koaungMarch 29, 20101min1477
ရန်ကုန် မြို ့ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ ယနေ့ကျင်းပသည့် အစည်းအဝေးတွင် စစ်အစိုးရ၏ ၂၀၁ဝ ရွေးကောက်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင် နိုင်ရေး အတွက် ပါတီ မှတ် ပုံ တင် မည် (သို ့မဟုတ် ) မတင်ဘူး ဆိုသည် ကို စတင်စည်းဝေး နေကြပြီ ဖြစ်ပါသည်။ပြည်တွင်း /ပြည်ပ မီဒီယာ(နိုင်ငံခြားသတင်း ဌာန) များ လုံထိန်း နှင့် အရပ် ဝတ်ထောက်လှမ်းရေးများအဖွဲ ့ချုပ် ရုံး အနီးရောက်ရှိနေပါသည်။ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ သဘောထားဘက်မှ ဦးဝင်းတင် နှင့် ရှေ ့နေ ဦးဉာဏ်ဝင်း တို ့အပါအဝင် မြို ့နယ် ပါတီအဖွဲ […]


koaungMarch 28, 20101min630
မေး။   ။ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနဲ့ ပတ်သက်၍ အဓိက အကြောင်းပြချက် သုံးခုကို ပြောပြပါ။ ဖြေ ။    ။ တစ်အချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ အဖွဲ့ဝင်တင် မကဘူး ပြည်သူလုထုကြီးကပါ လေးစားပြီး အားကိုးနေတဲ့ ပုဂ္ဂိုလ်ဆိုတော့ သူ့ကိုတော့ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ခွဲထုတ်မယ် ဆိုတဲ့ ရည်ရွယ်ချက် လုံးဝ မရှိဘူး။ ထုတ်လို့လည်း မရဘူး။  ဒေါ်အောင်ဆန်းစုကြည် မပါဘဲနဲ့ မြန်မာပြည်နိုင်ငံရေးကို ဖြတ်သန်းမယ် ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ လက်တွေ့ပဲ။ မှတ်ပုံတင်ရေးဟာ ဘာကြောင့်လဲဆိုတော့  ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီးတော့ ၆လဒဏ်တွေ၊ ရလဒဏ်တွေ ကြားထဲမှာ ပြန်ထွက်လာတဲ့ အခါမှာ နိုင်ငံရေးပါတီရဲ့ အဝန်းအဝိုင်းထဲမှာ ဆက်ရှိနေစေချင်တဲ့ သဘောရှိတယ်။ မလွဲမသွေ  ကျနော်တို့ဟာ ပါတီတရပ် လိုတယ်။ နှစ်အချက်က […]


koaungMarch 27, 20101min1286
အခုတလော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့   ပါတီမှတ်ပုံတင်ရေး မတင်ရေးဟာ  ပြည်သူတွေကြားမှာစိတ်ဝင်စားနေကြတဲ့ ကိစ္စရပ်လေးတခု ဖြစ်နေပါတယ်။ NLD ကတော့ အန်တီစု ရဲ့ သဘောထားအတိုင်း လာမဲ့ ၂၉ ရက်နေ့ကျမှ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ လက်ဖက်ရည်ဆိုင် နဲ့ ဈေးတွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ ဝင်ပြိုင်ရင် ဒို့ကတော့ NLD ကိုပဲ မဲပေးမှာပဲတော်ရေ့ ဆိုတဲ့ ဈေးသည်တွေရဲ့ အသံ အိမ်ရှင်မတွေရဲ့ အသံ နဲ့ လက်ဖက်ရည်ဆိုင် ထိုင်ပြန်ရင်လည်း လူ ၅ ယောက်ထိုင်နေတဲ့ ဝိုင်းမှာဆိုရင် လူ ၄ ယောက်လောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ မဲပေးမယ်ဆိုတဲ့အကြောင်း နဲ့ ၁၉၉ဝ မှာတုန်းကလဲ NLD ကိုပဲ မဲပေးခဲ့တယ်ဆိုပဲ။ အခု ရွေးကောက်ပွဲမှာ NLD […]


koaungMarch 27, 20101min751
အခုတလော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့   ပါတီမှတ်ပုံတင်ရေး မတင်ရေးဟာ  ပြည်သူတွေကြားမှာစိတ်ဝင်စားနေကြတဲ့ ကိစ္စရပ်လေးတခု ဖြစ်နေပါတယ်။ NLD ကတော့ အန်တီစု ရဲ့ သဘောထားအတိုင်း လာမဲ့ ၂၉ ရက်နေ့ကျမှ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ လက်ဖက်ရည်ဆိုင် နဲ့ ဈေးတွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ ဝင်ပြိုင်ရင် ဒို့ကတော့ NLD ကိုပဲ မဲပေးမှာပဲတော်ရေ့ ဆိုတဲ့ ဈေးသည်တွေရဲ့ အသံ အိမ်ရှင်မတွေရဲ့ အသံ နဲ့ လက်ဖက်ရည်ဆိုင် ထိုင်ပြန်ရင်လည်း လူ ၅ ယောက်ထိုင်နေတဲ့ ဝိုင်းမှာဆိုရင် လူ ၄ ယောက်လောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ မဲပေးမယ်ဆိုတဲ့အကြောင်း နဲ့ ၁၉၉ဝ မှာတုန်းကလဲ NLD ကိုပဲ မဲပေးခဲ့တယ်ဆိုပဲ။ အခု ရွေးကောက်ပွဲမှာ NLD […]


koaungMarch 26, 20101min610
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေများနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေး အကြပ်အတည်းကို  ပြည်တွင်း ပြည်ပ ဝေဖန်သံများရှုပ်ထွေးနေချိန်မှာပဲ မတ်လ ၂၄ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏မြန်မာ့ရွေးကောက်ပွဲအရေး တံခါးပိတ်ဆွေးနွေးပွဲ ပြုလုပ်သွားတယ်လို့ ကြားသိရပါတယ်။ ၎င်းအစည်းအဝေးမကျင်းပမီ မတ်လ ၂၃ ရက်နေ့က ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်နဲ့ မြန်မာ့အရေးမိတ်ဆွေနိုင်ငံများအဖွဲ့နဲ့ ကြိုတင်ဆွေးနွေးခဲ့ပါတယ်။ အဆိုပါ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်တွေးနွေးပွဲမှာ  မြန်မာနိုင်ငံရဲ့ ပေါက်ဖော်ကြီး တရုတ်က ဘယ်နိုင်ငံမဆို ရွေးကောက်ပွဲဟာ သက်ဆိုင်ရာအချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ နိုင်ငံနဲ့ တိုက်ရိုက်သက်ဆိုင်တဲံ့ အရေးကိစ္စသာ ဖြစ်ပြီး ၎င်းကို လေးစားရမည်ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံအရေးကိစ္စသည်လည်း ထိုနည်းတူပင်ဖြစ်ပါကြောင်း ကာ့ကွယ်ပြောဆိုသွားပါတယ်။ ဒါတင်မကသေးပါဘူး မြန်မာနိုင်ငံရဲ့ လာမဲ့ရွေးကောက်ပွဲအတွက် ကောင်းမွန်တဲ့အခြေအနေဖန်တီးပေးဖို့၊ အပြုသဘောဆောင်အားပေးဖို့ နဲ့ မြန်မာပြည်ကိုကူညီဖို့အရေးဟာနိုင်ငံတကာအဖွဲ့အစည်း၊ ကုလသမဂ္ဂ နဲ့ လုံခြုံရေးကောင်စီတို့အတွက် အရေးကြီးပါတယ်ဆိုပြီး တင်ပြသွားပါတယ်။ ဆိုလိုတာကတော့ […]


koaungMarch 24, 20101min734
မတ်လ ၂၉ ရက်နေ့မှာ  NLD  ဗဟိုကော်မတီအဖွဲ့ဝင်တွေ ပါတီမှတ်ပုံတင်ဖို့/မတင်ဖို့၊ ရွေးကောက်ပွဲ ဝင်/မဝင် ဆွေးနွေးဆုံးဖြတ်ကြမယ်လို့ သိရပါတယ်။ ကျွန်တော်တို့လူငယ်အမြင်နဲ့ ပြောချင်တာ တခုကတော့၊ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲဝင်စဉ်အခါကလည်း ဦးတင်ဦးနဲ့ အန်တီစုကို ပါတီကထုတ်ပယ်ပြီးမှ ရွေးကောက်ပွဲဝင်ကြရတာ၊ အဲဒီအချိန် နိုင်ခဲ့တုန်းကလည်း အန်တီစုဟာ ရွေးချယ်ခံကိုယ်စားလှယ်မဟုတ်ပါဘူး၊ အလားတူ ဦးဝင်းတင် ဟာလည်း ရွေးချယ်ခံကိုယ်စားလှယ်မဟုတ်ပါဘူး၊ ရွေးကောက်ပွဲဥပဒေထဲမှာ ထောင်ကျနေသူများလို့ဆိုတဲ့အတွက် လက်ရှိထောင်ထဲမှာ ပြစ်ဒဏ်ခံနေရသူများသာ အကျုံးဝင်ပြီး ထောင်ကလွတ်တဲ့လူတွေနဲ့ မပတ်သက်နိုင်ဘူးဟု ယူဆရပါတယ်၊ အန်တီစုလည်း ထောင်ကလွတ်လာရင် ပါတီထဲပြန်ဝင်လို့ရတာပဲမဟုတ်လား၊ အခု ဦးဝင်းတင်တို့ သဘောထားက ရွေးကောက်ပွဲမဝင်ဘူးပြောနေတော့ သူကိုယ်တိုင်ဝင်အရွေးခံရင်လည်း အသက်အရွယ်နဲ့နိုင်မဲ့ အခြေအနေမရှိတော့၊ သူ့နောက်လိုက် သူ့သဘောထားကို လက်ခံတဲ့လူကလည်း မြန်မာတစ်ပြည်လုံးအတိုင်းအတာ မပြောနဲ့ ရန်ကုန်မြို့မှာတောင် လူ (၁၀၀၀) ရှိမယ် […]


koaungMarch 24, 20101min913
အခုဆိုရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မှတ်ပုံတင်ရေး၊ မတင်ရေးဆိုတဲ့အပေါ်မှာ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေအကြားသဘောထားအမျိုးမျိုးကွဲလွဲနေပြီး သုံးသပ်ချက်အမျိုးမျိုးထွက်နေပါတယ်။ NLD ကတော့ လာမဲ့ မတ်လ ၂၉ ရက်နေ့မှာ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စကို မဲစနစ်နဲ့ပဲ ဆုံးဖြတ်ပေးတော့မှာဖြစ်ပါတယ်။ တချို့ကလည်း ၁၉၉ဝကရွေးကောက်ပွဲရလာဒ်ကိုပဲ တရားသေဆုပ်ကိုင်ထားဖို့ဖိအားပေးနေပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက NLD ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့  ဒေါက်တာ သန်းငြိမ်းတို့  ဦး ခင်မောင်ဆွေတို့ အုပ်စုက တော့ အများဆန္ဒနဲ့ရွေးချယ်ဆုံးဖြတ်တဲ့လမ်းဟာမှန်ကန်ပြီးသဘာဝကျတယ် ဆိုပေမဲ့နိုင်ငံရေးအဖွဲ့အစည်း တစ်ခုအနေနဲ့ဆက်ပြီးရပ်တည်မယ ်မရပ်တည်ဘူး၊ ဆက်လုပ်မယ် မလုပ်ချင်ဘူးဆန္ဒနဲ့ပါတ်သက်ပြီး ဒါဟာအခြေခံလူ့အခွင့်အရေးနဲ့ပါတ်သက်နေပါတယ်။ မလုပ်ချင်တဲ့လူကို အတင်းလုပ်ရမယ်လို့ပြောလို့မရသလို ကိုယ်မလုပ်ချင်တာနဲ့ပဲကျန်တဲ့လူတွေမလုပ်ရဘူးဆိုတာကတော့ကန့်သတ်လို့မရပါကြောင်းဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။ ဆိုလိုတဲ့သဘောကတော့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံမတင်ရဘူး ညွှန်ကြားပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ပါတီဆက်လက် ပေါ်ပေါက်နေစေရေးအတွက် မှတ်ပုံတင်ကို တင်ရမယ်ဆိုတဲ့သဘောပါပဲ။ ဒါမှလဲ နိုင်ငံရေးလုပ်ငန်းစဉ်တွေကိုဆက်လက်လုပ်ကိုင်နိုင်မှာပဲမဟုတ်လား။ ဒါပေမဲ့ NLD ရဲ့ထိပ်တန်းရှေ့နေကြီးနှစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ […]


koaungMarch 24, 20101min771
ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင်ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီရဲ့ နှစ်ပတ်လည်ညီလာခံမှာ မစ္စတာကင်တာနာမှ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူ၏အစီရင်ခံစာကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်ပြပြီးနောက် တရုတ် သံတမန်ကိုယ်စားလှယ် မစ္စတာလောင်ချိန်းက မြန်မာအစိုးရသည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေများကို ကုလလူ့အခွင့်အရေး အထူးစုံစမ်းရေးမှူးအား လက်ခံခေါ်ယူဖိတ်ကြားခြင်းကို ကြိုဆိုရမည်ဖြစ်ပြီး မစ္စတာကင်တာနာ၏အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် ပါတ်သက်ပြီး ဆိုးဆိုးရွားရွား ဖော်ပြပါရှိနေကြောင်း၊၊နှစ် ၂ဝအတွင်း ရွေးကောက်ပွဲပြုလုပ်ခြင်းသည် မြန်မာအစိုးရက နိုင်ငံတကာကိုတင်ပြထားတဲ့ လမ်းပြမြေပုံ နံပါတ်(၅)အချက်ကို ဆောင်ရွက်ခြင်းဖြစ်တဲ့အကြောင်းနဲ့ တိုးတက်မှုများကို မြန်မာအစိုးရက တဝက်သာ ဖောင်ဆောင်နိုင်သေးကြောင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေ အနေကို ကုလလူ့အခွင့်အရေးကောင်စီက ဘက်မလိုက်ပဲ သုံးသပ်သွားစေလိုကြောင်း မြန်မာအစိုးရ အနေနဲ့ ပြည်တွင်းမှာ ဒီမိုကရေစီတိုးတက်ရေး နဲ့ နိုင်ငံ ရေးအရ ပြန်လည်ရင်ကြားစေ့ရေးအတွက် […]


koaungMarch 23, 20101min640
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက မတ်လ ၈ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ၁/၂၀၁ဝ ကိုလည်းကောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ၂/၂၀၁ဝ ကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၃/၂၀၁ဝ ကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ ၄/၂၀၁ဝ ကိုလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၅/၂၀၁ဝ ကိုလည်းကောင်း အသီးသီးထုတ်ပြန်ခဲ့ပါတယ်။ ရွေးကောက်ပွဲဥပဒေများထုတ်ပြန်ခဲ့ပြီးသည့်နောက်ပိုင်းမှာ နိုင်ငံရေးအသိုင်းအဝိုင်းများ၊ အလွှာအသီးသီးမှ ပြည်သူများ နှင့် ပြည်ပအတိုက်အခံအင်အားစုများမှ ရွေးကောက်ပွဲဥပဒေများအပေါ် ထင်မြင်ချက်အမျိုးမျိုး၊ ဝေဖန်ချက်အဖုံဖုံ ဝေဖန်ပြောဆိုသံများကြားသိနေရပါတယ်။ အထူးသဖြင့် ယခုထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဥပဒေသည် တည်ဆဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) အနေဖြင့် အတော်လေးအကြပ်ရိုက်သွားရသည့် အခြေအေနဖြစ်သွားရပါတယ်။ ပြည်ပနိုင်ငံအချို့ ကလည်း ရွေးကောက်ပွဲဥပဒေများအပေါ် ဝေဖန်ချက်အမျိုးမျိုး ပေးနေကြပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ ဆိုင်းပြင်းနေသည့် နိုင်ငံရေးပါတီအချို့ ကလည်း မည်သည့်ကြေငြာချက်မှ မထုတ်ပြန် ခင်ကတည်းက […]