ကိုပေါက်လက်ဆော့ာခံခဲ့ရတဲ့ အောင်ပန်းဈေးနေ့ 20 မဒမ်ပေါက်နဲ့ဈေးထဲလျောက်သွား။ ပေါ်ဦးပေါ်စ လိမ္မော်သီးတို့ မန်းလေးမှာမမြင်ဘူးတဲ့ ဒူးရင်းဩဇာသီးတွေကိုဝယ်လို့ဝတော့ တည်းခိုခန်းကိုပြန်ခဲ့ကြပါတယ်။ သူဈေးဝယ်လို့ဝပြေမယ့် ကျနော်ကတော့ လက်ဆော့လို့မဝ။ အဲတော့ ဈေးထဲကိုတစ်ခေါက်ပြန်ထွက်လို့လာဖြစ်ပါတယ်။ ဒီတစ်ခါတော့ ဈေးမကြီးရဲ့ အရှေ့ဘက်နဲ့တောင်ဘက်လမ်းကြားတွေထဲ ကဆိုင်လေးတွေဘက်ကိုရောက်သွားပါတယ်။ ကျနော်နောက်တစ်ခေါက်ထပ်ရောက်ချိန်မှာတော့ ဈေးကွဲစတောင်ပြုနေပါပြီ။ ကားတစ်စင်းနားမှာလူတွေဝိုင်းအုံနေလို့ကြည့်လိုက်တော့ သနပ်ခါးခဲရောင်းတဲ့ကားလေးဖြစ်နေပါတယ်။ ဈေးတန်းပြင်မှာတော့ ငှက်ပျောသီးရောင်းနေတဲ့ အတန်းကိုရောက်သွားပါတယ်။ သူတို့ကို ဓါတ်ပုံရိုက်တော့ ရှက်လို့ကွယ်နေသူရှိသလိုုပြုံးပြုံးကြီးနဲ့နေပြသူလဲရှိပါတယ်။ ဓါတ်ပုံရိုက်ပြီးတဲ့အခါသူတို့ပုံလေးတွေကိုပြန်ပြတော့တဟေးဟေးနဲ့သဘောတွေကျဆိုတော့ကျနော်တောင်ပျော်လာပါတယ်။ လမ်းဘေးမှခင်းပြီးရောင်းနေတဲ့ ဘုရားပန်းသည်လေးတွေ။ ပဲမျုးိစုံလက်ဘက်ခြောက်ရောင်းသူတွေအစုံပါဘဲ။ ဈေးဝယ်ပြီးပြန်ကြဘို့လူစုသူတွေကစု။ ရွာကထော်လာဂျီပေါါ်မှာနေရာ ယူသူကယူ။ ဒီလိုအေးချမ်းတဲ့ နေရာလေးမှာကျနော်နေခွင့်ရှိတာကတော့ ရက်ပိုင်းလေးပါဘဲ။ ဘာဘဲပြောပြော ခဏလဲ ခဏအလျောက်စိတ်ချမ်းသာခဲံ့ရတဲ့နေ့ရက်များပါဘဲ။ ကိုပေါက်လမ်းသလားနေသည် အောင်ပန်းအောက်တိုဘာ-20