klnMay 21, 20101min1942
ရှမ်းပြည်နယ်( အရှေ့ပိုင်း) တာချီလိတ်မြို့နယ် လူကုန်ကူးမှုကာကွယ်တိုက်ဖျက်ရေးအထူးအဖွဲ့သည် မေ ၁၃ရက် မွန်းလွဲ ၃နာရီခန့်က တာချီလိတ်မြို့ ဟောင်လိတ်လမ်းဆုံးအနီး၌ ကျိုင်းတုံမြို့နေ ဒေါ်အေးရင်( ခ) ပါအိုက်နှင့်ဒေါ်နန်းဆိုင်တို့နှစ်ဦးနှင့် အမျိုးသမီးငယ်သုံးဦးတို့ကို တွေ့ရှိသဖြင့် လူကုန်ကူးမှုကာကွယ်တိုက်ဖျက်ရေး အထူးအဖွဲ့ရုံးသို့ ခေါ်ဆောင်၍ စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးချက်အရ ဒေါ်အေးရင်( ခ) ပါအိုက်က အသက်( ၁၉) နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးနှင့် အသက်(၂၀) အရွယ်အမျိုးသမီးငယ်တစ်ဦးတို့အား တစ်ဖက်နိုင်ငံတွင် အလုပ်မပင်ပန်းဘဲ ငွေများများရမည်ဟု ပြောဆိုစည်းရုံး၍ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း၊ အမျိုးသမီးငယ်သုံးဦးအားတစ်ဖက်နိုင်ငံရှိအိုက်ကိန်ဆိုသူထံ ပို့ဆောင်ပါက ၎င်းအနေဖြင့် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၀၀ဝစီရရှိမည်ဖြစ်ကြောင်း၊ ဒေါ်နန်းဆိုင်အား အဖော်အဖြစ်ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။


klnMay 21, 20101min1840
ပုဂ္ဂလိကစက်သုံးဆီဆိုင်လုပ်ကိုင်ခွင့်ရသည့် အဖွဲ့အစည်းမှာ ၂ဝကျော်သာရှိသည်ဟုဆိုသော်လည်း အဆိုပါအဖွဲ့အားလုံး ရန်ကုန်တိုင်းအတွင်းရှိ ဆိုင်များအားခွဲဝေလုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းမဟုတ်ကြောင်း၊ ကုမ္ပဏီတစ်ဝက်နီးပါးမှာ နယ်ဆိုင်များသာ လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်ကြောင်း သိရသည်။ ဒီဇယ်ဆီတင်သွင်းသူလုပ်ငန်းရှင်တစ်ဦးက “ကျွန်တော်သိရသလောက်တော့ ယုဇန၊ မြတ်မေတ္တာမွန်ကုမ္ပဏီတွေဆိုရင် နယ်ဆိုင်သီးသန့်ပဲဖွင့်မှာ၊ ရန်ကုန်မြို့ပေါ်မပါဘူး။ နယ်ဆိုင်ပဲရတဲ့ တခြားကုမ္ပဏီတွေလဲ ကျန်ပါသေးတယ်။ ရန်ကုန်မြို့ပေါ်ဆိုင်တွေကို အနည်းစုက ဖွင့်လှစ်မယ့်အနေအထားပါ”ဟု ရှင်းပြခဲ့သည်။ အစိုးရဆိုင်များအနေဖြင့် စက်သုံးဆီရောင်းချရာတွင် FEC ဖြင့်ဆိုပါက ဒီဇယ်ဆီတစ်ဂါလန် ၃ ဒသမ ၁ယူနစ်၊ ဓာတ်ဆီတစ်ဂါလန် ၃ ဒသမ ၂ယူနစ်ဖြစ်ကြောင်း၊ ပြင်ပပေါက်ဈေးများမှာမူ ဒီဇယ်ဆီတစ်ဂါလံ ၃၂၀ဝကျပ်၊ ဓာတ်ဆီတစ်ဂါလန် ၃၆၀ဝကျပ်ဖြစ်ကြောင်း သိရသည်။ လက်ရှိဖွင့်လှစ်ထားသည့် ပုဂ္ဂလိကစက်သုံးဆီဆိုင်အချို့မှ ရောင်းချသည့် ဒီဇယ်ဆီတစ်ဂါလန်ဈေးနှုန်းမှာ ကျပ် ၃၂၀ဝဖြစ်သည့်အတွက် ပုဂ္ဂလိကဆိုင်များပြင်ပပေါက်ဈေးအတိုင်း ရောင်းချသည့်အနေအထားရှိကြောင်းသိရသည်။ “ဧဒင်ကုမ္ပဏီက ဆိုင်စဖွင့်တဲ့အခါ ဓာတ်ဆီကို ဝယ်ယူကုန်ကျတဲ့ဈေးရင်းအတိုင်းနဲ့ စပြီးရောင်းသွားဖို့ စီစဉ်နေတယ်လို့ […]


klnMay 21, 20101min1571
မြန်မာနိုင်ငံတွင်ထုတ်ဝေသည့် စာအုပ်စာပေများကို နိုင်ငံတကာစာပေလောကအတွင်းဖြန့်ချိနိုင်ရန် မရှိမဖြစ်လိုအပ်သည့် ကုတ်နံပါတ်များကိုထုတ်ပေးသော နိုင်ငံတကာ အိုင်အက်စ်ဘီအင်န်အေဂျင်စီ လန်ဒန်သို့ မြန်မာနိုင်ငံက ဝင်ရောက်ခွင့်ရပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးဦးကျော်ဆန်းက မေလ ၁၆ရက်နေ့က ပြောသည်။ “ ၂၀၀၉ခုနှစ်၊ အောက်တိုဘာလ ၈ရက်နေ့က မြန်မာနိုင်ငံကို International ISBN Agency ကိုဝင်ခွင့်ပြုကြောင်းနဲ့ ပဋိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးပေးပို့ဖို့ အကြောင်းကြားပါတယ်” ဟုယင်းသို့ဝင်ရောက်ရန် ဆက်သွယ်ဆောင်ရွက်ခဲ့သော အဖွဲ့အစည်း ဖြစ်သည့် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ပဋိညာဉ်စာချုပ်( Contract ) နှင့်အတူသင်းဖွဲ့မှတ်တမ်း( Memorandum of Association) ၊သင်းဖွဲ့စည်းမျဉ်း( Articles of Association) များကိုပါ လက်မှတ်ရေးထိုးပေးပို့ရန်ဖြစ်သည် ဟုအဆိုပါတာဝန်ရှိသူကပြောသည်။ “ ဒီစာချုပ်တွေကိ ဒီဘက်က လက်မှတ်ရေးထိုးပြီး ဒီမေလအတွင်း ပို့ပါမယ်။ ဒါဆိုဟိုဘက် […]


klnMay 21, 20101min1450
ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအား အင်ဒိုချိုင်းနားနိုင်ငံ ၃ ခုနှင့် မြန်မာနိုင်ငံတွင် စီးပွားရေးအခွင့်အလမ်းသစ်များ ရှာဖွေသင့်ကြောင်း Siam Commercial Bank ၏ စီးပွားရေး စုံစမ်းစင်တာမှ အကြံပေးတိုက်တွန်းသည်။ ယင်းကဲ့သို့ အကြံပေးခြင်းမှာ ၂၀၀၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ပမာဏသည် ၂ ဒသမ ၅ ဘီလျံ ရှိခဲ့သော်လည်း တဖြည်းဖြည်းချင်း လျော့ကျမှုများဖြစ်ပေါ်လာရာ ပထမ လေးပတ်အရောက် ၁ ဒသမ ၂ ဘီလျံသို့ ရောက်ရှိခဲ့ခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ အဆိုပါစင်တာမှ မစ္စတာSethaput Suthiwartnarueput က “ ထိုင်းမှာ နိုင်ငံရေးအရှုပ်အထွေး ဖြစ်မှုကြောင့် ထိုင်းနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုတွေဟာ နိုင်ငံခြားဈေးကွက်ကို ရောက်သွားတယ် ” ဟုဝေဖန်သုံးသပ်သည်။ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနှင့် မိုဘိုင်းဖုန်းဝန်ဆောင်မှုလုပ်ငန်းတို့နှင့် ပတ်သက်ပါက ရင်းနှီးမြှပ်နှံမှုပြုရန် […]


klnMay 21, 20101min1300
မန္တလေးမြို့တွင် ပထမဆုံး ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်အမှတ်(၀၆၃၃)ကို ရန်ကုန်-မန္တလေး ကားလမ်း ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန်တွင် ဖွင့်လှစ်လိုက်ပြီး ဒီဇယ်ဆီများ စတင်ရောင်းချပေးလျက်ရှိပြီး တစ်ဂါလန် ကျပ် ၃၃၀ဝ နှုန်းဖြစ်သည်။ မန္တလေးမြို့တွင် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချရန် အဆိုပြုလွှာများခေါ်ယူခဲ့ရာ မန္တလေးမြို့တွင် စက်သုံးဆီအရောင်းဆိုင် ၁၃ ဆိုင် ရှိသည်။ ဒီဇယ်ဆီများကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ပိတ်ရက်မရှိ ရောင်းချမည်ဟု သတင်းရရှိသည်။


klnMay 21, 20101min1822
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်ကမာ္ဘ့ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းဆောင်ရွက်ခဲ့သော မန္တလေးမြို့ရှိ ဘောလုံးအကယ်ဒမီကို မေလတတိယပတ်တွင် ဖွင့်လှစ်ရန်စီစဉ်ထားကြောင်းအဆိုပါ ဘောလုံးအကယ်ဒမီမှ ကျောင်းအုပ်ကြီး ဦးစိုးညွှန့်ကပြောကြားသည်။ ၁၅ဧက ကျယ်ဝန်းသည့် ဘောလုံးအကယ်ဒမီတွင် သုံးထပ်ဆောင် ပါရှိပြီးဘောလုံးအသင်းသုံးသင်းစာ နေနိုင်သည့် အဆောင်၊ လူ ၁၂ဝစားသောက်နိုင်သည့် စားဖိုဆောင်၊ မီးဖိုခန်းတို့ပါရှိသည်။ နည်းပြများအတွက် အဆောင်သီးသန့်ပါရှိပြီးအထူးဧည့်သည်များ အတွက်လည်း သီးသန့်အခန်းထားရှိသည်။ ထို့ပြင် စာသင်ဆောင်၊ ကာယကြံ့ခိုင်မှုလေ့ကျင့်ဆောင်၊ အစည်းအဝေးခန်းမစသည်တို့လည်း ပါရှိသည်။ “ဒီအဆောင်အအုံကို ကနဦးကဧရာရွှေဝါကုမ္ပဏီက တာဝန်ယူခဲ့ပြီး ရေမီး၊ landscaping ပိုင်းတွေကို Max ကုမ္ပဏီက တာဝန်ယူခဲ့ပါတယ်။ ဖွင့်ပွဲရက်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတ်မှတ်မယ့် ရက်ကိုပဲ ဖွင့်လှစ်မှာဖြစ်ပါတယ်။ ၂၁ရက်နေ့လို့ပဲ ခန့်မှန်းထားရတာပါပဲ” ဟု ပြောကြားသည်။ အဆိုပါဘောလုံးအကယ်ဒမီအတွက် ၁၁နှစ်အောက်အယောက် ၃၀၊၁၃နှစ်အောက် အယောက်၃၀၊ ၁၅နှစ်အောက် အယောက်၃၀၊ ရွေးချယ်ထားပြီးဖြစ်ကာ နိုင်ငံခြားနည်းပြချုပ်တစ်ဦး၊ မြန်မာနည်းပြသုံးဦးတို့က […]


klnMay 21, 20101min1940
ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာများတွင် ညစ်ညမ်းဗီဒီယိုခွေများ ပြသသောဗီဒီယိုရုံများအား စတင်အရေးယူလျက်ရှိကြောင်း သတင်းရရှိပါသည်။ ညစ်ညမ်းဗီဒီယိုခွေများပြသော ဗီဒီယိုရုံများအပြင် ပြသသူများကိုလည်း အရေးယူလျက်ရှိ်ကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာများတွင် မုဒိမ်းမှုများဖြစ်ပွားနေရခြင်းမှာ ညစ်ညမ်းခွေများကြောင့် ဖြစ်သည်ဟု ယူဆရသဖြင့် ယင်းကဲ့သို့ အရေးယူရခြင်းဖြစ်ကြောင်း သိရှိရသည်။ ညစ်ညမ်းဗီဒီယိုခွေ ပြသသော ဗီဒီယိုရုံများအား သက်ဆိုင်ရာကျေးရွာ ရဲတပ်ဖွဲ့များ၊ တာဝန်ရှိသူများမှ လိုက်လံစစ်ဆေးအရေးယူခြင်းဖြစ်သည်ဟု သိရှိရသည်။ ယင်းကဲ့သို့ အရေးယူမှုပြုလုပ်ရာတွင် ဗီဒီယိုအက်ဥပဒေနှင့်အညီ အရေးယူခြင်းဖြစ်ပြီး ယင်းဥပဒေမှာ ထောင်ဒဏ်သုံးနှစ်အထိ အရေးယူခံရနိုင်ကြောင်း သိရသည်။


klnMay 20, 20101min1590
မေလ ၁၉ရက်နေ့ ညနေ ၅နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းလိုင်လာ (Laila)သည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ရောက်ရှိခဲ့ပြီး အိနိ္ဒယနိုင်ငံ ဗီဆာကာပါတ္တနမ်မြို့(Visakhapatanam)၏ အနောက်တောင်ဘက် မိုင် ၂၇ဝခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေသည်။ မုန်တိုင်း၏ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၇၅မိုင်ခန့်ရှိပြီး မြောက် သို့မဟုတ် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရသည်။ မုန်တိုင်း၏ လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်သာရှိပြီးမြန်မာနိုင်ငံဘက်ဆီသို့ ဦးတည်ရွေ့လျားခြင်းမရှိဟု သတ်မှတ်သည်။ မုန်တိုင်း၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ကာ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄ဝ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။


klnMay 20, 20101min1280
ရှမ်းပြည်နယ် ( တောင်ပိုင်း) ၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိမြို့နယ် အချို့၌ မေ ၁၆ရက် မွန်းလွဲပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအချို့ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ် ( တောင်ပိုင်း) တောင်ကြီးမြို့နယ် ရွှေညောင်ကျေးရွာအုပ်စု သံလွန်ကျေးရွာ၌ ညောင်ကိုင်းကျိုးကျသဖြင့် မူလတန်းကျောင်း သွပ်မိုးများ ပေါက်ပြဲပျက်စီးခြင်း၊ မှန်တံခါးအချို့နှင့် တရုတ်ကပ်မှန်အချို့ ကွဲအက်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ပြီး ပြောင်းမျိုးစေ့ထုတ်လုပ်ရေးစက်ရုံရှိ အုတ်တံတိုင်း ၁၆ခန်းပြိုလဲခြင်းဖြစ်ပေါ်ခဲ့ကြောင်း ၊ ဖယ်ခုံမြို့ ဟိန်ဓမ္မရပ်ကွက်၊ အောင်ပန်း-လွိုင်ကော်ကားလမ်းနှင့် ကိုက် ၂ဝခန့်အကွာရှိ သစ်ပင်ကြီးတစ်ပင် အမြစ်မှ ကျွတ်ထွက်ပြီး ဖုန်းကြိုးပေါ်ကျသဖြင့် ကွန်ကရစ်ဖုန်းတိုင်နှစ်တိုင် နှစ်ပိုင်းကျိုးသွားခဲ့ကြောင်း၊ တာဝန်ရှိသူများက ဖုန်းတိုင်နှစ်တိုင်ကို အမြန်ဆုံးအစားထိုးလဲလှယ်နိုင်ခဲ့သဖြင့် ဖုန်းဆက်သွယ်မှုပြတ်တောက်ခဲ့ခြင်း မရှိကြောင်းသိရသည်။ ထို့အပြင် မန္တလေးတိုင်းပုသိမ်ကြီးမြို့နယ် သုံးအိမ်ကျေးရွာအနီး၌ ပြင်ဦးလွင်- မန္တလေးကားလမ်း လမ်းဘေးဝဲ၊ ယာရှိသစ်ပင်နှင့်သစ်ကိုင်းအချို့ ကျိုးကျ၍ လမ်းပိတ်ဆို့မှုရှိခဲ့ရာ အနီးပတ်ဝန်းကျင် […]


klnMay 20, 20101min1290
၂၀၁ဝခုနှစ် မေ ၁ရရက်တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်ခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ရာမှ မေ ၁၈ရက်နှင့် ၁၉ရက်တို့တွင် ဆက်လက်အားကောင်းခဲ့ပြီး ဆိုက်ကလုန်းမုန်တိုင်း လိုင်လာအဖြစ်သို့ ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားခြင်းမရှိသော်လည်း ဆိုင်ကလုန်းမုန်တိုင်း လိုင်လာအရှိန်ကြောင့် မေ ၁၈ရက်တွင် ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းတို့၌ မေ ၁၈ရက်က ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် ပျံ့ပျံ့နှံ့နှံ့ မိုးထစ်ချုန်းရွာသွန်းခဲ့သည့်အနက် သိသာထင်ရှားသော မြို့များမှာ ရန်ကုန်(ကမာ္ဘအေး)တွင် ၂ ဒသမ ၂ဝလက်မ၊ ထားဝယ်မြို့တွင် ၁ ဒသမ ၆၅လက်မ၊ ပေါင်မြို့တွင် ၁ဒသမ […]


klnMay 20, 20101min1130
ဧပြီ ၁၅ရက်က ရန်ကုန်မြို့မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဆေးရုံအသီးသီးတို့၌ ဆေးကုသမှုခံယူလျက်ရှိသော ဒဏ်ရာရလူနာ ၁၇ဝအနက် လူနာအများစုမှာ ဆေးရုံမှ ဆင်းသွားနိုင်ခဲ့ကြပြီး အမျိုးသားငါးဦး၊ အမျိုးသမီးလေးဦး စုစုပေါင်းကိုးဦးသာ ဆေးကုသမှုဆက်လက်ခံယူလျက်ရှိကြကြောင်း သတင်းများထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယခုအခါ အဆို်ပါဆေးကုသမှုခံယူလျက်ရှိသော လက်ကျန်ဒဏ်ရာရ လူနာများအနက် သက်သာပျောက်ကျင်းသူများ ဆေးရုံမှ ထပ်မံဆင်းသွားခဲ့ကြသဖြင့် မေလ ၁၉ရက်နေ့အထိ အမျိုးသားလေးဦးသာ ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိကြောင်း သိရသည်။


klnMay 20, 20101min1240
မြန်မာအမျိုးသမီးဘောလုံးအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမာ္ဘ့ဘောလုံးအဖွဲ့ချုပ် (FIFA)မှ အမျိုးသမီးဘောလုံးရေးရာ ကျွမ်းကျင်သူ ဂျာမနီနိုင်ငံသူ Mrs. Monika Staab သည် ရန်ကုန်မြို့သို့ မေ ၂၄ရက်မှ ၃၁ရက်အထိ လာရောက်ပြီး လိုအပ်သည့် ဆွေးနွေးသင်ကြားကူညီမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းများနည်တူ အမျိုးသမီးအသင်းများကိုလည်း နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများ ပြန်လည်ရရှိစေရန် ရေတိုရေရှည်စီမံချက်များ ချမှတ်အကောင်အထည်ဖော်နေသော မြန်မာနို်င်ငံဘောလုံးအဖွဲ့ချုပ်သည် FIFA ထံသို့ မြန်မာအမျိုးသမီးဘောလုံးအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးမှုများပေးရန် ဆက်သွယ်တင်ပြတောင်ခံခြင်းကြောင့် ဂျာမနီအမျိုးသမီးလက်ရွေးစင်ကစားသမားဟောင်းနှင့် နည်းစနစ်ညွှန်မှူးဟောင်းဖြစ်သူ FIFA Women Football Instructor Mrs. Monika Staab အားယခုကဲ့သို့ မြန်မာနိုင်ငံသို့ စေလွှတ်ခြင်းဖြစ်သည်။ ၂၀၀ရခုနှစ်ကလည်း မြန်မာနိုင်ငံသို့ လာရောက်ဖူးသည့် Mrs. Monika Staab သည် ရန်ကုန်မြို့၌ ရောက်ရှိနေစဉ်အတွင်း မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၊ […]


klnMay 20, 20101min1550
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် အတွင်းရှိ ဧရာဝတီဆိပ်ကမ်းတစ်လျှောက်တွင် မေလဆန်းပိုင်းမှ စတင်၍ ဆိပ်ကမ်းဆိုင်ရာ အခွန်အခများ စတင်ကောက်ခံနေပြီဖြစ်ကြောင်းသိရသည်။ ကောက်ခံလျက်ရှိသော အခွန်အခနှုန်းထားများမှာ ရေယာဉ်အမျိုးအစားတွင် အလျား ၄၄ပေ( ၁ထပ်) ကျပ်၅၀၀၊ အလျား ၄၄ပေ(၂ထပ်)ကျပ် ၆၀၀၊ အလျား ၄၄ပေ(၃ထပ်) ကျပ် ၈၀၀၊ လှေ-သမ္ဗန်-ဗောက်တူအမျိုးအစားတွင် အထွေထွေကုန် (၁တန်) ကျပ် ၂၀၀၊ အထွေထွေကုန်( ၁တန်အထက်) ကျပ် ၃၀၀၊ ဓာတ်မြေဩဇာ၊ ဘိလပ်မြေနှင့် အလားတူကုန်ပစ္စည်းကျပ် ၄၀၀၊ မော်တော်ယာဉ်အမျိုးအစားတွင် ၃တန်ကားတစ်စီးကျပ် ၂၀ဝ ၊ ၃တန်အထက် ကားတစ်စီးကျပ် ၅၀၀၊ ထော်လာဂျီတစ်စီးကျပ် ၁၀၀၊ ဆိုင်ကယ်တစ်စီး ကျပ်၁၀ဝနှင့် စက်ဘီးတစ်စီးကျပ် ၅ဝ တို့ဖြစ်ကြောင်း သိရသည်။