“ဒီမှာလေ တက်  တယ်  တက်တယ်  ” ၁၉၆၂ အိမ်စောင့် အစိုးရ တက်။ အရင်းရှင်စံနစ် ချုပ်ငြိမ်းအောင် ပြည်သူပိုင်တွေ သိမ်းလိုက်တော့ ကုန်ဈေးနူန်းတွေ ွတက်။   အဲဒီ ဆိုရှယ်လစ်ခေတ်မှာ ကုန်သည်တွေကို ဝိသမ လောဘသား အမည်ပေး ဇူဇကာ စစ်ဆင်ရေးနဲ့ ကျွေးထဲ့ လိုက်တဲ့အခါ ဆန် တွေ  ဆီတွေ လွယ် လွယ် ဝယ်မရတော့ တက်။   ” ပြည်တွင်းဖြစ်ကိုအားပေးပါ ” နိုင်ငံတော်ကိုတံခါးပိတ် ပြည်ပ လုံးဝ အားမကိုး ကိုယ်ထူကိုယ်ထ မာန်တွေကြွ စက်ရုံဆောက် သမ အသင်းတွေထောင် တစ်ခုမှ မအောင်မြင်တော့ ဟိုဟာမရှိ ဒီဟာရှား လိုချင်တာများရှိရင် မှောင်ခိုဈေးကိုပြေး ခိုးဝင်လာတာကိုဘဲ အားပေးရတယ်ဆိုတော့ ရှိသမျှ […]


”  မနက်ဖြန်” နောက် လာမယ့် ရက် ဆိုတာ မနက်ဖြန်။ မနက်ဖြန်မှာ ……???????? …????????? ဘာဆိုတာ မျှော်လင့်ရင်း လူ့ပြည်မှာနေခွင့်ရခြင်း ဗီဇာ တစ်ရက်ကုန်သွားပြီဆိုတာ ကျနော် ခင်ဗျား သူ ငါ မတွေးမိတာအမှန်ပါဘဲ။ မျှော်သည်   ဖြစ်ဖြစ် မမျှော်သည်  ဖြစ်ဖြစ် သဘာဝတရားဆိုတာ သူ့အလိုလိုလည်ပါတ် ရပ်မသွားတာကတော့ အသေအချာ။ မရေ ရာချင်းတွေနဲ့ဖြစ်တည် မျှော်လင့်ခြင်းနဲ့ အသက်ဆက်သူ ကျနော် ခင်ဗျား သူ ငါ စဉ်းစားစရာ တစ်ချက် မသေခင်လေးမှာ ကိုယ့်ဘဝ ကိုယ့်အရေး တွေးစရာ ရှိတာတွေး လုပ်စရာရှိတာလုပ် အချိန်တွေကို ဖြုတ်မလား????? သေဆုံးမယ့်ရက် လက်ချိုးတွက်ရင်း ရှင်သေမင်းကိုစောင့် မလား???? လားတွေထပ်ပေမယ့် မရပ်ပေါင် ကိုယ့်သဘောကိုယ်ဆောင် ယောင်တောင်ပေါင်တောင် […]


”  မျက်နှာဖုံး  လု်ိ၏  မလို၏”   အချို့ အချို့သော မရိုးသားသူ ဟန်ဆောင်သူ လိမ်ညာသူ ဟူသမျှ ရှက်မဆုံးလို့ မျက်နှာဖုံးတွေကို အကွယ်အကာ အနေနဲ့သုံးကြပါတယ်။   သို့သော် သို့သော် လက်ရဲ ဇက်ရဲ အရှက် နည်းပါးသူ အချို့ အချို့ကတော့ မျက်နှာဖုံးစရာ အကွယ်အကာမလိုပေါင် ပြောင်  ပြောင် ဆိုမှ ပြောင်ပြောင် ကြီးပါတော်။     ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၄-  ၃-၂၀၁၅  


“ကျယ်စေကောင်း၏ …….မကောင်း၏…………” တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၃)   ကျနော်ရန်ကုန်ရောက်တုံးက ရွှေတိဂုံဘုရားကို blue hour မှာရိုက်ချင်လို့ ညနေခင်းတစ်ခုမှာသွားခဲ့ပါတယ်။ ကျနော်ကမြောက်ဘက်မုဒ် ဓါတ်လှေခါးကနေတက်လာပါတယ်။ ဘုရားကုန်းတော်ပေါ်ကထန်းပင်အနားရောက်တော့ ရှေ့ဆက်သွားလို့မရ လမ်းပိတ်နေပါတယ်။ ကြည့်လိုက်တော့ ပရဟိတ တံမျက်စည်းလှည်းတဲ့အဖွဲ့က စက်ဝိုင်းခြမ်းပုံဖြစ်အောင်တန်းစီနေကြတာကြောင့်ပါ။ ဘုရားရင်ပြင်တော်ပေါ်မှာတံမျက်စည်းလှည်းပြီး ကုသိုလ်ယူကြဘို့အတွက်လူစီနေကြတာပါ။ “ညီနေအောင်တန်းစီပါ အလှပြသလိုလုပ်မနေပါနဲ့” “စ….  လှဲ တော့” ဆိုတဲ့ အာကျယ်ပါကျယ်အသံထွက်လာတော့ ကျနော်စိတ်ဝင်စားသွားပါတယ်။ အကျီအဖြူလည်ကတုံး ပုဆိုးအကွက်စိတ် ဟန်းဖုန်းခါးချိတ် ရင်ဘတ်မှာပရဟိတအသင်းအဖွဲ့တစ်ခုရဲ့ရင်ထိုးတံဆိပ်ထုးိတားတဲ့သူဆီကအသံထွက်နေတာပါ။ တံမျက်စည်းလှဲတဲ့သူက လူနှစ်ဆယ်ကျော်လောက်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ပူးပူးကပ်ကပ် တစ်လှမ်းခြင်းရှေ့တိုးပြီးတံမျက်စည်းလှဲနေကြရပါတယ်။ ” တံမျက်စည်းကိုသေချာလှဲပါ။ ဟန်ပြမလှဲပါနဲ့” လို့ အော်သံထပ်ထွက်လာပြန်ပါတယ်။ သူ့မျက်နှာက တော့ ခပ်တင်းတင်း ၊ စစ်ပွဲတစ်ပွဲကိုဦးဆောင်နေရတဲ့ ဗိုလ်ချုပ်တစ်ယောက်ရဲ့အသွင်အပြင်၊ သူ့အော်သံကြောင့် ဘုရားဖူးလာသူအချို့က တံမျက်စည်းလှည်းနေတာနဲ့ ဝေးအောင်ကွင်းပြီးသွားကြပါတယ်။ ကုသိုလ်ယူနေကြတဲ့သူတွေကိုလှမ်းကြည့်လိုက်တော့ […]


”  အိုးမဲ အသုတ်ခံရသူများ ”     ခွေး       အချင်းချင်း  ဟောင် ကြောင်  အချင်းချင်း  ကိုက်   ကျား     အချင်း ချင်း  မာန်ဖီ ကြက်    အချင်းချင်း    ခွပ်   နွား        အချင်းချင်း   ဝှေ့ ဆင်       အချင်းချင်း  နင်း   မြွေ         အချင်းချင်း   ပေါက် မျောက်   အချင်းချင်း  ကုတ်   […]


“ကျနော်ဓါတ်ဖမ်းသမား” (၁၂) (လက်ဆော့ဘို့ လမ်းသလားတဲ့ကိုပေါက်ရဲ့အမှတ်တရများ……………..) ကျနော်ဓါတ်ပိုးမြင့်တဲ့အချိန်တုံးကရောက်လေရာသွားလေရာမှာဓါတ်ဖမ်းပါတယ်။ အလုပ်ကိစ္စနဲ့သွားရင်းဖြစ်ဖြစ် ဓါတ်ဖမ်းခရီးသက်သက်ဖြစ်ဖြစ် မကြာခဏသွားခဲ့ပါတယ်။ အဲလိုသွားခဲ့တဲ့အကြိမ်တွေထဲမှာအမှတ်ထင်ထင်ဖြစ်ခဲ့ရတာလေးတွေ မမေ့နိုင်စရာလေးတွေလဲရှိခဲ့ပါတယ်။ ပထမဆုံးကြုံခဲ့ရတာတော့ အောင်ပန်းမှာပါ။ အောင်ပန်းမြို့ကြီးကို အထက်စီးကနေရိုက်ရင်လှမှာဘဲလို့တွေးမိတော့ မြို့အနောက်ဘက်တောင်ပေါ်က ရိုက်မယ်ဆိုရင် တစ်မြို့လုံးမြင်ရတယ်ဆိုပြီး မနက်စောစော ထ ပြီး အဲ့ဘက်ကိုသွားတာပေါ့။ တောင်ပေါ်တက်တဲ့လမ်းကနေသွားရင်း ထိပ်နားရောက်ခါနီးလို့လှမ်းကြည့်လိုက်တော့ တရုပ်သချင်္ိုင်းဖြစ်နေပါတယ်။ သချိုင်းအဝင် ဝမှာတော့ ခွေးတစ်အုပ် ကိုမြင်နေရပါတယ်။ အဲဒါနဲ့သချိုင်းနံဘေးလမ်းကနေလဲဖြတ်သွားလိုက်လို့ ခွေးတွေနားလဲရောက်ရော ခွေးဆယ်ကောင်လောက်က ထွက်လာတဲ့ပြီး ဟောင်လိုက် ဆွဲလိုက်နဲ့ ကျနော်ကိုဖိအားတွေပေးပါတော့တယ်။ သူတို့ကို တုန့်ပြန်ဘို့အနီးအနားရှိတဲ့ ဂဲလုံးတွေကောက်။ ပါးစပ်ကလဲအော်ပြီးမောင်းထုတ်ပေမယ့်လဲ သူတို့ကတော့ ဖိအားပေးမပျက်ပါဘဲ။ ခက်တာက ကိုယ့်တစ်ယောက်ထဲဖြစ်နေတာကို ဝန်းရံပေးမယ့်သူလဲတစ်ယောက်မှမတွေ့။ သူတို့ကလိုက်ဆွဲလိုက် ကိုယ်က အော်လိုက် ကို်ယ်က  ခဲကောက်ပြီး ထုလိုက် သူတို့ကဟောင်လိုက်နဲ့ဆယ်ငါးမိနစ်လောက်ကြာမှ ဈေးသွားမယ့် လူနှစ်ယောက်ရောက်လာပြီးမောင်းထုတ်မှ ဇာတ်လမ်းတစ်ခန်းရပ်ပြီး ကျနော်လဲ […]


“ ဒီလောက် ထိ ဖြစ်ဘို့ လိုပါသလား ?  “ “တောင်တွေးမြောက်တွေး  အပိုင်းအစလေးများ နှစ်”   ရန်ကုန်ကနေမန်းလေးကိုပြန်လာတဲ့နေ့ကပေါ့။ အဲဒီနေ့က တော့ တကယ့်ကို စိတ်မောလူမော။ သူများကြောင့်မဟုတ် ကိုယ် ကြောင့်။ အဲဒီနေ့ ည ကိုးနာရီ ကားနဲ့ မန်းလေးကို ပြန်ဘို့ လက်မှတ်ကဖြတ်ပြီးသား။ ကျနော်ပြန်မယ့် နေ့မှာ သူငယ်ချင်းတစ်ယောက်က  သူနဲ့တွေ့ဘို့ ချိန်းလာပါတယ်။ ကျနော်တည်းတာ က ဝေဇယန္တာလမ်းပေါ်က ဂန္ဓမာကုန်တိုက်နားမှာ။ သူချိန်းတဲ့နေရာက ရန်ကုန်ကန်တော်ကြီးကရိဝိက်မှာ။ သူချိန်းတဲ့အချိန်က  ညနေလေးနာရီ။ သူနဲ့လဲဆုံရင်း စိန်ပန်းပင်နဲ့ ကရိဝိက်ကို တွဲပြီး ဓါတ်ပုံရိုက်မယ်ဆိုတဲ့ အတွေးနဲ့သူနဲ့ချိန်းတာကိုလက်ခံလိုက်ပါတယ်။ သွားခါနီးအိမ်ကိုတော့ မှာထားလိုက်တယ် “နောက်ကျမယ် စိတ်မပူနဲ့ ကားချိန်မှီအောင်ပြန်လာမယ်”ပေါ့။ ကျနော်က တာမွေမှာသူငယ်ချင်းတစ်ယောက်ကိုဝင်ခေါ်တော့ ညနေလေးနာရီ။ အဲဒီကနေ ရန်ကုန်ကန်တော်ကြီး […]


  “ကျနော်ဓါတ်ဖမ်းသမား” (၁၁) (ဓါတ်ပုံတစ်ပုံအတွက်အရင်းအနှီး) တကယ်တော့ အခုခေတ်မှာဓါတ်ဖမ်းတယ်ဆိုတာက လဲ ငွေနဲ့စက်ပြီး လုပ်ရတဲ့အလုပ်တစ်ခုဖြစ်လာပါပြီ။ အရင်က ဟာသတစ်ခုရှိပါတယ် “ကို်ယ်အမြင်ကပ်တဲ့ကောင်ကို ပါတ်ကားဘောပင်တစ်ချောင်းသာလက်ဆောင်ဝယ်ပေးလိုက်” လို့ ဆိုပါတယ်။ အခုခေတ်ကတော့ အမြင်ကပ်တဲ့ပုဂ္ဂိုလ်ရှိရင် ဖူးဖရိန်ဘော်ဒီတစ်လုံးလောက်သာဝယ်ပေးလိုက်ပါ။ အဲဒါရတာနဲ့ မှန်ဘီလူးပြောင်းတို ပြောင်းရှည်ပြောင်းလတ် မြင်ကွင်းကျယ်တွေ ငါးမျက်လုံးတွေ အဏုစိတ်တွေ ထရိုင်ပေါ့တွေ ဖစ်လတာတွေ ဝယ်ရင်း ဝယ်ရင်းနဲ့သိန်းရာချီကုန်မှာသေချာပေါက်ပါဘဲ။ ရိုးရိုး ခရော့ဖရိမ်တွေရဲ့မှန်ဘီလူး ဈေးထက်စာရင်  ဖူးဖရိန်ရဲ့ဈေးက ထက်ဝက်မကကွာပါတယ်။ သိပ်မကြာခင်ကာလကတော့ သိန်းတစ်ရာ ဆိုတဲ့ စတေးတပ်လေးကြောင့်  ဓါတ်ဖမ်းသမားများအကြား ဖေစ်ဘုတ်စာမျက်ပေါ်မှာတိုက်ပွဲပြင်းထန်သွားပါတယ်။ ဓါတ်ပုံကောင်းတစ်ပုံရဘို့ အတွက် ငွေအဲလောက်သုံးနိုင်မှ ပုံကောင်းတစ်ပုံရမရလို့မေးရင် အဖြေရခက်တဲ့မေးခွန်းလို့ထင်ရပေမယ့် တကယ်တော့ အတတ်ပညာမပါဘဲ ပုံကောင်းတစ်ပုံ ဘယ်လိုမှ မရနိုင်တာအသေအချာပါဘဲ။   အတတ်ပညာလဲရှိမယ် ငွေသုံးနိုင်လို့ လိုအပ်တဲ့ဆက်စပ်ပစ္စည်းကောင်းကောင်းဝယ်သုံးနိုင်မယ်ဆိုရင် မပင်ပန်းဘဲ ပုံကောင်းကောင်းရမှာအမှန်ပါဘဲ။ […]


“ကျနော်ဓါတ်ဖမ်းသမား” (၁၀) (ကွိစိ ကွစ ဓါတ်လောက)   ပြိုင်ပွဲတွေမှာ ဒစ်ဂျစ်တယ်စိတ်ကြိုက်ဖန်တီးမှူ့ကဏ္ဍကလွဲရင် ဓါတ်ပုံဆောဖ့်ဝဲသုံးပြီးပြုပြင်တာကိုလက်မခံပါဘူး။ ဒါပေမယ့် ပြိုင်ပွဲဝင်သူတွေကတော့ မသိ မသာရော သိသိသာသာပါပြင်ကြသူတွေရှိပါတယ်။ အဲဒီပြင်ထားတဲ့ပုံတွေဆုရသွားရင် ပွစိပွစိနဲ့ ဖေစ်ဘုတ်မှာ ရင်ဖွင့်ကြပါတော့တယ်။ (ပြိုင်ပွဲတစ်ခုပြီးရင်  ကျနော့်ရဲ့လိုအပ်ချက်များစွာ ဘာညာကွိကွ စာသားလေးတွေနဲ့ ဥ ထားတဲ့ ပုံကောင်းလေးတွေ တက်လာတတ်ပါတယ်။ ကျနော့် အမြင်ကတော့ ဆုမရ တိုင်း ပုံကောင်း မဟုတ်ဘူးလို့သတ်မှတ်လို့မရသလို ဆု ရတိုင်းလဲ ပုံကောင်းမဟုတ်ဘူးလို့ခံယူထားပါတယ်။) ဖိုတိုရှော့နဲ့ပြင်တာ မပြင်တာကတော့ ကိုယ့်စိတ်ကြိုက် ကိုယ်ဖန်တီးမူ့ပါ။ ဒါပေမယ့် မပြင်ရဘူးလို့ သတ်မှတ်ထားတဲ့ ပြိုင်ပွဲအတွက်ကတော့ ပြင်ပြီးတင်သူရော ဆုပေးသူရော မှားတယ်လို့ဘဲကျနော်ကတော့ ပြောချင်ပါတယ်။ ဖိုတိုဆော့ဖ်ဝဲသုံးပြီး မပြင်ရလို့သတ်မှတ်ထားပြီး ပြင်ထားတဲ့ပုံကိုဆုပေးတာကတော့ လွန်တာပေါ့ လို့ဘဲဆိုချင်ပါတယ်။ ဒီလို စည်းမရှိလို့လဲ ပြိုင်ပွဲတစ်ခုပြီးသွားရင် […]


မြင်မြင်သမျှ(ဓါတ်ပုံပိုစ်)   သွားလေရာရာ မြင်မြင်သမျှ ဓါတ်ရိုက်ချင်တဲ့စိတ်က ထိန်းမရတော့ 6 ရောင်းသူ   ရောက်လေရာရာ လမ်းသလား သွားလေရာရာ လက်ဆော့တော့ ဒီပုံလေးတွေရလာခဲ့ပါတယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 6-6-2015


“ကျနော်ဓါတ်ဖမ်းသမား” (၉) (ဓါတ်ဖမ်းသမားရဲ့ခံစားချက်များ) ကျနော် ကင်မရာပေါက်စနနဲ့လက်ဆော့တဲ့အချိန်တုံးက ကင်မရာအကြီးသာကိုင်ရရင် ဓါတ်ပုံပြိုင်ပွဲတွေဝင်မယ်လို့စိတ်ကူးယဉ်ခဲ့ဘူးပါတယ်။ ဒီအကြောင်းကို ဓါတ်ဆရာမိတ်ဆွေတစ်ယောက်ကိုပြောပြတော့ “ ဓါတ်ပုံပြိုင်ပွဲ ဆုရချင်ရင် အချိန်ပေးနိုင်ရမယ် ငွေသုံးနိုင်ရမယ် ခရီးထွက်နိုင်ရမယ် အတတ်ပညာရှိရမယ်” လို့ပြောပါတယ်။ အချိန်ပေးနိုင်ရမယ်ဆိုတာက အချိန်မရွေး ဓါတ်ဖမ်းဘို့ဆိုအဆင်သင့်ဖြစ်နေရမယ်။ ငွေသုံးနိုင်ရမယ်ဆို တာ က ကင်မရာနဲ့ဆက်စပ် ပါတ်သက်တဲ့ပစ္စည်းမှန်သမျှ ဝယ်နိုင်ရမယ်။ ခရီးထွက်နိုင်ရမယ်ဆို တာ မြန်မာပြည်အနှံ့ သွားပြီးရိုက်နိုင်ရမယ်။ နိုင်ငံခြားအထိသွားနိုင်တယ်ဆိုရင်ပိုကောင်းပါသတဲ့။ အတတ်ပညာရှိရမယ်ဆိုတာကတော့ ကင်မရာကိုကောင်းစွာအသုံးချနိုင်ရမယ်ဆိုတာပါ။ တစ်ယောက်ကတော့ “အနုပညာမြောက်စွာမြင်တတ်ဘို့ လိုတယ်” လို့ဆိုပြန်ပါတယ်။ တစ်ယောက်ကတော့ အနုပညာဆိုတာ ပုံသေနည်းမရှိဘူး။ ကို်ယ်နှစ်သက်သလိုဖန်တီးလို့ရတယ်။ ဒိုင်လူကြီးတွေဆိုတာလဲ လူအမျိုးမျိုး အကြိုက်အမျိုးမျိုး အဲတော့ ကိုယ်နဲ့ အကြိုက်ချင်းတူတဲ့ ဒိုင်ပါလာရင် ဆုဆိုတာရမှာဘဲလို့ဆိုပါတယ်။ တစ်ယောက်ကတော့ ပြိုင်ပွဲဝင်ချင်တယ်ဆိုရင် ဆုရတဲ့ဓါတ်ပုံတွေကိုများများကြည့်။ လေ့လာ။ နောက်ဓါတ်ပုံဆုရွေးပွဲတွေဆိုရင်အချိန်ပေးပြီးသွားကြည့်။ ဒီပုံက […]


“ကျနော်ဓါတ်ဖမ်းသမား” (၈) (ကျောင်းသားအသစ်ကလေး…..)   အဲဒီအချိန်မှာဘဲ ရန်ကုန်ယဉ်ကျေးမူ့တက္ကသိုလ်က ဆရာကျော်ဝင်းလှိုင်က ဓါတ်ပုံသင်တန်းမန္တလေးမှာလာဖွင့်ပါတယ်။ ကျုံးပိုင်ကြီးကလဲဆရာကျော်ဝင်းလှိုင်(ယဉ်ကျေးမူ့တက္ကသိုလ်)ရဲ့သင်တန်းကို တက်ဘို့ပြောပါတယ်။ ဆရာကျော့်သင်တန်းတက်ထားတဲ့လူတွေကလဲ ပြိုင်ပွဲတွေမှာ ဆုတွေအမြဲလိုလိုရနေတော့ ပိုပြီးသင်တန်းတက်ဘို့စိတ်ဝင်စားလာပါတယ်။ ဒါနဲ့ဘဲကျနော်လဲ သင်တန်းတက်မယ်ပြောလိုက်ပါတယ်။ သင်တန်းအမှတ်စဉ်ကတော့ လပ်ကီးဆဲဗင်း  အမှတ်စဉ် (၇)ပါ။ ကျနော်နဲ့အတူ ဓါတ်ပုံရိုက်ဖော် ရိုက်ဖက် ကိုကိုမျိုးကလဲတက်မယ်ဆိုတော့အဖော်ရသွားပါတယ်။ အမှတ်တရထဲက အမှတ်တရဆိုသလို ကျနော်တို့သင်တန်းတက်မယ့်လမှာဘဲ မန္တလေးမြို့က ညမထွက်ရဆိုတဲ့ ၁၄၄ အောက်ရောက်သွားပါတယ်။ သင်တန်းချိန်က ညနေ ၅နာရီကနေ ရနာရီလောက်ထိ။ သင်တန်း ရက် က ၂ပါတ်။ သင်တန်းကြေးက တစ်သိန်းခွဲ။ စဖွင့်တဲ့နေ့က ဇူလိုင် ၁၉ရက်နေ့။ အဲ့နေ့ကစပြီး ကျောင်းသားတစ်ယောက်လိုပြန်ဖြစ်သွားပါတယ်။ ကျနော်အရင် ကကြားသာကြားဘူူးပြီး ရေရေရာရာမသိခဲ့တဲ့ Exposure(အလင်းပမာဏ) Shutter Speed (အလင်းဝင်ချိန်) ISO(အလင်းဆွဲအား) Aperture […]