မေ… တောင်တန်းပြာတွေဆီ မျှော်မကြည့်ရဲတော့ပါဘူး.. ဗျိုင်းတစ်အုပ်ထအပြန်မှာ အလွမ်းတွေလာလာမှန်မှာစိုးလို့ပါ… အနောက်တောင်တဝိုက်ဆီက တိမ်ညိုတွေစွေလာတိုင်းလည်း မိုးခေါ်တေးတွေကိုမဆိုဖြစ်တော့ပါဘူး… အဆွေးတွေပိုပိုလာမှာစိုးလို့ပါ …. မြူခိုးတွေဝေနေတဲ့ ရွာအစွန်က ကုက္ကိုပင်အိုမှာလည်း သွားမထိုင်ရဲတော့ပါဘူး… ဥဩသံတွေကြားရင် မေ…. ပြန်လာမလားလို့ မျှော်ရတာမောလွန်းလို့ပါ… ခုတော…… ငါ .. အခန်းကျဉ်းလေးထဲမှာ သိမ်ငယ်မှုတေးတွေ ရင့်ကျူးရင်း …. မနက်ဖြန်တွေကို … ရစ်သမ်ပျက်သံစဉ်တွေနဲ့ … အဆွေးကုတင်ထက်မှာ နားဆင်သူရှိနေမလားဆိုပြီး .. တိတ်တိတ်လေးသာ …. တိတ်တိတ်လေးသာ…. ဆိုငြီးနေရတာပါကွယ် …..