ကျနော်ရိုက်ပြီး ကြိုက်ခဲ့သောပုံများ  အမှတ် တစ် ( ဓါတ်ပုံပိုစ်)   ကျနော်ရိုက်ခဲ့တဲ့ ပုံများထဲမှာ ကျနော်ကိုယ်တိုင် နှစ်သက်တဲ့ပုံလေးတွေရှိပါတယ်။ ဟိုးအရင်ကတော့ ဆရာ့ ဆရာတွေရိုက်တဲ့ ပုံတွေကိုကျနော့် တို့ကြည့်ပြီး မှတ်ရ သဘောကျ ခဲ့ ရပါတယ်။ ကိုယ်တိုင်ရိုက်တော့ မယ်ဆိုချိန်မှာ အစကတော့ ကိုယ်ရိုက်ချင်သလိုရိုက်ရာကနေ သူများဝေဖန်တာကိုနားထောင်ပြီး ကိုယ်မသိတာကို ကိုယ့်ထက်သိသူထံမှာ မေးရ မြန်းရ တပြည့် ခံရပါတယ်။ ဒါပေမယ့် လည်း ပြည့် စုံလုံလောက်တဲ့ အနေအထား တတ်ကျွမ်းတဲ့အနေအထား ကို ရောက်မလာသေးတာကတော့ အမှန်ပါဘဲ။ အခုထိလည်း သင်ယူနေရဆဲ ဖြစ်ပါတယ်။ အတတ်ပညာတစ်ခုဆိုတာ သင်ယူ လေ လေ ပိုခက်ခဲလေ လို့ ကျနော်စိတ်မှာ ခံယူလို့ ထားပါတယ်။ အခုပုံလေးတွေက ပြည့်စုံ ခြင်းတော့ […]


“ကျနော့်ရဲ့ညနေခင်းလေးများ”(ဓါတ်ပုံပိုစ်)   ဟိုအရင်နှစ်များက မနက်စောစော ထပြီး လမ်းလျောက်ဖြစ်ပါတယ်။ 2014 ကတည်းက လမ်းမလျောက်ဖြစ်သလောက်။ ခရီးထွက်ရတာရယ် အပျင်းထားတာရယ်။   အခုဒီ ကျယ်ခေါင်ရောက်တော့ ဆောင်းဒီဇင်ဘာ။ ထိုင်ပြီးစာရင်းလုပ်ရတာ အေးလာရင်ထွက်လမ်းလျောက်ဖြစ်ပါတော့တယ်။ ညနေဆိုရင်လဲ နေ့တိုင်းနီးပါးလမ်းလျောက်ဖြစ်ပါတယ်။ လမ်းလျောက်ရင်းက ညနေခင်းလေးများကို ပိုသဘောကျသလိုပါဘဲ။ အဲတော့ ညနေခင်းမှာ ရိုက်ဘူးတဲ့ ပုံလေးတွေကိုပြန်စုစည်းပြီးတင်ပေးလိုက်ပါတယ်။ ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 3-7-2015  


“ဝေ ဝေ ကိုကြိုဆိုခြင်း” “အသက်လေးဆယ် လူတွေမေးတယ် ဘယ်တော့များမှစားရမှာလဲ”တဲ့ ဟိုမျက်မှန်နဲ့ကောင်လေးက နောက်တာလိုလို အဟုတ်လိုလို သီချင်းလုပ်ဆိုခဲ့ဘူးပါတယ်။ နိုင်ငံခြားမှာတော့ အသက်လေးဆယ်ဆိုတာ ဘဝအသစ်တခုစသတဲ့ ဒီမှာတော့ အဲဒီအရွယ်ကို နှစ်ဆယ်တိုးလိုက်တာနဲ့ ပင်စင်ဆိုတာကြီးကို မယူချင်ဘူးဆိုလဲ ဇွတ်ပေးပြန်တော့ သုံးမရ စားမရ ဆုံးဘဝ ရောက်ရပြန်တယ်။ “ဝေ” တို့ အရွယ်ဆိုတာ ဟိုနားက ကိုက် ဒီနားက နာ မမြင်ရတဲ့ စိတ်ဒဏ်ရာ တွေကလည်း ဗလပွပေါ့။ ဖြတ်သန်းခြင်း ဘဝ ပင်လယ်မှာ အောင်မြင် ကြည်နူး ရှုံးနိမ့် ကြေကွဲ ရယူ ကျေနပ် ပေးဆပ် ခံပြင်း ဆုံးရှုံး နာကျင် မနိုင်၍သီးခံခြင်း နိုင်ပါလျက်နဲ့ရှုံးရခြင်း အကြောင်းအချင်းများစွာ ကြုံချင်လည်းဆုံ မဆုံချင်လည်းကြုံ ဘဝဇာတ်ခုံပေါ်မှာ မရပ်မနား သွားနေရင်းက […]


“ကောင်းဟိုခမ်း”စေတီတော်” ကျနော်တို့ တစ်ရက် မှာ မူဆယ်မြို့မြောက်ဘက်ဖျားမှာရှိတဲ့ ကရုဏာစံအိမ်ဆိုတဲ့ မိဘမဲ့ကလေးကျောင်းလေးကိုရောက်သွားပါတယ်။ အဲဒီနေရာကနေ မြောက်ဘက်ခြမ်းကိုလှမ်းကြည့်တဲ့အခါ ရွှေလီမြစ်ရဲ့ အထက်က တောင်ကုန်းပေါ်မှာရွှေရောင်ဝင်းလက်နေတဲ့ စေတီတစ်ဆူကိုတွေ့ရပါတယ်။ မေးကြည့်တော့ ဒီစေတီက ရွှေလီမြို့ထဲမှာရှိတယ်ပြောပါတယ်။ အတော်လေးဝေးတယ်လို့လဲသိရပါတယ်။ တစ်ရက်ရွှေလီမြစ်ကမ်းနံဘေးကို ရောက်တော့ ပိုပြီးထင်ရှားစွာဖူးမြင်ရပြန်ပါတယ်။ အဝေးကလှမ်းဖူးမြင်ရတာ အင်မတန်မှသပ္ပါယ်လှပါတယ်။ ဒီဘုရားအကြောင်းမေးကြည့်တဲ့အခါ ဂေါက်ကွင်းအိမ်ယာအထက်ကတောင်ပေါ်မှာတည်ထားတယ်။ ရှမ်းလူမျိုးတွေက တည်နေတယ်ဆိုတာရယ် စေတီတော်သာပြီးပေမယ့် လမ်းက မပြီးသေးဘူးလို့သိရပါတယ်။ ရွှေလီမြို့မြောက်ဘက် အတော်ဝေးတယ် လို့ဘဲသိရပါတယ်။ သင်္ကြန်ရက် မူဆယ်ချောင်းသာ လို့ အမည်ပေးထားတဲ့ ရွှေလီမြစ်ကမ်းနံဘေးကို သွားတဲ့အခါ ဒီစေတီတော်ကို ဖူးမြင်ရပြန်ပါတယ်။ အဲဒီဘုရားကိုသွားချင်ပေမယ့် အဆင်မပြေခဲ့။ တစ်ရက်တော့ လိုက်ပို့မယ့်သူရှိတော့ အဆင်ပြေပြေနဲ့ရောက်ခဲ့ရပါတယ်။ တောင်တက်လမ်းပေမယ့် ကတ္တရာလမ်းဆိုတော့အဆင်ပြေပါတယ်။ အချိန်မရတာရယ် မိုးတွေက ရွာမလိုလို ဆိုတော့ အချိန်အကြာကြီးမနေခဲ့ရပေမယ် ကျနော်ဆန္ဒပြည့်ဝခဲ့ပါတယ်။ ကျနော်တို့ရောက်တဲ့အချိန်စေတီတော်သို့ တက်တဲ့လမ်းက […]


“မတူ ခြားနား ဘဝများ ” အချို့က နေပူကျဲကျဲမှာ ချွေးသံရွှဲရွှဲ ဇွဲနဘဲနဲ့ အော်လို့ကောင်းနေချိန် အချို့ကတော့ ဘာမှတွေးမပူ အေးအေးလူလူ KFC မှာ ကြက်ကြော်ဆွဲနေ ဆဲ။ အချို့က အသဲအသန် မဲစာရင်းအမှန်ဖြစ်ရေး ကြိုးစားနေချိန် အချို့ကတော့ အေးအေးငြိမ့်ငြိမ့် သံစဉ်အနိမ့်အမြင့်နဲ့ KTVမှာ သီချင်းဟဲလို့ကောင်းနေဆဲ။ အချို့က တက်ကြွသူ သမီးသား ဝန်းရံသူလင်သား ရုံးထုတ်မယ့်ရက် လက်ချိုးတွက်နေချိန် အချို့ကတော့ FBမှာ အော်လိုအော် ဖြဲလိုဖြဲ ကီးဘုတ်သူရဲကောင်းလုပ်နေဆဲ။ သူ့ဘဝနဲ့သူ ကိုယ့် ဘဝနဲ့ကိုယ် သူ့ယုံကြည်ချက်နဲ့သူ ကိုယ့် ယုံကြည်ချက်နဲ့ကိုယ် သူမှားသလား ကိုယ်မှန်သလား မစဉ်းစားပါနဲ့တော့ ဟိုကြော်ငြာထဲကလို “ကိုယ့်အတွေးနဲ့ကိုယ်”ပေါ့နော်။ ကိုပေါက်လက်ဆောင်အတွေးစဉ် 30-6-2015


“နားအကြား စိတ် နဲ့ မှတ် ကြာလျင် လွဲ မည်မှတ် “ တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (ရ)       ကိုကာကြီး ရေ   ကျနော်မှာရှိတာနဲ့စာသားလေးနည်းနည်း လွဲလို့ ပြန်တင်ပေးလိုက်ပါတယ်။ ကျနော်မှာရှိတာကတော့ 1961ခုနှစ်က ထုတ်ဝေတဲ့ ဆရာဦးချမ်းမြ (မြကေတု)စီစဉ်တဲ့ မြကြေးမုံ စာစဉ် အမှတ်(၂) ကဗျာယဉ်စာယဉ် လက်ရွေးစဉ် စာအုပ်ထဲကစာမျက်နှာ 165 မှာ ပါတာပါ။   (ဆဆ) ဖူးပွေ့လက်တင်   ဖူးပွေ့လက်တင် တွေ့မြင်ချင်ရေးငယ်နှင့် နေ့စဉ်ပင်ဆွေးပါရ ငေး ငို မိ မိူင်။ လဲမလို့ သဲညို့ ခွေယိုင် မပြေနိုင် မုန်းတယ်လေး ရုံးညာသက်ပိုင်။   လက်သုံးတော် ဓားကိုလ ယောင်မှားကာကိုင်၊ […]


“ရှိစေကောင်း ၏ …….မကောင်း၏” တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၆) မြန်မာပြည်ဘက်က မူဆယ်နဲ့ သူတို့ဘက်က ကျယ်ခေါင် ဆိုတာ ကျောက်လမ်းမလေးတစ်ခုဘဲခြားပါတယ်။ ဒါပေမယ့်သူတို့ဘက်ကစိမ်းစိမ်းစိုစို။ ကျနော်တို့ဘက်မှာခြောက်ခြောက်သွေ့သွေ့။ သူတို့ဘက်မှာ တိုက်တာအဆောက်အဦတွေကအထပ်အမြင့်။ အဆောက်အဦတွေကြားမှာသစ်ပင်တွေစိုက်ထားတာ စိမ်းစိ်မ်းစိုစို။ ကျနော်တို့ဘက်ခြမ်းမှာတော့ တောင်ကုန်းတွေပေါ်မှာခရုခွေ သလို အိမ်တွေပါတ်ဆောက်ထားတာကျပ်ကျပ်ညပ်ညပ်။ နေရာတိုင်းမှာအိမ်တွေအပြည့် သစ်ကြီးဝါးကြီးဆိုတာမရှိသလောက်။ သူတို့ဘက်မှာတော့လမ်းတွေလမ်းတွေရဲ့ဘေးဘယ်ညာမှာ သစ်ပင်တွေအပြည့်။ သူတို့အိ်မ်တွေခြံဝင်းတွေထဲမှာ သီးပင်စားပင်လေးတွေရသလောက်စိုက်ကြပါတယ်။ အဲတော့ သူတို့ဘက်က ရာသီဥတုမှန် မိုးလေဝသမှန်လို့အေးအေးချမ်းချမ်းပါဘဲ။ ကျနော်တရုတ်စာ မတတ်လို့လားတော့ မသိဘူး။ သူတို့ဘက်မှာ “ သစ်တစ်ပင်ခုတ် အချုပ်သုံးလ”တို့ “သစ်တောနဲ့သစ်ပင်ချစ်ခင်တဲ့လူမျိုး”တို့ဘာတို့ရေးထားတဲ့ဆိုင်းဘုတ်မတွေ့မိပါဘူး။ ဒါပေမယ့် သူတို့ ဘက်က သစ်ပင်ကို ဂရုစိုက်ကြပါတယ်။ ကျနော်၂၀၁ဝခုနှစ် ပထမဆုံးအကြိမ်ရောက်တော့ သစ်ပင်တွေကို သူတို့ အပင်လိုက်နူတ်ပြီး လမ်းဘေးတွေမှာစိုက်ကြပါတယ်။ အများအားဖြင့်ပိန္နဲပင်တွေပါ။ လူတစ်ရပ်ကျော်တဲ့အပင်ကြီးတွေပါ။ အခုချိန်မှာတော့ လမ်းဘေးမှာစိုက်ထားတဲ့အပင်တွေက […]


“ညစ်တတ်သူများနှင့် ကစားခြင်း” တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၅) အခုရက်ကတော့ ပျင်းပျင်းရှိတာနဲ့လက်ဝှေ့ပွဲခွေတွေကိုထိုင်ကြည့်နေဖြစ်ပါတယ်။ အင်္ဂလိပ်လက်ဝှေ့ပွဲတစ်ပွဲမှာတော့ တစ်ယောက်ကအတော်လေးညစ်တာကိုမြင်ရ ပါတယ်။ အင်္ဂလိပ်လက်ဝှေ့စည်းကမ်းအရ ခါးပတ်အောက်ကို မထိုးရပါဘူး။ ဒါပေမယ့် အဲလူက သူ့ပြိုင်ဘက်ကို ခါးအောက်ပိုင်းကိုဘဲ မတော်တဆလိုလိုနဲ့ ထိုးထိုးနေပါတယ်။ ဒိုင်လူကြီးက မြင်တော့ သတိပေးတဲ့အခါတောင်းပန်ပေမယ့်လစ်ရင်လစ်သလို အောက်ပိုင်းထိုးပြန်တာပါဘဲ။ ကြာတော့သူ့ပြိုင်ဘက်ခဗျာမှာ ဘယ်လိုပြန်ထိုးရမယ်ဆိုတာထက်အောက်ပိုင်းမထိအောင် ရှောင်နေရတော့ပွဲက ကြည့်မကောင်းတော့ဘူးဖြစ်နေပါတယ်။ မြန်မာ့လက်ဝှေ့ပွဲမှာလဲ အဲလိုပါဘဲ။ ပြိုင်ဘက်ဖြစ်သူကိုလဲအကျမှာ လုပ်ဘို့ဘဲချောင်းနေပြန်တော့ကြည့်လို့မကောင်းပြန်ပါဘူး။ နိုင်ငံတကာနဲ့ ကစားတဲ့ မြန်မာပွဲတွေမှာတော့ ဒိုင်လုပ်သူတွေဘက်လိုက်တာကိုမြင်နေရပြန်ပါတယ်။ ကိုယ့်လူက အချုပ်ခံနေရရင် လိုက်ဖမ်းပေးတယ်။ ကိုယ့်လူက အသာစီးရနေရင် မသိမသာလွှတ်ပေးထားတယ်။ တစ်ဖက်ကလူအမှတ်စဉ်ရေခံရပြီဆိုရင် အမှတ်စဉ် (၈)ရောက်တာနဲ့ ဆက်ထိုးနိုင်လားမထိုးနိုင်ဘူးလား မမေးတော့ဘဲ တစ်ဆယ်အထိဆက်ရေပြီးပွဲကိုအဆုံးသတ်တယ်။ ကိုယ့်လူက အမှတ်စဉ်ရေခံရတဲ့အခါမတော့ အမှတ်စဉ် (ဂ)ရောက်နေတာကိုဆက်မရေဘဲ စောင့်တယ်။ အဲတော့ သူများအမြင်မှာပြောစရာတွေဖြစ်လာတာပေါ့။ အဲလိုလုပ်တော့ […]


“ရှိတာလေးနဲ့ လှအောင်ဆင်”(ဓါတ်ပုံပိုစ်)   ဟိုးအရင်က ကျနော့်မှာအိမ်သုံးကင်မရာပေါက်စလေးတွေရှိပါတယ်။ ၂၀၁၂မှာ အရင်ကိုင်နေကျ ဆမ်ဆောင်းက ပျက်သွားပါတယ်။ ကင်နွန်ပေါက်စန ကပျောက်သွားပါတယ်။ ကင်နွန်အကြီးတစ်လုံးရှိပေမယ့် သွားလေရာတိုင်းယူသွားလို့မရပါဘူး။ အဲ့တော့ အရင်လောက်ဓါတ်ပုံမရိုက်ဖြစ်တော့ပါဘူး။ မန္တလေးမှာတုံးကတော့ ညနေဖက် ညဖက် နဲ့ ဥပုဒ်နေ့တွေမှာဓါတ်ပုံအမြဲထွက်ရိုက်ဖြစ်ပါတယ်။ ကိုယ်မသွားလဲ လာခေါ်ကြတဲ့သူတွေ က အဆင်သင့်။ အခုသူများမြို့ရွာရောက်တော့ အရင်လောက် ဓါတ်ဖမ်း မထွက်ဖြစ်တော့ပါဘူး။ ကြာတော့ လဲ မနေနိုင်တောပါဘူး။ လက်ထဲရှိတဲ့ဖုန်းလေးနဲ့ ဟိုရက်ဒီရိုက် ရိုက်ဖြစ်ပါတော့တယ်။ နောက်ဖေစ်ဘုတ်မှာ ဖုန်းနဲ့ရိုက်သောဓါတ်ပုံများအဖွဲ့ မှာလဲ တင်ချင်တော့ ့ ညနေလမ်းလျှောက်ရင်း သွားရင်းလာရင်း ဓါတ်ပုံတွေရိုက်ဖြစ်ပါတော့တယ်။ ကဲ ကြည့် လိုက်ကြပါအုံး။   ဆက်လက်ဖော်ပြပါအုံးမယ်   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 25-6-2015  


“အလင်းပုံရိပ်တစ်ခုကိုဖန်တီးကြခြင်း” (ဓါတ်ပုံပိုစ်)   အရင်ကတော့ နေရာဒေသတစ်ခုခုရောက်ရင် ကိုယ့်မျက်စေ့ ရှေ့ မြင်တာကို ဂွပ်ကနဲရိုက်ချလိုက်တာပါ။ အလျင်းသင့်လို့ အဆီအငေါ်တည့်ပြီး လှသွားတဲ့ပုံလဲရှိ သလို မလှတဲ့ ပုံလဲရှိပါတယ်။ အရင်ကတော့ ရူ့ခင်းပုံဘဲအရိုက်များပါတယ်။ လူပုံဆိုရင်လဲအလှပုံထက် သဘာဝ ပုံ လျှပ်တစ်ပျက်ပုံတွေဘဲရိုက်ဖြစ်ပါတယ်။ အခုနောက်ပိုင်းဓါတ်ဆရာတွေနဲ့ပေါင်းမိတဲ့အခါ  တစ်ခါတစ်ရံ မော်ဒယ် ရိုက်ဖြစ်သွားပါတယ်။ အလှပုံတွေပေါ့။ ဒါပေမယ့် ကျနော်ရှိတဲ့ဓါတ်ပုံပညာက သူတို့ လှတာကို မတောက်ပစေခဲ့တာအမှန်ပါဘဲ။ ဒီအချိန်မှသိလာတာ မော်ဒယ်အလှပုံရိုက်မယ်ဆိုရင်တစ်ယောက်ထဲနဲ့ရိုက်မရ။ မီးထိုးမှန်ထိုး ကအစ ပြင်ဆင်ပေးသူလိုတယ်ဆိုတာပါဘဲ။ ပြီးခဲ့တဲ့ သုံးလေးရက်လောက်က မော်ဒယ်ဆရာလေးတစ်ယောက်က သူညပိုင်းမော်ဒယ်ထွက်ရိုက်မယ် လေးပေါက်အားရင်လာခဲ့ဆိုတာနဲ့ လိုက်သွားဖြစ်ပါတယ်။ ကဲ အဲ့ညက ပုံလေးတွေကြည့်လိုက်ကြရအောင်ပါ။ ကျနော်တို့ ပထဆုံး ရေပိုက်လုံးတွေကြားသွားရိုက်ပါတယ်။ မိုးရွာထားတော့ အောက်က ရေစပ်စပ်နဲ့ပါ။ မှောင်မဲနေတော့ ခြင်ကလဲ ကိုက်ပါတယ်။ မော်ဒယ်ဆိုလဲ […]


“တိမ်များနှင့်ဆော့ကစားခြင်း” ဒီကျယ်ခေါင် ရွှေလီက မိုးများပါတယ်။ ဒါပေမယ့် ရွာလိုက်တိတ်လိုက်။ မိုးရှိတော့ တိမ်လှပါတယ်။ အဲတော့ကြုံတိုင်းရိုက်မိပါတယ်။ ပထမတော့ ရွှေလီမြို့ အဝင်ကနေရိုက်ပါတယ် ။ အဲဒီအချိန်မိုးမရွာသေးတော့ရိုက်ကောင်းပါတယ်။   အနောက်ဘက်ကိုလှည့်ြကြည့်တော့ တိမ်တွေလှနေတာနဲ့ ကျယ်ခေါင်မြို့အပြင်ထွက် မြန်မာပြည်ဘက်ခြမ်း မူဆယ် ကားကြီးဝင်းဘက်ကနေရိုက်မယ်ဆိုပြီးထွက်လာခဲ့ပါတယ်။ ကျနော်လိုချင်တဲ့ နေရာကိုလဲရောက်ရော အစကကြည်လင်တောက်ပနေတဲ့ ကောင်းကင်ကချက်ခြင်းဘဲ မိုးတွေအုံ့မိူင်းလို့လာပါတယ်။   ဒါနဲ့ဘဲ ကမန်းကတန်း လေးငါးပုံလောက်ရိုက်ပြီး ပြန်လာခဲ့ပါတယ်။ နောက်နှစ်ရက်လောက်နေတတော့ မူဆယ်က ဓါတ်ပုံရိုက်ဘက် ကောင်လေးက  မော်ဒယ်ရိုက်မယ် ဦးပေါက်ထွက်ခဲ့ဆိုတာနဲ့ ဓါတ်ပုံရိုက်ဘို့ ထွက်ခဲ့ပါတယ်။ သူနဲ့ချိန်းတာကလဲ ဟိုနေ့က ကျနော်သွားခဲ့တဲ့ လမ်းမှာပါဘဲ။   ကျနော် သူနဲ့ချိန်းတဲ့နေရာကိုသွားနေတုန်းမှာဘဲ ကောင်းကင်ကြီးက အရောင်တွေပြောင်းပြီးလှလို့လာပါတယ်။. ဒီတော့ ………………………………………………………..   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 24-6-2015


“ယုံမိမှား” လောကထဲက လောဘသား ပွားလာမလားလို့ ယုံမှတ်။ ပုံအပ်မိ သကာလ အလိုလေး   လေး မမင်းတုပ် အရင်းပြုတ်ပါပကော တော်။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၁၀- ၄-  ၂၀၁၅


“မညှင်းစကောင်း…….ညှင်းစကောင်း ” တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၄)   ဒီနေ့ဖေစ်ဘုတ်မှာ ကျနော်အကိုကြီးလိုနေတဲ့  R.c Win Oo က သူငယ်ငယ်က သူဌေးအိမ်မှာအကြွေးတောင်းခဲ့ရတဲ့အကြောင်းလေးကိုရေးလာတော့ ဈေးရောင်းအကြွေးတောင်းတဲ့အလုပ်ကိုအခုချိန်ထိလုပ်နေတဲ့ကျနော်မှာ အကြွေးနဲ့ပါတ်သက်လို့ပြောစရာတွေရှိလာပြန်တာပေါ့။ ဒီတော့လဲအကိုကြီး ကျနော်လဲရေးအုံးမယ်ဆိုတော့ သူကလဲရေးပါလို့အားပေးတော့ ရေးဖြစ်တယ်ဆိုပါတော့။   ကျနော်ကကောက်ပဲသီးနှံအရောင်းအဝယ်လုပ်တဲ့ပွဲရုံမှာအလုပ်လုပ်နေစဉ်တုံးကပေါ့။ ကျနော်တို့ ကုန်သည်ထဲမှာဟိန္ဒူလူမျိုး ဦးလေးကြီးတစ်ယောက်ရှိပါတယ်။ သူ့ဆီကရစရာရှိတဲ့ငွေကို ကျနော်တို့က သူ့ ဆိုင်မှာသွားမကောက်ရပါဘူး။ သူကိုယ်တိုင်ဆိုင်ကိုလာပေးပါတယ်။ သူက သူ့ဆိုင်ပိတ်မှလာပေးတော့ မိုးချုပ်တာပေါ့။ သူအကြွေးလာဆပ်မယ်လို့ဖုန်းဆက်ထားတဲ့နေ့ဆိုရင် ကျနော်တို့ဆိုင်ပိတ်တာနောက်ကျတာ အသေအချာပါဘဲ။ ကျနော်တို့ကအလုပ်ပြီးသွားလဲ သူကိုထို်င်စောင့်ရပါတယ်။ အဲ့တော့စိတ်တော့ နည်းနည်းလေတာပေါ့။ တစ်ရက်တော့ သူငွေလာပေးတဲ့အချိန် ကျနော်တို့ကပြောတာပေါ့။ “ကျနော်တို့က နေ့တိုင်း ငွေခံထွက်တာ၊ ဦးလေး လာမပေးနဲ့ ကျနော်တို့ ဆိုင်လာပြီးယူပေးမယ်လေ”လို့ပြောတော့ သူက “ရတယ် မလာနဲ့ ချွန်ဒေါ် အခုလိုဘဲလာပေးပါမယ်”လို့ […]