တချိန်တုန်းကနော်ဝေနိုင်ငံဟာ ဆင်းရဲပြီး ခေတ် နောက်ကျ ခဲ့တယ်၊ နောက်ပိုင်းမှာဖွံ့ဖြိုးကြွယ်ဝ လာကာ ဥရောပ တိုက်မှာ ဆိုရင် တဦးချင်းဝင်ငွေ GDP ဒုတိယအမြင့်ဆုံးဖြစ်လာတယ်၊ ရေကာတာ တွေကို လုပ်ဘို့ ကိုယ့်နည်းကိုယ့်ဟန်၊ လက်လှမ်းမှီရာ တတ်နိုင်တဲ့ကရိယာတန်ဆာပလာ သံတူကြီးတွေနဲ့ပင်ပန်းကြီးစွာလုပ်ဆောင်ခဲ့တယ်၊ ကြွက်သေတခုအရင်းပြု၍ကြွယ်မှုထက်ဆုံး သူဋ္ဌေးထုံးကိုနှလုံးပိုက်ခဲ့ပုံရတယ်၊ ၁၉၈ဝ မှ ၂၀၁၄ ထိ ဇယား အရ နှစ်စဉ် ရေအားမှလျှပ်စစ်အားပို၍ ပို၍ ထုတ်လုပ်နိုင်တယ်၊ အိမ်နီးချင်းနိုင်ငံတို့ဆီ TWh နဲ့ချီပြီး ရေအားလျှပ်စစ် စွမ်းအား တင်ပို့ရောင်းချတယ် TWh = ၁၀၀ဝ GWh= ၁,၀၀၀,၀၀ဝ MWh= ၁,၀၀၀,၀၀၀,၀၀ဝ KWh T =Terawatt, G=Gigawatt, M=Megawatt, K= Kilowatt […]