စုစည်းကြည်နူးခဲ့သောညနေခင်းလေး (အေးရိပ်မွန်)       ကိုခနဲ့ကျနော် မကြာခဏလက်ဖက်ရည်ဆိုင်ထိုု်င်ဖြစ်တဲ့အခါအလှူလေးတစ်ခု လုပ်ချင်တယ်လို့ပြောပါတယ်။ ပကာသနမပါ ဘာအထိန်းအမှတ်မှမပါ သူနဲ့ကျနော်နိုင်သလောက်လုပ်ဘို့သဘောတူပါတယ်။. ကျနော်ကတော့ ခြေနိုင်လက်နိုင်ရှိတဲ့ မိတ်ဆွေတွေနဲ့သွားလဲလှူဘူးတဲ့ နန်းရေ ၆၃လမ်းက အမျိုးသမီးမိဘမဲ့ ဂေဟာကို ထမင်းတစ်နပ်ကြွေးဘို့ အကြံပေးတော့ကိုခ ကလဲလက်ခံပါတယ်။ အဲလိုတိုင်ပင်တုန်းက ဒီဇင်ဘာလထဲမှာပါ။ ဒါနဲဘဲ့ သူမအားကိုယ်မအားနဲ့ မတ်ချလထဲက တစ်ရက်မှာ လုပ်ဘို့အကြမ်းသတ်မှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့ ကိုခ ကိုယ်တိုင် အဲဒီကျောင်းကိုသွားပြီးရက်ယူလို်က်ပါတယ်။ အစကတော့နှစ်ယောက်ထဲလုပ်မယ်စိတ်ကူးရာကနေ အမြဲလိုလိုတွေဖြစ်တဲ့ ကဖိုးထောင်နဲ့ကပေတို့ကိုပြောဖြစ်တော့ သူတု့ိကလဲ လိုလိုလားလားပါဝင်။ ဒီတော့ တစ်ယောက်ဘယ်လောက်ဆိုတာ မသတ်မှတ် အလှူငွေလဲ ဘယ်သူ့ဆီကမှ မကောက်။ လိုရင် ကိုခ က သူစိုက်မယ် ပိုနေရင် တစ်ခါထည်း နဝကမ္မလှူခဲ့မယ်လို့ ဆုံးဖြတ်။ (17-3-2013)နေ့ တနင်္ဂနွေနေ့မှာ ရက်ယူထားလိုက်ပါတယ်။ ကိုခမိသားစုက […]


“ချစ်သူပေါင်ကို မွမွလေးထောင်းခြင်း၊မယ်ဘော်တို့၏လုပ်ပွဲနှင့်ကယ်ရီကေးချား”   (ကယ်ရီကေးချား) ကျနော်တွင်ငယ်သူငယ်ချင်းတစ်ယောက်ရှိပါသည်။ ငယ်သူချင်းဟုဆိုရခြင်းမှာလဲ ပထမတန်းကျောင်းသားဘဝကပင် ခုံတန်းလျားတစ်ခုထဲမှာ အတူထိုင်ခဲ့ကြသည်မှာ ဆယ်တန်းရောက်သည်အထိအတူထိုင်ခဲ့သောကြောင့်ဖြစ်ပါသည်။ သူ့ဝါသနာကား ပန်းချီဆွဲခြင်းပေတည်း။ ပန်းချီဆွဲခြင်း အမျိုးမျိုး ထဲမှလူပုံတူ ဆွဲခြင်းကို ပိုမိုနှစ်သက်သူလဲဖြစ်ပေသည်.။ ထိုလူပုံဆွဲခြင်းအမျိုးမျိုးထဲမှာပင် အချိုးအစားမကျနသောလူပုံဆွဲခြင်းကို သာ အထူးပြုသူတည်း။ သူကားအချိန်အားသည်နှင့်ခဲတံတစ်ချောင်းဖြင့်ပုံဆွဲ၍သာနေပေသည်။ ကျနော်ကလည်း ကိုယ်တိုင်သာမျဉ်းတစ်ကြောင်းဖြောင့်အောင်မဆွဲနို်င်သော်လည်း သူ့ပန်းချီဆွဲသည်ကို အားကျနှစ်သက်မိပေသည်။ သို့သော်သူဆွဲလိုက်သောပုံတူများသည် လှတပတပုံများမဟုတ်ခြေ။ ခေါင်းကြီးကိုယ်သေး ဖြင့်အချိုးအစားမကျန။ သို့သော် သူဆွဲသောပုံကိုကြည့်ရုံဖြင့် ဘယ်သူ့ပုံဆိုတာအတတ်ပြောနိုင်အောင်တူလေသည်။ (နောင်ကြီးမှသိရသည်မှာ ထိုသို့ပုံမကျပန်းမကျ ဆွဲနည်းကို ကယ်ရီကေးချား ဟု ခေါ်ဆိုသတ်မှတ်ကြောင်း)   သူဆွဲပေးထားသော ပုံတူများကို ကျနော်က သိမ်းထားလေ့ရှိပါ၏။ ကျနော်တို့အတန်းသူအတန်းသားများ ဆရာ ဆရာများ၏ပုံတူသာမက ကျောင်းဈေးသည် ပွတ်စပါးတို့မိသားစု၏ ပုံတူပင်သူ့မှာရှိလေ၏။ ကျနော်က ထိုပုံများကို သက်ဆိုင်သူများအား ပြသောအခါ အချို့ကလွန်စွာစိတ်ဆိုးကုန်၏။ […]


“အညာတမာအလွမ်း “   ဟိုးကလေးဘဝ ငယ်ငယ်တုန်းကပါဗျာ။ “တမာတောမှာပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ အညာမြေကိုမေ့လို့လား အညာသူလေးကိုမေ့လို့လား ခွဲခွဲခြားခြား ပြောပါမောင်ရေ……………” ဆိုတဲ့သီချင်းများကြားမိရင် ဘယ်လွမ်းလို့ လွမ်းရမှန်းမသိ ခုထိတောင်သတိရနေပါသေးတယ်။   တမာပင်တွေလွှမ်းတဲ့  မန်းမြေက မာဇူးဆိုတဲ့ တက္ကသိုလ်ကျောင်းသားဘဝမှာ မိန်းအဝင်ဝကတမာလမ်း အင်းဝဆောင်နံဘေးက တမာလမ်း သစ္စာရှေ့က တမာလမ်း မြတမာရှေ့ကတမာလမ်း ချစ်သူနဲ့လမ်းလျောက်နေရင်း “တမာမြေကိုရောက်တဲ့ရှမ်းကလေးကျောင်းမှာခင်ကြတာ အစဉ်ပါကွယ်ပွင့်လင်းကြတယ်ဟန်ပန်တွေမလုပ်သူူူ” ဆိုတဲ့သီချင်း ရင်ထဲကို ထိရှ ခုထိတောင်နားထဲကြားနေပါသေးတယ်။         အသက်အရွယ်ရလာ ဘဝမှာခံရတာတွေလဲ မျာများလာပြန်တော့ “မောင်တို့အညာမှာ တမာပင်တန်းတွေနဲ့ ………………………………………………” အညာမိတဲ့အညာသား သီချင်းများကြားရင် အညာအချစ်တွေနဲ့ ပစ်သွားသူကို သတိရ မနေ့တနေ့ကများ ဖြစ်ခဲ့သယောင်ယောင် ခုထိတောင်ရင်ထဲမှာ နာနေဆဲပါဘဲ။ မနေ့က မြေနီနီ […]


    လုပ်စားလို့ရမယ့်နေရာလေး တစ်ခု     လွန်ခဲ့သောသင်္ကြန်တွင်းတစ်ခုမှာလည်ကြပါတ်ကြရင်းနဲ့ လမ်းမှားပြီးဝင်သွားပါတယ်။ အမှန်ကတော့ ဆင်ကျုံးဆိုတဲ့အရပ်နားက မိတ်ဆွေအိမ်ကိုလည်မယ်သူ့ကိုဝင်ခေါ်။ ဖြစ်ချင်တော့ကိုယ်ခေါ်တဲ့လူကပါသွားပြီ။ အဲဒါနဲ့ဘဲ တောင်သမန်အင်းသွားမယ်ဆို ထွက်လာကြပါတယ်။ ကားကတောင်ဘက်ကိုအတွက် အနောက်ဘက်ကွေ့ရမှာကို အရှေ့ဘက်ကွေ့လိုက်ပါတယ်။ အဲတော့သစ်လုံးပုံကြီးတွေကြားထဲရောက်ပြီးလမ်းပျောက်။ နောက်တော့မှဟိုမေးဒီမေးနဲ့တောင်သမန်အင်းဘက်ထွက်တဲ့လမ်းကိုတွေ့ပါတယ်။   အဲဒီမှာ အတော်ကြီးမားတဲ့ အဆောက်အဦပျက်ကြိးနှစ်ခုမှာခြုံနွယ်ပိတ်ပေါင်းတွေ ဖုံးလွှမ်းနေတာတွေ့ရပါတယ်။ ကျနော်အတော်လေးစိတ်ဝင်စားပါတယ်။ အိမ်ရောက်တော့စာအုပ်ပုံမှာမွှေကြည့်တော့ အမရပူရခေတ်က ငွေတိုက်နဲ့ မှတ်တမ်းတိုက်ဖြစ်နေပါတယ်။ ရှေးလက်ရာအစစ်ပါဘဲ။ ဒါပေမယ့် မေ့မေ့ပျောက်ပျောက်။   2010ခုနှစ်မှာတော့ အဲဒီဘက်ကို မကြာခဏရောက်ပါတယ်။ ကျနော်လမ်းသလားပြီးလက်ဆော့နေတဲ့အချိန်လဲဖြစ်ပါတယ်။ အဲတော့ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ရှုပ်ပွထနေတဲ့အဆောက်အဦဘေးမှာအမိူက်ပုံ။ လမ်းဘေးမှာရှိတဲ့ငွေတိုက်ထဲဝင်ကြည့်တော့ အညစ်အကြေးတွေစွန့်ပစ်ထားတာမြင်ရ။ ဒါနဲ့ဘဲရသလောက်ဓါတ်ပုံရိုက်ခဲ့ပါတယ်။ တောင်ဘက်ခြမ်းမှာရှိတဲ့ မှတ်တမ်းရုံးကတော့ ကန့်သတ်နယ်မြေဖြစ်တော့ အဝေးကဘဲ လှမ်းလက်ဆော့ခဲ့ရပါတယ်။ အဲဒါတွေကို တစ်ခါ တင်ပေးဘူးပါတယ်။         […]


“စေညွှန်းရာလမ်း………………….”   မိုးသားတွေအုံ့မိူင်းနေတဲ့ညနေခင်းလေးတစ်ခုမှာ  ကျမ မရောက်ဘူးတဲ့ဒေသစိမ်းလေးကို သွားဘို့ အိမ်ကထွက်လာခဲ့ပါတယ်။ မန်းလေးမြို့နဲ့မိုင်နှစ်ရာကျော်ကျော်လောက်အကွာအဝေးမှာ ရှိနေတဲ့တောင်ပေါ်မြို့လေးဆီကိုပေါ့ အေးချမ်းတယ်လို့နာမယ်ကြီးတဲ့မြို့လေးပါဘဲ။ ကျမရဲ့တွယ်ရာမဲ့နေသော လေလွင့်နေသောစိတ်များကိုငြိမ်သက်အောင်အနားသတ်ပေးဘို့ဆိုရင်လဲ မမှားပါဘူး။ ည ခုနှစ်နာရီကျော်ကျော်လောက်မှာတော့“ကိုလေး”က ကျွဲဆည်ကန်ကားဝင်းကို လိုက်ပို့ပေးပါတယ်။ ကားက ညရှစ်နာရီထွက်မယ့် “ရွှေတောင်ရိုးအိပ်စပရက်စ်  “နဲ့ပါ။   “မိမွန်…….နင်တစ်ယောက်ထည်းဖြစ်ပါ့မလား” လို့စိတ်ပူပန်တဲ့လေသံနဲ့မေးပါတယ်။ “ရတယ် ကိုလေး………..အသက်သုံးဆယ်ဆိုတဲ့အရွယ်က ကိုယ့်ဘဝကိုယ် ထိန်းကျောင်းနိုင်တဲ့အရွယ်ပါ” “ ပိုက်ဆံရော အလုံအလောက်ပါရဲ့လား  “ “ပါ ပါတယ် ကိုလေး “ “အေး ကုန်သွားရင် ကိုဌေးတို့ဆီက ယူလိုက်နော် “ “ ဟုတ် “ “ နင်ဘယ်သူ့အိမ်မှာတည်းမှာလည်း မဝိုင်းတို့ဆီတည်းမှာလား “ “ ဟုတ်ဘူး ကိုလေး ကျနော့်သူငယ်ချင်းအိမ်တည်းမှာ “ “ အေး […]


“နံနက်ခင်းလှေကလေးများနဲ့ဓါတ်ပုံရူးသူ”     မန်းလေးကန်တော်ကြီးရဲ့နံနက်ခင်းလေးမှာလှေကလေးတွေအမြဲရှိတတ်ပါတယ်။ ပိုပြီးရေပြင်ကျယ်တဲ့ တောင်ဘက်ခြမ်းမှာ ပိုများပါတယ်။ မနက်အရုဏ်တက်ချိန်မှာလှေကလေးတွေ ကရေပြင်မှာလူးလာခေါက်တုံ့။ အရှေ့ဘက်ကမ်းကနေလာကြတဲ့လူအချုို့ကလည်း ကန်တော်ကြီးရေပြင်ကို ဖြတ်ပြီးအနောက်ဘက်ကို လှေကလေးတွေနဲ့လာတတ်ကြပါတယ်။ မမြလေးဘုရားရဲ့တောင်ဘက်နားလေးကတော့ လှေဆိပ်ပေါ့။ အဲဒီနားလေးမှာလှေကလေးတွေယာယီခိုနား။ ငါးရောင်းတဲ့ဈေးသည်များကလဲ ဒီနားမှာငါးလာယူ။ ဒီလှေဆိပ်ကို အားကိုးနေသူများကတော့ တက်သိမ်းအင်းမယ်တော်ရဲ့နန်းနားလေးမှာနေကြတဲ့ မိသားစုလေးတွေပါဘဲ။ တစ်ရက်ကျနော်လမ်းလျောက်လာချိန် နေအရုဏ်ထွက်ခါစ အလင်းများက ရေပြင်ပေါ်ဖြာအကျ။ အဲဒီအလင်းတန်းများကြားကိုလှေကလေးကအရောက်။ လှပသောမြင်ကွင်းလေးများကို အမိအရဖမ်းဆုပ်။ လူဝဝ မျက်နှာပေါ်က်ဆိုးဆိုး ဘောင်းဘီတိုတို တီရှပ်အစုတ် ကင်မရာပေါက်စနနဲ့ ဟိုရိုက်ဒီရိုက်လုပ်တတ်တဲ့သူကို အစကတော့ အဲဒီနားကလူတွေက “ဘာလဲဟ……………”ဆိုတဲ့အကြည့်နဲ့ကြည့်တတ်ကြပါတယ်။ အဲလိုလူများကိုတော့ ပြုံးပြရတာပေါ့။ (ကိုယ်ကသာ ပြုံးပြတယ်ထင်တာ တစ်ဘက်လူကတော့ သွားဖြဲပြတယ်အောက့်မေ့မှာပါ)               တစ်ချို့ကတော့ “ဘာလုပ်ဖို့လဲ” မေးတဲ့အခါ ရီဖြဲဖြဲနဲ့ […]


  “ညနေခင်းလေးကပေးသော” “တစ်နေ့လုံး တရွရွနဲ့သွားနေရတာပင်ပန်းလွန်းသကွာ ငါနားချင်ပြီ”တဲ့။ ဆောင်းညနေခင်းလေးမှာ နေမင်းကြီးလှမ်းပြောသံကိုကြားလိုက်ရသလိုလို။ ကောင်းကင်မှာတော့ အပြာရောင်တိမ်တိုက်တွေနဲ့လှပ။ မအိုသေးပေမယ့် ရွက်ဟောင်းချွေချထားတဲ့ သစ်ပင်ကြားကမြင်ရတဲ့ နုတ်ဆက်နေမင်းအလင်းကတော့လွမ်းစရာ။ ပြောင်းခင်းထဲကနေ ဟိုးးးးးးးးးးးးးအဝေးးးးးးးးးးးးးးးထိ မြင်နေရတဲ့ မိုးကုတ်စက်ဝိုင်းအထိရောက်နေတဲ့တိမ်တွေမြင်ရတာကလဲလွမ်းစရာ။ တွဲလွဲခိုနေကြတဲ့လက်ပံပွင့်လေးများကလဲ လွမ်းစရာ။ သစ်ပင်ကြိုသစ်ပင်ကြားက မြင်ရတဲ့ ညနေခင်းလေးကလဲလွမ်းစရာ။ အင်းဘယ်နေရာကြည့်ကြည့်လွမ်းစရာညနေခင်းလေးပါဘဲ။ ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ 4-3-2013                            


  “အညာဒေသကရွာလေးတစ်ရွာသို့အလည်ရောက်ခြင်း” အညာနွေကတော့ပူပါတယ်။ အခုဆောင်းအထွက်နွေအဝင်မှာကို ပူစပြုလာပါပြီ။ အညာဆိုထား ရေငံသောက်မြက်ခြောက်စားလို့ အမှတ်သညာပြုထားကြတာကိုးဗျ။ ပြီးခဲ့တဲ့ရက်ကတော့ မန်းလေးမြို့မြောက်ဘက် ဆယ်မိုင်ကျော်ကျော်လောက်ဝေးတဲ့ရွာလေးကိုရောက်ခဲ့ပါတယ်။ “အင်ကျယ်”တဲ့။ သခင်မတောင်ခြေနားမှာရှိတဲ့ရွာလေးပေါ့။ ကြာနီကန်ထိကတော့ကျောက်လမ်းမ။ အဲဒီကိုလွန်တာနဲ့ အညာဒေသထုံးစံအတိုင်းဖုံထူထူလမ်းကလေး။ ဖုံထူပါတယ်ဆိုမှ နွားအုပ်ဖြတ်တော့ဖုံပိုထသပေါ့။ ရွာထဲကိုဝင်တော့ ဖုန်တလုံးလုံး။         လယ်လုပ်ငန်းလုပ်တဲ့ဒေသဆိုတော့ နွားစာကောက်ရိုးဂိုဒေါင်ရှိမယ်။ နွားတွေရှိမယ်။ အလေ့ကျအပင်လေးတွေနဲ့ရွာစည်းရိုးလေးတွေရှိမယ်။ ဝါးပေါတဲ့ဒေသဆိုတော့ ဝါးလုံးလေးတွေနဲ့ခြံစည်းရိုးခတ်ထားတာရှိမယ်။ အားလုံးကတော့ ခြံကျယ်ဝင်းကျယ်နဲ့ပါဘဲ။ ရွာကအိမ်ခြေသုံးရာကျော်လောက်ရှိတယ်ပြောပါတယ်။ ခြံဝင်းတစ်ခုထဲမှာငှက်ပျောခိုင်ကြီး ကသီးနေလိုက်တာ အားပါးတရ။ ဒါနဲ့ဘဲ ရွာခံအိမ်ကထမင်းကျွေးတာကိုဝင်စားကြပါတယ်။         ကြက်သားအရည်သောက်။ ငရုတ်သီးနဲ့ငါးခြောက်ကြော်။ ငှက်ပျောဖူးကိုသရက်ပိုးတီချဉ်နဲ့ရောသုပ်။ ပဲနှပ်။ စားလို့အတော်ကောင်းပါတယ်။ ထမင်းစားပြီးတော့ နွားနို့စစ် မလိုင်ပျစ်ပျစ်ကို ခြံထွက်ငှက်ပျောသီးကိုကြော်ထားနဲ့ဧည့်ခံပါတယ်။ အားနာစရာမလို ဟန်ဆောင်စရာမလို ဘိုက်ကားအောင်တဝစားပြီးတော့ ပြန်လာခဲ့ကြပါတယ်။ […]


“ချစ်စရာ လွမ်းစရာ  ကြည်နူးစရာ မန္တလေး” အောင်ကျော်ချမ်းအေး မန္တလေး။ အုတ်ကျစ်ကျော်အေး မန္တလေး။ ရတနာပုံ ဆိုတဲ့  ရွှေမန္တလေး ။   အသက်ကလေးရယ်ရှည်စေဘို့ တောင်ရိပ်ခိုတဲ့  မန္တလေး။       ရှမ်းရိုးမနဲ့ မဝ်းဝံ အတွင်းကိုဝင်နေတဲ့မန္တလေး၊   အလျံဝင်းပြောင်ရန်ကင်းတောင် အောင်ပင်လယ်ရဲ့မန္တလေး။   မဟာမုနိရုပ်ရှင်တော် ကိန်းစက်ပျော်တဲ့မန္တလေး။     ဧရာမြစ်မင်းရင်ခွင်တွင်း သက်ဆင်းနေတဲ့မန္တလေး။     မင်းတုန်းအစ သီပေါအဆုံး အုံးအုံးကြွက်ကြွက် ပြည်ပျက်ခဲ့တဲ့မန္တလေး။   ၁၃၀ဝမှာအာဇာနည်တွေပေါ်လာခဲ့တဲ့မန္တလေး။ အိမ်တော်ရာဘုရားဈေးနဲ့ အင်္ဂလိပ်ကိုအာခံခဲ့တဲ့မန္တလေး။ စိန်ဗေဒါ နေခဲ့တဲ့ မန္တလေး။ မမြရင်နေခဲ့တဲ့မန္တလေး   ဆရာတင် နေခဲ့တဲ့ မန္တလေး မြမျိုးလွင် နေခဲ့တဲ့ မန္တလေး   မြို့မညိမ်း […]


အရင်က မရခဲ့တာအခုရနေတာအမှန်ပါဘဲ     ဟိုအရင်ကျနော်တို့ခပ်ငယ်ငယ် မဟေသီ မဂ္ဂဇင်း မှာထင်ပါတယ် မြန်မာရုပ်ရှင်လောက က အနုပညာကဝေလို့တင်စားခံရတဲ့ မို့မို့မြင့်အောင်ပုံ ပါတဲ့ လ အပိတ်ခံလိုက်ရတယ်။ ထွက်ပြီးမှ ပြန်လိုက်သိမ်းတာပါ။ မှတ်မှတ်ရရ ဖိနပ်ငုံ့ပြီးချွတ်နေတဲ့ပုံလေးလား မသိ။ အမျုးိသားယဉ်ကျေးမူ့နဲ့မကိုက်ညီလို့တဲ့။ နောက် ဂျာနယ်တွေစာစောင်တွေ မဂ္ဂဇင်းမှာလဲ ငွေမှင်နဲ့ပိတ်လိုပိတ်။ အမဲရောင်နဲ့ပိတ်လို့ပိတ်။ အမျုးိသားယဉ်ကျေးမူ့နဲ့ဆန့်ကျင့်လိုပါတဲ့။                 အခုတော့ ညို့မဂ္ဂဇင်းထဲကပုံတွေတို့ ဂျာနယ်ထဲကပုံတွေ ကားကြော်ငြာတဲ့ပုံတွေ အားကစားစာစောင်တွေမှာလဲ ပါတဲ့နိုင်ငံခြားက နဲ့မြန်မာပြည်က မော်ဒယ်ပုံလေးတွေမြင်ရတော့ အင်းအရင်က မရခဲ့တာတွေ့ အခု ရနေပြိဆိုတာ သိလိုက်ရပါတယ်။ ဟိုအရင်က မြန်မာပြည်မှာဆိုရင် ပုံနှိပ်လောကရော တီဗွီမှာပါ ဆေးလိပ်အရက်ဘီယာ ကြော်ငြာလို့မရပါဘူး။ အဲဒါတွေကြော်ငြာချင်ရင် […]


“ကြောက်စေသင့်၏ မသင့်၏”   ဥပုဒ်နေ့ဆိုတာ မန်းလေးသူမန်းလေးသားများရဲ့အလုပ်ပိတ်ရက်ပေါ့။ ဟိုးရှေးကတည်းက ဈေးချိုတော်နဲ့ ကုန်စည်ဒိုင်ပိတ်ရက်ဖြစ်တဲ့ဥပုဒ်ေ့နကို အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ခဲ့ကြပါတာပါ။ ကြားဥပုဒ်တွေပိတ်ချင်ပိတ် မပိတ်ချင်နေ ဥပုဒ်ကြီးလို့ခေါ်တဲ့ လပြည့်လကွယ်နေ့ကတော့ လူတိုင်းလောက်နီးပါးဆိုင်ပိတ်ပါတယ်။ အဲ့တော့ မန်းလေးမှာလာဖွင့်ကြတဲ့ကုမ္ပဏီအတော်များများရဲ့ပိတ်ရက်ကလဲ ဥပုဒ်နေ့ အလိုလိုဖြစ်ကုန်ပါတယ်။ ရှေးရှေးကတော့ ဒီလို ဥပုဒ်ရက်ဆိုတာ ဘုရားသွားကျောင်းတက်ပေါ့။ ကျနော်တို့ခေတ်မှာတော့ ဘုရားသွားကျောင်းတက်ဆိုတာထက် သူငယ်ချင်းတွေဆုံကြတဲ့ရက်ပါဘဲ။ အဖိတ်နေ့မနက်မှာ ကျနော်တို့ က “သူကြီးသား”လို့ခေါ်တဲ့ သူငယ်ချင်းက ဖုန်းဆက်လာပါတယ်။ “နက်ဖြန်လာဖြစ်အောင်လာခဲ့ ပြောစရာရှိတယ်ဟ” လို့လှမ်းပြောပါတယ်။ ကျန်တဲ့သူငယ်ချင်းတွေက စုရပ်ဖြစ်တဲ့ “စိန်ဝင်းဝင်း”လက်ဖက်ရည်ဆိုင်ကိုရောက်ပေမယ့် အလုပ်ရှုပ်တတ်တဲ့ ကျနော်က ရောက်ချင်တဲ့အခါမှရောက်လို့ပါ။ ကျနော်တို့သူငယ်ချင်းတွေထဲမှာ ဒီ “ သူကြီးသား“က စကားအပြောကောင်းတဲ့သူ။ ဒါပေမယ့် သူစိတ်ပါမှပြောတာပါ။ ပြောပြန်ရင်လဲ အဆီအသားပါပါ ဆိုတော့ သူပြောတယ်ဆိုရင် ထိထိမိမိလေးနားထောင်ရတတ်ပါတယ်။ **************************************************************************** ဒီတစ်ပါတ်ဥပုဒ်က လပြည့်ဥပုဒ်ကြီးဆိုတော့ […]