအထိ တရားဝင်ဖွင့်ခွင့်ပြုမည်ဟု မတ်လကထုတ်ပြန်ခဲ့ခြင်းအား ယခုနှစ်အတွက် ဖွင့်ခွင့်မပြုသေးဘဲ ရပ်ဆိုင်းထားဦးမည်ဖြစ်ကြောင်း ပုဂ္ဂလိကပညာသင်ယာယီဖွင့်ခွင့် ရရှိထားခဲ့သည့် ကျောင်းများမှ စုံစမ်းသိရှိရပါသည်။ အဆိုပါကျောင်းများအား ဘော်ဒါဆောင်များဟူ၍သာ ဆက်လက်ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်း ၂၀၁ဝမေလ လယ်ပိုင်းက ရန်ကုန်မြို့ရှိအမှတ် (၃) အခြေခံပညာဦးစီးဌာနမှ ပုဂ္ဂလိက ကျောင်းအဖြစ်ပြင်ဆင်လုပ်ကိုင်ခွင့်ပေးထားသူအားခေါ်ယူ အသိပေးခဲ့သည်ဟုသိရသည်။ ထို့ပြင် ပုဂ္ဂလိက ပညာသင်ကျောင်းများဟူ၍ ခေါ်ဝေါ်သုံးစွဲခြင်းကိုလည်း ပြင်ဆင်သွားရမည့်အပြင် ဘော်ဒါဆောင်များအား ယခင်နှစ်များကကဲ့သို့ အစိုးရကျောင်းများနှင့် တွဲဖက်ကာ ကျောင်းတက်ရောက်ရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။ “ကျောင်းတွေကတော့ အကုန်လုံးကိုယ့်ဘက်ကပြင်ဆင်စရာရှိတာတွေပြင်ဆင်ထားပြီးပေမယ့်ဒီနှစ်ကို ခွင့်မပြုတော့ဘူးလို့သိရတယ်။ ကျွန်တော်တို့လက်ရှိလုပ်နေတဲ့ဘော်ဒါဆောင်အနေနဲ့ သာလုပ်သွားရတော့မယ့်အပြင် အခုကျောင်းဖွင့်ရာသီမှာသုံးနှုန်းထားတဲ့ ပုဂ္ဂလိကပညာသင်ကျောင်းဆိုတဲ့နာမည်အစား ဘော်ဒါလို့သာ သုံးနှုန်းရတော့မယ်” ဟု N-3 ဘော်ဒါမှ တာဝန်ရှိသူကပြောကြားခဲ့ပါသည်။ ယခု ပညာသင်နှစ်ဖွင့်လှစ်ရမည့် ပုဂ္ဂလိကပညာသင်ကျောင်းအဖြစ်ယာယီခွင့်ပြုထားခဲ့ပြီးသော ကျောင်းများမှ ကျောင်းသားအပ်နှံခြင်းအား […]


klnMay 24, 20101min1851
မေလ ၁၄ရက်နေ့မှစ၍ လျှပ်စစ်မီးဖြတ်တောက်ခံထားရသည့် ပုဂ္ဂလိက လုပ်ငန်းများကို မေလ ၂ဝရက်မှစတင်၍ လျှပ်စစ်မီးပြန်ပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ စုံစမ်းသိရှိရသည်။ ယာယီမီးဖြတ်တောက်ခံထားရသည့် ပုဂ္ဂလိကလုပ်ငန်းများကို လျှပ်စစ်မီးပြန်ပေးရာတွင် အများပြည်သူမီးရရှိသည့်ပုံစံအတိုင်း ဖြန့်ဖြူးပေးရန် စီစဉ်ထားကြောင်းလည်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။ ရန်ကုန်မြို့လူနေရပ်ကွက်များအတွင်းရှိ ယာယီဖြတ်တောက်ခံထားရသော ပုဂ္ဂလိကလုပ်ငန်းများကို လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးပေးရန် စီစဉ်ထားသော်လည်း စက်မှုဇုန်များကို လျှပ်စစ်မီးပေးမည့်အစီအစဉ်မှာမူ လောလောဆယ်ပါဝင်မှုမရှိသေးကြောင်း သိရသည်။ ရန်ကုန်မြို့တော် လျှပ်စစ်မီးရရှိမှု၊ လျှပ်စစ်မီးဖြန့်ဖြူးပေးမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုနောက်ပိုင်းတွင် အခါအားလျော်စွာ ထုတ်ပြန်ပေးသွားရန်ရှိသည်ဟုလည်း သတင်းရရှိပါသည်။ “ကမ်းလွန်ဓာတ်ငွေ့ ပိုက်ပေါက်သွားတဲ့အတွက် ကုန်းတွင်းဓာတ်ငွေ့တစ်မျိုးတည်းနဲ့ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေလည်ပတ်ခဲ့ရတဲ့အတွက် လျှပ်စစ်မီးရရှိမှု နည်းပါးသွားရတာဖြစ်ပါတယ်။ ပိုက်လိုင်းပေါက်သွားတဲ့ရက်ဆိုရင် တစ်ရက်ကို သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံးလေးရုံက ၈ဝမဂ္ဂါဝပ်လောက်ပဲထုတ်နိုင်ခဲ့တယ်။ အဲဒါကြောင့် အသေးစားစက်မှုလုပ်ငန်းတွေ၊ ပုဂ္ဂလိကအလုပ်တွေကို ယာယီမီးဖြတ်တောက်ထားခဲ့ရတာပါ။ အခု […]


klnMay 24, 20101min2090
မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် ရေတွင်းတူးသူများ များပြားလာခြင်းကြောင့် ရေတွင်းတူးသူပိုက်၊ ရေစုပ်စက်နှင့် ဆက်စပ်စ္စည်းအချို့ အဝယ်လိုက်၍ ပစ္စည်းပြတ်လပ်လာခြင်းကြောင့် ဈေးနှုန်းတက်ရိပ်ပြလာခဲ့ပါတယ်။ ရေတွင်းတူးလုပ်ငန်းများကို နွေဝင်စကစပြီး တူးဖော်ခဲ့ကြရာ ယခုအခါ တူးဖော်သူပိုများ၍ ရေပိုက်နှင့် ဆက်စပ်ပစ္စည်းများ အဝယ်လိုက်ခဲ့ပါတယ်။ ရေပိုက်နှင့် ဆက်စပ်ပစ္စည်းအများစုမှာ တရုတ်နိုင်ငံလုပ်ပစ္စည်းများဖြစ်၍ ထိုင်းနှင့် ကိုရီးယားနိုင်ငံများမှလည်း ဝင်ရောက်ပါတယ်။ ယခုအခါ ပစ္စည်းပြတ်လပ်၍ ပြည်ပသိုု့ မှာယူမှုများခြင်းကြောင့် ဈေးနှုန်းတက်ရိပ်ပြလာခဲ့ကြောင်း သိရပါတယ်။ ရိုစီအရောင်းဆိုင်မှ ကိုမောင်မောင်က “ ဈေးက အများကြီးတော့ မတက်ဘူး။ ၁ဝ ရာခိုင်နှုန်းလောက်ပဲတက်တာ။ ပြည်ပကမှာရတော့ ပစ္စည်းမှာရင် ကြာတယ်။ အခုလက်ကျန်နဲ့ ရောင်းနေရတာ၊ ဒါကြောင့် ဈေးတက်တာလည်းပါတယ်။ ဟိုဘက်က ရောက်လာရင်လည်း အရင်ဈေးနဲ့ မရဘူး။ နှစ်တိုင်း နွေရောက်လာရင် ရောင်းအားကောင်းတော့ အရေအတွက်တစ်ခုကို ထုတ်ရောင်းပေမယ့် ဒီနှစ်ကပိုပြီး […]


klnMay 24, 20101min1480
လွတ်လပ်ရေးကြိုးပမ်းမှုကာလ မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် သာမက စာပေနှင့် ဘာသာရေးနယ်ပယ်၌ပါ ထင်ရှားမှုရှိသော သခင်ထိန်ဝင်းသည် မေလ ၂၁ရက်နေ့ ည၁ဝနာရီမိနစ် ၃ဝအချိန်က ရန်ကုန်မြို့၊ အာရှတော်ဝင်အထူးကုဆေးခန်း၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၉၈နှစ်ရှိပြီဖြစ်သော သခင်ထိန်ဝင်းသည် မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ သောင်တန်းကျေးရွာဇာတိဖြစ်ပြီး၁၉၁၂ခုနှစ်တွင် မွေးဖွားလာခဲ့သူဖြစ်ပါသည်။ မွေးချင်းငါးယောက်အနက် အကြီးဆုံးသားဖြစ်ပြီးရဲဘော်သုံးကျိပ်ဝင်ဗိုလ်ဗလနှင့် မြို့မ ကိုသန်းတင်တို့၏ အစ်ကိုလည်းဖြစ်ပါသည်။ ၁၉၃ဝပြည့်နှစ်နောက်ပိုင်းအချိန်၌ တို့ဗမာ အစည်းအရုံးအဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပြီး ၁၉၃၄ခုနှစ်တွင် ရန်ကုန်သို့ရောက်ရှိလာခဲ့ကာ တိုးတက်ရေးမဂ္ဂဇင်း၌ အယ်ဒီတာ အဖြစ်ဆောင်ရွက်ခဲ့ပါသည်။ တက္ကသိုလ်ကျောင်းသားသပိတ်( ၁၉၃၆) ၊ ရေနံမြေသပိတ် (၁၉၃၈) တို့၌ ပါဝင်ဆင်နွှဲခဲ့ပြီးအဖမ်းခံခဲ့ရသူတစ်ဦး ဖြစ်ပါသည်။ ၁၉၃၉ခုနှစ်ရဲဘော်သုံးကျိပ်စတင်ဖွဲ့စည်းခဲ့စဉ်က ရံပုံငွေရှာဖွေပေးရေးနှင့် လူငယ်များစုဆောင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကာ ၁၉၄၂ခုနှစ်တွင် ဦးဘဂျမ်း(ပုဂံ) နှင့်ပူးပေါင်းပြီးအာရှလူငယ် အစည်းအရုံးကို ထူထောင်ခဲ့ပါသည်။ ၁၉၄၅ခုနှစ်တွင် […]


klnMay 24, 20101min2132
နှစ်စဉ်သင်္ကြန်အပြီး ဧပြီလကုန်ပိုင်းနှင့် မေလများတွင် ဟိုတယ်များသို့ လာရောက်တည်းခိုသူ နည်းပါးလျက်ရှိသော်လည်း ယခုအခါ မန္တလေးရှိ ဟိုတယ်တို်င်း အခန်းပြည့်နီးပါး လာရောက်တည်းခိုကြကြောင်း သိရပါတယ်။ မေလဆန်းပိုင်းတွင် ရာသီဥတုအပူချိန် ၄၅ ဒီဂရီ စင်တီဂရိတ်ထိရောက်ရှိခဲ့ရာ အပူချိန်မြင့်တက်လာ၍ ဟိုတယ်များတွင် အဲယားကွန်း အချိန်ပြည့် တပ်ဆင်ပေးထားခြင်းကြောင့် အနားယူသူများ များပြားလျက်ရှိပါသည်။ ဟိုတယ်များတွင် မန္တလေးမြို့တွင်းရှိ ဈေနှုန်းသင့်တင့်သည့် ဟိုတယ်များသို့ လာရောက်သူ များပြားပြီး အဆင့်မြင့်ဟိုတယ်ကြီးများသို့ မြို့တွင်း အခန်းမရသူများနှင့် ငွေကြေးတတ်နိုင်သူများ သွားရောက်ကြကြောင်း သိရသည်။


klnMay 24, 20101min1641
မြန်မာနိုင်ငံတွင် အပူချိန်စံချိန်တင်မြင့်မားမှုကြောင့် မြစ်၊ ချောင်းနှင့် ဆည်မြောင်းတာတမံများတွင် ရေခန်းခြောက်မှုနှုန်းသိသိသာသာ မြင့်တက်လာသဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်မှုလျော့ကျလာပြီး ရန်ကုန်မြို့တော်တွင် ဓာတ်အားပေးချိန်လျှော့ချထားကြောင်း ရန်ုကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး အဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦ၏ ပြောကြားချက်အရသိရသည်။ ရန်ကုန်မြို့တော်ကို အုပ်စုသုံးစုခွဲပြီး ယခုမေ ၁၅ ရက်နေ့မှ စတင်ကာ တစ်နေ့လျှင် လျှပ်စစ်မီးခြောက်နာရီ အလှည့်ကျစနစ်ဖြင့် ပေးဝေနေကြောင်း၊ မြစ်၊ ချောင်းများနှင့် ဆည်မြောင်းတာတမံများတွင် ရေအနည်းငယ်သာ ကျန်ရှိတော့သည့်အတွက် ရေအားလျှပ်စစ်ရရှိမှု ယခင်ကထက်လျော့ကျသွားသဖြင့် ရန်ကုန်မြို့တွင် မီးပေးချိန် လျှော့ချလိုက်ခြင်းဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူ၏ အဆိုအရသိရသည်။ “ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း တောင်ပေါ်နဲ့ လမိုင်းဘက်မှာ ပေါက်တယ်။ ပြီးတော့ အသစ်ဆောက်နေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လို်င်းတွေကလည်း မပြီးသေးဘူး။ ရေအားလျှပ်စစ်ကလည်း ဆည်မှာ ရေခန်းနေလို့ အရင်ရနေတဲ့ ရေအားလျှပ်စစ်ရဲ့ သုံးပုံတစ်ပုံပဲ ရတော့တယ် ” […]


klnMay 24, 20101min1560
သည်လပထမပတ်မှာ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေ တရားဝင်လုပ်ကိုင်ခွင့်ရဖို့ အလုပ်သမားညွှန်ကြားမှုဦးစီဌာနက ညွှန်ကြားထုတ်ပြန်ပြီလို့ အေဂျင်စီ တချို့ထံမှ သိရပါတယ်။ တရားဝင်မှတ်ပုံတင်ဖို့ အထောက်အထားတွေဖြစ်တဲ့ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ လုပ်ကိုင်သူရဲ့ မှတ်ပုံတင်၊ သန်းခေါင်စာရင်း စတဲ့အချက်အလက်တွေ ယူထားပြီးပါပြီ။ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုက တာဝန်ရှိသူတစ်ဦးက “ အချက်အလက်တွေ တောင်းထားပြီး တရားဝင်လုပ်ကိုင်ခွင့် ချမှတ်ပေးမှာ ဖြစ်တယ်၊ မှတ်ပုံတင်ကြေးတော့ မသိသေးဘူး ” လို့ ပြောပါတယ်။ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေ တရားဝင်လုပ်ကိုင်ခွင့်ရတဲ့အခါ လုပ်ငန်းရှင်တွေ အလုပ်ခေါ်ယူရင် သက်ဆိုင်ရာလေဘာရုံးတွေကို အရင်ဆုံးအကြောင်းကြားပြီးမှ အလုပ်ရှာဖွေပေးရမှာဖြစ်တယ်။ အေဂျင်စီတွေအနေနဲ့ တရားဝင်မှတ်ပုံတင်ရမှာဖြစ်တဲ့အတွက် တကယ်လုပ်နို်င်မယ့်သူတွေပဲ ကျန်ခဲ့မှာဖြစ်တာကြောင့် အဆင်ပြေတယ်လို့ သိရတယ်။ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုက “ အေဂျင်စီတွေ တရားဝင်ဖြစ်ရင် ကျွန်တော်တို့ အတွက်ပိုအဆင်ပြေတယ်၊ လုပ်ငန်းရှင်အချို့က အလုပ်ခေါ်ယူပြီး ကျွန်တော်တို့ရှာပေးတဲ့ဝန်ထမ်းကို […]


klnMay 24, 20101min1902
ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ပဏီတွေမှာ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်(နမူနာ) တစ်ခု မေလအတွင်း ထွက်ပေါ်လာကြောင်း ကုန်သည်စက်မှုလုပ်ငန်းရှင်အချို့ဆီက သိရပါတယ်။ သည်စာချုပ်နမူနာကို ကုန်သည်လုပ်ငန်းရှင်တွေနဲ့ ဆိုင်ရာတို့ ပူးပေါင်းညှိနှို်ုင်းပြီး နဂိုရှိပြီးသား စာချုပ်မှာ မွမ်းမံပြင်ဆင်ထားတာလို့ ဆိုပါတယ်။ ပို့ကုန်အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက“ ဒါက အသစ်ထွက်ပေါ်လာတာတော့ မဟုတ်ပါဘူး။ ဟိုတုန်းက ရှိပြီးသားကို new version သဘောပါ၊ အခုလဲ အဲဒီစာချုပ်အတိုင်း လုပ်နေကြတာတွေရှိသလို မလုပ်သေးတဲ့သူလဲ ရှိချင်ရှိမှာပေါ့ ” လို့ တယ်လီဖုန်းနဲ့ ပြောတယ်။ ၂၀၁ဝ ခုနှစ်၊ မေလအတွင်း ထွက်ပေါ်လာတဲ့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်(နမူနာ) မှာ အကြောင်းအရာ ၁၈ ရပ်ကို မာတိကာနဲ့ အစဉ်အလိုက် ဖော်ပြထားတယ်။ အလုပ်အကိုင်အမျိုးအစားမှာ ရာထူးအဆင့် ခွဲခြားချုပ်ဆိုရမှာဖြစ်တယ်။ လုပ်ခလစာ […]


klnMay 24, 20101min1550
မွန်ပြည်နယ် မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲနေသော မှန်လုံခရီးသည်တင်ယာဉ်များသည် လမ်းမှဖြတ်တား၍ ကုန်ပစ္စည်းတင်မည့် သူများကို လုံခြုံရေးအရ ရပ်တန့်မှု မပြုလုပ်ရန် တားမြစ်ထားကြောင်းပြည်နယ် မ.ထ. သ မှ သိရှိရသည်။ “ရန်ကုန်သင်္ကြန်ဗုံးပေါက်ကွဲပြီးတဲ့နောက်ပိုင်း၊ ယာဉ်နဲ့ခရီးသည်လုံခြုံရေးကို အလေးထားဆောင်ရွက်ပေးနေပါတယ်။ ယာဉ်တွေကို အချိတ်ဆက်မိမိ တစ်စီးနဲ့တစ်စီးထိန်းပြီးမောင်းစေပါတယ်။ လမ်းခရီးမြို့တွေက စီးမယ့်ခရီးသည်တွေကို သတ်မှတ်ဂိတ်တွေမှာ စီးစေပါတယ်။ လမ်းမှာကုန်ပစ္စည်းတွေနဲ့ လက်ပြတားတာမျိုးစိတ်မချရတာမို့ ကားရပ်မပေးဖို့ ညွှန်ကြားထားပါတယ်” ဟုပြည်နယ် မထသ တာဝန်ရှိသူကဆိုသည်။ မော်လမြိုင်-ရန်ကုန်နေ့စဉ်မှန်လုံခရီးသည်တင်ယာဉ် ၂ရစီးမှ ၃၅စီးပြေးဆွဲကြောင်း သိရသည်။


klnMay 22, 20101min1611
ရန်ကုန်မြို့တော်ရှိလုံခြုံရေးအရ အရေးကြီးသည့် နေရာများနှင့် ဆေးရုံများကို ၂၄နာရီလျှပ်စစ်မီးပေးထားသည်ဟု ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အတွင်းရေးမှူးဦးမောင်မောင်လတ်ကပြောကြားသည်။ ရန်ကုန်မြို့တော်ရှိ လုံခြုံရေးအရ အရေးကြီးနေရာများ၊ ဆေးရုံ၊ရဲစခန်း၊ လေယာဉ်ကွင်းစသည့်တို့ကို ၂၄နာရီလျှပ်စစ်မီးပေးထားကြောင်း၊ မြို့နယ်တစ်မြို့နယ်တွင် A၊ B၊ C အုပ်စုသုံးစုခွဲကာတစ်အုပ်စုလျှင်တစ်ရက်ခြောက်နာရီသာ လျှပ်စစ်မီးပေးဝေကြောင်း၊ ယင်းကဲ့သို့ မီးပေးခြင်းမှာ ယာယီသာဖြစ်ပြီး ယခုလကုန်ပိုင်းအထိသာ ဖြစ်ကြောင်း ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများပြန်လည်ကောင်းမွန်လာပါက ယခင်ကအတိုင်းလျှပ်စစ်မီးပြန်လည်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်း၏ အဆိုအရသိရသည်။ ယင်းအပြင်လုပ်ငန်းသုံးပါဝါမီတာများကိုဖြုတ်သိမ်းရန်ညွှန်ကြားထားကြောင်း၊ လျှပ်စစ်မီးခြောက်နာရီသာရရှိခြင်းကြောင့် ပုဂ္ဂလိကစက်ရုံအချို့နှင့် လုပ်ငန်းအချို့ရပ်ဆိုင်းထားရကြောင်း ပုဂ္ဂလိကလုပ်ငန်းလုပ်ကိုင်သူများထံမှစုံစမ်းသိရှိရကြောင်း ၂၀၁ဝခုနှစ်မေလ ၂၄ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။