တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်းတောစပ်ရှိ ကျွန်ုပ်၏ ခြံအတွင်းသို့ ကျွန်ုပ်၏ သိဟောင်း ကျွမ်းဟောင်း ကိုပီတာဆိုသည့် လူကြီးတစ်ဦးရောက်ရှိလာလေ၏။ ထိုကိုပီတာကြီးသည် ကောင်းစွာစိတ်မနှံရှာပေ၊။ တစ်နှစ်တစ်ခေါက်ဆိုသလို စိတ်ရောဂါကု ဆေးရုံသို့ ရောက်သွားလေ့ရှိသော ဝေဒနာသည်ကြီးလည်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်နေထိုင်ခဲ့သော ကြီးပြင်းခဲ့သော ရပ်ကွက်သူ ရပ်ကွက်သားများက ၎င်းအား အရူးပီတာဟု ခေါ်ကြလေ၏။ သို့ရာတွင် ကျွန်ုပ်မှမူ ထိုသို့မခေါ်ရက်သောကြောင့် ကိုပီတာကြိးဟုပင် ကောင်းကော်းမွန်မွန် ခေါ်ခဲ့ရလေ၏။ ၎င်းကိုပီတာကြီးသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်..” ဟု ကိုးရိုးကားရား၊ နှုတ်ဆက်လေ၏။ ထို့နောက် ၎င်းကပင် … “ပြီးခဲ့တဲ့လဆန်းက ကိုယ့်လူ ဆေးရုံတက်ရသေးတယ်ဆို..” ဟု မေးလိုက်လေ၏။ “ဟုတ်ပါ့ ကိုပီတာကြီးရေ..ဟိုး..တာမွေဘက်က ရွှေဗဟိုဆေးခန်းဆိုတာမှာ ရှစ်ရက်လောက် တက်လိုက်ရတယ်ဗျို့၊ ဆီးချိုက […]