kotun winlattFebruary 24, 20123min19110
ကျနော့်မှာ တစ်ခါတစ်လေ ကလေးထက်ဆိုးတဲ့ အကျင့်လေးတွေ ရှိနေတတ်သဗျ… ခင်ဗျားတို့မှာရော အဲ့လိုအကျင့်လေးတွေရှိကြပါသလား …. အစကတော့ ကျနော်ဒီအကျင့်တွေကို သတိထားမိခြင်းမရှိခဲ့ပါဘူးးးးးးး ဒီအကျင့်လေးတွေကို ကျနော့်တူလေးတွေနဲ့ ဆက်ဆံပြောဆိုနေထိုင်ရင်းနဲ့မှ သိလာရတာပါ … ကလေးဆိုပေမယ့် အထင်တော့သေးမရတာအမှန်ပါ … ကျနော့်မှာ တူလေးနှစ်ယောက်ရှိပါတယ်…. အကြီးကောင်ကတော့ ဒီနှစ် ဂရိတ် စစ်ခေါ်တဲ့ ပဉ္စမတန်းကို ဖြေဆိုမှာဖြစ်ပြီး … အငယ်ကောင်ကတော့ ဂရိတ်ဝမ်းဖြစ်တဲ့ သူငယ်တန်းကို ဖြေဆိုမှာဖြစ်ပါတယ်…. အကြီးကောင်ကတော့ ကျောင်းမနေကတည်းက ကျနော်တို့နဲ့ အတူနေထိုင်ပါတယ်… ကျနော်တို့ဆိုတာကတော့ ကျနော့်ရဲ့ မွေးမိခင် နဲ့ ကျွေးဖခင်ဖြစ်တဲ့ သူ့အဖိုးအဘွားများနှင့်နေထိုင်ခြင်းကို ဆိုလိုပါတယ်…. ဒီနှစ်မှ သူ့မိဘတွေနဲ့ အတူနေထိုင်ပါတယ်… နွေကျောင်းပိတ်ရက်တွေမှာ ကျနော့်တူလေး တွေနဲ့ ကျနော်ဆုံတွေ့ရလေ့ရှိပါတယ်… သူတို့နဲ့ ကျနော်ထွေးလုံးရစ်ပတ် ဆော့ကစားကြရင်း နဲ့မှ ကျနော့်မှာ […]


kotun winlattFebruary 21, 20124min1489
                   တိုက်ဂါးဝုဒ်၊ ထွန်းဝင်းလတ်၊ ဘုန်းသျှံ၊ ဟဲလေး ကျနော်အင်တာနက်သုံးလာတာ သုံးနှစ်ကျော်လာခဲ့ပါပြီ…. ဒီသုံးနှစ်အတွင်း မိတ်ဆွေသူငယ်ချင်းများစွာကိုလည်း ရရှိခဲ့သလို ..သူငယ်ချင်းတွေရဲ့ အကူအညီ တွေနဲ့  အများအကျိုးဖြစ်တဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း တတ်နိုင်သလောက် လုပ်နိုင်ခဲ့ပါတယ်…. ကျနော့်ကို ကူညီကြတဲ့ အားပေးကြတဲ့ မိတ်ဆွေသူငယ်ချင်း တွေနဲ့ ကျနော် အပြင်မှာ မတွေ့ဘူးခဲ့ပါဘူးးး သူတို့နဲ့တွေ့ဘို့ ကျနော်ကြိုးစားခဲ့ပေမယ့် ခုချိန်ထိတော့ ကျနော်ကြိုးစားမှု အရာမထင်နိုင်သေးပါ … ကဲ..ခုတော့ ကျနော့် အင်တာနက်ကသူငယ်ချင်းတစ်ယောက်နဲ့ အပြင်မှာ အရှင်လတ်လတ် တွေ့ဆုံလိုက်ရပါပြီ…. သူကတော့ တိုက်ဂါးဝုဒ် ပါပဲ …. ဘာလဲ ခင်ဗျားတို့ အံ့ဩသွားကြပါသလားးးးး တိုက်ဂါးဝုဒ်ဆိုလို့လေ…. ဒီတိုက်ဂါးဝုဒ်က ဂေါက်တီးမရိုက်ဘူးဗျ…. သီချင်းတွေရေးတယ်…. ဒါရိုက်တာလုပ်တယ်… ကျနော်အရင်တုန်းကပြောခဲ့ဘူးပါတယ်… ကျနော့်ရွာသားတွေက နာမည်ပေးကောင်းတယ် လို့လေ… ခုလည်း ကျနော့်သူငယ်ချင်း ရွာကိုရောက်လာတော့ […]


kotun winlattFebruary 18, 20126min2629
ကျနော်ဒီစာလေးကိုရေးဖို့ရာ အကြိမ်ကြိမ်တွေးနေခဲ့ရတာပါ။ ကျနော့်လိုဘာမဟုတ်တဲ့ လူတစ်ယောက်က တကယ့်စာရေးဆရာကြီးကို ဝေဖန်တာမျိုးဖြစ်နေမှာလည်းစိုးရိမ် မိတာအမှန်ပါ။ အဲ့လိုသဘောမျိုးမဟုတ်ကြောင်းကိုတော့ ကြိုတင်ဝန်ခံထားပါရစေ။ ကျနော်ဒီစာလေးကိုရေးမိတာဟာ ဆရာကိုတာပြောသလို ဆန့်ထွက်တွေးမိခြင်းဟုသာ ယူဆပေးကြစေလိုပါတယ်…။ ကျနော်ပြောချင်တဲ့ အကြောင်းအလေးကတော့ မြောင်းတကာ စာပေဟောပြောပွဲမှာ ဆရာ ကောင်းသန့်ရဲ့ ဟောပြောချက်လေးတွေကို ဆန့်ထွက်တွေးမိခြင်းလို့ပဲ ပြောပါရစေတော့ဗျာ။ ဆရာကပြောပါတယ် ကျနော်တို့မြန်မာလူမျိုးတွေဟာ စာမဖတ်ကြလို့ တခြားနိုင်ငံတွေထက် ဆင်းရဲနေကြတယ်လို့ပြောပါတယ်။ ဆရာ့နည်းတူ တခြားသောစာရေးဆရာတွေလည်းပြောကြ တာပါပဲ။ ကျနော်တွေးမိတာ မြန်မာတွေဘာကြောင့်စာမဖတ်ကြတာလဲဆိုတာကိုပါ။ ဆရာက နိုင်ငံတကာမှာ စာအုပ်ထုတ်ဝေမှုနဲ့ မြန်မာပြည်မှာစာအုပ်ထုတ်ဝေမှုကိုလည်းနှိုင်းယှဉ် ပြောပြသွားပါသေးတယ်။ နိုင်ငံတကာမှာ စာအုပ်ထုတ်ရင် အနည်းဆုံးသောင်းဂဏန်းထုတ်ဝေပါ သတဲ့ ။ ကျနော်တို့နိုင်ငံမှာ အရောင်းရဆုံးစာအုပ်မှာ ငါးထောင်လောက်ပဲရိုက်ရတယ်လို့ဆိုပါတယ်။ စာရင်းဇယားအရတော့တော်တော်ကွာခြားတာ အမှန်ပါ။ ဘာကြောင့်မြန်မာတွေစာမဖတ်ကြပါသလဲ။ ကျနော့်အမြင်ကိုပြောပါတော့မည်။ ကျနော်တို့လူမျိုးတွေ ထမင်းစာဘို့ကို အလုပ်လုပ်နေကြရလို့ပါ ပဲ။ ဟလူရ… ထမင်းစားဘို့တော့ […]


kotun winlattJanuary 30, 20121min1215
၂၃. ၁ .၂၀၁၂ ခုနှစ် အင်းတော်မြို့နယ် စာပေမြတ်နိုးသူလူငယ်များ၏ ပထမအကြိမ် လူငယ်နှင့်လူမှုဝန်းကျင်ဆိုင်ရာ စာပေဟောပြောပွဲသို့ ကျနော်ရွာကနေပြီး သွားခဲ့တယ်ခင်ဗျ … ကျနော်နေတဲ့ရွာနဲ့ အင်းတော်မြို့နဲ့ကမိုင်သုံးဆယ်ကျော်ဝေးပါတယ်… ဒါပေမယ့် ကျနော်တစ်သက်နဲ့ တစ်ကိုယ် စာရေးဆရာတွေကိုယ့်ရှေ့မှာ ဟောကြပြောကြတာကိုကြုံရမှာလေ…။ စာပေဟောပြောကြမဲ့ စာရေးဆရာတွေကတော့ ကြော်ငြာထားတာ လေးယောက်ပါ။ ဆရာ နေဝင်းမြင့်၊ ဆရာ ညီပုလေး၊ ဆရာမဒေါ်ဒေဝီသန့်စင်နဲ့ ဆရာမဒေါ်သန်းမြင့်အောင်တို့ပါ။ ဒါပေမယ့် ဆရာ နေဝင်းမြင့်ကတော့ မလိုက်လာနိုင်တဲ့ အတွက် စာရေးဆရာသုံးယောက်ပဲ ပေါ့ဗျာ…။ စာပေဟောပြောပွဲကိုတော့ ည(၇)နာရီလောက်မှာစတင်ပါတယ်..။ အင်းတော်မြို့ အထက်တန်းကျောင်းကြီးထဲက ရွှေရတုခန်းမကြီးထဲမှာ ကျင်းပတာပါ ..။ ခန်းမကြီးကပဲ ကျယ်လို့လား … ရာသီဥတုကပဲ အေးလို့လား .. ဘာကြောင့်လား .. ညာကြောင့်လားတော့ မသိချေ…။တက်ရောက်လာကြတော့ ပရိတ်သတ်မှာ နည်းပါးလွန်းနေသည်ဟု […]


kotun winlattJanuary 29, 20122min1508
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသ ဆားမှော်ရွာ ကိုယ်အားကိုယ်ကိုးမူလတန်းကျောင်းလေးသို့ ဆားမှော်ကျောင်းလေးသို့ စာရေးကိရိယာနှင့် ကျောင်းသုံးပစ္စည်းလေးများပေးအပ်နေစဉ် ဖားပန်အေးချမ်းကျေးရွာ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းလေးသို့ ဆရာမ ကျောင်းသူ/သား ရပ်မိရပ်ဖများနှင့် ကျနော်တို့အဖွဲ့ အမှတ်တရ အုန်းဒုတ်ရွာ မူလတန်းခွဲကျောင်းလေးသို့ စာရေးကိရိယာအလှူ နားခွင်းကျင်ကျေးရွာ မူလတန်းခွဲကျောင်းလေးမှာ ဆရာမများ ရပ်မိရပ်ဖများနှင့် ကျနော်တို့အဖွဲ့ အမှတ်တရ နားခွင်ကျင် မူလတန်းခွဲကျောင်းလေးသို့… ကရင်ရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးသို့… ကရင်ရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသူ/သား ဆရာမများနှင့်အမှတ်တရ သက်ရင်းသာရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးသို့… သက်ရင်းသာရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာမ ကျောင်းသူ/သား ရပ်မိရပ်ဖများနှင့် အမှတ်တရ.. ဒီပုံလေးတွေကတော့ ၂၀၁၁ ခုနှစ်အတွင်းမှာ ကျနော်တို့အဖွဲ့လေး သွားရောက်လှူဒါန်းခဲ့တဲ့ မှတ်တမ်းလေးများဖြစ်ပါတယ်… ကျောင်းလေးတွေကတော့ စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသမှ ကျောင်းလေးများဖြစ်ပါကြောင်း ၂၀၁၂ /၂၀၁၃ […]


kotun winlattJanuary 27, 20121min22815
ကျုပ် ၂၀၀၄ ခုနှစ်က နောက်ဆုံးနှစ်စာမေးပွဲဖြေပြီး အလုပ်လက်မဲ့ဖြစ်နေခဲ့တယ်.. သူငယ်ချင်းတစ်ယောက်က သူနဲ့တရုတ်ပြည်လိုက်ပြီး ဆိုင်ကယ် ကယ်ရီစီးဘို့ခေါ် တယ်..ဒါနဲ့ အလကားနေမယ့်အတူတူ မထူးဘူးဆိုပြီးလိုက်သွားခဲ့တယ်.. ပထမတစ်ခေါက်နှစ်ခေါက်ကတော့ ဗန်းမော်ကနေနမ့်ခမ်းကို ကားနဲ့သွားပြီး အဲ့ဒီကနေမှ တဆင့် ကြယ်ခေါင်ကိုကူးတယ်..ကြယ်ခေါင်ဆိုတာကတော့ ကျုပ်တို့ဆီမှာလိုပြောရရင်ရွာပါဘဲ..ဒါပေမယ့်တော်တော်ကိုတိုးတက်တာဗျ.. ကြယ်ခေါင်မှာ ဆိုင်ကယ်ထုတ်တဲ့စက်ရုံတော့မရှိပါဘူး..ပြည်မထဲကနေ ပစ္စည်းတွေကို ကားနဲ့သယ်လာပြီး ကြယ်ခေါင်ရောက်မှ ပြန်ဆင်တာပါ.. စရောက်တော့ ကျုပ်တော်တော်အံဩသွားတယ်..ဆိုက်ကားဆရာက ဟန်းဖုန်းနဲ့ဗျ..ပြီးတော့ဟန်ဖုန်းတွေကြော်ငြာထားတာ တရုတ်ငွေနဲ့ ၂၃၀ဝ တဲ့ဗျ..အဲ့တုန်းကတော့ မြန်မာငွေနဲ့ဆိုရင်သုံးသိန်းမပြည့်ဘူးဗျ.. ကျုပ်တို့ဝယ်တဲ့ ဆိုင်ကယ်ဆိုလည်း တရုတ်ငွေ ၃၀၀ဝကနေ ၃၄၀ဝဆိုရင်ရပြီ.. ပြီးတော့ ဆိုင်ကယ်တိုင်ကီ အပြည့် ဓာတ်ဆီထည့်တာမှ မြန်မာငွေနဲ့ ၁၁၀ဝဘဲကျတယ်…ကျုပ်တို့ဒီကနေယူသွားရတာက မြန်မာငွေလေးသိန်း လောက်ပေါ့ အထုပ်လိုက်ပေါ့ဗျာ..ဟိုရောက်လို့ တရုတ်ငွေနဲ့လဲပြီးသွားရင် အင်္ကျီအိပ်ကပ်ထဲမှာ ထည့်သွားလို့ရပြီ..ကိုယ်ကြိုက်တဲ့ ဆိုင်ကယ်ကိုဝယ်ပြီးရင် ပြင်စရာရှိတာပြင် ရပြီဆိုရင်တောက်လျှောက်ပြန်ထွက်ရင်ထွက် မထွက်ရင်လည်း ကြယ်ခေါင်ထဲမှာညအိပ်ပေါ့..ကြယ်ခေါင်ညဈေးတန်းလေးကလည်းပျော်စရာလေးဗျ တိုလီမုတ်စဝယ်စရာလေးတွေ […]


kotun winlattJanuary 11, 20121min1388
ဆင်ဆာဖြတ်ခံရသော အတွေးစတွေ အခန်းထဲမှာ သွန်ချလို့ ကြမ်းပြင်တွေကျွံကျပြီး အမိုးအကာတွေပျောက်ရင် ပျောက်မယ် …။ ကယောင်ကတမ်း အိပ်မက်တို့ရဲ့ ဇာတ်လမ်းတစ်ပုဒ် ဟုတ်ရင်လည်း ဟုတ်လိမ့်မပေါ့ …။ လွတ်လပ်ခွင့်ရဲ့ သုံးအချိုးတစ်ကို မျှော်လင့်ရင် မျှော်လင့်နိုင်မယ်…..။ ကမ္ဘာမြေထုကိုတော့ သက်သေပြုခွင့် မရနိုင်ဘူး …။ လက်ကိုင်ဖုန်းတွေက လိုင်းမမိလိုနေရမယ် ဒါ တိုးတက်နေတဲ့ခေတ်ဆိုပဲ …. ခေတ်တွေကပဲ လူတွေကို ဖြတ်သွားသလား ? လူတွေကပဲ ခေတ်တွေကိုဖြတ်သလား ? ဘဝရဲ့ လမ်းမှာတော့ အမှားတစ်ရံနဲ့ ကျားကန်ထားလို့ ခြေလှမ်းခြေချ မှန်မှန်ပါပဲ ….။ တစ်ခါတစ်ရံကျတော့လည်း နံရံတစ်ဘက်ခြားမှာ တရားမျှတခြင်းတွေရှိတယ်ဆိုတာ သံသယဝင်မိပြန်ရော ….။ ပုံပြင်တွေကလည်း များလှပြီမဟုတ်လားဗျာ… မေတ္တာတရားတို့ကလည်း အသံဆိတ် တိတ်တိတ်နေတာက စိတ်ချရလိမ့်မလား ? ယုံကြည်ချက်ဆိုတာကလည်း ကောင်မလေးတစ်ယောက်ရဲ့ […]


kotun winlattJanuary 4, 20121min1767
ကျုပ်ကိုအဖေကပြောဘူးတယ်…သားရေ တောင်သူ..တောင်သူလို့ ဘာလို့ခေါ်သလဲသိလားတဲ့ ကျုပ်ကမသိဘူးလို့ ဖြေတဲ့အခါ…. ကျုပ်တို့ရွာရဲ့ အရှေ့ဘက်က တောင်တန်းပြာကြီးကို လက်ညှိုး ထိုးပြပြီး…အဖေတို့ဘဝဟာ ဟိုးတောင်တန်းကြီးလိုဘဲ နေပူလည်းခံ..မိုးရွာလည်းခံဆိုတော့.. အဲ့ဒီတောင်ကြီးတွေနဲ့တူလို့ တောင်သူလို့ခေါ်တာတဲ့..တကယ်တော့ အဖေပြောတာလည်း ပြောလောက်ပါတယ်…ကျုပ်တို့တောင်သူတွေရဲ့ဘဝဟာ..နေပူမရှောင်မိုးရွာမရှောင် နွား တွေနဲ့အတူဖက်ပြီး အလုပ်လုပ်ရပါတယ်…တောင်သူဆိုတာ ဖင်ထဲရွံ့တစ်တောင်လောက်ဝင်မှ ထမင်းစားရတာကွဆိုတဲ့ အဖေ့စကားကိုလည်းကျုပ်ကြားယောင်နေဆဲပါ….လယ်သမားဘဝ မှာ ပင်ပန်းဆင်းရဲမှာစိုးလို့ အဖေက ကျုပ်ကိုပညာတတ်ကြီးဖြစ်အောင်ကြိုးစားဘို့ အမြဲပြောဆို ဆုံးမခဲ့ပါတယ်…ကျုပ်လည်း ပညာကို ကြိူးစားသင်ယူခဲ့ပါတယ်…ဒါပေမယ့် ကျုပ်ဟာ.. လယ်သမားသားဆိုတော့ ဒီအလုပ်ကိုဘဲ ခုထိလုပ်ကိုင်နေရတာ အဆန်းတော့မဟုတ်ပါ.. ပညာတွေသင်ဘွဲ့တွေရပြီးချိန်မှာ..အိမ်မှာနေပြီး အဖေ..အမေတို့နဲ့နေပြီးဒိုးတူဘောင်ဘက် လုပ်ကိုင်စားသောက်ကြမယ့်..ကိုယ်ထက်အကြီးတွေက အိမ်မှာဘယ်သူမှမရှိကြတော့.. အဖေ့ရဲလုပ်ငန်းတာဝန်တွေက ကျုပ်အပေါ်ကျရောက်လာခဲ့တာမဆန်းပါဘူး………. တကယ်တော့ ဒီလုပ်ငန်းကိုလုပ်ကိုင်မယ်လို့ ကျုပ်ဘယ်တော့မှ မစဉ်းစားခဲ့ပါဘူး…. ဘာလို့လည်းဆိုတော့ ဒီလုပ်ငန်းဟာပင်ပန်းဆင်းရဲတယ်ဆိုတာကိုယ်တွေ့မို့ပါ….. ကျုပ်တောင်သူလုပ်ငန်းကို ငယ်ငယ်ကတည်းက အဖေနဲ့အတူ လုပ်ကိုင်ခဲ့ရတာ မို့ သိခဲ့တာပါ … မနက်စောစောထ […]


kotun winlattJanuary 3, 20121min1888
ဒီည ကျနော်အွန်လိုင်းပေါ်တက်ဖို့ ကြိုးစားရင်း စက်ထဲကစာအုပ်တစ်အုပ်ကို ဖတ်နေမိတယ် စာရေးဆရာမ ဂျူးရေးတဲ့ “သူမင့်ကိုဘယ်တော့မှ” ဆိုတဲ့စာအုပ်လေးပါ ဒီစာအုပ်ကို အရင်ကလည်းဖတ်ဘူးပြီးပါပြီ။ ဒါပေမယ့် ခုလောက်သိပ်ပြီးမစဉ်းစားမိခဲ့ပါ ဆင်းရဲခြင်းထောင်ချောက် ၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးဘို့ရာ မျိုးဆက်တိုင်းမှာ တာဝန်ရှိတယ် ၊ ကံဆိုတဲ့စကားလုံးကို အလွန်သုံးတဲ့မြန်မာလူမျိုး ၊ ဒီစကားလုံးတွေက ဒီနေ့ညမှ ရင်ကိုလာထိနေပါတယ်။ ဆင်းရဲတဲ့အတွက် ဆုံးရှုံးမှုတွေများနေရတယ် ဒီနေ့လူတကာပြောနေကြသော ပညာခေတ်မှာ ကျနော်တို့လို ရွာသားတွေ ပညာမတတ်လို့ဆုံးရှုံးမှုတွေ တနင့်တပိုးကြုံတွေ့နေရတယ်။ လူတိုင်းပညာကိုသင်သင့်တယ် ဒီလိုအမြင်တွေ နဲ့ရေးထားတယ်လို့ တွေးနေမိတာပါပဲ ။ ဒီဇာတ်လမ်းထဲမှာပါတဲ့ မင်းသမီး အေးငြိမ်းမေ အလွန်ဆင်းရဲတဲ့သူ ဒါပေမယ့် သူမက ပညာကိုလိုလားတယ် မိဘက ကျောင်းမထား ပညာမသင်ပေးနိုင်ပေမယ့် ထောက်ပံ့မဲ့လူရှိလို့ ပညာဆက်သင်ခွင့်ရတယ်။ ကျနော်မျက်မှောက်မှာကြုံနေရတဲ့အရာနဲ့ နည်းနည်းဆန့်ကျင်သွားတယ် ကျနော်တို့ကြုံတွေ့နေရတာတွေကဒီလိုမရိုးစင်းလှပါ […]


kotun winlattJanuary 2, 20121min20114
ကျုပ်တတိယတန်းနှစ်ကပေါဗျာ.. အသက်အနေနဲ့တော့ ရှစ်နှစ်သားပေါ့.. ဘာလို့မှန်းမသိကျောင်းတွေပိတ်တယ်လို့ ဆရာမကပြောတော့ ပျော်လိုက် တာ.. ကျောင်းကတနှစ်ကြီးတောင်ပိတ်တာဆိုတော့ ကလေးပဲ..ဘာသိမှာလဲ.. ကျောင်းကနေအိမ်ကို ခုန်ပေါက်ပြီးပြေးလိုက်ရတာ..လမ်းမှာလဲ.ကျောင်းတွေပိတ် တယ်..ကျောင်းတွေပိတ်တယ်လို့ အော်ရင်းနဲ့ပေါ့ … အိမ်ရောက်တော့လည်း မိဘတွေ မျက်နှာမကောင်းကြတာလည်းမသိဘူး… သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဆော့ကစားနေတော့တာပါဘဲ… ကျွန်တော်ဆော့ပုံက ဘယ်လောက်ကဲတယ်တော့မသိဘူး .. ကျောင်းပိတ်ပြီးနှစ်ရက်အကြာမှာ ရွာထဲက ရွယ်တူကလေးတစ်ယောက်နဲ့ လူပျိုပေါက်တစ်ယောက် ထိပ်ပေါက် ခေါင်းပြဲ ပထမတစ်ယောက်က ကစားရင်း ပလပ်စတစ်ကားလေးကို ပြန်မပေးလို့ ဆိုပြီး.. တွေ့ရာတုတ်နဲ့ နှက်ထည့်လိုက်တာ…နဖူးမှာ သေရာပါအမာရွတ် ရသွားပါရော့လား..နောက်တစ်ယောက်ကတော့ ကျုပ်ထက်ကြီးပါတယ်.. ကျုပ်မှာအစ်မတွေရှိတော့..ဟေ့ကောင် အစ်မပေးယောက်ဖလို့ စစနေလို့ ( ကြိုပြောထားရပါစေ..ခုတော့ အစ်မတွေက အိမ်ထောင်ကျကုန်ပါပြီ.. ) လက်ထဲမှာကိုင်ထားတဲ့ ကျောက်ခဲနဲ့ နှက်ထည့်လိုက်တာ ခေါင်းပေါက်သွား ပါလေရော..နှစ်ရက်အတွင်း လူနှစ်ယောက်ကို ထိပ်ပေါက် ခေါင်းကွဲအောင်နှံ […]


kotun winlattDecember 23, 20112min1286
လောကအလယ်ထဲကို ကျုပ်ရောက်ရှိလာခြင်းကို ဝမ်းသာအားရ ကြိုဆိုခဲ့ကြသူတွေက အဖေနဲ့ အမေဖြစ်မှာပါ … အစ်မတွေကြားထဲမှာ အငယ်ဆုံးလည်းဖြစ်ပြန် တစ်ဦးတည်းသော သားလည်းဖြစ်ပြန်ဆိုတော့ မိသားစု တစ်ခုလုံးက သည်းသည်းလှုပ်ပေါ့ …. မျှော်လင့်ချက်တွေ တပုံတပင်လည်း ထားခဲ့ကြမှာ အမှန်ပါပဲ… ဒီမျှော်လင့်ချက်တွေ ပြိုလဲပျက်စီးစေခဲ့တာက ကျုပ်အသက် ငါးနှစ်ကျော် ခြောက်နှစ်ထဲမှာပါ … ကျုပ်ကို အဖေနဲ့ အမေက စာသင်ကျောင်းပို့တယ်လေ… ခက်တာက ကျုပ် အရွယ်တူ သူငယ်ချင်းတွေလို မရေးတတ် မဆိုတတ်ဘူးဗျ… ဆရာမ နှုတ်တိုက်ချပေးတော့ လိုက်ဆို လိုက်ပြောတတ်တယ်… ပြီးရင် ကျုပ် ဘာမှမသိတော့ဘူး … ဒါနဲ့ ကျုပ်ဟာ ဉာဏ်ရည်မမီတဲ့ ကလေးလို့ သတ်မှတ်ခံရတော့တာပါပဲ…. အရပ်အခေါ်ကတော့ ကျပ်မပြည့်ဘူးပေါ့ဗျာ… ကျုပ်ကလည်း ကျုပ်ပါပဲလေ… အဖေနဲ့ အမေကလွဲရင် ကျန်တဲ့သူတွေကို […]


kotun winlattDecember 21, 20111min1285
အရှိတရားများ၏ နောက်ကွယ်မှ  အသိတရားမွေးရနံ့များ တိတ်တဆိတ်လှည့်ဖျားခြင်းထံပါး၌ မျက်စိလည်လမ်းမှားလေသောအခါ အတ္တ၏ မျက်နှာမူရာ၌ မာနတရားသည် တံခွန်ထူအလံလွင့်ကာ တဏှာလောဘတို့နှင့်အတူ    စစ်ချီလာကြလေပြီ……။ ဝန်းကျင်တစ်ခုလုံးလည်း ရမ္မက်အမှောင်ဖုံးကာ သာထေယျများနှင့် လှည့်စားလျက် လောကအလယ်တွင် ကျင်လည်ကျက်စားမိလေပြီ…..။ ထိုသံသရာဝဲဂယက်တွင် အဆိုးကိုထည့်သွင်းပြီး လှည့်ပတ်စေသောအခါ စာရိတ္တမဏ္ဍိုင်များ တဝုန်းဝုန်းပြိုကျလျက် တွယ်ရာကမ်းလည်းမဲ့ရချေပြီ….။ သစ္စာတရားအရောင်ကိုလည်း မမြင်နိုင် မေတ္တာတရားတို့သည်လည်းဆိတ်သုန်း နစ်သထက်နစ်လာ ရေစုန်မှာမျှောရင်း ကမ္ဘာလောကအတွက် ဆန်ကုန်မြေလေး လူငခွေးတစ်ယောက်ဖြစ်လေပြီလား ….။ ဒဿနတရားတွေကြားမှာ ဆက်အတွေးဖြန့်ရင်း ဆင်းရဲခြင်းထောင်ချောက်အတွင်းမှ ရုန်းမထွက်နိုင်သော..ငါ ….