မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့၏ ပဉ္စမအကြိမ်ညီလာခံကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ခန်းမ၌ ၁၆-၅-၂၀၁ဝ ရက်မှ ၁၇-၅-၂၀၁ဝ ရက်ထိ ကျင်းပခဲ့သည်။ အဖွဲ့ဝင် ၈၀၀ဝနီးပါးရှိသည့် မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ကြီး၏ ညီလာခံများကို လေးနှစ်တစ်ကြိမ်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ တက်ရောက်လာကြသည့် ညီလာခံကိုယ်စားလှယ်များက ညီလာခံဒုတိယနေ့ ၁၇-၅-၂၀၁ဝရက် ညနေပိုင်းတွင် လေးနှစ်သက်တမ်းအတွက် ဗဟိုအမှုဆောင်ကော်မတီဝင်များကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ နာယကအဖွဲ့ဝင်များအဖြစ် ဦးလှမြိုင် (ကိုဆောင်း)၊ ဦးသန်းမောင် (သန်းမောင်)၊ ဒေါက်တာခင်မောင်ညွန့်(ဒေါက်တာခင်မောင်ညွန့်)နှင့် ဦးမြင့်ကြွယ် (မောင်မြင်ကြွယ်)တို့က ဆောင်ရွက်ကြမည်ဖြစ်၍ -ဥက္ကဋ္ဌ ဦးတင်ခ (တက္ကသိုလ်တင်ခ)၊ ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာတင်ထွန်းဦး (ဒေါက်တာတင်ထွန်းဦး)၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဒုတိယဥက္ကဋ္ဌ(၃) ဦးမြင့်သိန်း( မြင့်သိန်းအောင်)၊ အတွင်းရေးမှူး ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)၊ တွဲဖက်အတွင်းရေးမှူး(၁) ဦးမြတ်ခိုင် […]