klnMay 22, 20101min1220
မီးစက်သုံးစီးပွားရေးလုပ်ငန်းများအားလုံးမိုးအပြည့်အဝရွာလျှင် ဓာတ်အားပြန်ပေးမည်ဟုဆို ရန်ကုန်မြို့တော်တွင် ဓာတ်အားပေးဝေမှုခေတ္တဖြတ်တောက်ထားသည့် စီးပွားရေးလုပ်ငန်းများအားလုံးကို မိုးအပြည့်အဝရွာလျှင် ဓာတ်အားပြန်လည်ပေးဝေမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။ မေလ၁၅ရက်နေ့မှစတင်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ပါဝါမီတာအသုံးပြုသော စီးပွားရေးလုပ်ငန်းများ၊ စက်မှုဇုန်များ၊ ပလာဇာများအပါအဝင်စီးပွားရေးလုပ်ငန်းများအားလုံးကို ဓာတ်အားပေးဝေခြင်းခေတ္တဖြတ်တောက်ထားကြောင်း ၎င်းကရှင်းပြသည်။ “ရေအားလျှပ်စစ်ရတာ အရမ်းနည်းလာတယ်။ လူနေရပ်ကွက်တွေမီးအလှည့်ကျပေးနိုင်အောင် စက်မှုလက်မှုလုပ်ငန်းတွေ မီးဖြတ်ထားတာပါ” ဟုရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ကျဝန်ထမ်းတစ်ဦးကဆိုသည်။ ဓာတ်အားခေတ္တဖြတ်တောက်ခံထားရသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် မိုးရာသီအချိန် မိုးအပြည့်အဝ ရွာပြီးရေအားလျှပ်စစ်ထုတ်လုပ်မှုတိုးတက်လာလျှင်ဓာတ်အားပြန်လည်ပေးဝေပေးမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ကျဝန်ထမ်းကပြောကြားသည်။ “မိုးအပြည့်အဝရွာလို့ ဆည်၊မြောင်း တာတမံတွေရေဝင်တာများလာရင် ရေအားလျှပ်စစ်တိုးထုတ်နိုင်မှာပါ။ အဲဒီကျရင်မီးပြန်ပေးမှာပါ”ဟု ၎င်းကဆိုသည်။ လျှပ်စစ်ဓာတ်အားရရှိမှုခေတ္တဆိုင်းငံ့ခံထားရသော ရန်ကုန်မြို့တော်ရှိ စီးပွားရေးလုပ်ငန်းများမှာ စက်သုံးဆီသုံးမီးစက်ကြီးများကို အသုံးပြုပြီး လျှပ်စစ်စွမ်းအင်ထုတ်ယူသုံးစွဲနေရကြောင်းရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းများထံဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။ ရန်ကုန်မြို့ရှိ လူနေရပ်ကွက်အများစုမှာ တစ်ရက်လျှင် ခြောက်နာရီအလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးဝေနေသည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရုံးမှ သိရှိရကြောင်း ၂၀၁ဝခုနှစ် မေလ […]


klnMay 22, 20101min1861
ထူးကဲသောအပူချိန်ဒဏ်ပြင်းထန်စွာခံစားခဲ့ရသည့် မြန်မာနိုင်ငံ၏ မြို့တော်ရန်ကုန်ဥည် မေလ ၁ရရက်နေ့မှစတင်၍ နေရာကွက်ကျားထစ်ချုန်းမိုးများ ၁ဝရက်ခန့်ဆက်တိုက်ရွာသွန်းဖွယ်ရာရှိသည်ဟုအမေရိကန်နှင့်ဗြိတိန်နိုင်ငံတို့မှ ယုံကြည်လေးစားဖွယ်ရာနိုင်ငံတကာသတင်းWebsite များကခန့်မှန်းဖော်ပြကြသည်။ ယခင်ရက်များတွင်းက အပူချိန်၁၀၈ဒီဂရီဖာရင်ဟိုက်ခန့်ထိ စံချိန်တင်အောင်ပူပြင်းခဲ့သောရန်ကုန်မြို့သည် လာမည့် ၁ဝရက်အတွင်း မိုးရွာသွန်းရန် ၉၅ရာခိုင်နှုန်းခန့်ရှိနေပြီး အပူချိန်သည် အမြင့်ဆုံး၈၈ဒီဂရီဖာရင်ဟိုက်ထိသာ ရှိမည်ဟုလည်း MSN, BBCစသည့် သတင်း Website များကခန့်မှန်းကြသည်။ MSNနှင့် BBC Website တို့သည် ရန်ကုန်တွင်မေလ ၁ရရက်နေ့၌ မိုးစတင်ရွာသွန်းမည်ကို အချိန်နှင့်တကွ တိတိကျကျခန့်မှန်းပြောဆိုထားသည့်Website များဖြစ်ကြောင်း ၂၀၁ဝခုနှစ်မေလ ၂၄ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။


klnMay 22, 20101min1650
ရေအခက်အခဲ ဖြစ်နေပြီး ရေသန့်စင်ဖို့ လိုအပ်နေတဲ့ ဒေသတွေမှာ ရေသန့်ဆေးပြားတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှာ တောင်းယူနိုင်တယ်လို့ သိရတယ်။ ရေခန်းခြောက်သွားလို့ အချို့ဒေသတွေက ရှိနေတဲ့ရေကို အနည်ထိုင်စစ်ပြီး သုံးရပါတယ်။ အဲသည်လို သုံးတဲ့အခါ ရေသန့်ဆေးပြားကို ထည့်သန့်စင်မယ်ဆိုရင် ကူးစက်ရောဂါတွေကို ကာကွယ်နိုင်တယ်လို့ သိရတယ်။ “ဒလဘက်က ရေခန်းခြောက်လို့ ရေစစ်သုံးနေရတဲ့ နေရာတွေကို ရေသန့်ဆေးပြားတွေ ဝေခဲ့တယ်။ ကျောက်တန်းဘက်ကလည်း လိုအပ်တယ်လို့ စာတွေဝင်လာတယ်၊ ထပ်ဝေဖို့ စီစဉ်ထားတယ် ” လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ ရေသန့်ဆေးပြားတွေကို နာဂစ်ဒေသတွေမှာ အကုန်ဝေပြီးသလောက် ဖြစ်သွားပြီး လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ ကွမ်းခြံကုန်း၊ ကော့မှူး ဒေသတွေမှာ ရေသန့်ဆေးပြား သောင်းနဲ့ချီပြီး ဝေခဲ့တယ် လို့ဆိုပါတယ်။ ရေသန့်ဆေးပြားတွေက ရေဆယ်လီတာကို တစ်ပြား၊ […]


klnMay 22, 20101min1560
ကုမ္ပဏီတချို့မိမိဝန်ထမ်းတွေကို ဆုံးရှုံးမှုတစ်ခုဖြစ်ရင် အလျော်အစားသဘောမျိုးပြုလုပ် ခိုင်းလာတာ သည်ဘက်နှစ်ပိုင်းမှာတွေ့ရတယ်။ မိမ်ိတာဝန်ယူထားတဲ့ကိစ္စတစ်ခု လွဲချော်လို့ဆုံးရှုံးမှုဖြစ်ရင် တာဝန်ယူထားတဲ့ သူကို လစာဖြတ်တာ၊ ဆုံးရှုံးမှု ပမာဏပေါ်မူတည်ပြီးပေးလျော်စေတာမျိုးပါ။ ကုမ္ပဏီတချို့မှာ ဆိုရင် ဝန်ထမ်းအတွက် သတ်မှတ်ထားတဲ့ ရောင်းအားမမီရင် လစာထဲက ရာခိုင်းနှုန်းနဲ့ဖြတ်တာမျိုးပြုလုပ်တယ်လို့သိရတယ်။ မားကတ်ကဲအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီက စီအီးအို ဦးအောင်မြင့်က ‘ကုမ္ပဏီအကြီးစားအချို့နဲ့ထုတ်ကုန်ပိုင်းတွေက ဒီလိုအလျော်အစားပုံစံလုပ်တာများတယ်၊ ဒီလိုလုပ်တာကဝန်ထမ်းတွေကို အကျိုးခံစားခွင့်ပေးသလိုပြစ်ဒဏ်လဲထိထိရောက်ရောက်ချမှတ်တဲ့သဘောပဲ၊ ဒီလိုမလုပ်ရင် အလုပ်မတွင်ကျယ်မှာစိုးလို့ လုပ်ကြတာ’ လို့သူ့အမြင်ပြောတယ်။ လုပ်ငန်းကြီးတချို့သာမကလုပ်ငန်းအသေးစားဖြစ်တဲ့ စတိုးဆိုင်နဲ့ အလယ်အလတ်လုပ်ငန်းတချို့လည်းသည်လို ပုံစံပြုလုပ်လာတယ်လို့ဆိုတယ်။ စတိုးဆိုင်တချို့မှာပစ္စည်းပျောက်တာ၊ကွဲတာရှတာမျိုးဖြစ်ရင် အရောင်းစာရေးကို လစာထဲကပြန်ဖြတ်ပါတယ်။ ကုမ္ပဏီအလတ်စားတစ်ခု ဖြစ်တဲ့ကြော်ငြာကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်သူတစ်ဦးက ‘ကျွန်မတို့ကုမ္ပဏီမှာအလျော်အစားပုံစံနဲ့ပဲလုပ်တယ်၊ ကိုယ်တာဝန်ယူပြီးလက်ခံတဲ့အလုပ်ကို အကြွေးချရင် အကြွေးမရတဲ့အခါ လစာထဲက ဖြတ်ပြီးလျော်ရတယ်’လို့သူအတွေ့အကြုံပြောပါတယ်။ အလျော်အစားလုပ်တဲ့အခါဝန်ထမ်းက သတ်မှတ်ထားတဲ့ပမာဏထက်ကျော်ပြီး ရောင်းရတာ၊ အလုပ်အောင်မြင်အောင်လုပ်တာမျိုးဆိုရင် ကော်မရှင်ခံစားခွင့်ပေးတယ်လို့သိရပါတယ်။ သည်လိုလုပ်တဲ့အတွက် အရည်အချင်းရှိတဲ့ဝန်ထမ်းအနေနဲ့ မိမိအရည်အချင်းကို ပြသဖို့အခွင့်အရေးရတယ်လို့ […]


klnMay 22, 20101min1240
အရင်က မိုးကြိုကာလမှာသာ ဖြစ်တတ်တဲ့ မိုးတိမ်တောင်ဖြစ်စဉ် သဘာဝဘေးအန္တရာယ်တွေကို သည်နှစ်မိုးရာသီကာလအတွင်းမှာပါ သတိထားဖို့ လိုလာပြီဟု မိုးလေဝသကျွမ်းကျင်ပညာရှင်တစ်ဦးက ဆိုပါတယ်။ မိုးလေဝသနှင့် ဇလဗေဒကျွမ်းကျင်ပညာရှင် ဒေါက်တာဦးထွန်းလွင်က “ မိုးတိမ်တောင်ကတော့ အခုအချိန်မှာ ဖြစ်ရမယ့်အချိန်လေ၊ ဒါပေမဲ့ မဖြစ်သေးဘူး၊ နောက်ကျနေတယ်၊ မုတ်သုံပုံမှန်ဖြစ်တဲ့နှစ်မျိုးဆိုရင် မိုးတိမ်တောင်က မိုးရာသီမှာ အန္တရာယ်မရှိပါဘူး၊ ဖြစ်လဲမဖြစ်ဘူး၊ ဒါပေမဲ့ မုတ်သုံကမောက်ကမဖြစ်မယ်၊ အားပြတ်မယ်၊ မကြာမကြာ အားလျော့နေတယ်ဆိုရင်တော့ ဒါဂရုစိုက်ရမယ်။ ဆိုလိုတာက အရင်ဆို မိုးတိမ်တောင်ကပေးတဲ့ ရာသီဥတုဖြစ်စဉ်တွေဟာ မိုးကြိုနဲ့ မိုးလွန်မှာပဲ ရှိတယ်။ မိုးတွင်းမှာ မရှိဘူး။ အခုတော့ မုတ်သုံစိတ်မချရလို့ မိုးတွင်းလဲ ရှိနိုင်တယ်။ ဒီနှစ်တော့ အဲလို ဖြစ်ဖို့ များတယ် ” လို့ပြောတယ်။ သည်နှစ် ဧပြီနဲ့ မေလတွေဖြစ်တဲ့ မိုးကြိုကာလအတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ […]


klnMay 22, 20101min1440
ပြည်တွင်းမှာ ရင်းနှီးမြှပ်နှံလုပ်ကိုင်နေကြတဲ့ ရေနံကုမ္ပဏီအချို့သည်နှစ်ပိုင်းမှာ အထွက်တိုးလုပ်ငန်းဖြစ်တဲ့ ရှာဖွေရေး၊ တွင်းသစ်တူးဖော်ရေးတွေဘက်ကို ဦးစားပေးလာကြတာ တွေ့ရတယ်။ အထွက်တိုးလုပ်ငန်းဦးစားပေးလာတဲ့ ရေနံကုမ္ပဏီတွေဆီက တစ်ဆင့်ခံကန်ထရိုက် (sub-con-tract) ယူပြီး လုပ်ကိုင်တဲ့ ကုမ္ပဏီအချို့ အလုပ်ဖြစ်လာတယ်။ အဲသည့် ကန်ထရိုက်ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားတဲ့ ဝန်ထမ်းတွေလည်း အလုပ်အကိုင်အခွင့်အလမ်း ကောင်းလာတယ်။ ကန်ထရိုက်ကုမ္ပဏီက များသောအားဖြင့် ရေနံရှာဖွေရေး (seismic survey) အပိုင်းကို လုပ်ကြပါတယ်။ မင်းဘူး၊ မကွေးဘက်က ကျေးရွာအချို့ စိုက်ခင်းအချို့မှာ ကုမ္ပဏီတစ်ခုက ရေနံရှာဖွေရေးလုပ်ငန်းကြောင့် ပျက်စီးဆုံးရှုံးမှုကို လျော်ကြေးပေးအပ်တဲ့သတင်း ကြေးမုံသတင်းစာမှာ ဖော်ပြတယ်။ ရေနံကုမ္ပဏီအချို့ အခုလို ရေနံရှာဖွေရေး၊ တွင်းသစ်တူးဖော်ရေးလုပ်ငန်းတွေ ဦးစားပေးလာတာတွေဟာ ကျဆင်းလာတဲ့ ကုန်ထုတ်လုပ်မှုကို ပြန်လည်ကာမိအောင်၊ ထုတ်လုပ်မှု ထိန်းသိမ်းထားရေးအတွက် ဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိမှာ ရေနံရှာဖွေရေးအပြင် အစမ်းတွင်း (test well) […]


klnMay 22, 20101min1661
လက်ရှိစီးပွားရေးလုပ်ငန်းများကိုသာ ဦးစားပေးဆောင်ရွက်နေကြသည့်အတွက် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အာဆီယံနိုင်ငံများတွင် လွတ်လပ်သော ကုန်သွယ်ရေးကို ပြည်တွင်းမှ လုပ်ငန်းရှင်များ စိတ်ဝင်စားမှုအားနည်းနေကြသေးသည်ဟု ကုန်သည်/စက်မှုအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာမောင်မောင်လေးက ပြောသည်။ “ AFTA နဲ့ပတ်သက်ပြီး ဒီက လုပ်ငန်းရှင်တွေက စိတ်ဝင်စားမှုရှိသလို မဝင်စားသူတွေလည်း ရှိတယ်။ အဲဒီမှာ စိတ်မဝင်စားသူတွေက ပိုများမယ် ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ ထိုသို့ ပြည်တွင်းမှ လုပ်ငန်းရှင်များ အာဆီယံဒေသတွင်း လွတ်လပ်သော ကုန်သွယ်ရေးကိစ္စများပေါ် စိတ်ဝင်စားမှုနည်းသည့်တိုင် သက်ဆိုင်ရာ တာဝန်ရှိသူများက အာဆီယံနိုင်ငံများ၏ ဒေသတွင်း လုပ်ဆောင်ချက်သတင်းများကို ပြည်သူများကြား အစဉ်ဖော်ပြလျက်ရှိရာ ယင်းအကြောင်းအရာများအား အခွင့်အရေးတစ်ရပ်အဖြစ် အကျိုးရှိရှိ အသုံးချမည်ဖြစ်သလို ပြည်တွင်းမှ လုပ်ငန်းချင်းယှဉ်ပြိုင်မှုကိုလည်း ယခုထက် ၃ဆ ပိုမိုပြုလုပ်ရမည် ဖြစ်ကြောင်း ၎င်းက […]


klnMay 22, 20101min1661
မြန်မာနိုင်ငံရှိ ရဲရွာ RCC တမံမှာ ကမာ္ဘ့ဒသမမြောက် အမြင့်ဆုံးတမံဖြစ်ကြောင်း နေပြည်တော်ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးစက်ရုံရဲရွာခန်းမ၌ ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲမှ သတင်းရရှိပါသည်။ အောင်မြင်စွာတည်ဆောက်ခဲ့သည့် ကမာ္ဘ့ RCC တမံကြီးများအကြောင်း အလုပ်ရုံ ဆွေးနွေးပွဲအား မေလ ၁၅ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ယင်း အလုပ်ရုံဆွေးနွေးပွဲ၌ RCC တမံကြီးများအကြောင်း၊ အောင်မြင်စွာတည်ဆောက်ခဲ့သည့် RCC တမံကြီးများ၊ RCC တမံကြီးများ တည်ဆောက်ပုံနည်းစနစ်များ၊ အနာဂတ်အတွက်တည်ဆောက်မည့် RCC တမံကြီးများအကြောင်းနှင့်သုံးသပ်ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ ကမာ္ဘ့အမြင့်ဆုံး RCC တမံကြီးများ စာရင်းတွင် တရုတ်နိုင်ငံမှ Longtan RCC တမံမှာ ၂၁ရမီတာဖြင့် အမြင့်ဆုံးဖြစ်ပြီး မြန်မာနိုင်ငံတွင်တည်ဆောက်ပြီးစီးခဲ့သည့် ရဲရွာRCC တမံမှာ ဒသမမြောက်အမြင့်ဆုံး တမံစာရင်းဝင်ဖြစ်သည်။ ကမာ္ဘ့ထုထည်အကြီးမားဆုံး RCC တမံများစာရင်းတွင်လည်းတရုတ်နိုင်ငံမှ Longtan RCC တမံမှာ ထုထည်အကြီးမားဆုံးဖြစ်ပြီး […]


klnMay 22, 20101min1740
သီချင်းတစ်ပုဒ်ကိုသီချင်းရေးဆရာရဲ့ခွင့်ပြုချက်မယူဘဲယူသုံးမယ်ဆိုရင် မူပိုင်ခွင့်အရနဲ့ကိုယ်ကျင့်သိက္ခာ( moral-right) အရ၊ ငွေကြေးဆိုင်ရာ ( economic- right) အရနစ်နာကြေးအတိုင်းအဆမရှိတောင်းခွင့်ရှိပါတယ်လို့သိရပါတယ်။ အခုဆိုသီချင်းတွေကိုတေးရေးဆရာမသိဘဲ ယူသုံးတာမျိုး၊သီချင်းကိုဖျက်ဆိုတာမျိုး၊ စာသားဖျက်ပြီးပြန်ဆိုထားတာမျိုးတွေရှိလာတာကိုတွေ့ရပါတယ်။ တေးဆိုသူရဲ့အသံကို effect နဲ့ဖျက်လုပ်တာကအစ ကြိုတင်ခွင့်ပြုချက်မယူခဲ့ရင် အသရေဖျက်မှုအထိ ကြီးထွားနိုင်သလို သီချင်းစာသားသံစဉ်တစ်ခုခုကို ပြုပြင်ဖျက်ဆီးအသုံးပြုထုတ်လုပ်ရင်သီချင်းရေးဆရာရဲ့ ဂုဏ်သိက္ခာထိခိုက်နစ်နာခဲ့မယ်ဆိုရင် ရာဇသတ်ကြီးဥပဒေ အသရေဖျက်မှု ပုဒ်မ ၅၀ဝနဲ့ပါ စွဲဆိုခံရနိုင်ဖွယ်ရှိပါတယ်။ MCL ကုမ္ပဏီတာဝန်ရှိသူက ‘အခုတလောတေးရေးသူမူပိုင်ရှင်မသိဘဲနဲ့ စီးပွားဖြစ်သုံးစွဲနေမှုတွေကို တွေ့ရတယ်၊ တေးရေးဆရာတစ်ယောက်ရဲ့ အထင်ကရသီချင်းတစ်ပုဒ်ကို copy သီချင်းထင်လို့ ကြော်ငြာသီချင်းတစ်ပုဒ်မှာ သံစဉ်ယူသုံးထားတယ်၊ နောက်ဗီဒီယိုဇာတ်ကားတစ်ခုမှာ လည်းဟာသဘောနဲ့ အငြင်းပွားစရာ၊ ဆင်ဆာငြိစရာစာသားတွေပြောင်းပြီးဆိုထားတာတွေ့တယ်၊ သီချင်းတစ်ပုဒ်နဲ့ပတ်သက်ပြီးကျွန်တော်တို့ သိထားရမှာက copy- right ဆိုတာအပြင် moral- right ပါရှိတယ်၊ သီချင်းတစ်ပုဒ်ကိုခွင့်တောင်းပြီးမှ သုံးရမယ်၊ ဒါ့အပြင်နာမည်ပွားတာ၊ မဖော်ပြတာတွေကလဲ moral-right အရရယ်၊ […]


klnMay 21, 20101min2091
မင်္ဂလာမြန်မာအဖွဲ့နှင့် စင်ကာပူသံရုံးတို့ ပူးပေါင်းကာ ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာများတွင် စက်ရေတွင်းများ တူးဖော်ပေးလျက်ရှိကြောင်း သိရသည်။ “ ဒီ ၂၀၁ဝ ခုနှစ် ဖေဖော်ဝါရီမှာ ရေတွင်း ၃ဝ တူးခဲ့ပါတယ်။ ဧရာဝတီတိုင်း ဖျာပုံ၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲမြို့နယ်တွေက ကျေးရွာတွေမှာ တူးပေးခဲ့တာပါ။ ဖေဖော်ဝါရီလနောက်ပိုင်း တွင်း ၄ဝ ဆက်တူးပါတယ်။ ၃ တွင်းလောက်ပဲ ကျန်တော့တယ်။ ” ဟု မင်္ဂလာမြန်မာမှ ဒေါက်တာဖုန်းဝင်းက ပြောသည်။ ရေတွင်းများ ဆက်လက်တူးဖော်မည့် အစီအစဉ်ကို ကန့်သတ်မထားဘဲ စင်ကာပူသံရုံးနှင့် မင်္ဂလာမြန်မာတို့ ပူးပေါင်း၍ တူးဖော်ရန် အခွင့်အရေးရှိပါက ဆက်လက်တူးဖော်မည်ဖြစ်ကြောင်း ဒေါက်တာဖုန်းဝင်းက ပြောသည်။ “ ရေတွင်းတူးတဲ့အခါ တချို့နေရာတွေမှာ အငန်ဓါတ်တွေ၊ သံချေးဓါတ်တွေ ပါလာတယ်။ ဒါပေမဲ့ နာရီ […]


klnMay 21, 20101min1621
စက်တပ်ယာဉ်များကြောင့် ထိခို်က်ဒဏ်ရာရ သေဆုံးသူများ၏ အလိုအလျောက် ရပိုင်ခွင့်ဖြစ်သော အာမခံကြေးအား လာရောက်တောင်းခံမှုမှာ နည်းပါးလျက်ရှိနေသေးကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ မြန်မာတစ်နိုင်ငံလုံးရှိ စက်တပ်ယာဉ်များသည် သူတစ်ပါးထိခိုက်မှုအာမခံကို မဖြစ်မနေထားရှိရပြီး အဆိုပါစနစ်ကြောင့် စက်တပ်ယာဉ်တစ်ခုခုဖြင့် မတော်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးသူများသည် အလိုအလျောက် အာမခံကြေးကို ခံစားခွင့်ရှိသည်။ “ ဥပမာ ယာဉ်တိုက်မှုတစ်ခုဖြစ်ရင် နယ်တွေမှာဆိုရင် ရဲ၊ ယာဉ်မှုစစ်ဖြစ်ဖြစ် ပါရမယ်။ နောက် သေတာဖြစ်ဖြစ်၊ ဒဏ်ရာရတာပဲဖြစ်ဖြစ် ဆေးရုံရောက်မယ်။ လူဆိုရင် ရဲ၊ ဒါမှမဟုတ် ယာဉ်မှုစစ် နဲ့ ဆေးရုံက ထောက်ခံစာပါရင် ရတယ်။ ပစ္စည်းဆိုရင် ရဲပါမှရမယ်။ ဒါတွေပြည့်စုံပြီဆိုရင် တွက်ချက်ပြီးတော့ အာမခံက ထုတ်ပေးတယ် ” ဟု ၎င်းက ပြောသည်။ ထောက်ခံစာရရှိရန် လိုအပ်သည့် ပုံစံစာရွက်ကို […]


klnMay 21, 20101min1510
ဈေးကွက်အတွင်း၌ ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရန်အတွက် ရန်ကုန်မြို့ စက်မှုဇုန်များ၌ မီးစက်များအသုံးပြုကာ လုပ်ငန်းလည်ပတ်လာကြကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များအသိုင်းအဝိုင်းမှ သိရသည်။ ယင်းသို့ မီးစက်များအသုံးပြုကာ လုပ်ငန်းလည်ပတ်ရသည့်အတွက် ယခင်ကဲ့သို့ တစ်နေ့လျှင် ၈နာရီလုပ်ငန်းချိန် အပြည့်အဝလုပ်ဆောင်မှုမျိုးမရှိတော့ဘဲ ပစ္စည်းအမှာ လက်ခံရရှိမှုပေါ်မူတည်၍ အချိန်လျှော့ကာ လုပ်ကိုင်လာကြကြောင်း၊ သို့ဖြစ်၍ ပစ္စည်းအမှာများကို ပြုလုပ်ပေးရာတွင် သတ်မှတ်ရက်ထက် နောက်ကျမှပေးနိုင်သည်များလည်း ရှိလာကြောင်း လုပ်ငန်းရှင်တစ်ဦးကဆိုသည်။ “အခုလောလောဆယ်မှာတော့ လုပ်ငန်းတော်တော်များများက အချိန်ပြည့်မလည်ပတ်ကြတော့ဘူး။ အခိုက်အတန့်လည်ပတ်မှုရပ်တန့်ထားတဲ့ စက်ရုံအချို့လည်းရှိလာတယ်။ စက်ရုံတွေလည်ပတ်နိုင်ဖို့ မီးအားကအနည်းဆုံး ဝပ် ၁၈ဝလောက်မှ အဆင်ပြေတာဆိုတော့ မီးစက်နဲ့တစ်နေကုန်လည်ရမယ်ဆို မသက်သာဘူးလေ။ အခု မီးစက်သုံးနေရတာ ၁ဝရက်လောက်တော့ရှိပြီ။ လျှပ်စစ်မီးနဲ့ တစ်ယူနစ်ကို ကျပ် ၅ဝလောက်ကျတဲ့နေရာမှာ မီးစက်သုံးရရင် တစ်ယူနစ် ကျပ် ၃၀ဝလောက်ကျတယ်။ ဒါကြောင့် စက်ရုံတော်တော်များများက အမှာရှိသလောက်ပဲ လည်ပတ်ကြတယ်။ ကုန်ကျစရိတ် ပိုတဲ့အတွက် […]


klnMay 21, 20101min1530
မေလ ၂ဝ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ဆို်င်ကလုန်းမုန်တိုင်း “ လိုင်လာ ” (Laila) သည် အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် တည်ရှိနေကာ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။