ko luchaw52February 3, 20121min28219
မြန်မာပြည်ကဖုန်းဆက်သွယ်ပြောဆိုကြတဲ့လူတန်းစားတော်တော်များများဟာ မိမိတို့ဖုန်းဆက်သွယ်လိုတဲ့သူဆီကိုဖုန်းဆက်သွယ်ကြတဲ့အခါ အနှီဆက်သွယ်လိုတဲ့သူနဲ့မတွေ့တဲ့အခါမျိုးတွေမှာ ဖုန်းလှမ်းခေါ်တဲ့သူဘက်ကအတော်များများဟာ ၎င်းတို့ရဲ့အမည်တွေကိုပြောပြခဲ့ဖိုအတော်ဝန်လေးကြတာတွေ့ရပါတယ်။ တစ်ခါတစ်ရံရှိတတ်ပါသေးတယ်၊သူပြန်ရောက်လာရင်ဖုန်းဆက်တယ်လို့ပြောပေးပါတဲ့။ ဘယ်သူလို့ပြောလိုက်ရမလဲပြန်မေးတော့ “ရပါတယ်“ တဲ့၊ ဟိုလိုလိုဒီလိုလိုနဲ့ စကားမေးမရတော့ပါဘူး၊ဘယ်ကဘယ်လိုပေါ်ပေါက်လာတဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံမှန်းမသိပါဘူး တစ်ဆင့်ကြားခံအနေနဲ့ဖုန်းလက်ခံပြောပေးရတဲ့သူဘယ်လောက် စိတ်အနှောက်အယှက်ဖြစ်ရသလဲဆိုတာစဉ်းစားသာကြည့်ပါတော့၊ အဲဒီလိုအဖြစ်တွေမကြားခဏကြုံနေရတော့ တစ်ခါတစ်လေစိတ်ထဲကကျိန်ဆဲမိတယ် သူအပိုင်ရထားတဲ့ လူနာမည်ကို ငါလူပါလိုမပြောရဲလောက်တော့တဲ့အသိတရား ဘယ်တွေကများရကုန်ကြတာလဲလို့။


ko luchaw52February 2, 20121min41410
  ယနေ့ခေတ်က ပညာရေးမရှိမဖြစ်ခေတ်ဖြစ်နေပါတယ်။ ယနေ့ခေတ်လူသားတွေဟာ ငယ်ရွယ်စဉ်အရွယ်မှာ ပညာရှာနေကြပါတယ်။ လူလတ်ပိုင်းအရွယ်မှာလည်း ပညာကိုပဲရှာနေကြရပါတယ်။ သက်ကြီးပိုင်းအရွယ်မှာလည်း တတ်နိုင်စွမ်းသေးသလောက်ပညာရှာကြပါတယ်။ ပညာနှင့်ပတ်သက်ပြီးတော့ စကားပုံလေးအချို့ကိုသတိရမိပါတယ်။ ပညာဟူသည်မြတ်ရွှေအိုး၊ ပညာရွှေအိုးလူမခိုး၊ ပညာမတတ်သူ့ကျွန်၊ ပညာလိုအိုသည်မရှိ  ဆိုတာတို့အပြင် နောက်ဆုံးသတိရမိတာတော့ ပညာရှာပမာ သူတောင်းစားတဲ့လေ။ တော်တော် တစ်တစ်ခွခွ စပ်ခဲ့တဲ့စကားပုံပါပဲ။ ဒီလိုဆိုတော့ ကျွန်တော်လည်း သူတောင်းစားတစ်ယောက် အဖြစ်နဲ့ပဲ ရပ်တည်နေပါတယ်။