kophyoenweMay 21, 20101min710
ကံကိုငါမယုံဘူး သွားမယ့်လမ်းမှာ ဆူးပုံနဲ့တည့်တည့်တိုးတော့ မရဲပေမယ့်လှမ်းနင်းခဲ့ ရင်းခဲ့တဲ့နှလုံးသားနဲ့အတူတူ….. ဘယ်အချိန်ထိစိုစွတ်ခွင့်ပြုရမလဲ ငါ့မျက်တောင်စွန်းတွေသွေ့ခြောက်ပါရစေ ဖြေမပြေလည်းကြိတ်မှိတ် အလွမ်းရိပ်မှာ တိတ်တိတ်လေးအိပ်မယ်….. မုန်းလိုက်ချင်ပေမယ့် မုန်းချင်တဲ့စိတ်ကိုပဲ ပြန်မုန်းမိနေတော့ စကား စ တိုးတိမ် အိမ်ပြန်ချိန်တွေဆို အလိုလိုငိုချင်လာမိတယ်….. ဝေးခဲ့ပါပြီဆိုပေမယ့် ဘယ်အတွက်ကြောင့်လက်မခံနိုင်သေးတာလဲ နုတ်ဆက် လမ်းခွဲ မျက်ရည်ဝဲ မနက်ဖြန်တိုင်းလည်း အသည်းကွဲတယ်….. ဒီလိုနဲ့ပဲ ဘဝဟာညလိုဟန်ဆောင်ကပြ ဘာကိုမှစိတ်မချတော့ဘူး အိပ်မက်တွေလည်း ဖြူလျော် ခြကိုက် ပိုးထိုး အဲဒီ့အချစ်ကိုက လာခြင်းဆိုးတယ်…..


kophyoenweMay 20, 20101min1012
\ သီချင်းလေးဆိုလွမ်းပြ လမင်းလေးကို နမ်းပြ တမ်းတတဲ့သမုဒယစိတ်တွေနဲ့အတူ မြင့်မြတ်တဲ့အချစ်ဝိဉာဉ်နဲ့ ငါ နင့်ကို မိုးကောင်းကင်ဆီခေါ်သွားချင်တယ်နွယ်…… သပြေညိုရောင် မြေနီလမ်းထဲက ရွေအိုရောင်အိပ်မက်လှလှတို့ အချို့အချို့သောအကြောင်းတွေဟာ ဟောင်းနွမ်းလို့မသွားဘဲကွယ် တလည်လည်နဲ့နောက်ကလိုက် တိုက်ခိုက်လို့ကောင်းတဲ့အရိပ် အတိတ်ဟာ တစ္ဆေဖြစ် အချစ်တွေကိုမွေးဖွား အသွားထက်ထက်အလွမ်းဟာ အရမ်းပဲနှိပ်စက် အိပ်ပျက်ညတွေအသင်္ချေ ရေ..ရေလို့မရတော့ အချစ်ဆူးစူး အရူးတစ်ပိုင်းပဲပေါ့ နွယ်….. ရင်ခုန်ခဲ့တဲ့နေ့တစ်နေ့ မိုးရိပ်ငွေ့တွေဝေ့နေခဲ့ မိုးပွင့်လွှာဇာပုဝါပါးပါး တံတိုင်းတစ်ချပ်ကြားမှာ တစ်သက်တာချစ်ရတဲ့ ချစ်သူတစ်ယောက် လျှောက်လာမယ့်လမ်းမထက် သူတစ်ကာထက်နေရာဦး ထူးလည်းထူးခဲ့ ဪ….ရူးလည်းရူးခဲ့ဖူးတယ် နွယ်….. မိုးငွေ့တို့လွင့်ပြယ်စ ညှင်းလျှလျှလေပြေကြားမှာ သင်းမြမြခရေစကားတွေက အပြည့်အလျှံစီးဆင်း ရနံ့ခရီးတစ်ခုထွက် သူမခေါင်းထက်မှာလည်း ခရေကနေရာယူ တစ်မူဖြင့်လှပါရဲ့ ခရေကမွှေးထုံ စကားတွေအစုံစုံနဲ့ ဖုန်ထူထူလမ်းမပေါ် ခပ်ကြမ်းကြမ်းနေမလွှမ်းခင် တူယှဉ်တွဲလို့လမ်းလျှောက် တစ်ဒင်္ဂ တစ်ခဏဆိုပေမယ့် တစ်ဘဝစာလောက်ပျော်ခဲ့ဖူးတယ် နွယ်….. ပူလောင်ပြင်းထန်တဲ့ […]


kophyoenweMay 18, 20102min1455
ရှိသည်။ ် ကျွန်တော်၏ဒိုင်ယာရီတွင် ရက်စွဲတစ်ချို့ရှိသည်။ အချို့ရက်စွဲများ၏အနက်သည် ကုသိုလ်ဖြစ်၍ အချို့သောရက်စွဲများကို အကုသိုလ်ဟု သတ်မှတ်သည်။ ဒိုင်ယာရီထဲတွင် သမ္မာဒေဝနှင့် မိစ္ဆာတို့ တစ်လှည့်စီ မြူးထူးပျော်ပါးကြ သည်။ မည်သူမျှအနိုင်မရပါ။ ရှုံးနိမ့်ခဲ့သူမှာ ကျွန်တော်သာဖြစ်ပါသည်။ ကျွန်တော့်ဒိုင်ယာရီစာမျက်နှာကြားတွင် ခရေပွင့်ကြွေတစ်ဆုပ်ရှိသည်။ အချို့ခရေပွင့်များသည် ရယ်သံတစ်ချို့သယ်ဆောင်လာ၍ အချို့သောခရေပွင့်များသည် မျက်ရည်များကိုထမ်းပိုးထားသည်။ ထိုခရေပွင့်များကိုစုပေါင်း၍အချစ်ဟု ကျွန်တော်အမည်တပ်ချင်သည်။ ခရေပွင့်တစ်ချို့တစ်လေသည် ကြွေကျ၍ တစ်ချို့မှာမူဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ သို့သော် အမှန်တကယ် ခူးဆွတ်ခံရသဖြင့် ကြွေကျခဲ့သူမှာ ကျွန်တော်သာဖြစ်ပါသည်။ ကျွန်တော်၏ဒိုင်ယာရီထဲတွင် ရောင်စုံလမ်းကလေးတစ်ချို့ရှိခဲ့သည်။ တစ်ချို့သောလမ်းကလေးများကို သူငယ် ချင်းဟု ကျွန်တော်ခေါ်၍ အချို့အချို့သောလမ်းကလေးများကိုမူ မိတ်ဆွေဟု ကင်ပွန်းတပ်ခဲ့သည်။ လမ်းများအားလုံး သည် ကျွန်တော့်ဆီမှစတင်၍ အခြားသောနေရာများတွင် အဆုံးသတ်ကြသည်။ လမ်းဟူသည် လိုရာခရီးအတွက် အထောက်အပံ့ဟု လောကမှသတ်မှတ်ကြသော်ငြား ကျွန်တော်ကမူ လမ်းများအားလုံးအတွက်တံတားတစ်စင်း အဖြစ်သာရှင်သန်ပါ၏။ […]