kokoeaimmdyOctober 2, 20111min1564
ကျွန်တော်မွေးကင်းစမှာ ကျွန်တော့်ကိုထုပ်သော အနှီးဟာ ချည်ဖြင့်ရက်လုပ် ထားသော ချည်သားစစ်စစ် ဖြစ်ပါသည်။ ကျွန်တော့်ကို သိပ်သော ပုခက်မှာ ကြိမ်ဖြင့်ပြုလုပ် ထားသော ကြိမ်ပုခက် ဖြစ်ပါသည်။ ကျွန်တော့်ကို သိပ်သောအိပ်ယာမှာ ဝါဂွမ်းဖြင့်ပြုလုပ် ထားသော ဂွမ်းကပ်စောင်နှစ်ထည် ဖြစ်ပါသည်။ ကျွန်တော့်အတွက် ခေါင်းအုံးကိုတော့ ဝါဂွမ်းစစ်စစ်ဖြင့် ပြုလုပ်ထားသော နူးညံ့သည့် ခေါင်းအုံးငယ်ကလေး ဖြစ်ပါသည်။ ငယ်စဉ်က ကျွန်တော် ချောင်းအလွန် ဆိုးတတ်ပါသည်။ ထိုသို့ ချောင်းဆိုးလျှင် ကွမ်းရွက်နှင့်ပြုလုပ်ထားသော ကွမ်းရွက်ပုံလျက်ဆားကို အမေကကျွေးတတ်သည်။ ကလေးသဘာဝ အစားစုံစားမိ၍ အစာမကြေဖြစ်လျှင်လည်း ထန်းပင်မှဖြစ်သော ထန်းလျက်ကို ဆေးသဖွယ် ကျွေးတတ်ပါသည်။ ငါးနှစ်ပြည့်၍ သူငယ်တန်းတက် သောအခါ ကျောင်းစိမ်းပုဆိုးနှင့် အိကျီင်္အဖြူကလေးကို ဝတ်ရပါသည်။ ချည်သားအထည်လေးများ ဆိုရင်ဖြင့် ဝတ်ရတာအလွန် သဘောကျမိသည်။ ကျောင်းကို ထည့်သွားသော […]