“ပယ်စေသင့်၏မသင့်၏ လက်ခံကောင်း၏မကောင်း၏” ပြီးခဲ့လပိုင်းက မန္တလေးမှာ မိန်းမလျာ တွေကရဲတွေဖမ်း တဲ့ကိစ္စက အတော်လေးကိုလှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။ အရှေ့ကျုံးဒေါင့် ဆီဒိုးနားဟိုတယ်နဲ့မျက်နှာချင်းဆိုင်မှာ ညညသောင်းကျန်းနေတဲ့ မိန်းမလျာတွေကို ဖမ်းပြီး မိဘတွေလက်ကိုအပ်ခံဝန်ချုပ်တွေလုပ်ခိုင်းပါတယ်။ အချို့မိဘတွေက ကိုယ်မွေးထားတဲ့ သား ဒီဘဝရောက်နေတယ်ဆိုတာ မသိပါဘူးတဲ့ အံ့ဩစရာ။ ဒါကတော့ မန်းလေးမှာပထမဆုံးအကြိမ်လို့တောင်ပြောရင်ရပါတယ်။ အဲဒီအခါမှာ မိန်းမလျာ လို့ခေါ်တဲ့ လိင်တူချစ်သူတွေကလဲ လာဖမ်းတဲ့ ရဲတွေကလူ့အခွင့်အရေး ချုးိဖောက်တယ် သူတို့ကို မဖွယ်မရာလုပ်တယ် အရှက်တကွဲဖြစ်အောင်လုပ်တယ်ဆိုပြီး တရားစွဲမယ် ဥပဒေဘောင်အတွင်းကပြောမယ်ဆိုပြီး ပြင်းပြင်းထန်ထန်တုံ့ပြန်ကြပါတယ်။ လိင်တူချစ်သူများက မကျေမနပ်ဖြစ်နေပေမယ့် လူအများစု ကတော့ ဒီလိုဖမ်းတာကို သဘောတူကြပါတယ်။ အဲဒီမှာလာလာ ကဲကြတဲ့  မိန်းမလျာ တွေသောင်းကျန်းတာကို စိတ်ကုန်နေကြလို့ပါ။ သူတို့အထဲမှာလမ်းသွားလမ်းလာတွေကို အတော်လေး ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ကဲကဲသဲသဲနဲ့ သောင်းကျန်းတဲ့သူတွေလဲပါတာကိုး။ မန်းလေးဆိုတာ ဒီလိုလူတန်းစားတွေကို […]


“သူ့ဘဝနဲ့သူ……………………ကိုယ့်ဘဝနဲ့ကိုယ် ”   ကလေးဘဝက တောင်ပြုံးပွဲတော်နီးလာရင်ပျော်ပါတယ်။ ဒီအချိန်ရောက်ပြီဆိုတာနဲ့ အိမ်မှာကိုယ်တော်ကြီးကိုယ်တော်လေးပွဲလာတက်တဲ့ ရန်ကုန်က ဧည့်သည်တွေနဲ့စည်ကားတတ်လို့ပါ။ ကျနော်တို့အိမ်ရဲ့တောင်ဘက်က ဆောင်ဆောင်တို့ နောင်နောင် တို့အိမ်ကိုလာတဲ့ ဧည့်သည်တွေစုပြုံပြီးရောက်လာရင် ကျနော်တို့အိမ်ဘက်ကိုလာပြီးတည်းကြလို့ပါ။ ဆောင်ဆောင် တို့နောင်နောင်တို့ရဲ့အပေါင်းအသင်းတွေကလဲဒီအချိန်ဆိုရင် သူတို့အိမ်မှာအားလုံးလာပြီးစုကြပါတယ်။ ပြီးရင်ကားစင်းလုံးငှားလို့ ကိုယ်တော်ကြီးကိုယ်တော်လေးတို့ဆီချီတက်ကြတာပါဘဲ။ အဲဒါကတစ်နှစ်တစ်ခါ စုကြ ပျော်ကြတာပုံမှန်လိုဖြစ်နေပါတယ်။   ဆောင်ဆောင်တို့နောင်နောင်တို့ညီအကို က အခုခေတ်အထာနဲ့ပြောရရင်တော့”ဂေး” ဒါမှမဟုတ် “အပုန်း”ပေါ့။ လှတပတလေးပြောရင်တော့ လိင်တူချစ်သူများပေါ့။ သူတို့ လိုလူတန်းစားတွေကို မိန်းမရှာ မာမရှိန်း အခြောက် ဂန်ဒူး ရှောက်သီးဆေးပြားသယ် ဆိုပြီး အမျိုးမျိုးခေါ်ကြပါတယ်။ ငယ်တုံးကတော့  သူတို့တွေလာရင်ပျော်ပါတယ်။ သူတို့က လက်ဖွာတော့ မုန့်ဘိုးတွေအများကြီးပေးတာကိုး။ ဒါပေမယ့်  သူတို့ တစ်တွေယောကျာ်းဖြစ်ပါရဲ့နဲ့ မိန်းမတွေလို ဖီးလိမ်းပြင်ဆင်ပြီးနေကြ တာ စကားပြောရင်သူတို့ချင်းသာ နားလည်တဲ့ စကားလိမ်တွေနဲ့ပြောကြတာက အထူးအဆန်းတစ်ခုပါဘဲ။ […]


“အိ်ပ်မက်လား -တကယ်လား ကစားမှာလား -နားမှာလား “   ၂၀၁၁မှာကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲကတော့ လူစုံတက်စုံမပါဘဲ စစ်အုပ်ချုပ်ရေးဘက်ကနေအရပ်သားအဖြစ်အသွင်ကူး ပြောင်းလာခဲ့တဲ့ အဘတို့အဖွဲ့ကဘဲ အင်တို်က်အားတိုက်ရွေးကောက်ပွဲဝင်ခဲ့ကြပါတယ်။ ကျန်တဲ့ ပါတီတွေနဲ့ တသီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်သူများရှိပေမယ့် ရပ်တည်မူ့အခြေ အနေခြင်းက ကွာခြားလွန်းပါတယ်။ အများစုအားကိုးတဲ့ အမေ တို့အဖွဲ့ကတော့ဒီရွေးကောက်ပွဲကို အယုံအကြည်မရှိဘူးဆိုပြီး တော့ ဝင်မယ် မဝင်ဘူးနဲ့ဘဲ ပြီးဆုံးသွားခဲ့။ ရွေးကောက်ပွဲရလာဒ်ကတော့ ဲ   တပ်မတော်အုပ်ချုပ်ရေးဘက်ကနေပြီး လူဝတ်လဲလိုက်တဲ့ အဘတို့ အဖွဲ့ကဘဲသက်တောင့်သက်သာလွယ်လွယ်ကူကူ နဲ့ အနိုင်ရသွားခဲ့ပါတယ်။   ၂၀၁၂မှာတော့ လစ်လပ်သွားတဲ့နေရာမှာ အစားထိုးဘို့ကြားဖြတ်ရွေးကောက်ပွဲလုပ် တဲ့အခါအများနှစ်သက်တဲ့ အမေတို့အဖွဲ့  ကဘဲ အားလုံးနီးပါးလောက်အနိုင်ရတော့ လွှတ်တော်ထဲကိုရောက်သွားပြီး တရားဝင်ပြောရေးဆိုခွင့်ရခဲ့ပါတယ်။   တိုက်ဆိုင်တာလား တကယ့်ပင်ကိုယ်စိတ်ရင်းနဲ့ဘဲပြောင်းလဲလိုက်တာလားတော့ မသိဘူး သမ္မတကြီးနဲ့ အဖွဲ့ဝင်အတော်များများ ရဲ့ တိုင်းသူပြည်သူအပေါ်မှာပြုမူပုံ […]


“မိန်းကလေးတို့ရဲ့ကျက်သရေ”     ပြီးခဲ့တဲ့ ရက်က ဘဏ်ကနေငွေထုတ်အပြီး လာကြိုတဲ့သူကိုစောင့်နေတုံးကပါ။ ကျနော်ရပ်နေတဲ့ လမ်းနံဘေးမှာ စကားပြောနေကြတဲ့  ကောင်လေးတစ်ယောက်နဲ့ ကလေးမလေးနှစ်ယောက်ကို မြင်မိတော့အတော်လေးကိုစိတ်လေသွားပါတယ်။ တစ်ယောက်ကဆိုင်ကယ်ကိုခွထိုင်နေပြီးတစ်ယောက်ကတော့ မတ်တပ်ရပ်လို့နေပါတယ်။ ထို်င်နေတဲ့ကောင်မလေးက စကပ်အတိုကိုဝတ်ထားပြီး စကားပြောနေရင်းပေါင်ကို ဟလိုက် စိလိုက်လုပ်နေတော့ လမ်းသွားလမ်းလာတွေကို မှတ်တမ်းတင်နေသလိုပါဘဲ။ ကိုယ်က သူနဲ့ဘေးတိုက်ရပ်နေမိတာ တော်ပါသေးရဲ့လို့ဆိုရပါမယ်။ နို့မဟုတ်ရင်  သူရဲ့ “ဟစိတီဗွီကင်မရာ” စက်ကွင်းက ကျနော်လဲလွတ်မယ်မထင်။ သူ့ဘေးမှာရပ်နေတဲ့ကောင်မလေးဝတ်ထားတဲ့ဘောင်းဘီအတိုလေးကလဲအောက်ခံ ဘောင်းဘီသာသာလောက်ဘဲရှိပါတယ်။ ဝတ်ထားတဲ့ ဘောင်းဘီက တကယ့်ကိုအကွက်မပေါ်တော့ လောက်အောင်ဟောင်းနွမ်းနေတဲ့ ချည်သားအကွက်ေဘောင်းဘီတိုကပ်ကပ်ကလဲမြင်ရတာညစ်ထပ်ထပ်။ ဘောင်းဘီတိုထဲမှာလျိုဝင်နေတဲ့ ပေါင်ပိန်ပိန်နှစ်ချောင်းကလဲ ညိုညစ်ညစ်။ မျက်နှာကြည့်ပြန်တော့ ဘာမှလိမ်းခြယ်မထား  အဆီပြန်နေတဲ့မျက်နှာပြောင်။ လက်မောင်းကိုနေပူလောင်မှာစိုးလို့ လက်အိပ်အရှည်ကြီးစွတ်ထားပေမယ့် တိုနံ့နံ့ အင်္ကျီကိုဝတ်ထားပြန်တော့ ဗိုက်ပေါ်ချက်ပေါ်။ ဆိုင်ကယ်ပေါ်ထို်င်နေတဲ့ကလေးမကတော့အကျီအမဲရောင်လက်ရှည်ကိုဝတ်ထားပါတယ်။ ရှေ့က လုံပေမယ့်နောက်ကျောက ခြင်ထောင်ဇာပါးပါးလိုအစမျုးိနဲ့ဆိုပြန်တော့ ကျောတစ်ပြင်လုံးက ဟာလာဟင်းလင်းဖောက်ထွင်းလို့မြင်နေရပါတယ်။ နောက်ကျောတစ်ပြင်လုံးမှာ […]


“ပျောက်ဆုံးသွားခဲ့သောအတိတ်ခြေရာများကို ပြန်လည်ကောက်ယူခြင်း”     ၂၀၁၃ခုနှစ် ဆန်းမှာ ကျနော်ရန်ကုန်ကိုရောက်နေခဲ့ပါတယ်။   လွတ်လပ်ရေးနေ့မှ နီးနီးနားနားဘယ်သွားရင်ကောင်းမလဲ လို့စဥ်းစားမိတော့ တစ်ခါမှ မရောက်ဘူးတဲ့ ပဲခူးကိုသွားရင်ကောင်းမယ်လို့စိတ်ကူးမိပါတယ်။ ပဲခူး မှာရောက်ချင်တဲ့နေရာကတော့ အများကြီးပါဘဲ.။   ရွှေမောဓော လိပ်ပြာကန် ရွှေသာလျောင်း မြသာလျောင်း စိန်သာလျောင်း ကိုးသိန်းကိုးသန်း ဟင်္သာကုန်း အသစ်ပြန်ဆောက်ထားတဲ့ ကမ္ဘောဇသာဒီ နန်းတော်ရာကိုလဲသွားချင်တယ်ဆိုတော့ ကြားဘူးနားဝနဲ့သွားချင်နေခဲ့တဲ့နေရာတွေအများကြီးပါဘဲ။ ဒါနဲ့ဘဲ ကျနော်မိတ်ဆွေတစ်ယောက်က သူ့ကားလေးနဲ့လိုက်ပို့ပေးပါတယ်။ ဒါပေမယ့် ကျနော်တို့က အဲဒီနေ့က အထွက်နောက်ကျသွားတာရယ် နေအရမ်းပူတာရယ်ဆိုတော့ ဟင်္သာကုန်းကပြန်ဆင်းလာတော့ နေ့လည် တစ်နာရီထိုးခါနီးနေပါပြီ၊ ဘိုက်ကလဲဆာ ပူကလဲပူဆိုတော့ဆက်မသွားချင်တော့ပါဘူး။ အဲဒါနဲ့ ပဲခူးက သူ့မိတ်ဆွေတစ်ယောက်ကို ဝင်ခေါ်ပြီးထမင်းစားဘို့ သွားကြတာပေါ့။ ထမင်းဆိုင်ရောက်တော့ တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်။ ဟိုအကြောင်းဒီအကြောင်းပြောကြတာပေါ့။ ထမင်းစားသောက်ပြီးတဲ့အခါ လက်ဖက်ရည်ဆိုင်ဆက်ထိုင်ဖြစ်ကြပါတယ်။ အဲဒီလက်ဖက်ရည်ဆိုင်ရောက်တော့ ပဲခူးက မိတ်ဆွေက […]


“ဘောပွဲမှာ ရန်မဖြစ်အောင်……………………….”     ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်နဲ့ရန်ကုန်ဘော့လုံးပွဲကနေ ဖိုက်တင်ပွဲဖြစ်သွားတဲ့သတင်းလေးကို ဖတ်ရတော့ ငယ်ငယ်က ကျုပ်တို့ကြုံခဲ့ရတဲ့ ဘော့လုံးပွဲလေးအကြောင်းကိုသွားသတိရမိသဗျာ။ ကျုပ်ငယ်ငယ် ကျောင်းသားဘဝကပေါ့။ အဲဒီတုံးက ကျုပ်တို့နေတဲ့ အမှတ်(၉)အထက ဒါပေမယ့် စိန်ပီတာလို့ဘဲခေါ်ကြပါတယ်။ ကျုပ်တို့ကျောင်းရဲ့မြောက်ဘက် က အမှတ်(၁၀)အများအခေါ် ဒိုင်အိုကျောင်းလဲခေါ် သံတဲကျောင်းလဲခေါ်သပေါ့။ အဲဒီခေတ်တွေက တစ်ကျောင်းနဲ့တစ်ကျောင်း  ဘာမဆိုအပြိုင်အဆိုင်ဗျ။ ကောင်းတဲ့ဘက်က ပြိုင်ကြတာကိုပြောတာပါ။ ဆယ်တန်းမှာအောင်ချက်ကောင်းတာပြိုင်တယ်။ ဂုဏ်ထူးများများရတာပြိုင်တယ်။ ဆေးကျောင်းတို့ စက်မူ့တို့ရောက်တာပြိုင်တယ်။ လူရည်ချွန်ရတာပြိုင်တယ်။ စာစီစာကုံးပြိုင်ပွဲတွေမှာဆုရတာပြိုင်တယ်။ အဲဒီတုံးကကျောင်းသားအားကစားပွဲတွေလဲရှိတယ်ဗျ။ ကြုံတုံးကြွားရရင် အဲဒီခေတ်က ဘင်ခရာဆိုတာ ကျုပ်တို့စိန်ပီတာကဗိုလ်ဗျာ။ ဆရာဒေးဗစ်ကိုယ်တိုင် သင်ပေးထားတာ။ ဒရေပြတဲ့ပုံစံတွေဆို အမျိုးမျိုးပြောင်း ။ ဆိုက်ဒရမ်ရိုက်တဲ့သူတွေကလဲ ဒရမ်ရိုက်တဲ့ တုတ်ချောင်းတွေကို အမျုးိမျုိုးကစားပြီးရို်က်ပြ။ ဘင်အကြီးထုတဲ့သူကလဲ   တဒုန်းဒုန်းထုရင်းလက်ကိုင်ဘုကြီးကိုလေထဲပစ်လို့ပစ်။ နောက် မေဂျာ(ရှေ့ကနေတုတ်လုံးကြီးကိုင်လှည့်တဲ့သူကိုပြောတာ) ကလဲ ဘုလုံးပါတဲ့ တုတ်ကြီးကိုလေထဲမြောက်လို့မြောက်။ […]


သုံးပန်လှ တောင်သမန် အမှတ်(၂) “အဆင့်ဆင့်ဖြတ်သန်းလွမ်းစရာတွေချန်ထားခဲ့တဲ့ တောင်သမန်”       ကျနော်ငယ်ငယ်က အိမ်နံဘေးနားက ဘကြီးအောင် ဆိုတဲ့ အဘိုးတစ်ယောက်ရှိပါတယ်။ သူ အမြဲတမ်းဆိုနေ ညီးနေလွန်းလို့အလွတ်ရနေတဲ့ သီချင်းလေးတစ်ပုဒ်ရှိပါတယ်။ သူဆိုတဲ့သီချင်းက အစလဲမပါ အဆုံးလဲမပါဆိုတော့ ဘာသီချင်းမှန်း မသိပေမယ့် သူဆိုတဲ့အသံနဲ့စာသားလေးက တော့လွမ်းစရာကောင်းလွန်းနေပါတယ်။ “ပုဆိုးကစို   မိုးကညိုသနဲ့ သစ်ပင်အောက်မှာဝင်ကာခို ဦးပိန်တံတားကိုလျောက်ခဲ့ပြန်   ပုဆိုးကစိုစိုနဲ့   မိုးကလဲညိုညိုနဲ့ သစ်ပင်အောက်မှာဝင်ကာခို ဦးပိန်တံတားကိုလျောက်ခဲ့ပြန်” သူဆိုတာက ဒီအပိုဒ်လေးကိုဘဲ ထပ်ခါထပ်ခါဆိုတာပါ။ အဲဒီကတဲက ဦးပိန်တံတားဆိုတာကြီးကိုလွမ်းနေခဲ့ရတာ။ ဦးပိန်တံတားပါမှတော့ သူ့ကို ရင်ခွင်ထဲ ထည့်သိမ်းထားတဲ့ တောင်သမန်အင်းက အလိုလိုပါတော့တာပေါ့။   မန်းလေးမြို့ မတည်ခင်က ကုန်းဘောင်ဆက်မင်းများနန်းစိုက်ခဲ့တဲ့ အမရပူရမြို့ကို ကျနော်တို့မန်းလေးသားတွေကတော့ မန်းလေးမြို့ရဲ့တောင်ဘက်မှာရှိလို့ တောင်မြို့လို့ဘဲခေါ်ပါတယ်။ “အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန်………..” ဆိုတဲ့ […]


“သိတော့ သိနေတယ် ဒါပေမယ့်…..”     မဟာသကျသီဟ(အများ အခေါ် စက်ကြာသီဟ) ဘုရားပါတ်ဝန်းကျင် အထူးသဖြင့် လမ်း၃ဝနဲ့၃၂လမ်းကြားက အရှုပ်ဆုံးပါဘဲ။ ဒီပါတ်ဝန်းကျင်မှာက လက်ကားဖြန့်တဲ့ဆိုင်ကြီးတွေရှိကြပါတယ်။ ဆီပွဲရုံ ဆန်ပွဲရုံ ထန်းလျက်ပွဲရုံ ဆားပွဲရုံ တွေရှိတော့ အတော်လေးစည်ကားသပေါ့။ ဟိုအရင်က ဒီနားပါတ်ဝန်းကျင်က ပန်းဒိုင်လဲရှိ မြစ်သားကျောက်ဆည်ကားဂိတ်တွေလဲရှိ ဆိုတော့ပိုပြီးစည်ကားခဲ့ပါတယ်။ အခုချိန်မှာတော့ ပန်းသည်တွေကိုလဲ ဧရာဝတီကမ်းနံဘေး မရမ်းခြံဆိပ်ကိုရွှေ့လိုက်ပါတယ်။ ကားဂိတ်တွေကိုလဲကားကြီးဝင်းဘက်ကို ရွှေ့လိုက်ပြန်ပါတယ်။ ဒါပေမယ့်ပန်းလက်လီရောင်းတဲ့ ဈေးတန်းလေးက၃၁လမ်းနဲ့၈၅လမ်းဒေါင့်မှာတန်းစီပြီးဖွင့်ထားတဲ့အပြင်ကားဂိတ်တွေကလဲ ဒီပါတ်ဝန်းကျင်မှာဘဲလာလာပြီး ခရီးသည်စောင့်ကြ ကုန်တင်ကြနဲ့ဆိုတော့ လမ်းက အမြဲကျပ်ပိတ်လို့နေပါတယ်။ ကားဂိတ်ထိုးထားတယ်ဆိုတော့ ကုန်လာပို့တဲ့ ဆိုက်ကားတွေ တွန်းလှည်းတွေ ခေါက်တိုကားတွေနဲ့ ဆိုပြန်တော့ရှုပ်သထက်ရှုပ်ပါဘဲ။ ဒီ၈၅လမ်းက အရင်ကလမ်းကျဉ်းကျဉ်းလေးမို့ကားကျပ်တယ်လို့ ဆိုကြပါတယ်။ အခုလမ်းချဲ့ပြီးပြင်လိုက်တော့ အရင်ထက် နှစ်ဆလောက်ကျယ်လာပါတယ်။ ဒါပေမယ့် လမ်းက ကျပ်မြဲပိတ်မြဲ။   အခုရက်ပိုင်းမှာ […]


                 “အရိပ်မလွတ်”     ဟိုတစ်လောကဆွမ်းကျွေးတစ်ခုမှာ ငယ်သူငယ်ချင်းတစ်ယောက်ရဲ့အကိုနဲု့ဆုံကြပါတယ်။ သူတို့က ဘိုးစဉ်ဘောင်ဆက် မြန်မာဆေးထုတ်လုပ်ရေး လုပ်ငန်းကိုလုပ်လာကြတာပါ။ သူတို့အဖိုးအဖွားလက်ထက်ကတည်းက စခဲ့တဲ့ နာမယ်နဲ့ဘဲဆွေမျိုးအစဉ်အဆက်လုပ်လာခဲ့ကြတာပေါ့။ အဖုးိအဖွားကနေ ပွားစည်းလိုက်တော့ အခုချိန်မှာတော့ဆွေမျိုးစုကြီးဖြစ်သွားတာပေါ့။ ဆွေမျိုးစုကြီးဖြစ်လာတဲ့အချိန်မှာလုပ်ငန်းတွေခွဲမထွက်ဘဲ ဒီဆေးနာမယ်နဲ့ဘဲလုပ်ကို်င် စားသောက်ကြပါသတဲ့။ အဲတော့ ဆွေမျုးိစုတွေများလေ ဆိုင်ခွဲတွေများလေဖြစ်လာတော့တာပေါ့။ နောက်ပိုင်းဘာဖြစ်လာသလဲဆိုတော့ သူက ပင်ရင်း ငါက ပင်ရင်းဆိုအငြင်းပွားကြတော့တာပေါ့။ တစ်ယောက်နဲ့တစ်ယောက် စကားအပြိုင်အဆိုင်တွေဖြစ်လာကြတော့ တရားစွဲမယ် ပြုမယ်အဆင့်ထိရောက်ကုန်တော့ပေါ့။ သူကလဲ စိတ်ညစ်တဲ့အကြောင်းပြောသွားတာ အကြာကြီး ဝအီနေအောင် နားထောင်လိုက်ရပါတယ်။   ကျနော်တို့ဆီမှာဒီလို ပုံစံတူပြဿနာတွေအများကြီးပါဘဲ။ အဖိုးအဖွားလက်ထက်က စခဲ့တဲ့ အောင်မြင်တဲ့လုပ်ငန်းရဲ့ နာမယ်တစ်ခုကို သားစဉ်မြေးဆက် တီတွတ်ဂျွတ်ထိ ဒီနာမယ်ဘဲ ဝိုင်းပြီးလုပ်ကိုင်စားသောက်ကြတော့ ရေရှည်မှာ တော့ သူပိုင်ငါပိုင်အငြင်းပွားကြရတော့တာဘဲ။ မျိုးရိုးဂုဏ်ကို စောင့်ထိန်းတယ် ဆက်ခံတယ်ဆိုတာထက် ဒီနာမယ်ရဲ့ အရိပ်ကို […]


“တော်သင့်ပြီလို့ထင်ပါရဲ့”         ဟိုတစ်ရက်က ဖွဘုတ်စာမျက်နှာမှာဖတ်လိုက်ရတာလေးတစ်ခုကြောင့် ငယ်ဘဝကို ပြန်သတိရသွားမိပါတယ်။ ပြီးခဲ့တဲ့ရက်က စနေ တနင်္ဂနွေ အာဇာနည် ဝါဆိုလပြည့် အဲဒီပိတ်ရက် လေးရက်ရှိတဲ့အချိန်လေးမှာလူကြီးလာမယ်ဆိုတဲ့အတွက် စတင်းဘိုင် သတိဆွဲနေရတော့ ဟိုလဲမသွားရ ဒီလဲမသွားရနဲ့ အချိန်တွေအလဟဿ ဖြစ်သွားတယ်ဆိုတာလေးကို ပါ။ ဝန်ထမ်းဥပဒေထဲမှာ အစိုးရဝန်ထမ်းတစ်ယောက်က(၂၄)နာရီတာဝန်ရှိ တယ်လို့ သိဘူးပေမယ့် နားရမယ့်အချိန်လေးမှာ မနားလိုက်ရတာကိုတော့ ကိုယ်ချင်းစာမိပါတယ်။   ကျနော်တို့နိုင်ငံမှာ လူကြီးလမ်းကြောင်းရှိတယ်တို့ ဟိုဟာလာမယ်ဒီဟာ လာမယ်ဆိုရင် ထွက်ထွက်ပြီးကြိုပေးရတာ အလုပ်တစ်ခုပါဘဲ။ လူကြီးတွေက ဘဲ ကြိုစေချင်တာလား သူ့အောက်က လူတွေကဘဲ ကြိုစေချင်လားတော့ မသိဘူးပေါ့ဗျာ။   မှတ်မှတ်ရရ ကျနော်ခပ်ငယ်ငယ်ကျောင်းသားဘဝက မန်းလေးမြို့ကို ပြည်ထောင်စုအလံတော်လာမယ်ဆိုတော့ ကြိုရမယ်လို့ဆရာမတွေက ပြောပါတယ်။ အလံတော်က ဘယ်အချိန်လာမယ်ဆိုတာမသိပေမယ့် ဆရာမတွေက မနက်ငါးနာရီအရောက်လာခို်င်းပါတယ်။ […]


မန်းလေးကရွာသူားတွေကိုရောင်းဘို့အတွက်စာအုပ် (၃၅)အုပ် ဦးမာဃမှတစ်ဆင့်ရောက်လာပါတယ်။ မင်ဘာများကို ရောင်းဘို့လို့သိရပါတယ်။. သတ်မှတ်ဈေးကတော့ ကျပ်နှစ်ထောင့်ငါးရာပါ။ လောလောဆယ်တော့ သုံးအုပ်တိတိရောင်းပြီးသွားပါပြီ။. 25-7-2013မှာအန်ကယ်ဂျီးက (၂)အုပ် 28-7-2013နေ့မှာ မင်းမင်းက တစ်အုပ် ပေါင်းသုံးအုပ်ပါ။ မပဒုမ္မာက ကိုပေါက် တစ်အုပ် လက်ဆောင်ယူပါလို့ ပြောထားပေမယ့် ကျနော်မယူတော့ပါဘူး။ ဘာလို့လဲဆိုတော့ ကိုခင်ခ က ရန်ကုန်အရောက်ကျနော်ကိုပေးဘိုု့ဆိုပြီး လက်ဆောင်တစ်အုပ်ထည့်ဝယ်လာခဲ့လို့ပါ. ကိုခင်ခရေ ကျေးဇူး အကြီးကြီးတင်ပါတယ်ဗျို့။ 09-6805396 သို့ ဆက်သွယ်၍ စာအုပ်များဝယ်နို်င်ပါသည်။ မန်းလေးမြို့မှာ မိုင်(20)အတွင်း အိမ်တို်င်ယာရောက်လိုုက်လံ၍ပို့ပေးပါမည်။ စာအုပ်မဝယ်ပါက ဇွတ်လိုက်၍ရောင်းချမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။       (မှတ်ချက် ရွာထဲမှာ ဓါတ်သေဆရာ စာအုပ်ကတော့ ရောင်း၍မရပါ။ တစ်သက်လုံးအတွက် ဝယ်ယူထားသူရှိပါကြောင်း)


“မျှားနေရင်းပြန် အမျှားခံရခြင်း” လူဆိုတာမငြိမ်ခုန်ဆွတဲ့စိတ်ပိုင်ရှင် ဟိုဟာလေးလဲ လိုချင် ဒီဟာလေးလဲလိုချင် အတော့် ကို “ချင်ခြင်း” တွေများတဲ့သတ္တဝါ အဲဒီအထဲမှာ ကျနော်လဲပါသပေါ့။   တစ်ခါတစ်လေမှာကိုယ်ကမျှားတဲ့သူ တစ်ခါတစ်ရံမှာတော့ မျှားနေရင်းကနေ မသိမသာကိုယ်ပြန်အမျှားခံရသူ တစ်လှည့်တစ်ပြန်ခံတဲ့အခါ ခံ စံတဲ့အခါစံ ဒါကတော့ လောကကြီးရဲ့ထုံးစံပါဘဲ။   ကိုယ်သွားချင်တဲ့ ခရီးလမ်း မကြမ်းတမ်းဘဲချောစေဘို့ကတော့ ဆင်နဲ့မျှားတဲ့အခါမျှား ရွှေနဲ့မျှားတဲ့အခါမျှား စိန်နဲ့မျှားတဲ့အခါမျှား လူနဲ့မျှားတဲ့အခါမျှား တော်ကီပွားတဲ့အခါပွား ဘာမှအလကားမရတာတော့သေချာတယ်။   မျှားတိုင်းမိချင်ရင်တော့ ချပေးရမယ့် အစာ အထာကျဘို့တော့လိုပါတယ်။ အချိုကြိုက်သူ အချို အခါးကြိုက်သူ အခါး တရားကြိုက်သူ တရား အာဘွား ကြိုက်သူအာဘွား ဟိုဟာကြိုက်သူ ဟိုဟာ ဒီဟာကြိုက်သူဒီဟာ ဟိုနေရာ  ဟိုဟာ ဒီနေရာ ဒီဟာ ပီပြင်စွာမျှားတတ်ဘို့ဘဲလိုပါတယ်။   တစ်ခါ […]


“မကြောက်တရား နည်းနည်းတော့မှားနေပြီထင်ပါရဲ့”   ဟိုးရှေးပဝေသဏီ သက်ဦးဆံပိုင် ခေတ်မှာကတည်းကကျနော်တို့ပြည်သူပြည်သားတွေက ပြည့်ရှင့်ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ကိုကြောက်ရွှံခဲ့ကြရပါတယ်။ ဘုရင်ကိုကြောက်တယ်ဆိုတာကလဲ ကြိမ်ဒါဏ်အပေးခံရမှာ ထိပ်တုံးအခတ်ခံရမှာ ၊ထောင်သွင်းအကျဉ်းချခံရမှာ၊ လက်မရွှံ့အာဏာပါးကွက်သားလက်အပ်လို့အသတ်ခံရမှာ ဆွေစဉ်ခုနှစ်ဆက် မျိုးစဉ်ခုနှစ်ဆက် အသတ်ခံရမှာတွေကိုကြောက်ရွှံ့ကြတာပါ။ အဲတော့ အပြစ်မကျူးလွန်ရဲဘူးပေါ့။   အင်္ဂလိပ်ခေတ်ရောက်တော့ မတင်းကျပ်တော့ သိပ်မကြောက်။ ဂျပန်ခေတ်အရောက်ပက်ပက်စက်စက်နှိပ်စက်တော့ လည်းကြောက်ကြပြန်တာပါဘဲ။ နောက်တော့မြန်မာပြည်လဲခေတ်စံနစ်တွေအဆင့်ဆင့်ပြောင်း။ သူ့ထက်ကဲရွှေပြည်စိုး  နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ရှေ့ဘုန်းကြီးတစ်ချက်ခေါက် နောက်ဘုန်းကြီးနှစ်ချက်ခေါက် ဆိုသလိုဘဲ တစ်ဆင့်ထက်တစ်ဆင့်တိုးတိုးပြီးကြောက်လာခဲ့ရတာ ဟိုဘက်၂၆ ဒီဘက်၂၄ နှစ်ပေါင်းငါးဆယ်နီးပါး ကြောက်ခဲ့ရတာမှခေါင်းတောင်မပြူရဲအောင် ခြေလက်တောင်မလှုပ်ရဲအောင်ကြောက်ခဲ့ကြရတာအများအသိပါဘဲ။   အခုလက်ရှိအနေအထားမှာတော့ အရင်နဲ့မတူတဲ့လွတ်လပ်မူ့တွေရလာပါတယ်။ မရဘူးခဲ့တဲ့ ပြောခွင်ဆိုခွင့်လုပ်ခွင့်တွေရလာတော့ ပြောရဲဆိုရဲလုပ်ရဲ သူရဲကောင်းတွေတိုးသထက်တိုးလာပါတယ်။ ကိုယ့်စိတ်ထဲမှာရှိတာကို ဖော်ပြခွင့်ရတယ်ဆိုတာ နည်းတဲ့အခွင့်အရေးမှမဟုတ်တာဗျာ။ ဒါပေမယ့် အခုအချိန်မှတော့ ဂျာနယ်တွေမှာအရင်ကမဖော်ရဲသမျှအကုန်ဖော် ဖော်သမျှကလဲအနုပညာလည်းမမြောက်။ အားကစားစာစောင်အချို့မှာနိုင်ငံခြားက အားကစားသမားများရဲ့ အချစ်ရေးအကြောင်းကိုရေးထားတာများ အားပါးတရ […]