ဟက်ဟက်ငြီးငြီး ရယ်ဟီးသံတွေနဲ ့ … ကမ္ဘာပျက်သလို.. သွေးညှီနံ ့တွေ ထပ်လောင်းလို ့ မကောင်းဆိုးဝါးတွေ တွန်နေကြ…။ လူရိုးတွေကို ပရမ်းပတာရိုက်လို ့ စည်းဝါးလိုက်ရင်း မိစ္ဆာဗုံတွေတီးကြ…။ ကာလပျက် ခေတ်ပျက် နိုင်ငံပျက် ပျက်သမျှအပျက်ထဲမှာ…. ဒီနေရာအပျက်ဆုံးဘဲ။ အချင်းချင်း သွေးစုတ်တဲ ့ သွေးစုုတ်ဘုတ် ပိတုန်းကောင်တွေကလည်း နေရာအနှံ ့တဝီဝီခေါ်ရင်းတုတ်ကြ….။ ပြောမယ်ဆို နာနာဘာဝကလည်း နာနာဘာဝလောက်တော့ စွမ်းတာဘဲ…။ ရင်ဘတ် ပေါက်နေသူတွေများ လောင်မီးကျ မြေပြင်မှာမှ အပွင့်တွေတပ်ရင်း ပြုံးနိုင်ကြသေးတယ်… အလောင်းချင်းထပ် ငတ်သေသူတွေကြားမှာ တိုက်ပုံတွေ ရင်ဖုံးလို ့ပြုံးနိုင်ကြသေးတယ် သူတို ့ရဲ ့ လက်တစ်ဖျစ်စာ ညဉ့်တွေပေါ့လေ….။ မသတီစရာ ဖန်ဆင်းမှုတွေနဲ ့ မျက်စိလည်စရာ ကောင်းတဲ ့အထဲ… တစ်ချို […]