kotun winlattApril 12, 20151min2888
အလံထူခွင့် မရရှာတဲ့ ရွာကလေး …. @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ အရှေ့အနောက်တောင်မြောက် ပတ်ပတ်လည် တောင်များဝန်းရံနေသည့် ချိုင့်ဝှမ်းလွင်ပြင်ငယ်လေး၏ ကုန့်မြင့်လေးတစ်ခုပေါ်တွင် ဖိုခနောက်ဆိုင် ပေါက်ရောက်နေသည့် ထန်းပင်လေးသုံးပင်ကား ထိုးထိုးထောင်ထောင် …. အခြားအပင်များကြား၌ ထူးခြားနေ၏။ ယင်းထန်းပင်များ၏ အောက်ခြေတွင် ထန်းလက်မိုး ထန်းလက်ကာထားသည့် တဲငယ်တစ်ခု …. ယင်းတဲလေးအတွင်းတွင် လုလင်ပျိုလေးဦးတို့သည် အမြုပ်တစီစီထနေသည့် ဝါးပိုးဝါးအတွင်းမှ ပင်ကျရည်(ဝါ)ထန်းရည်ကို ခွက်ပုံသဏ္ဍာန်ပြုလုပ်ထားသည့် ဝါးဆစ်ပိုင်းလေးများဖြင့် တငြိမ့်ငြိမ့်သောက်နေကြသည်။ စကားပြောသံကား သိပ်မကြားရချေ။ ခဏအကြာ “ကိုယ်တော်လေး … ကင်ခိုင်းထားတဲ့ ကြက်ကင် ရပါပြီဘုရား…” ဟူသည့် အသံနှင့်အတူ တောကြက်တစ်ကောင်လုံးကို တံစိုဖြင့်လျှိုကာ ကင်ထားသည့် ကြက်ကင်ကို ကိုင်လျှက် ထန်းထဲအတွင်းသို့ ထန်းသမား စိုင်းလျှံ ဝင်လာသည်။ ခဏက တိတ်ဆိတ်စွာ ထန်းရည်သောက်နေသည့် လူလေးဦးထဲမှ အသားဖြူဖြူ […]


kotun winlattJanuary 17, 20151min2232
  One Candle စေတနာရှင်လူငယ်များ အဖွဲ့ စာရေးကိရိယာ အလှူခရီးစဉ် (၈)   ကျနော်တို့အဖွဲ့ နားဖာကျေးရွာသို့ ဝင်လာစဉ်က ရွာ၏ အရှေ့ဘက်မှ ချောင်းကူးကာ ဝင်လာကြခြင်းဖြစ်ပြီး ပြန်ထွက်သောအခါ ရွာ၏ မြောက်ဘက်မှ ချောင်းကူးကာ ပြန်ထွက်လာခဲ့ကြသည်။ အကြောင်းမှာ ကျနော်တို့ ယနေ့သွားရောက်ကြမည့် ကျေးရွာလေးရွာတွင် နားဖာကျေးရွာ အခြားရွာများကဲ့သို့ လမ်းတစ်ခုတည်းပေါ်တွင် ရှိမနေပဲ သီးခြားရှိနေသောကြောင့်ပင် ဆားမှော်ကျေးရွာမှ လမ်းအတိုင်းသွားလျှင် နားမကျိုင်းကျေးရွာ၊ မူလခေါင်တုန့်စည်ကျေးရွာ ရောက်မည်ဖြစ်သော်လည်း နားဖာကျေးရွာလေးမှာ သီးခြားခွဲထွက်သွားရသော ရွာဖြစ်နေသည်။ ထို့ကြောင့် ကျနော်တို့အဖွဲ့မှာ လွန်ခဲ့သည့်နှစ် အလှူခရီးစဉ်တွင် အပြန်ခရီးမှ ဝင်ပြီး လှူကြရခြင်းပင်။ ယခုနှစ်မှာတော့ လူအင်အားနည်းနေသဖြင့် အပြန်ခရီးကို မိုးမချုပ်စေလိုပါ။ သို့အတွက် နားဖာကျေးရွာကို အရင်ဝင်ပြီး မူလခေါင်တုန့်စည်ကျေးရွာတွင် အလှူကိစ္စပြီးသည်နှင့် တန်းပြန်ကြမည်ဟု […]


kotun winlattJanuary 15, 20151min2299
One Candle စေတနာရှင် လူငယ်များအဖွဲ့ စာရေးကိရိယာ အလှူခရီးစဉ် (၇) ဆားမှော်ကျေးရွာလေးမှ ကျနော်တို့အဖွဲ့ ထွက်ခွာလာတော့ နံနက် ၁၁ နာရီ ထိုးတော့မည်။ နောက်မှ လိုက်ပါလာသည့် ကျနော်တို့ အဖွဲ့ဝင်တစ်ဦးမှာလည်း ဆားမှော်ကျေးရွာတွင် ကျနော်တို့အား မီလာသည့်မို့ အဖွဲ့ဝင်အင်အား ရ ဦးဖြစ်သွားတော့သည်။ ကောင်းကင်တွင်ကား တိမ်တိုက်များက ဟိုနားတစ်စု ဒီနားတစ်စုနှင့် …. ဒီရက်ပိုင်းများအတွင်း မိုးပြတ်သွားသည်မို့ လမ်းမှာ ကျနော်တို့ မျှော်လင့်ထားသည့်အတိုင်း ဆိုးဝါးသည့်နေရာ သိပ်မတွေ့ရ…။ အရင်နှစ်များကဆိုလျှင် ဆားမှော်ကျေးရွာ မရောက်မီ ဟောင်းတုန်းကျေးရွာမှ ထွက်လျှင်ပင် ရွံ့များ ဗွက်များကို စတင်ရုန်းကြရပြီ ။ ယခုနှစ်မှာတော့ လမ်းခရီးက သိပ်မဆိုးဝါးတာကတစ်ကြောင်း လူအင်အားနည်းသည်မို့ တစ်စီးနှင့်တစ်စီး သိပ်စောင့်စရာမလိုသလို ဆိုင်ကယ်စီးကျွမ်းကျင်ကြသူများမို့ ခရီးတွင်သည်ဟု ဆိုရပေမည်။ ခရီးဆက်လာကြရင်း […]


kotun winlattJanuary 14, 20151min1803
One Candle စေတနာရှင် လူငယ်များအဖွဲ့၏ အလှူခရီးစဉ် (၆) @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ ညက စောစောအိပ်ယာဝင်ဖြစ်သည်မို့ မနက်ခင်း အိပ်ယာမှနိုးတော့ လန်းလန်းဆန်းဆန်း ရှိလှသည်။ ဒီနေ့နံနက်ပိုင်း သွားစရာရှိသည်မို့ ညက စောစောအိပ်ယာဝင်ခဲ့မိ၏။ သွားရမည့်ခရီးကား စာရေးကိရိယာ အလှူခရီးပင် ဖြစ်သည်။ ၉.၇.၂၀၁၄ ရက်နေ့တွင် သွားရောက်လှူဒါန်းများ ကျောင်းများမှာ လေးကျောင်းဖြစ်သလို ခရီးကလည်း ဝေးကွာနေ လမ်းကလည်း ဆိုးမည်မို့ အမျိုးသမီးအဖွဲ့ဝင်များကို မခေါ်တော့ပဲ ယောက်ျားလေးအဖွဲ့ဝင်များနှင့်သာ သွားကြဖို့ ဆုံးဖြတ်ထားရသည်။ မနေ့ကတည်းက အဖွဲ့ဝင်များကို စောစောထွက်ကြရန် မှာထားသည်မို့ စာရေးကိရိယာ လှူဖွယ်ပစ္စည်းလေးများကို ထုပ်ပိုးပြင်ဆင်ရင်း မျှော်နေမိသည်။ နံနက် ရ နာရီခန့်မှာ အဖွဲ့ဝင်တစ်ဦးသာ ရောက်လာသေးသည်မို့ ကျန်အဖွဲ့ဝင်များထံ ဖုန်းဆက်ခေါ်ရတော့သည်။ အားလုံးစုလိုက်တော့ အဖွဲ့ဝင်အင်အားမှာ ၅ ယောက်သာ ရှိသည်။ […]


kotun winlattJanuary 8, 20151min1723
ရွာမည့်ဟန်ပြင်နေသည့် မိုးကြောင့် မရွာပါစေနှင့်ဟုသာ ဆုတောင်းရင်း ယူသွားရမည့် စာရေးကိရိယာလေးများကို ပြင်ဆင်နေမိသည်။ နံနက် ၈ နာရီခွဲတော့ အဖွဲ့ဝင်တွေ ရောက်လာပြီး ပစ္စည်းများကို ဆိုင်ကယ်ဖြင့် တင်ဆောင်သွားကြသည်။ ယနေ့ ၃.၇.၂၀၁၄ ရက်တွင် စာရေးကိရိယာများ သွားရောက်လှူဒါန်းကြမည့် ကျောင်းလေးမှာ နားခွင်းကျင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းလေးသို့ ဖြစ်သည်။ နားခွင်းကျင်ကျေးရွာမှာ မော်လူးနှင့် မဝေးသည့် ရွာလေးတစ်ရွာပင်။ မော်လူး၏ အရှေ့တောင်ဘက်တွင် တည်ရှိနေသည့် ရွာကလေးဖြစ်သည်။ နားခွင်းကျင်ဆိုသည့်အမည်မှာ ရှမ်းအမည်မှ ဆင်းသက်လာသည့်အမည်နာမဖြစ်ကြောင်း စိုက်ပျိုးရေးလုပ်ကိုင်ရန်အကွက်အကွင်းကောင်းသည့်နေရာ ရေပေါသည့်နေရာဟု အဓိပ္ပါယ်ရကြောင်း ရွာခံ ရှေ့မှီနောက်မှီ လူကြီးတစ်ဦးမှ ပြောပြသည်ကို မှတ်သားရသည်။ မော်လူးမှ ရွှေဘို – မြစ်ကြီးနား မော်တော်ကားလမ်းမကြီးအတိုင်း ရွှေဘိုဘက်သို့သွားရာမှ မော်လူး-စီးမော်ရွာနှစ်ရွာကို ကျော်ပြီးလျှင် ညောင်ပင်သာကျေးရွာသို့ ရောက်သည်။ မော်တော်ကားလမ်းမကြီးမှ […]


kotun winlattJanuary 5, 20151min1482
နံနက်ခင်းသည် ညက ရွာခဲ့သည့် မိုးကြောင့် ပတ်ဝန်းကျင်တွင် စိုစိုစွတ်စွတ် ….. ကျနော့်မှာ ဒီနေ့သွားရမည့် စာရေးကိရိယာ အလှူခရီးအတွက် ပစ္စည်းများကို ပြင်ဆင်ထုပ်ပိုးနေရသည်။ ၂၄.၆.၂၀၁၄ နေ့တွင် စာရေးကိရိယာများ သွားရောက်လှူဒါန်းကြမည့် စာသင်ကျောင်းလေးမှာ မော်လူးမှ ၈ မိုင်ခန့်ကွာဝေးသည့် ဥသျှစ်ကုန်း(ဥရှစ်ကုန်း) ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းလေးဖြစ်၏။ ကျနော်တို့ အဖွဲ့၏ အလှူခရီးစဉ်မှတ်တမ်းပုံလေးများကို facebook ပေါ်တင်လိုက်တော့ အလှူရှင်ထပ်တိုးလာတာမို့ ဝမ်းသာရပါသည်။ ကျနော်တို့ myanmargazette.net မှ ရွာသူတစ်ဦးမှ တစ်သိန်းကျပ် လှူဒါန်းထားကြောင်း လေးပေါက်ထံမှ သိရသလို စင်ကာပူသို့ ရောက်ရှိနေသည့် မော်လူးသား ကျနော့်သူငယ်ချင်းမှလည်း ကျနော်တို့ အဖွဲ့ အလှူခရီးစဉ်အတွက် သုံးသိန်းကျပ် လှူဒါန်းခဲ့တာမို့ ကြည်နူးဝမ်းမြောက်စွာ သာဓုခေါ်မိပါသည်။ ယနေ့ ကျနော်တို့သွားကြမည့် ရွာမှာ မိုးရွာလျှင် […]


kotun winlattJanuary 4, 20151min1804
မိုးဖွဲလေးများ ကျနေသော်လည်း ကျနော်တို့အဖွဲ့မှာ သက်ရင်းသာရွာလေးဆီသို့ ခရီးဆက်ခဲ့ကြရပေသည်။ မော်လူးမှ သက်ရင်းသာကျေးရွာသို့ သွားသည့်လမ်းကား ကျေးရွာချင်းဆက်လမ်းမ(သို့) လေးတန်ရိုးရွာများသို့သွားသည့် လမ်းမဟု ခေါ်ဆိုကြသည်။ မော်လူးမှ အနောက်ဘက်သို့ ထွက်လိုက်သည်နှင့် တောင်နှင့်မြောက်တွင် လယ်ကွင်းများရှိပြီး လယ်ကွင်းများကို ခြားထားသည့် လမ်းမကြီးဖြစ်သည်။ ကျေးလက်လမ်းဆိုတော့ အရင်က မြေသားလမ်း နောက်တော့ ကျောက်ခင်းလမ်း အခုတော့ ကျောက်အပေါ်မှာ သဲမြေခင်းထားသည့်လမ်း ဖြစ်နေသည်။ လေးတန်ရိုးဟူသည့်အမည်ကို ဖတ်ရသူများ ဆန်းနေလိမ့်မည်ထင်ပါသည်။ အဘယ်ကြောင့် လေးတန်းရိုးရွာဟု ခေါ်သနည်း။ လေးတန်ဟု အမည်ရသည့် ချောင်းကမ်းနံဘေးတွင် ရွာများ အစီအရီရှိနေကြသည်။ ထိုရွာများကို အလွယ်တကူ ချောင်းအမည်ကို အစွဲပြုပြီး လေးတန်ရိုးရွာဟု ခေါ်ကြသည်။ ကျနော်တို့ အဖွဲ့သွားကြမည့် သက်ရင်းသာရွာသည်ကား လေးတန်းရိုးရွာများ၏ ဝင်ပေါက်ဟု ခေါ်ရမည်ထင်ပါသည်။ ရွာလေးမှာ ရွာတန်းရှည် အမျိုးအစားတွင်ပါဝင်ပြီး […]


kotun winlattSeptember 14, 201415min39710
” ရေးမိရေးရာ တွေးမိတွေးရာ ” @@@@@@@@@@@@@@@@@@@@@@@@ စာမရေးတာ တော်တော်ကြာလာတော့ ရေးချင် ပြောချင်တာလေးတွေ များသားဗျ…။ ဘာရယ်တော့ မဟုတ်ပါဘူး စပ်မိစပ်ရာလေးတွေပေါ့..။ ကိုယ်ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်အကြောင်း လူတွေအကြောင်း နည်းနည်းပါးပါးပါ။ ဒီလိုဗျ… ကျနော်က ရွာမှာ ဘာမှဟုတ်တဲ့ကောင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ်တတ်နိုင်သလောက် တတ်နိုင်တဲ့ဘက်က အုတ်တစ်ချပ် သဲတစ်ပွင့် ရပ်ရွာတိုးတက်ရေးကို လုပ်နေတာပါ။ ဒါက ကျနော့်ဘက်က အမြင်ပေါ့။ တစ်ဘက်ကအမြင်တွေကတော့ ကျနော်ဟာ နာမည်ရဖို့ အလုပ်လုပ်နေတာဆိုပဲ…။ ဒီလိုလူတွေကို ကျနော်မေးချင်တဲ့ မေးခွန်းတစ်ခုရှိနေပါတယ်။ ကျနော်နာမည်ရဖို့ လုပ်နေတာပဲ ထားပါတော့…နာမည်ရလာရင် ကျနော် ဘာလုပ်လို့ရမှာလဲ။ ကျနော်က လွှတ်တော်အမတ်လုပ်မဲ့ကောင်လည်း မဟုတ်ပါဘူး။ နောက်ပြီး အုပ်ချုပ်ရေးမှူးလုပ်မဲ့ကောင်လည်း မဟုတ်ပါဘူး။ တစ်ခုတော့ရှိတာပေါ့နော့…နာမည်ကြီး ထမင်းငတ်ဆိုတာလေ…။ ပွင့်လင်းလာနေတဲ့ ဒီမိုကရေစီခေတ်ကြီးထဲမှာ…အင်းးးးဒီစာသားကို သုံးရတာလည်း […]


kotun winlattSeptember 12, 20141min2467
  ကူညီပါရစေ . . . . . @@@@@@@@@@@@@@@   “ဝယ်ပေးပါဦး အစ်ကိုရာ အကူအညီတောင်းတာပါ…။ ဘာမှမပါပဲ သက်သက်အကူအညီ တောင်းတာမျိုးဆို မကောင်းဘူးလေ…။ အခု ဒီပုံလေးတွေက အပြင်မှာဆို တစ်ထောင်လောက်ပေးရမှာပေါ့…. ကျနော်တို့က တစ်ထောင့်ငါးရာဆိုတော့ များတော့များတာပေါ့ အစ်ကိုလေးရာ … ဒါပေမယ့် များနေတဲ့ ငွေငါးရာနဲ့ ကျနော်တို့ မိသားစုတွေကို ထောက်ပံ့ပေးတယ် ကူညီပေးတယ်လို့ တွေးပါဗျာ…။” ကျနော့်ရှေ့မှ စစ်ယူနီဖောင်း ဝတ်ထားသည့် စစ်သားမှ ကျနော့်ကို ဘုရားပုံတော်များ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံများကို ပြသပေးရင်း ပြောနေခြင်းပါ။ ကျနော် ဘာမှပြန်မပြောဖြစ် … ဒီလိုမျိုးတွေက ခဏခဏကြုံနေရတာ မဟုတ်လား။ ၂၀၁ဝ ခုနှစ် မတိုင်မီကတော့ ယခုလိုပုံစံမျိုး မဟုတ်ပါချေ။ ယူနီဖောင်းဝတ် […]


kotun winlattSeptember 10, 20143min27510
ခွေးဖြစ်သွားတဲ့ ည @@@@@@@@@@@@@@@@@@@@ တိတ်ဆိတ်ငြိမ်သက်နေသည့် ညတွင် အတွေးများ ယောက်ယက်ခတ်စွာဖြင့် အိပ်မပျော်နိုင်သည့် ကျနော့်အတွေးများသည် ဟိုမှသည်သို့ ကူးလူးပျံသန်း ခြေဆန့်နေကြပေသည်။ မနက်ဖြန်တွင် တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့ပင်….. ကောင်းကင်ကို မော်ကြည့်မိတော့ ကောင်းကင်ပြာပြာမှာ လမင်းကြီးက ထိန်ထိန်သာနေ၏။ ဪ…လွန်ခဲ့တဲ့ သုံးနှစ်က ဒီလိုအချိန် ဒီလိုညတစ်ညကို ကျနော်စိတ်ထဲမှာ သတိရလာမိတော့သည်။ လွန်ခဲ့တဲ့ သုံးနှစ်…ဟုတ်ပါသည်…. လွန်ခဲ့တဲ့ သုံးနှစ်က ယခုလိုည…… @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ လွန်ခဲ့တဲ့ သုံးနှစ်က ကျနော်ဟာ ကျူရှင်ဆရာတစ်ယောက်ပါ။ ဘော်ဒါဆောင်တစ်ခုကို သူငယ်ချင်းတစ်ဦးနဲ့ စပ်တူဖွင့်ပြီး စာသင်ခြင်းအလုပ်ကို လုပ်နေခဲ့တဲ့ကောင်ပေါ့။ ရွာက လူကြီးတစ်ဦးက ကျနော့်ကို တွေ့တိုင်း ရိုက်စားကောင်တဲ့လေ….. အဆောင်လာထားတဲ့ ကလေးတွေကို ရိုက်လည်း ရိုက်သေးတယ် ပိုက်ဆံလည်း ရတယ်ဆိုတဲ့ သဘောနဲ့ ရိုက်စားလို့ […]


kotun winlattJuly 2, 20144min2433
မိုးနဲ့ နွားသိုး အစိုးမရ ဆိုသည့် စကားပုံကဲ့သို့ မနေ့က ညပိုင်းအထိ သာသာယာယာ ရှိနေခဲ့သည့် ရာသီဥတုသည်ကား ယနေ့ နံနက်တွင် ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ ပတ်လည် ဖြစ်နေပေပြီ။ မနေ့က ဖားပန်ကျေးရွာ မူလတန်းကျောင်းလေးမှာ အဖွဲ့ဝင်တွေ စုံညီခိုက် ၁၇.၆.၂၀၁၄ ရက်နေ့မှာ ကရင်ကျေးရွာနှင့် သက်ရင်းသာကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ဆက်ပြီး စာရေးကိရိယာ အလှူသွားကြဖို့ သဘောတူညီမှု ရရှိထားတာမို့ နံနက် ၈ နာရီထိုးတော့ ကျနော့်အိမ်ကို အဖွဲ့ဝင် တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြချေပြီ။ သယ်ဆောင်သွားကြမည့် ပစ္စည်းတွေကို လမ်းမှာ မိုးမိလျှင် ရေမစိုအောင် သေချာစွာ ထုပ်ပိုးမှုတာဝန်ကို ကျနော်မှ ယူထားရသည့်မို့ သေချာကျနစွာ ထုပ်ပိုးနေရ၏။ ရောက်လာသည့် အဖွဲ့ဝင်များကလည်း ဝိုင်းဝန်းကူညီကြသည့်မို့ မကြာလိုက်ပါချေ..။ ပြင်ဆင်ထုပ်ပိုးမှု […]


kotun winlattJune 30, 20142min3078
မေလကုန်ကတည်းက စပြီးရွာလိုက်တဲ့ မိုးဟာ ဇွန်လလယ်ရောက်တဲ့ အထိ မရပ်နိုင်သေးချေ။ နေ့စဉ်ရက်ဆက် မနက်ပိုင်းရွာလျှင်ရွာ မနက်ပိုင်း မရွာလျှင် ညပိုင်းရွာနှင့် တစ်ရက်မျှ မိုးပြတ်သည် မရှိ။ သတင်းတွေထဲမှာ ဖတ်ရတာတော့ နှစ်ပေါင်း ၃ဝ အတွင်း မုတ်သုံလေဟာ ပုံမှန်အချိန်အတိုင်း ပြန်လည်ဝင်ရောက်လာတာ ဆိုပဲ။ မိုးတွေရွာနေတာမို့ ကျနော်တို့ အဖွဲ့သွားရမဲ့ ခရီးစဉ်တွေကို တွေးရင်း ရင်လေးနေမိပါတယ်။ မိုးတစ်ခါနှစ်ခါ ရွာလိုက်ရုံနဲ့ ပျက်တဲ့လမ်းတွေကို ဘယ်လိုသွားကြမလဲဆိုတဲ့ အတွေးနဲ့ပါ။ နှစ်တိုင်းလည်း မိုးတွေရွာပြီး လမ်းတွေ မကောင်းပဲ သွားနေကျပါ… ဒါပေမယ့် ဒီနှစ်ကတော့ ရက်ဆက်ရွာနေတဲ့မိုးမို့ ပိုဆိုးတဲ့ လမ်းတွေကို ဖြတ်ရတော့မှာပဲဆိုတဲ့ အတွေးနဲ့ စိုးရိမ်ပူပန်မိသလို… အလှူခရီးစဉ်ကို လိုက်ပါနိုင်မဲ့ အင်အားက နည်းနေလို့လည်းပါပါတယ်။ နှစ်တိုင်းထက် လိုက်ပါနိုင်တဲ့ လူအင်အားက နည်းနေပါတယ်။ […]


kotun winlattJune 27, 20142min2917
ပြာလဲ့လဲ့ ကောင်းကင် ဖြူလွှလွှတိမ်တိုက် စိမ်းလန်းတဲ့ တောတန်း ရွှေရောင်တောက်နေတဲ့ လယ်ကွင်း မော်လူးကို စာပေဟောပြောဖို့ ရောက်လာကြတဲ့ ဆရာ/ဆရာမတွေနဲ့ အမှတ်တရ မင်္ဂလာပါ ရွာသူ/သားအပေါင်းတို့ ခင်ဗျာ… ရွာထဲကို ပြန်ရောက်လာပါပြီ… မျက်စိလည် လမ်းမှားပြီး ရောက်လာပါတယ်… ပြန်လာပါပြီ… စသဖြင့်…စသဖြင့်… အကြောင်းအမျိုးမျိုးပြပြီး.. ရွာထဲရောက်လာလိုက် တော်ကြာ ပြန်ပျောက်သွားလိုက်နဲ့ ဖြစ်နေတဲ့ ကျနော် အခုရက်ပိုင်းတွေမှာ ရွာထဲကို ဝင်ဖို့ ကြိုးစားပေမယ့် အဆင်မပြေတဲ့ ကွန်နက်ရှင်ကြောင့် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်ပြီး…ဟိုလူ့ အကူအညီတောင်း..ဒီလူ့အကူအညီတောင်းနဲ့ လုပ်ရတော့တာပါပဲ…..။ ဒီလိုနဲ့ အလင်းဆက်က ကူညီပေးပါမယ်ဆိုပြီး ပြောလာလို့ မေလ်းကနေ စာတွေ ပုံတွေ ပို့ပေးမယ်ပြောပြီး မပို့ဖြစ်ခဲ့ပြန်ပါဘူး။ ကျနော်ဟာ တော်တော်ကို အလုပ်ရှုပ်နေတာပါလားလို့လည်း တွေးမိပါတယ်။ အိမ်က လူတွေကတော့ အိမ်ကစီးပွားရေးကို […]