koyin sithuSeptember 28, 20111min2366
ယနေ့ ညနေ ၃း၅ဝ ကန်သွားတဲ့ MNL နေရှင်နယ်လိဂ်မှာ ရန်ကုန် FC – ဧရာဝတီ FC တို့ ၂-၂ ဖြင့် သရေကျသွားပြီး ရန်ကုန်ယူနိုက်တက်က ချန်ပီယံဖြစ်သွားပါတယ်… အသင်းနှစ်သင်းလုံး ကြိုးစားပမ်းစားနဲ့ ရေဝပ်တဲ့ လယ်ကွင်း.. (အဲ… သုဝန်ဏကွင်း) မှာ ကန်သွားကြတာပါ။ ဦးဆောင်ဂိုးတွေကိုတော့ ဧရာဝတီအသင်းကပဲ အရင်သွင်းသွားတာပါ။ နောက်နှစ်ရဲ့ AFC cup ကိုတော့ ရန်ကုန်ယူနိုက်တက် အသင်းက ဝင်ရောက်ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်… မနှစ်က ချန်ပီယံဟောင်း ရတနာပုံအသင်းကတော့ AFC cup အုပ်စုအဆင့်ကပင် ဂိုးတွေ အလှူပေးပြီး ထိုင်ဝမ်ကနေ ဖျာလိပ်ပြန်ခဲ့ရကြောင်းလည်း သိရှိရပါတယ်…. အာဖရိက ကုလားမဲတွေခေါ်ပြီး မိုက်နေတဲ့ ရန်ကုန်ယူနိုက်တက် အသင်းလည်း နောက်နှစ် AFC cup မှာ […]


koyin sithuSeptember 28, 20111min30611
ဇာတုေဿာဏီမေး – အရှင်ဂေါတမ – မိန်းမတို့မည်သည် အဘယ်ကို အလိုရှိပါကုန်သနည်း။ အဘယ်အလို့ငှာ လေ့လာကြပါသနည်း။ အဘယ်ကို နှလုံးသွင်းကြပါကုန်နည်း။ မိန်းမတို့၏ လိုအပ်ချက်မှာ အဘယ်မှာလျှင် အဆုံးရှိပါသနည်း။ ဗုဒ္ဓဖြေ – မိန်းမတို့သည်ကား ယောင်္ကျားကို အလိုရှိကြကုန်၏။ တန်ဆာဆင်ယင်အလှပြင်ခြင်းကိစ္စ၌ လေ့လာကုန်၏။ သူတို့၏ ဆောက်တည်ရာကား သားပေတည်း။ သူတို့၏နှလုံးသွင်းမှုကား လင်တူမယားမရှိမှုကိုပင် ဖြစ်ကုန်၏။ ဆန္ဒကား မိမိအိမ်၌ အစိုးရခြင်းလျှင် အဆုံးရှိကုန်၏။


koyin sithuSeptember 27, 20111min2412
ပြာရီမှုံမှိုင်းနေသော မိုးတိမ်တိုက်ကြီးတစ်ခုအောက်တွင် နောက်ဆုံးတစ်ဖွာကို ရှူရှိူက်လိုက်ပြီး ဖင်စီခံနားကို မီးရောက်လာသည့်အတွက်ေ ကျွန်တော်က စီးကရက်ကို လက်ခလယ်နှင့် ကော်ထုတ်လိုက်သည်။ မိုးရေစက်များ ဖွဲဖွဲကျလာနိုင်သည်ဟု တွေးလိုက်မိပြီး ရင်ခုန်မိသွား၏။ ရန်ကုန်သည် သူမ တစ်ခုခုကို နားကျဉ်းရမည်ဆိုလျှင် ဘာကို ရွေးချယ်နာကျဉ်းမလဲဆိုတာ ကျွန်တော် သိချင်နေသည်။ သဘာဝတရားဟာ အချက်အလက် မခိုင်လုံ၊ မပြည့်စုံဘဲနှင့် သွေဖည်နေတတ်တာလည်း ကျွန်တော်အသိ။ ကျပ်ကျပ်ညှပ်ညှပ် ဒီဦးခေါင်းခွံထဲမှာ ကြီးထွားလာနေတဲ့ ဦးနှောက်ကြီးကို ဘယ်လိုလုပ်ရမယ် ကျွန်တော်မသိပါ။ ဘလော့ဂါတွေ စတင်ခဲ့တဲ့ ဘလော့ဂင်းအတတ်နဲ့ ကျွန်တော့် ပို့စ်လေးတွေ နေသားကျလာတော့မှ ကျွန်တော်နည်းနည်းအသက်ရှူချောင်လာ၏။ ကျွန်တော့် တောင်တန်းတွေဟာလည်း ဒီလိုနဲ့ တဖြည်းဖြည်း ပြာမှိုင်းနေတတ်ခဲ့ပါပြီ။ အထက်တန်းကျောင်းသားဘဝက ကျွန်တော့် မျက်စိရှေ့မှာပင် တဖြည်းဖြည်းလှလာသော သူငယ်ချင်း ကောင်မလေးကို ကျွန်တော်က ဖြူစင်မြဲ ဖြူစင်နေအောင် […]


koyin sithuSeptember 26, 20111min2058
ချစ်သူ… လူတစ်ယောက်ဟာ ပန်းတစ်ပွင့်မဟုတ်နိုင်ဘူး၊ သို့ပေမဲ့ မင်းဟာ ငါ့အတွက် ပန်းတစ်ပွင့်၊ လူတစ်ယောက်ဟာ မီးလျှံတစ်ခုမဟုတ်နိုင်ဘူး၊ ဒါပေမဲ့ မင်းကတော့ ငါ့နှလုံးသားကို လောင်ကျွမ်းစေတဲ့ မီးလျှံ၊ ငါ့နှလုံးသားကတော့ မီးလောင်နေတဲ့ တောင်တန်း။ ငါ့တစ်ကိုယ်လုံးဟာ မင်းကျွေးသမျှ မီးလျှံတွေကို စားရတဲ့ သံတွေခဲတစ်ခု…။ ချစ်သူ … အချစ်အတွက် အသက်စွန့်ကြသတဲ့။ ဘုရားသခင်အတွက်၊ ဘုရင်မင်းမြတ်အတွက်၊ ယုံကြည်မှုအတွက် လူတွေဟာ အသက်ကို စွန့်ကြသတဲ့။ ဒါပေမယ့် ချစ်သူ… မင်းနဲ့ ပတ်သက်လို့ကတော့ စက္ကန့်တိုင်းကိုပဲ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ငါပါ။ မင်းပူဆွေးသောကရောက်နေပါရဲ့ ဆိုတဲ့ အချိန်မျိုးမှာတောင် မင်းရဲ့ အလိုရမ္မက်ကို ငါ အသေအချာမြင်နိုင်ခဲ့ရဲ့။ လူအဖွဲ့အစည်းတစ်ခုကို ပေါင်းကူးဆက်သွယ်ဖို့လည်း အချစ်က မွေးဖွားမလာနိုင်ဘူး။ နားလည် လိုက်လျောမှု တစ်ခုတည်းနဲ့လည်း အချစ်က မွေးမဖွားလာနိုင်ဘူး။ […]


koyin sithuSeptember 23, 20111min41016
ကျွန်တော်သည် ပြာလွင့်နေသော မိုးတိမ်များကို ငေးကြည့်နေရင်း ဘာမှန်းမသိသေးသော ခံစားမှုတစ်မျိုးကို ခုခံ ကာကွယ်နေရလေ၏။ ဒုက္ခဆန်သော ကျွန်တော့် နံနက်ခင်းတွေကို အလင်းထွန်းညှိပေးဖို့ ဘာဘီအရုပ်မလေးနှင့် တူသော ချစ်စရာကောင်းသော သူမသည် ကျွန်တော့်ထံသို့ ရောက်လာခဲ့ပါသည်။ ရင်းနှီးခင်မင် ချစ်ခင်မှုများက ကျွန်တော့်တို့ နှစ်ယောက်အကြားကို အခိုင်အမာ ရစ်ပတ်ချည်နှောင်ခဲ့ပေမယ့် မသမာသူ ကံကြမ္မာက ကျွန်တော်တို့ နှစ်ယောက်ကို ဟိုလိုလို၊ ဒီလိုလို လုပ်ခဲ့တဲ့အတွက် ကျွန်တော့်တို့ရဲ့ ဆက်ဆံရေးဟာ ယခုအချိန် ပျက်စီးခဲ့ရပါပြီ။ အချိန်အတော်အတန် ကြာမြင့်ခဲ့ပေမဲ့ သူမအကြောင်း စဉ်းစားမိလျှင် ကျွန်တော်က ရင်ခုန်နေဆဲ..။ သူမဟာ ကျွန်တော့်ကို ငြင်းခွင့် မရလောက်အောင် ရူးသွပ်စေခဲ့ပါတယ်… နွေဦးရာသီရဲ့ ကြွေကျလာတဲ့ သစ်ရွက်ခြောက်ချွန်ချွန်လေးတွေက သူမနာမည်ကို ကျွန်တော့် နှလုံးသားမှာ ရေးထိုးသွားခဲ့ပြီ။ သဘာဝတရားရဲ့ ကျယ်ဝန်းနက်ရှိုင်းမှုထဲသို့ […]


koyin sithuSeptember 21, 20111min2063
ကောင်းကင်နှင့် မြေကြီးအကြားတွင် ရှိသော ဝိရောဓိလေညင်းများကို ကျွန်တော် အကြာကြီးစောင့်စားခဲ့သည်။ တိမ်မည်းမည်း တစ်ဆုပ်သည် အဝေးဆီသို့ တရွေ့ရွေ့မျောသွားကြသည်။ သော့ခတ်ထားခြင်းမရှိသော်လည်း တချို့တံခါးများမှာ ဖွင့်လို့မရ။ လေပြည်တွေ တသုန်သုန် တိုက်ခတ်နေ၏။ ဘဝမှန်ကို ထိုသူတို့အား မပြောလိုပါ။ ဖြည်းဖြည်းချင်တော့ ဖြစ်သွားမှာပဲပေါ့။ အချိန်တန်သည့် တိုင်အောင် နတ်ရုပ်ထုတွေ ကိုးကွယ်မှုက  ပျောက်မသွား။ သဘောက ဉာဏ်ကိစ္စအရာမှာ ချို့ယွင်းဆဲ။ ကျွန်တော် အချိန်တော်တော်များများမှာ လူပြိန်းဖြစ်ခဲ့ဖူးသည်။ လေအေးပေးစက် အခန်းထဲတွင် ထုံထိုင်းညံ့ဖျင်းခဲ့တာလည်း အမှန်ပင်ဖြစ်သည်။ ရာသီတစ်ပတ်နွမ်းလေးတွေ နောက်ပြန်လည်တုန်း ကိုငှက်ကြီး သီချင်းတွေ ကြိုက်တတ်ခဲ့၏။ မနက်ဖြန်တွေကို ဖုန်းတစ်လုံးထဲမှာ နှိုးစက်ပေးခဲ့၊ ဇယားကွက်ရေးဆွဲရင်း အကြာကြီး လူဖြစ်ဖို့ အားထုတ်နေမိ၏။ မရိုးသားဘူးဆိုလည်း ပြောတဲ့အတိုင်းရှိစေတော့။ ရိုးသားတယ်ဆိုရင်လည်း ဂုဏ်ယူတတ်ဖို့ ကျွန်တော် ပျင်းခဲ့ပါပြီ။ ဗို့စ်အား […]


koyin sithuSeptember 21, 20111min1722
မိုးရာသီဆိုသည်မှာ အစိမ်းရောင် လှလှလေးများကို လွမ်းရသည့် ကိစ္စဟု ကျွန်တော့်ဘဝတွင် တစ်ခါမှ မထင်ဖူးခဲ့ပေ။ အခုတော့ ကျွန်တော်သည် သူမနှင့် ပတ်သက်သမျှကို ပြန်စဉ်းစားရင်း ဖျားနေခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် ဘုရားသခင်သည် ကျွန်တော့် အစွဲအလမ်းများကို ကူညီနိုင်လိမ့်မည်ဖြစ်ပါသည်။ လေထဲတွင် ရနံ့သေးသေးလေးများ ပျံသန်းနေကြ၏။ သူမသည် ကျွန်တော့်ရင်ထဲတွင် ဓါတ်ပုံရိုက်ထားသလို စွဲမြဲနေသည်။ ဘာကြောင့်မှန်း မသိဘဲ သူမအကြောင်း လေးနက်စွာ စဉ်းစားနေမိသည်။ ကာလတရားအတွင်း သူမ၏ ပုံရိပ်များသည် စက်တင်ဘာ မိုးရာသီ အမှတ်တရများဖြစ်ပါသည်။ သူမနှင့် မျက်လုံးချင်းဆုံတိုင်း ကျွန်တော့်ရင်ထဲတွင် အမည်မသိသော ရူးသွပ်မှုတစ်ခုရှိနေသည်ဟု ကျွန်တော် သတိပြု၏။ ကျွန်တော့် သွေးကြောထဲတွင် သူမ၏ နှုတ်ခမ်းများက ပျံ့နှံ့နေခဲ့ပြီ။ ကျွန်တော်က သူမကို ဂရင်း (Green) ဟု တိတ်တဆိတ် […]


koyin sithuSeptember 16, 20111min2215
ကြည်လင်နေသော မိုးသားများသည် ညိုမည်းလာသောအခါ ကျွန်တော် လှိုက်ခနဲ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေမိသည်။ သက်ပြင်းတစ်ချက်ကို သိသိသာသာပင် ချလိုက်မိသည်။ စောစောက ညိုမည်းနေသော ကောင်းကင်မှ မိုးသည် ရုတ်တရက် ဝေါခနဲ ရွာချလိုက်ပြီး ကျွန်တော့် အသားများ ချမ်းလွန်းလို့ တဆတ်ဆတ် တုန်လာလေသည်။ ထိုစဉ်မှာပဲ ဦးနှောက်ထဲသို့ ဝါကျတစ်ကြောင်း ပြိုဆင်းသွားသည်။ “ငါဒီအတိုင်း ဆက်နေလို့ မဖြစ်တော့ဘူး”။ နားခိုဖို့ အနီးတစ်ဝိုက်ကို ကြည့်လိုက်တော့ လုံခြုံစေဖို့ အမိုးအကာတစ်ခုမှ မတွေ့ရသဖြင့် ကျွန်တော် စိတ်ပျက်စွာ ခေါင်းကိုတစ်ချက်ရမ်းပစ်လိုက်သည်။ အနီးအနားတွင် ဘာသာစကားနားမလည်သဖြင့် ရေးထားသော ကုမ္ပဏီဟုထင်ရသည့် အီလက်ထရောနစ် အဆောက်အဦးများ၊ လူနေသီးသန့်ခြံဝင်းကြီးများ၊ ထိုင်းရိုးရာ စားသောက်ဆိုင်၊ ကလပ်များ (စသည်ဖြင့်) ချည်းသာ ဖြစ်သောကြောင့် ကျွန်တော် ဝင်ရောက် နားခိုးရန်မဖြစ်နိုင်ပါ။ လေပြင်းနှင့် […]


koyin sithuSeptember 14, 20111min1440
ဘဝပျော်ရွှင်ရေးအတွက်… လက်ရှိအချိန်ကာလကို ခံစားနေထိုင်တတ်ပါ။ လှိုက်လှိုက်လှဲလှဲရယ်မောပါ။ မအိပ်ခင် စာကောင်းကောင်းလေးတွေဖတ်ပြီး အိပ်ရာဝင်ပါ။ ဂီတနားဆင်ပါ။ စိတ်ရောကိုယ်ပါ ကစဉ့်ကလျားမဖြစ်ပါစေနဲ့။ မလိုတာတွေ မလုပ်၊ မပြော၊ လက်မခံပဲ ငြင်းတတ်ပါစေ။ စိတ်ညစ်စရာပြသနာတွေကို ဖြေရှင်းဖို့ စာရင်းလုပ်လိုက်ပါ။ တစ်ချိန်မှာ တစ်မျိုးပဲ အာရုံစိုက်ပါ။ လေကောင်းလေသန့်ရှူပါ။ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပါ။ မိမိချစ်သော ခွေးကလေးနှင့် လမ်းလျှောက်ထွက်ပါ။ (တိရစာ္ဆန်လေးများကို ကြင်နာတတ်ပါစေ) ဘာသတင်းကိုမှ နားမစွင့်တဲ့နေ့ရှိပါစေ။ လင်းလင်းရှင်းရှင်း၊ သန့်သန့်မွှေးမွှေးနေတတ်ပါ။ လုပ်ငန်းခွင်ကို ခေတ္တမေ့ထားတဲ့အခါ ရှိပါစေ။ တိတ်ဆိတ်အေးငြိမ်းသော နေရာများသို့ သွားလည်ပါ။ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီပါ။ လုပ်အားပေးပါ။ တစ်ယောက်တည်း နေတတ်ပါစေ။ စိတ်ပါလက်ပါ လမ်းလျှောက်လှုပ်ရှားမှုပြုပါ။ ရင်းနှီးချစ်ခင်သော ဆက်ဆံရေးသည် ရောင်ပြန်ဟပ်တတ်တာ နားလည်ပါ။ ဘာသာတရား ကိုင်းရှိူင်းပါ။ အကောင်းမြင် မေတ္တာထားတတ်ပါစေ။ စောစောအိပ်ရာထပါ။ အလွန်အကျူးမစားပါနှင့်။ […]


koyin sithuSeptember 2, 20111min3586
သူမကို စကားတွေအများကြီးပြောဖို့ အချိန်ရသောနေ့ (သူမကလည်း နားထောင်ဖို့အဆင်ပြေသောနေ့) တွင် နွေဦးရာသီ၏ လတ်ဆတ်သော ငှက်အော်သံများအကြောင်းကို ပြောပြချင်မိသည်။ အချစ်ဆိုသည်မှာ ဒုတိယအကြိမ် ထပ်မံဖြစ်နိုင်ကြောင်း သူမနားလည်ပေးဖို့ မလွယ်မှန်း ကျွန်တော်သိပါသည်။ အဝေးကြီးဆီမှ လိုအပ်သည့် ရယ်မောသံများသည် ကျွန်တော်တို့နှစ်ယောက်၏ အတိတ်စိမ်းစိမ်းတွေဖြစ်ကြ၏။ ကျွန်တော်ဆိုလိုသည်မှာ တစ်ချိန်တုန်းက အနာဂတ်သည် အခုပစ္စုပ္ပန်အချိန်ဖြစ်ကြောင်းနှင့် ဘာမှန်းမသိသေးသော နောက်ထပ်အနာဂတ်များကမူ ကျွန်တော်တို့၏ ဘဝများကဲ့သို့ပင် ဖြစ်ပါလိမ့်မည်။ ပိတောက်ပန်းရနံ့တွေက လေထဲတွင် ဝေ့ခနဲပါလာသည်။ ဒါမျိုးကို တချိန်တုန်းကဆိုရင် သူမက ပြုံးရယ်လိုက်မှာ သေချာပါသည်။ ကျွန်တော်က သူမရယ်မောဖို့ စကားလုံးတွေကို အမြဲမပြတ် ရှာဖွေတတ်သူလည်း ဖြစ်ပါသည်။ သို့သော် ထိုရှာဖွေမှုဖြင့် ကျွန်တော်က အသက်မွေးဝမ်းကျောင်းသူ တစ်ယောက်မဟုတ်ပါ။ ညက သူမနှင့် ပတ်သက်သော အိမ်မက်ဆိုးတွေမက်သည်။ မိုးလင်းတော့မှ ကျွန်တော်က […]