“အမြဲမရှိဆိုတာမှားတယ်လို့ သက်သေပြနေတဲ့နေရာလေး”     ကျနော်တို့ အမြဲကြားနေရတဲ့စကားကတော့ အနိစ္စအမြဲမရှိပါတဲ့။ ဒါပေမယ့် ဒီနေရာလေးကတော့ ခေတ်တွေဘယ်လိုပြောင်းပြောင်း အုပ်ချုပ်သူဘယ်လိုပြောင်းပြောင်း မပြောင်းမလဲ ရှိနေတာလေးပါ။ တက်သိမ်းအင်း (ကန်တော်ကြီး)အရှေ့ဘက်ခြမ်း တိုက်ခန်း တွေရဲ့အနောက်ဘက်ကလမ်းကလေးပါ။ တိုက်ခန်းနေတဲ့အခန်းသုံးဆယ်က နေတဲ့လူတွေနေ့စဉ်သုံးတဲ့အမိူက်တွေကို ပစ်ရတဲ့နေရာလေးပါ။. ဒီအမိူက်ပစ်တဲ့နေရာလေးကို အစက သံစည်ပိုင်းလာချထားပေးပါတယ်။ ဒါပေမယ်အမိူက်က များ အမိူက်သိမ်းကားကမလာဆိုတော့ အဲဒီသံစည်ပိုင်းလေးလဲ သံချေးတက်ပေါက်ပြဲသွားတော့ ပြန်လာသိမ်းသွားပါတယ်။ နောက်တော့ ဝါးနဲ့ယက်ထားတဲ့ အမိူက်ခြင်းအကြီးကြီးလာချပေးပြန်ပါတယ်။ အဲဒါကလဲ အမိူက်မှန်မှန်လာမသိမ်းတော့ ဝန်နဲ့အားနဲ့မမျှဆိုတာလို ဆွေးပြီးပျက်သွားပြန်ရော။ အခုတော့ ဘာမှလာမထားတော့ တိုက်ခန်းနေတဲ့လူတွေကလဲ မြေကြီးပေါ်ဘဲအမိူက်သွန်ရတော့တာပေါ့။ ဒီအမိူက်ပုံလေးကို မနက်အာရုံတက်က စလို့ မိုးချုပ်တဲ့အထိ အမိူက်ကောက်တဲ့လူတွေက လာလာဖွပါတယ်။ အဲတော့ နဂိုရ်က မှ အထိန်းအကွပ်မဲ့နေတဲ့အမိူက်တွေက လမ်းပေါ်မှာ မြင်မကောင်းအောင်ပြန့်ကျဲနေပါတယ်။ စည်ပင်သာယာက လာမသိမ်းတာကြောင့် အမြင်မတော်တော့ […]


      “အပြာရောင်ကောင်းကင်အောက်မှ တောင်ကြီးက စွယ်တော်စေတီ-၄”     ရှမ်းကပွဲလေးကြည့်ပြီးလမ်းလျောက်ပြန်လာကြတဲ့အခါ မနက်ဆယ်နာရီကျော်ကျော်လောက်ဘဲရှိပါသေးတယ်။ အစောက ရွာနေတဲ့မိုးကလဲ တိတ်ပြီးကောင်းကင်ကြီးက ကြည်လင်ပြာလဲ့။ အောင်ပန်းသွားဘို့ကလဲ နေ့လည်တစ်နာရီမှာဆိုတော့ အချိန်တွေပိုနေသေးပါတယ်။ အဲဒါနဲ့ ဘယ်သွားရင်ကောင်းမလဲစဉ်းစားလိုက်တော့ စွယ်တော်ဘုရားက စိတ်ထဲရောက်လာပါတယ်။ ဈေးတောင်ဘက်က ကားဂိတ်ကို ကားမေးကြည့်တော့ အသွားနှစ်ထောင့်ငါးရာ။ အသွားအပြန်ဆိုရင် ဘုရားဖူးတာသိပ်မကြာရင်စောင့်ပေးမယ် အသွားအပြန်ဆိုရင်ငါးထောင်လို့ပြောပါတယ်။ ငါးထောင်မနှမျောပေမယ့် စောင့်ပေးမယ်ဆိုတာက သိပ်မကြာရင် စကားခံထားတော့ စိတ်ထဲမှာမလွတ်လပ်။ တောင်ဘက် ကားဂိတ်လေးကိုဆက်လျောက်တော့ “ကားထွက်တော့မယ် တစ်ယောက်၂၀၀” ဆိုတာနဲ့ တက်လို်က်ခဲ့ပါတယ်။ စွယ်တော်စေတီနားရောက်တော့ဆင်းပြီးရင်ပြင်ပေါ်တက်ခဲ့ပါတယ်။ ရင်ပြင်တော်ပေါ်ရောက်တော့ မဒမ်ပေါက်က  ဘုရားထဲဝင်သွားပါတယ်။ မိုးရွာထားတဲ့နေ့ဖြစ်တာ့ လူရှင်းပါတယ်။ မနက်တုံးက တောင်ခိုးတွေဝေနေခဲ့တဲ့ တောင်တန်းကြီးကလဲ ကြည်လင်စိမ်းစို။ အနောက်ဖက်ကိုလည်ပြန်ကြည့်လို်က်တော့ အပြာရောင်နောက်ခံမိုးသားကြီးရှေ့မှာ အဖြူရောင်တိမ်လိပ်တွေက လေထဲမှာလွင့်လို့။ ရွှေရောင်တောက်နေတဲ့စေတီတော်ကို ဖူးမြင်ရတာကြည်နူးစရာ။ […]


                  “မထင်မှတ်ဘဲဆုံလိုက်ရတဲ့ ရှမ်းရိုးရာကပွဲလေး”   တောင်ကြီးကို (6-10-12)နေ့မနက်မှာရောက်ပါတယ်။ (7-10-12)နေ့မှာ အောင်ပန်းကိုဆင်းဘို့ပြင်ဆင်ထားပါတယ်။ ကားသွားမေးတော့ နေ့လည်တစ်နာရီခွဲမှာတစ်စီး ညနေသုံးနာရီခွဲမှာတစ်စီးလို့ဆိုပါတယ်။ အဲဒါနဲ့ နေ့လည်တစ်နာရီကားကိုလက်မှတ်ဖြတ်လိုက်ပါတယ်။ မှန်လုံးကား တောင်ကြီးမြို့မဈေးမြောက်ဘက်က ဂိတ်တဲလေးမှာလက်မှတ်ဖြတ်။ နေ့လည်တစ်နာရီဒီနားအရောက်လို့ဆိုပါတယ။် အဲဒီလက်မှတ်ဖြတ်ပြီးတော့ (9-10-2012)နေ့ညမှာမန်းလေးပြန်ဘို့တွက်ကားလက်မှတ်သွားဖြတ်ရပြန်ပါတယ်။ ကားလက်မှတ်အရောင်းဌာနတွေကတော့ဈေးမြောက်ဘက်တစ်လမ်းကျော် အောက်ဖက်ချိုင့်လေးထဲမှာတန်းစီနေပါတယ်။ ကျနော်လက်မှတ်ဖြတ်ဘို့အသွားအပေါ်လမ်းပေါ်မှာတော့ လူတွေရုံးစုရုံးစု။ ဘင်ခရာ တဒုန်းဒုန်းတီးသံလဲကြားနေရပါတယ်။ ကားလက်မှတ်ဖြတ်ရတာက အောက်ချိုင့် ထဲမှာ အသံကြားရတာက အထက်ကားလမ်းမှာဆိုတော့ ဘာတွေမှန်းမသိ။ ကားလက်မှတ်ကို အောင်ပန်းကစီးမယ်လိုသေချာမှာ။ သူတို့ကချယ်ရီက လာစီးဘို့ပြော။ ကျနော်ကလအထုပ်အပိုးတွေနဲ့မလာချင်။ အောင်ပန်းလမ်းဆုံကစောင့်မယ်ပြောနဲ့ အတော်ကြာအောင်ပြောမှပြေလည်သွား။ တောင်ကြီးကနေ 6နာရီထွက်မယ် 7နာရီစောင့်နေပါ။ နောက်ကျရင်တာဝန်မယူလို့ပြောပါတယ်.။ လက်မှတ်ကိစ္စပြီးတဲ့အခါမှာ အပေါ်လမ်းက အသံကြားတဲ့ဘက်ကိုတက်ကြည့်တော့မှ ကျောင်းသူကျောင်းသားတွေရော လာကြည့်သူတွေရော […]


      တောင်ခိုး အုံ့ဆိုင်း မြင်လေတိုင်းမိူင်းဝေဝေ…………………….၂       ဒီတစ်ခေါက် တောင်ကြီးသွားတဲ့ခရီးကတော့ အဆင်မပြေမူ့များစွာနဲ့လို့ပြောရမယ်ထင်ပါတယ်။ ကားက ည ရှစ်နာရီထွက်မယ်ဆိုတော့ ခုနှစ်နာရီလောက်အိမ်ကထွက်။ လမ်းမှာကားပိတ်တော့ ခုနှစ်နာရီခွဲခါနီးမှရောက်ပါတယ်။ ကားနားရောက်တော့ ရှစ်နာရီမတ်တင်း။ ကိုယ်ကသာစိတ်တွေပူပြီးအပြေးအလွှားသွားရတယ် ကားပေါ်တက်လို့မရသေး။ မေးကြည့်တော့မှ ကားဘီးပေါက်နေပါသတဲ့။ လမ်းဘေးမှာ စောင့်ရပ်ရင်း ကြည့်လိုက်တဲ့အခါသူတို့လဲတဲ့စပယ်ယာဘီးကလဲ ခပ်နွမ်းနွမ်း။ ကျနော်သာအရောက်နောက်ကျလို့တက်မရ ကားပေါ်မှာနေရာယူတဲ့သူကယူပြီးသားပါ။ ကားကရှစ်နာရီကျော်တာတောင်ပြင်လို့မပြီးသေးပါဘူး။ စိတ်ထဲကနေ မေးနေတဲ့မေးခွန်းကတော့ “မင်းတို့နောက်ကျရင်သာခရီးသည်ကစောင့်ရတာ ခရီးသည်နောက်ကျရင် မင်းတို့စောင့်ပါမလား” ရှစ်နာရီခွဲတိတိမှာမှ ကားထွက်ပါတယ်။ နာရီဝက်တိတိတောင်နောက်ကျပါတယ်။ နောက်ည11နာရီလောက်မှာ မိတ္ထီလာနားက ဆိုင်တစ်ဆိုင်မှာထမင်းစားနား။ ပြန်ထွက်လာပြီးသိပ်မကြာခင်တစ်နေရာမှာ ကားထိုးရပ်ပါတယ်။ အစကတော့ ဖွင့်ထားတဲ့ မြန်မာကားထိုင်ကြည့်နေရင်း က ကားအောက်ကိုဆင်းကြည့်တော့မှာ ကားဘီးဖြုတ်နေတာကိုမြင်ရပါတယ်။ စပယ်ယာဘီးကထပ်ပေါက်တာပါတဲ့။ ကားဆရာက မကျေမနပ်နဲ့ပြောလိုက်တာကတော့ “ဘယ်လိုလူတွေပါလာလို့ ကားဘီးပေါက်တာလဲမသိဘူူး။ […]


      စိမ့်စမ်းရေတံခွန်ဖြာဆင်းနေတဲ့ တောင်ကြီးအတက်လမ်း……………     ဟိုအရင်ကဆိုရင် တောင်ကြီးမြို့အကြောင်းကို စာထဲမှာဖတ်ရ သူများတွေပြောတာလောက်နဲ့ကျေနပ်ခဲ့ရပါတယ်။ ဆိုင်မှာသာ မခွာဘဲအမြဲကပ်နေရတဲ့ကျနော့်အဘို့ခရီးသွားဘို့အခွင့်အရေးမပေါ်ခဲ့တာ 1995 ခုနှစ်ကစလို့ 2000ခုနှစ်အလွန်ထိ အတော်ကြာခဲ့ပါတယ်။ အကြောင်းသင့်ပြန်တော့ 2011 စက်တင်ဘာ 23မှာတောင်ပိုင်းရှမ်းပြည်ကို မထင်မှတ်ဘဲရောက်ခဲ့ရ။ အဲဒီတုန်းက ည 7နာရီကားနဲ့သွားခဲ့တာပါ။ မှတ်မှတ်ရရ 2009ခုနှစ် စက်တင်ဘာလ 23ရက်တုံးကတော့ အဲဒီအချိန်မှာ မြို့သစ်မှာရှိတဲ့ မြိုတော်ဆေးရုံပေါ်က အခန်းထဲမှာ ပိုက်တန်းလန်းနဲ့ သတိရတစ်ချက်မရတစ်ချက် ။ ပိုတက်စီယံခန်းသွားတာပါတဲ့။ ချွေးအထွက်လွန်သွားလို့ပါတဲ့။ တောင်ကြီးကိုရောက်ဘို့ကံဇာတာပါပြန်တော့လဲ 2011 စက်တင်ဘာမှာတစ်ခေါက် 2012 အေပရယ်လ သင်္ကြအပြီမှာတစ်ခေါက် 2012 ဇူလိုင်လ29-30 တစ်ညအိပ်တစ်ခေါက် အခု2012 အောက်တိုဘာလဆန်းမှာတစ်ခေါက်ထပ်ရောက်ခဲ့ရပြန်ပါတယ်။ ရောက်တိုင်းလဲ လက်ဆော့ဖြစ်ပါတယ်။ ပထမတစ်ခေါက်ကတည်းက တောင်ကြီးအတက်လမ်းမှာရှိတဲ့ မိုးတွင်းမှာသာတွေ့နိုင်တဲ့ရေတံခွန်ကို ရောက်ခဲ့ပါတယ်။ […]


1 ရွှေအိုရောင်ညနေခင်း               “အရှေ့ဘက်ကတောင်သမန်ကိုနုတ်ဆက်ခြင်း ”     ကျနော်နဲ့ဘိုသော့နှစ်ယောက်သားဓါတ်ပုံတွေရိုက်လို့ မောတော့ အဆောင်လေးတစ်ခုမှာနားကြပါတယ်။ အဲဒီမှာကျနော်က မြောက်ဘက်ခြမ်းက ပုံတွေကိုသွားရိုက်နေတုန်းလှေအုပ်ကြီးရောက်လာပါတယ်။ ကျနော်က တံတားလေးကွေးသွားတာကိုရိုက်ကောင်းနေချိန် ဘိုသော့ကလဲ လှေအုပ်ကြီးကိုအားပါးတရ နှက်နေပါတယ်။ သူလှေတွေရိုက်တာမြင်တော့ တောင်ဘက်ခြမ်းကိုကူးလာပြီးရိုက်ပါတယ်။ အင်းထဲမှာ လှေကလေးတွေက လူးလာခတ်နေပါတယ်။ နို်င်ငံခြားသားတွေလဲ လှေစီးရင်း ကျနော်တို့လိုလက်ဆော့သူတွေ တွေ့ရပါတယ်။ တစ်ချို့ကနှစ်ယောက်တွဲ တစ်ချို့က တစ်ကိုယ်တော်။ လှေတွေကိုရိုက်လို့ကျနော်ကတော့ တံတားကိုပုံစံမျိုးစုံနဲ့လက်ဆော့ဖြစ်ပါတယ်။ ဝင်လုဆဲနေရောင်အောက်မှာ လှပသောအလင်းတန်းများနဲ့ ပုံများစွာကိုရပါတယ်။ ရိုက်ရင်းရိုက်ရင်းနဲ့ အလင်းက တစထက်တစ ပျောက်လာပါတယ်။ ကျနော်နဲ့ဘိုသော့ တံတားကခွာတော့ အတော်လေးမှောင်နေပါတယ်။ အပြန်လမ်းမှာတော့ စေတီလေးတစ်ဆူ အရိပ်ကျနေတာကိုမြင်တော့ ဆင်းလက်ဆော့ခဲ့ပါသေးတယ်။ ဘာဘဲပြောပြော လှပသော တောင်သမန်ညနေခင်းလိုပ […]


  ဒီနေ့ မဝေ မွေးနေ့မှန်းသိလိုက်ရပါတယ် အတော်နောက်ကျမှသိရတော့ မွေးနေ့လက်ဆောင်လဲ နောက်ကျသပေါ့ ကျနော် မဒမ်ပေါက် နဲ့ မဝေတို့အကြားမှာ ခင်မင်သော မိတ်ဆွေ အဖြစ်နဲ့ အမှတ်ရစရာတွေများကြီး မန်းလေးမှာ ကော်နက်ရှင်မကောင်းတဲ့အချိန် မဝေ ကျနော်ကို ကူညီတာတွေက မမေ့နို်င်စရာ ကျနော်ဓါတ်ပုံတင်မတင်တတ်ချိန် သင်ပေးတာကလဲ ချန်ထားလို့မရ ကဲ  ဒါတွေထားလိုက်တော့ အမြဲတမ်း ပျော်ရွှင်စရာကောင်းသောအဖြစ်တွေကိုသာဆုံတွေ့နိုင်ပါစေလို့ ကိုပေါက်နဲ့မဒမ်ပေါက်က ဆုတောင်းရင်း မွေးနေ့လက်ဆောင်ဓါတ်ပုံလေးပေးလိုက်ပါတယ်။   ခင်သော ကိုပေါက်(မန္တလေး)


                    “တောင်သမန်အင်းရဲ့အရှေ့ဖက်ခြမ်းက ………………ံ”   ရတနာပုံတက္ကသိုလ်ရဲ့ရှေ့ကဖြတ်ပြီး အနောက်ဘက်လမ်းကလေးအတိုင်းလာခဲ့ကြပါတယ်။ လမ်းကလေးက သစ်ပင်တွေနဲ့အုပ်အုပ်ဆိုင်းဆိုင်း။ အချိုးအကွေ့လေး နှစ်ကွေ့လောက်ကွေ့ပြီးတဲ့အခါ စည်ကားလှတဲ့ဈေးဆိုင်တန်းတွေကိုမြင်ရ။ ကျနော်ဒီနေရာလေးကိုမရောက်တာလေးနှစ်လောက်ရှိပါပြီ။ အရင်က အကြော်ဆိုင်လေးတစ်ဆိုင်နှစ်ဆိုင်နဲ့ချောက်တီးချောက်ချက်။ အခုတော့ အလွန်အမင်းစည်ကား။ ဆိုင်ကပ်အပ်ဘို့ ဆိုင်ကလဲ အဆင်သင့်။ တစ်စီးမှာငါးရာထဲပါ။ ဆိုင်ကယ်အပ်ခကိုဘိုသော့ကပေးလိုက်ပါတယ်။ အနောက်ဘက်တံတားရှိရာကိုဆင်းလိုက်တဲ့အခါရေပြင်ကြီးကိုမြင်ရပါတယ်။ ဟိုအရင်က ကမ်းစပ်မှာထိုင်စားဘူးခဲ့တဲ့အကြော်ဆိုင်လေးတွေလဲရေမြုတ်လို့နေ။ တံတားပေါ်ရောက်ရောက်ခြင်း ရွှေရောင်လက်နေတဲ့ရေပြင်ကို တစ်ချက်ဆွဲလိုက်ပါတယ်။ တံတားပေါ်မှာလူအပြည့်။ ရေထဲမှာတော့ “ငှက်”လေးတွေက လူးလာခတ်။ ကျန်တဲ့အရပ်တွေမှာတော့ လှေလို့ခေါ်ပေမယ့် ဒီအရပ်မှာတော့  “ငှက်”လို့ခေါ်ပါတယ်။ သာမန်လှေတွေနဲ့မတူ လှေဝမ်းက ခပ်ကားကား။ လူတစ်ယောက်ထဲက လှေဝမ်းအလည်ခေါင်မှာရပ်လို့ တက်နှစ်ချောင်းနဲ့တစ်ပြိုင်တည်းလှော်ပါတယ်။ လှေသမှားကိုလဲ ငှက်သမားလို့ခေါ်ပါတယ်။ တံတားပေါ်လဲရောက်သွားရော ဘိုသော့နဲ့ကျနော် တစ်ကွဲတစ်ပြားစီ။ […]


    “တောင်သမန်အသွားလမ်းမှာလက်ဆော့ခြင်း”     ပြီးခဲ့တနင်္ဂနွေ က ဥပုဒ်နေ့နဲ့ တစ်ထပ်ထဲကျနေပါတယ်။ အဲတော့ အလုပ်ကကလေး တွေနဲ့ ဗောဓိတစ်ထောင်သွားမယ်ဆိုပြိီး စိစဉ်ထားပါတယ်။ ဖြစ်ချင်တော့ ညသုံးနာရီလောက်ကရွာတဲ့မိုး တိတ်ကိုမတိတ်တော့ဘူး။ အဲတော့ မသွားဖြစ်ဘူးပေါ့။ နေ့လည်ပိုင်းကျတော့ပျင်းလာရော။ အဲဒါနဲ့ဘိုသော့ဆီဖုန်းဆက်တော့ ညနေလေးနာရီကျော်ရင်အားပြီတဲ့။ သွားမယ်နေ့ရာကတော့ တောင်သမန်အင်းကိုပေါ့။ တောင်သမန်အင်းကို အကြိမ်ကြိမ်ဓါတ်ပုံရိုက်ဘူးပေမယ့် အရှေ့ဘက်တောင်သမန်ရွာထိပ် အရှေ့ဖက်ခြမ်းကတော့ မရိုက်ဘူးသေး။   နောက်ဘိုသော့ကလဲ တောင်သမန်နဲ့ဦးပိန်အကြိမ်ကြိမ်လာခဲ့ဘူးပေမယ့် ရတနာပုံဘက်ကနေမဝင်ဘူး သေးဘူး။ အဲတော့ 78လမ်းတိုင်းလာ။ နည်းနည်းစောသေးတော့မန်းမြို့တော်မှာလက်ဖက်ရည်ဝင်သောက်။ ကိုမိုက်တို့ကိုစွယ်တော်တို့ရဲ့ တမာတန်းလေးကိုဖြတ် တံခွန်တိုင်အဝင်လမ်းကနေရတနာပုံဘက်ကို ခရီးဆက်ခဲ့ပါတယ်။ ရတနာပုံကျောင်းနဲ့ တောင်မြို့လမ်းခွဲမှာ ငါးမျှားနေသူတွေကိုတွေ့ရပါတယ်။ အဲဒီနားကမြင်ကွင်းလှတော့ခဏရပ်လို့ရိုက်။ အရှေဘက်ကိုဆက်သွားတော့လမ်းမြောက်ဘက်မှာ ရွှေရောင်တွေဝင်းနေတဲ့စေတီတစ်ဆူ။ အဝေရာပင်တွေ ဆူူးပင်တွေကြားကရေပြင်မှာ ဘုရားအရိပ်က တစ်ဝက်တစ်ပျက်။ ဘိုသော့ကရေစက်ဝိုင်းချရအောင်ခဲရှာ။ ကျနော်က ဓါတ်ပုံရိုက်စရာရအောင် သစ်ကိုင်းတွေချိုး။ […]


          “ညနေခင်းတိမ်……………..”     ဟိုးလွန်ခဲ့သောဆယ်စုနှစ်ကာလတွေတုံးက ကျနော်ဘဝမှာညနေခင်းဆည်းဆာဆိုတာ ကို်ယ်နဲ့မသက်ဆိုင်သလိုပါဘဲ။ ညနေခြောက်နာရီ 7နာရီထိ လမ်းတကာကိုဆိုင်ကယ်တစ်စီးနဲ့သွားလို့ပိုက်ဆံတွေလိုက်သိမ်း၊ ပြီးတာနဲ့ အထပ်ခိုးလေးပေါ်မှာစာရင်းတွေလုပ်လို့ ည8နာရီကိုးနာရီထိနွေမိုးဆောင်းကုန်လွန်ခဲ့ရပါတယ်။ 2009ခုနှစ်နောက်ပိုင်းမှာတော့ အလုပ်ကလူလည်းများလာတော့ စောစောသိမ်းဖြစ်။ အဲတော့အချိန်အားလေးတွေထွက်လာတော့ညနေခင်းရဲ့ရသလေးကိုခံစားခွင့်ရလို့လာပါတယ်။ နောက်ဓါတ်ပုံရိုက်ဖြစ်လာတဲ့အခါမှာ လှပတဲ့ဆည်းဆာညနေခင်းလေးတွေကို ရိုက်ဖြစ်လာပါတယ်။ ဒါပေမယ့်လည်း ညနေခင်းဆိုတာ ထက် မနက်ခင်းကိုပိုလက်ဆော့ဖြစ်ပါတယ်။ အခုပုံလေးတွေကတော့ အောင်ပင်လယ်ညနေခင်း ဧရာဝတီမြစ်ညနေခင်း၊ ကန်တော်ကြီးမြောက်ဘက်ခြမ်းကညနေခင်းလေးတွေကိုရိုက်ဖြစ်တာများပါတယ်။ တစ်ရက်ကတော့ တောင်သမန်အင်းဘက်ကိုညနေစောင်းအရောက် ထူးထူးခြားခြားရိုက်ဖြစ်ပါသေးတယ်။ လှတာမလှတာအပထား ကျနော်အတွက်ရခဲ တဲ့ညနေခင်းလေးတွေကို အားပေးလိုက်ကြပါအုံး။   ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ (2-10-2012)          


              “လှေကလေး”     ငယ်ငယ်တုန်းက အဆိုတော်သန်းထွန်းလေးရဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ “လှေကလေးတွေလှော်လို့ ငါးတွေဖမ်းကြသည်”လို့ဆိုတဲ့နေရာမှာ “လှော်ကလေးတွေလှေလို့ ဖမ်းတွေငါးကြသည်”ဆိုပြီးဖျက်ဆိုခဲ့ဘူးပါတယ်။ အငြိမ့်ထဲက လူပျက်တွေဆိုတာကိုလိုက်ဆိုတာပါ။ နောက်နည်းနည်းလေးကြီးလာတော့ ဘိလပ်ပြန်သန်းရဲ့ “လှေကလေးကိုလှော်မည် ဘေးမသန်းဘဲအေးချမ်းတော့မည်”ဆိုတဲ့သီချင်းလေးကို နှစ်သက်မိပြန်ပါတယ်။ ပူလောင်တာတွေများတဲ့ လောကကြီးထဲမှာနေရာတာကြာတော့ အေးချမ်းတာလေးကိုမျှော်မိတဲ့သဘောပါဘဲ။ အဲတော့ ရေပြင်မှာလှေကလေးတွေမြင်တိုင်းသတိထားကြည့်မိပါတယ်။ ဒါပေမယ့်ရေလဲမကူးတတ် ရေလဲကြောက်တော့လှေတော့ မစီးရဲပါဘူး။ အခုနောက်ပိုင်းကန်တော်ကြီးမှာ မနက်မနက်လှမ်းလျှောက်ချိန်မှာ တက်သိမ်းအင်းထဲမှာလှေကလေးတွေကို အမြဲတွေ့ရပါတယ်။ အဲတော့လဲ နွေမိုးဆောင်း လှေကလေးတွေမြင်ရင်လက်ဆော့မိပါတယ်။ တစ်ခါတစ်လေ အလင်းရိပ်ကလေးကျနေချိန်မှာ လှေကလေးအလည်ခေါင်ရောက်တဲ့အထိစောင့်ရတာလဲ အရသာတစ်မျိုးပါဘဲ။ ဘာဘဲပြောပြော လှပသော ပုံကလေးတစ်ပုံရအောင်စောင့်ရတာလဲ လှပသော နူးညံ့သောခံစားမူ့တစ်မျုးိပါဘဲ။ မတူညီသောအချိန်များမှ ာ လက်ဆော့ထားတဲ့ ကျနော့်ရဲလှေကလေးတွေပုံတွေကို မျက်စေ့ဆော့ကြည့်လိုက်ကြပါအုံးနော်     […]


              “စွယ်တော်ပန်းဖြူဖြူ ”       ကျနော်ငယ်ငယ်က နေခဲ့တဲ့အိမ်ရှေ့ဝင်းတံခါးဝမှာစွယ်တော်ပင်လေးတစ်ပင်ရှိခဲ့ဘူးပါတယ်။ ခရမ်းရောင်လိုလို မရမ်းရောင်လိုလို နဲ့ ဆောင်းပွင့်တဲ့ပန်းကလေးပေါ့။ စပွင့်စကတစ်ရောင်ေ နာက်တော့တစ်ရောင်အရောင်တွေပြောင်းတတ်တဲ့ပန်းလေးဆိုရင်လဲမမှားပါဘူး။ နောက်သိတတ်တဲ့အရွယ်ရောက်တော့ ကျနော့်ရဲ့ အကိုကြီးအမကြီးတွေက ဆရာဘုန်းနိုင်ရဲ့ဝတ္တုထဲက အတိုင်း နှစ်လွှာပေါင်းမှတစ်ရွက်ဆိုတဲ့စွယ်တော်ရွက်တွေကိုအခြောက်ခံလို့ စာအုပ်ကြားထဲမှာညှပ်ပြီး သိမ်းခဲ့တဲ့တစ်ခေတ်မှာ ကျနော်တို့အိမ်ရှေ့က စွယ်တော်ပင်လေးက မျက်နှာပွင့်ခဲ့ဘူးပါတယ်။   နောက်တော့လဲဘဝစေညွှန်ရာလမ်းအတိုင်းဟိုပြောင်းဒီရွှေ့။ အပင်စိုက်စရာ မြေမရှိတဲ့တိုက်ခန်းနေလူသားဘဝမှာ စွယ်တော်ပင်နဲ့ဝေးခဲ့ရပါတယ်။ နောက် မန်းလေးကန်တော်ကြီး ပီပီပြင်ပြင်ဖြစ်လာချိန်မှာတော့ မနက်လမ်းလျောက်ရာလမ်းမှာ ငယ်စဉ်က ချစ်ခဲ့နှစ်သက်ခဲ့ရတဲ့စွယ်တော်ပင်လေးတွေနဲ့ပြန်လည်နီးစပ်လို့လာပါတယ်။ 2011မှာရန်ကုန်ရောက်တဲ့အခိုက် ရန်ကုန်စွယ်တော်ဘုရားဘက်ဆီကိုလမ်းလျောက်ရင်း စွယ်တော်ပန်းအဖြူရောင် လေးကိုတွေ့တော့ စိတ်ထဲမှာထူးဆန်းသွားပါတယ်။ တစ်သက်နဲ့တစ်ကိုယ် စွယ်တော်ပန်းအဖြူကိုမမြင်ခဲ့ဘူးတာအမှန်။ နောက်သတိထားကြည့်မိမှ ကျနော်တည်းတဲ့အိမ်နားမှာ စွယ်တော်ဖြူပန်းရုံကြီးကိုတဝကြီးမြင်လိုက်ရပါတယ်။ 2011ခုနှစ် စက်တင်ဘာမှာတော့ တောင်ပိုင်းရှမ်းပြည်ဘက်ကို […]