1IMG_1635-640x480-600x450.jpg

                                               “ပန်းဆီရောင်လွှမ်းတဲ့ ဆောင်းး ညနေခင်းလေး”  နှင်းမကြွင်းတဲ့ဆောင်းဒီဇင်ဘာ ညနေအေးအေး ။ အတွေးတွေတဖြာဖြာ ရှမ်းကလေးကျွန်း အေးသာယာ။ တလိမ့်ချင်းလှိမ့်လို့လာ တစ်ယောက်ထဲ အဖော်လဲမပါ။   ငေးကာငေးကာ တွေးကာတွေးကာ လာနေရင်း။းးးးးးးးးးးးးးးးးးး နေမင်းက မင်းဝံဆီ ပုန်းကွယ်မယ့်ဟန်ချီ ပြန်မယ်ချီ အရောင်တွေပေးတော့ မနှေးအမြန်လက်လာဆော့ဘို့ မြက်စိမ်းယိမ်းယိမ်းညီညီ လိမ္မော်နီဝါတွေအဖော်စပ်ပါလို့ လှညနေခင်းးးးးးးးးးးးးးးးးး     ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ (13-12-2012)    


                                                                         “အရောင်တေွရောယှက်နေတဲ့ဆောင်းညနေခင်းလေးးးးးးးးးးးးးးးးးးးးးးးးးးးး”     ဆောင်းအခါသမယ ညနေခင်း မင်းဝံတောင်စွယ် နေမင်းရယ်ကွယ်ခါနီး ကွင်းပြင်ရယ်ကျယ်ကျယ် လွမ်းစဖွယ်ညနေခင်း။     အဝေးမှာတောင်ပြာပြာ အနီးမှာ မြက်စိမ်းစိမ်း တစ်လောကလုံးကတော့ လိမ္မော်နီဝါ ရောယှက်လိမ်းလိမ်း သဘာဝကိုင်းပင် ယိုယိမ်းယိမ်း မြင်ရသူ အလွမ်းကူလို့ စိတ်တွေတိမ်းတိမ်း။ အရောင်တွေရောယှက်ပါတဲ့ ဆောင်းညနေခင်းရယ်ကြောင့် “ပိန်းပိတ်အောင်မမှောင်ခင်လေး ဆည်းဆာအလှဖြာဝေ”တဲ့ ကိုရဲလွင်ရဲ့ ပန်းခရမ်းပြာ သတိရမိသေး။     ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ (14-12-2012)           […]


“ ကိုင်ထားတာတွေများနေတော့ လွတ်မကျခင် လွှတ်ချပေးရင်ကောင်းမယ်”   မနက်အလုပ်လာတဲ့အချိန်မီးပွိုင့်အရောက် မင်္ဂလာဆောင်လှည့်လာတာနဲ့ကြုံတော့ ရပ်စောင့်နေရပါတယ်။ မင်္ဂလာဆောင်လှည့်ရင် အလှူလှည့်ရင် အသုဘချလာရင် သူတို့ကိုဦးစားပေးပြီး ဆန့်ကျင်ဘက်ယာဉ်ကြောတွေ ကို လမ်းခဏပိတ်ပေးထားတတ်ပါတယ်။ ယာဉ်ထိန်းက ပိတ်မပေးရင်လည်း ရှေ့ပြေးဆိုင်ကယ်သုံးလေးစီးက ခပ်တည်တည်နဲ့လမ်းကို ကန့်လတ်ဖြတ်ပြီး ရပ်ထားလိုက်တာပါဘဲ။ “မည်သူမျှမဝင်ရ”ဆိုတဲ့ဒီဇိုင်းနဲ့ပေါ့။ အုပ်စုလိုက်တန်းစီလှည့်လာရင် သာမန်လမ်းသွားလမ်းလာတွေရပ်ပေးရတယ်ဆိုတာ ထုံးစံလိုဖြစ်နေပါတယ်။ အဲတော့ကျန်တဲ့လူက အလုပ်ဘယ်လောက်ရှိရှိ ဘယ်လောက်အရေးကြီးကြီး လှည့်လာတဲ့ ယာဉ်တန်းမဆုံး မခြင်းရပ်စောင့်နေရတာ ကတော့ အမြဲတမ်းလိုလိုဖြစ်နေပါတယ်။ မနက်(၈)နာရီပါတ်ဝန်းကျင်ဆိုတာ ကျောင်းသွားဈေးသွားအလုပ်သွားတတ်တဲ့အချိန် တနည်းအားဖြင့်အချိန်ကိုက်လုပ်ဆောင်ကြရတဲ့အချိန်ဖြစ်ပါတယ်။ ဒီလို အချိန်မျိုးကြီးမှာ  အလှူဖြစ်ဖြစ် မင်္ဂလာဆောင်ဖြစ်ဖြစ ်လှည့်လာတာများ နှစ်ခုသုံးခုနဲ့ဆက်တိုက် ကြုံရင်လိုရာခရီးကို အချိန်မီမရောက်နိုင်တာအသေအချာ။ ရုံးသမား ဈေးသမားလဲအချိန်မှီမရောက် ကလေးများလဲကျောင်းနောက်ကျပေါ့။ အခုလိုသီတင်းကျွတ်ပြီးစရက်များမှာတော့ မင်္ဂလာဆောင်တွေက ပူလွန်းလို့ တွင်းထဲက ထွက်လာတဲ့ ပုရစ်များလို အလုအယက် တန်းစီလို့ဆောင်လိုက်ကြတာ […]


                “ညတစ်လှည့် နံနက်ခင်းတစ်ခါ မီးရောင်စုံအလှဝေဖြာဖြာ”   ပြီးခဲ့တဲ့သီတင်းကျွတ်ရက်လောက်က  စပြီး မန်းလေးနန်းမြို့ရိုးကို ညပိုင်းမှာမီးထွန်းထားတာကိုတွေ့ရပါတယ်။ အခါတိုင်းဆိုရင် တော့ မှောင်နဲ့ မဲမဲ။ မန်းလေးကဓါတ်ပုံဆရာများလဲ ဓါတ်ပုံရိုက်ပြီး တင်ကြပါတယ်။ လှလဲလှတာကိုး။ ကျနော်လဲ လက်ဆော့ချင်လိုက်တာမှ အလွန်။ ဒါပေမယ့် ညပိုင်းအပြင်မထွက်ဖြစ်တော့ မရိုက်ဖြစ်ပါဘူး။ ပြီးခဲ့တဲ့လဆန်းကတော့ သူငယ်ချင်းရဲ့ သမီးလေးမင်္ဂလာဆောင်ညစာစားပွဲကို သွားရင်း ကျုံးနံဘေးရောက်တော့ မီးထွန်းထားတာကိုလဲမြင်ရော ဆိုင်ကယ်ကိုရပ်လို့ လက်ဆော့ပါတယ်။ စိတ်လဲအဆာပြေသွားပါတယ်။     နောက်နေ့မနက်လမ်းလျောက်တော့ ပြည်ကြီးမွန်ဘက်က လင်းလက်လို့နေပါတယ်။ အရင်ရက်များမှာဆိုရင် ဆောင်းမနက်ဆိုတော့ မှောင်မှောင်မဲမဲ။ အနားရောက်လာလေ အလင်းရောင်တွေကပိုလှလေပါဘဲ။ ထူးထူးခြားခြားမီးထွန်းထားတာကိုမေးကြည့်တော့ မင်္ဂလာဆောင်ရှိလို့ဆိုတာကို သိရပါတယ်။ အဲတော့ ထုံးစံအတိုင်းလက်ဆော့တော့ ကြည်နူးစရာ […]


                          “မြနန်းစံကျော်ရွှေနန်းတော်နံဘေးက  ဘုတ်တလုတ်ကန်”   ပြီးခဲ့တဲ့ရက်ကမန်းလေးနန်တွင်းထဲက  မြနန်းစံကျော်ရွှေနန်းတော်ကို ရောက်ခဲ့ပါတယ်။ ဓါတ်ပုံတွေလှည့်ပါတ်ရိုက်ရင်း နန်းတော်ကြီးရဲ့မြောက်ဘက်မှာရှိတဲ့ “ ဘုတ်တလုတ်ကန်“ကိုသတိရလာပါတယ်။ အဲဒါနဲ့နန်းတော်ကြီးအနောက်ပေါက်ကဆင်း မြောက်ဘက်လမ်းလေးအတုိုင်းလျောက်လာခဲ့ပါတယ်.။ သစ်ပင်တွေက အုပ်အုပ်ဆိုင်းဆိုင်းဆိုတော့ လမ်းကလေးပေါ်မှာဆောင်းညနေခင်းနေရောင်က ပျောက်တိပျောက်ကျား။ နောက်ဒီနေရာလေးမှာ စီတန်းပြီးပေါက်နေတဲ့ နှစ်ရှည်ပင်ကြီးတွေကြောင့်စိမ့်အေးနေပါတယ်။ ကျောက်တွေနဲ့ဆောက်ထားတဲ့ ဂမူလေးတွေကို မြင်တော့ နားထဲမှာ “ ဘုတ်တလုတ်ကန်“သီချင်းက အလိုလိုကြားလာမိပါတယ်။ သီချင်းစာသားလေးကတော့ ဒီအတိုင်းပါဘဲ။   “ ဘုတ်တလုတ်ကန်“ ရွှေပင်ရွှေဘုန်း နေတနူန်းအသေရေမဆုံးတယ် ရှေးရှေးတုန်းခေတ်ကရယ် မန်းမြိုလယ်နတ်နန်းသဖွယ် ထင်ယောင်မြင်သေး ဘုရင့်သွေးပျော်ကြတယ်။ ဝဲယာနဲ့ကျောက်တောင်ငယ်ဘုတ်တလုတ်ခေါ် နတ်နန်းသဖွယ်။ မြင်စမ်းချင်တယ် တံတားငယ်များရယ်အသွယ်သွယ်ကျောက်လှိုဏ်ခေါင်းလေးတွေပေါတယ် ကြည်နူးစေဘွယ်။ […]


     “ခန့်စေ ကောင်း၏ မကောင်း၏”     တစ်ရက် လက်ဖက်ရည်ဆိုင်ထိုင်ရင်း ခုံပေါ်ချထားတဲ့ ဂျာနယ်ကောက်ဖတ်လိုက်တော့ လုပ်ငန်းအတွက်  ဝန်ထမ်းခေါ်တာနဲ့ပါတ်သက်လို့ဖတ်လိုက်ရပါတယ်။ အဲဒီထဲက အင်တာဗျုးလေးတစ်ခုမှာ အခုခေတ်အလုပ်ခေါ်တဲ့အခါ နီးစပ်ရာတွေကိုသာ ခန့်တဲ့အကြောင်းရေးထားတာကိုဖတ်လိုက်ရပါတယ်။ လက်ဖက်ရည်ဆိုင်က အပြန်အလုပ်ထဲရောက်တော့ ကျနော်မမြင်ဘူးတဲ့ ကောင်လေးနှစ်ယောက် “ကိုယ်ရေးမှတ်တမ်း” ဖောင်လေးတွေ ကိုယ်စီနဲ့ကျနော့်ရှေ့ရောက်လာပါတယ်။ ကျနော်တို့ ပရိုမိုးရှင်းချထားတဲ့ဆိုင်မှာတာဝန်ကျတဲ့ ကလေးတွေက ကျနော်တို့ဆီမှာလူလိုတယ်ပြောလို့ လာလျှောက်တာလို့ပြောပါတယ်။ ဒါနဲ့ဘဲ လောလောဆယ်မခေါ်သေးတဲ့အကြောင်း “ကိုယ်ရေးမှတ်တမ်း”ထားခဲ့မယ်ဆိုရင် လူခေါ်တဲ့အခါ မှာဆက်သွယ်မယ့်အကြောင်းပြောပြရပါတယ်။ အဲဒီမှာကောင်လေးတစ်ယောက်က ဘယ်လောက်ကြာအုံးမလဲလို့မေးလာတော့ လကုန်လောက်မှ ခေါ်မယ်လို့ ပြောတဲ့အခါ “ကိုယ်ရေးမှတ်တမ်း”တော့ထားခဲ့မယ် အကျင့်စာရိတ္တကောင်းကြောင်းထောက်ခံချက်ကိုတော့ပြန်ယူသွားချင်တယ်လို့ပြောပါတယ်။ အဲဒီမှာကျနော်သဘောပေါက်လိုက်တာက သူတို့က ဒီပြင့်နေရာတွေလဲ လိုက်လျောက်မယ်၊ အရင်ရတဲ့အလုပ် အရင်ဝင်လုပ်မယ်ဆိုတဲ့သဘောပါဘဲ။ ဒါနဲ့ဘဲ သူတို့ဆီက “ကိုယ်ရေးမှတ်တမ်း” နဲ့ ပညာအရည်အချင်းမိတ္တူကလွဲရင် အကုန်ပြန်ပေးလိုက်ပါတယ်။ ကျနော်အလုပ်လုပ်ချင်လို့လိုက်ရှာနေရတဲ့ကလေးတွေကို မြင်ရတော့ […]


                  အလင်းရောင်ကိုဆော့ကစားခြင်း     ဟုူိးအရင်ခေတ်က ကင်မရာနဲ့ဆော့ကစားဘို့ဆိုတာ အတော်လေးကို ငွေကုန်ကြေးကျ များတဲ့အလုပ်ဖြစ်ပါတယ်။ အဲတော့လဲ ဓါတ်ပုံရိုက်တယ်ဆိုတာ ငွေကြေးတတ်နိုင်သူ ဝါသနာကြီးလွန်းသူနှင့် အသက်မွေးဝမ်းကျောင်းပြုသူများသာ ဆောင်ရွက်နိုင်တဲ့ ပညာရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ကင်မရာ တစ်လုံးရှိရမယ်။ ဒီကင်မရာကို  ကိုယ်လိုရာခိုင်းစေနိုင်တဲ့အတတ်ပညာရှိရမယ်။ ဓါတ်ပုံရိုက်ပြီဆိုကတည်းက ဖလင်ထည့်ရမယ်။ တစ်လိပ်လုံးမကုန်မချင်း ရို်က်ရမယ်။ ပြီးရင်ဖလင်ဆေးရမယ်။ ကူးရမယ်။ ပျက်သည်ဖြစ်စေကောင်းသည်ဖြစ်စေ ကူးပြီးမှာသာအဖြေပေါ်တော့ ငွေအများကြီးကုန်ပြီးမှ ကိုယ့်လိုချင်တဲပုံလေးတစ်ပုံရပါတယ်။ နောက်တစ်ချက်က အချိန်အများကြီးစောင့်ရတာပါဘဲ။   နောက်ပိုင်း အော်တိုဒစ်ဂျစ်တယ်ကင်မရာတွေပေါ်လာပါတယ်။ ကို်ယ်တိုင် ဓါတ်ပုံပညာကို အများကြီးသိစရာမလိုဘဲ အဆင်သင့်လုပ်ပေးထားတာလေးကို ဆွဲသုံးလိုက်ရုံနဲ့ ပုံလေးတွေ လှတပတ ရလာနို်င်ပါတယ်။ ရိုက်ထားတာကို ချက်ခြင်းကြည့်လို့ရတယ်။ မကြိုက်ရင်ပြန်ဖျက်လို့ရတယ်။ “မှတ်တမ်းပြား” […]


“ အိပ်မက်စင်းစင်း” “ အိပ်မက်စင်းစင်း” ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အတော်မြင့်မြင့် တောင်ကုန်းလေးပေါ်မှာ အပြာရောင်ဝတ်စုံနဲ့ချစ်သူ ပြုံးလို့ပျော်လို့ ရီလို့မောလို့ စကားတွေပြောနေလိုက်ပုံက အိပ်မက်ထဲမှာတောင်ချစ်စရာ ဒါပေမယ့် အဲဒီလူက ကျနော်တော့မဟုတ်ဘူး။ အိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အေးစက် တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကော်ဖီဘားလေးအတွင်းမှာ အနက်ရောင်ဝတ်စုံနဲ့ချစ်သူ။ ညင်သာမူ့ကင်းတဲ့စကားလုံးတွေနဲ့ပစ်ခွင်း ချစ်ခြင်းကလွဲလို့ ဘာမှမရှိတဲ့ကျနော်နဲ့ လမ်းခွဲဘို့ ဆန္ဒတွေဖော်ထုတ်။ ကျနော်ကတော့ မင်သက်မိတဲ့ကျောက်ရုပ်လိုုငုတ်တုတ်။ အော် သိပ်ကိုစင်းတဲ့အိပ်မက်ပါဘဲနော်။ ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ (8-12-2012)


  “ဆောင်းဦးပေါက်နံနက်ခင်း အလင်းစက်များ”     ကျနော်ငယ်စဉ်ကာလများက ဆောင်းဦးပေါက်ရာသီများက လွမ်းစရာကောင်းပါသည်။ နိုဝင်ဘာလ ဝင်ပြီဆိုကတည်းက နှင်းမူန်လေးတွေဝေ့ဝေ့ဝဲဝဲ။ ဆောင်းနံနက်ခင်းဆိုလျင် ကျုံးဘေးမှာလမ်းလျောက်ထွက်ကြလျင် မထူ ့တထူ နှင်းမြူများကဝေ့ဝေ့ဝဲဝဲ။ ငယ်စဉ်ကတော့ ဆောင်းရောက်လျင်အဖွားနှင့်အတူ လမ်းလျောက်ထွက်မည်။ အပြန်လမ်းမှာတော့ ကျုံးနံဘေးမှာ ဗန်းလေးတွေကိုယ်စီနှင့်ချရောင်းကြသော နွားနို့ဟင်းပူပူကို မလိုင်ထည့်၍စားကြမည်။ နွားနို့ဟင်းသည်ပုဏ္ဏားမကြီး အဆစ်ထည့်ပေးသော နွားနို့ဂျုးိဖတ်နီကျင်ကျင်လေးများ ကို တမက်တမောစားကြမည်။ တစ်ခါတစ်ရံ အဖွားစိတ်လိုလက်ရရှိလျင် မေတ္တာပေါင်းကူးတံတား ထိပ်တွင်ရှိ အခန်းကျဉ်းကျဉ်းလေးတွင်ဖွင့်လှစ်ထားသော ဆိတ်စွတ်ပြုတ်ကို ချပါတီနဲ့စားကြမည်။ အခုမှာတော့  ဆိတ်စွတ်ပြုတ်ရောင်းခဲ့သောအခန်းလေးကလည်း တိုက်အကြီးကြီးဖြစ်။ မေတ္တာပေါင်းကူးတံတားကြီးကလဲ ပျောက်ကွယ်သွားသလို ကျနော့်အဖွားကလဲ လူ့လောကကြီးထဲမှထွက်ခွာသွားသည်မှာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ချေပြီ။     လူပျိုပေါက်ဘဝမှာတော့ ဆောင်းနံနက်ခင်းများသည်လည်း ရင်ခုန်စရာနံနက်ခင်းလေးများဖြစ်ခဲ့ပြန်ပေသည်။ အိမ်မှထွက်ခဲသော မန်းလေးသူများလည်း ဆောင်းနံနက်ခင်းမှာလမ်းလျောက်ထွက်ကြပါသည်။ သူကလည်း သူ့အစုအဖွဲ့နှင့် ကိုယ်ကလဲ ကိုယ့်အစုအဖွဲ့နှင့်။ […]


“ကောက်စားသော တတိယလူ  ဘာသာပြန်မှားသော ရွှေဖော့လုံးနှင့်  အရောက်နောက်ကျသောမဏိမေခလာ”     မနေ့ညက ကိုအေးတို့အိ်မ်ဘက်က မကြားစဘူး ဆူဆူညံညံအသံတွေထွက်လာတော့ ကျုပ်လဲအတော်လေးကိုအံ့ဩသွားပါတယ်။ အဲဒီအိမ်က ကိုအေးရယ် သူမိန်းမ မချိုပုရယ် ကို်အေးရဲ့အဖေကြီး ဦးပေစိရယ်သုံးယောက်ထဲဘဲရှိတဲ့အိမ်ကိုးဗျ။ ကိုအေးက ကုမ္ပဏီဝန်ထမ်း။ သူ့မိန်းမကလဲ ဈေးထဲက သူုတို့နဲ့အမျိုးမကင်းတဲ့ဆိုင်မှာအလုပ်လုပ်တယ်။ ဦးပေစိကြီးကတော့ မှီခို  မျက်စေ့မမြင်ရှာဘူး။   သူတို့လင်မယားအလုပ်သွားတယ်ဆိုရင်ခြံတံခါးကိုစေ့ထားလိုက်ရုံပါဘဲ။ မီးရေးထင်းရေးရှိတတ်တော့ အိမ်တံခါးတော့ ပိတ်မသွားပါဘူး။ အိမ်မျက်နှာစာတွေကတော့ သွားကြလာကြနဲ့လူလဲ မပြတ်ပါဘူး။ နောက်ဘက်ကတော့ အထက်တန်းကျောင်းဝင်းကြီးကို ကျောပေးထားတာပေါ့။ နောက်ဘေးကျောင်းဝင်းဘက်ကသာ ခြံစည်းရိုး ခနော်ခနဲ့ ဆိုတော့ တစ်ခါတစ်လေခွေးတွေဘာတွေတိုးဝင်တတ်တာမျိုးဘဲရှိတတ်တာပါ။   မနက်ဆို ထမင်းချိုင့်ကို်ယ်စီနဲ့ သူတို့နှစ်ယောက်က အလုပ်သွား ။ ဦးပေစိကြီးအတွက် ထမင်းဟင်းကိုစားပွဲပေါ်မှာ အုပ်ဆောင်းနဲ့အုပ်ပြီး ထားသွားပေါ့။ ဦးပေးစိစားချင်တဲ့အချိန်ဝင်စားပြီး ဒီအတိုင်းထားခဲ့ရုံပါဘဲ။ ဦးပေစိကြီးက […]


                          “မင်းဝံတောင်ရိုးပေါ်ကစေတီ…….”     မင်းကွန်းမြေကနေထွက်လာတဲ့အခါ စစ်ကိုင်းတောင်ပေါ်ကစေတီတွေကိုသွားဘို့စိတ်ကူးမိပါတယ်။ စစခြင်းတောင်တက်လမ်းမှာရှိတဲ့ ဆရာတော်ဦးဉာဏိသရရဲ့ သီတဂူစေတီတော်ကိုအရင်ဝင်လိုက်ကြပါတယ်။ ဗုဒ္ဓဂါယာမှာရှိတဲ့ဆန်ချီစေတီတော်ပုံစံအတိုင်းတည်ဆောက်ထားတယ်လို့သိရပါတယ်။ အိန္ဒယနွယ်သော ဒီဇိုင်းများနဲ့ အမြင်ဆန်းပါတယ်။ ပထမတစ်ခေါက်ရောက်စဉ်က တွေ့မြင်ခဲ့ရတဲ့ မှတ်တမ်း ဓါတ်ပုံတွေဗုဒ္ဓဂါယာက ဓါတ်ပုံတွေကိုမတွေ့ရတော့တာပါဘဲ၊။ စစ်ကိုင်းတောင်ပေါ်ကိုဆက်တက်လာတဲ့အခါ ကောင်းမူ့တော်လဲဝင်ချင် တောင်သမန်အင်းလဲသွားချင်ဆိုတော့ ဆွမ်းဦးပုညရှင်တစ်ဆူတည်းကိုဘဲ ဖူးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ ဝင်မယ်ဆိုရင်တော့ ဥမင်သုံးဆယ်က လမ်းသင့်ပါတယ်။ ညနေကလဲ သုံးနာရီကျော်နေပါပြီ။ ဒါနဲ့ဘဲ အချိန်လင့်မှာစိုးတော့ ဆွမ်းဦးပုညရှင်ကိုဘဲတန်းသွားခဲ့ပါတယ်။ စိန်းလန်းစိုပြေတဲ့ စစ်ကိုင်းတောင်ပေါ်ကို ညနေပိုင်းရောက်ဘူးတာ တော့ ဒီတစ်ကြိမ်ဘဲရှိပါသေးတယ်။ အဲဒါနဲ့အကွေ့အကောက်လမ်းလေးတွေအတိုင်း သွားရင်းက ဆွမ်းဦးပုညရှင်စေတီကိုရောက်သွားပါတယ်။ ရှင်ဖြူရှင်လှပြီးရင် ဆွမ်းဦးပုညရှင်က ဧရာမြစ်ပြင်မြင်ကွင်းကိုကောင်းကောင်းမြင်ရတဲ့နေရာဖြစ်ပါတယ်။ ဆွမ်းဦးပုညရှင်ကနေလှမ်းကြည့်ရင် […]


                “မင်းဝံကိုငေးကြည့်မိခြင်း”     စစ်ကိုင်းတောင်ဆိုတာ မင်းဝံတောင်းတန်းကြီးရဲ့အစလို့ပြောနိုင်ပါတယ်။ ဧရာဝတီမြစ်ကမ်းနံဘေးက စစ်ကိုင်းမြို့မြောက်ဘက်ခြမ်းမှာမင်းဝံတောင်တန်းကြီးကို ဧရာဝတီမြစ်ကြီးနဲ့ယှဉ်လျက်တွေ့နို်င်ပါတယ်။ စေတီပုထိုးဘုရားများစွာရှိတဲ့စစ်ကိုင်းတောင်ကတော့ အင်မတန်ကျက်သရေရှိလို့လှပ။ စစ်ကိုင်းတံတားအောက်ခြေမှာဓါတ်ပုံရိုက်အပြီး အလင်းရောင်ကူးပြောင်းစ ခြောက်နာရီခွဲလောက်မှာတော့ တံတားပေါ်ပြန်တက်လာခဲ့ကြပါတယ.်။ တံတားပေါ်ရောက်တဲ့အခါမှာတော့ ဆိုင်ကယ်ကိုလမ်းဘေးရပ်။ တံတားအဟောင်းဘက်ဆီကိုငေးကြည့်ရင်း လက်ဆော့ တောင်ဘက်ထိပ်ရောက်ပြန်တော့ မြူငွေ့တွေဝေနေတဲ့ စစ်ကိုင်းတောင်ကိုလက်ဆော့ ရင်း မင်းဝံတောင်ကိုငေးးးးးးးးးးးးးးးးးးးးးးးး။ အဲဒါနဲ့ဘဲ ဆိုင်ကယ်ကိုဖြည်းဖြည်းမောင်းလို့ပြန်အလာ ရွှေကြက်ကျဆိပ်ကမ်းကိုအလွန်မှာတော့ မင်းဝံတောင်ရိုးကိုနေခြည်အခကိုမြင်လိုက်ရတဲ့အခါ ………………………………………………………………………………………..   ကိုပေါက်လမ်းသလားနေသည် 24-11-2012