ကျွန်တော်ဒီနေ့….မတ်လ၁၅ရက်နေ့ထုတ်“ ပြည်သူ့ခေတ်ဂျာနယ်”မှာပါလာတဲ့ ဒေါက်တာခင်မောင်ညိုရဲ့“သတင်းခေတ်ဆန်းချိန်” ဆိုတဲ့ဆောင်းပါးလေးဖတ်မိတော့ ကျွန်တော် မွေ့လျှော်ပျော်ပိုက်နေတဲ့ ကျွန်တော့်ရွာကိုချက်ချင်းသတိရသွားမိတယ်.. ကျွန်တော့်ရွာဆိုတာက “မန်းလေးဂေဇက်” ဆိုတဲ့အင်မတန်မှပျော်စရာကောင်းတဲ့ ရွာကြီးပါ…လောကသဘာဝအတိုင်း ကျွန်တော်တို့ရွာကြီးမှာလဲ လူဟောင်းတွေ တဖြည်းဖြည်းပျောက်တဲ့လူပျောက်…ပေါ်လိုက်ပျောက်လိုက်ဖြစ်သူဖြစ်…… ဘာဖြစ်ဖြစ်ချစ်စရာရွာကြီးပါ…လူအသစ်အသစ်တွေလည်း..အမြင်သစ်အတွေးသစ်တွေ ယူဆောင်လို့ ရွာကိုလာရောက်အခြေချနေထိုင်လာကြတာခုဆို တကဲ့စည်ကားတဲ့ ရွာကြီးတစ်ရွာဖြစ်နေပါပြီ..သဂျီးရဲ့မေတ္တာမှော်အစွမ်းကြောင့် ရွာထဲဝင်အခြေချမိသူတွေခမျာ အလုပ်ပျက်အကိုင်ပျက်ဖြစ်လားဖြစ်ရဲ့…အစားပျက် အအိပ်ပျက်ဖြစ်လားဖြစ်ရဲ့… အိမ်ထောင်ဖက်တွေနဲ့ အခန့်မသင့်ဖြစ်လားဖြစ်ရဲ့..ကွန်ပြူတာဖွင့်ပြီဆိုတာနဲ့ ဂေဇက်လေးဖွင့်ကြည်လိုက်ရမှ…ဖွင့်ပြီးရင်လည်း..ဟိုဖတ်ဒီဖတ်နဲ့ တော်တော်နဲ့မထွက်ဖြစ်ပြန်ဘူး..အော်…ဘိန်းစွဲသလိုစွဲနေမိပါပြီကော…. နိဒါန်းရှည်နေလို့ ရွာသူားများသည်းခံပါခင်ဗျား…လိုရင်းလာပါပြီ..လာပါပြီ… ကျွန်တော်တို့တတွေဟာ စာတွေဖတ် ဖတ်ရာကအားမရတော့ကွန်မန့်တွေပေး …ပေးနေရင်းဖီးတက်လာတော့ ပို့စ်တွေတင်…တင်ရင်းနဲ့ပို့စ်မတင်ရတာကြာတော့ ဘာပို့စ်တင်ရင်ကောင်းမလဲစဉ်းစားရင်း..ကင်မရာကိုင်သူကိုင်…အင်တာဗျူးလုပ်သူလုပ်.. အကြံကုန်ဂဠုန်ဆားချက်ဆိုသလို..ကိုယ့်ပါတ်ဝန်းကျင်ကအဖြစ်အပျက်ကလေး တွေလိုက်စပ်စု…သတင်းဦးသတင်းထူးဆိုပြီးတင်ရင်းနဲ့..တဖြည်းဖြည်းသတင်းသမား တွေဖြစ်မှန်းမသိဖြစ်နေကြပါပြီ..ဒီတော့ကာမယ်..အားလုံးအကျိုးရှိစေမဲ့ ရွာသူရွာသားများလိုက်နာသင့်သည့်အကြောင်းအရာလေးကိုတဆင့်ဖေါက်သည် ချလိုက်ပါရစေဗျား…ဆရာလုပ်ခြင်းမဟုတ်ပါ…ရွာသူ ရွာသားအားလုံး နဲ့တကွ ရွာကြီးပါတိုးတက်စေချင်လို့ ဒီဆောင်းပါးလေးကိုတဆင့်တင်ပြလိုက်ရပါကြောင်း။ ဒေါက်တာခင်မောင်ညိုရဲ့“သတင်းခေတ်ဆန်းချိန်” ဆိုတဲ့ဆောင်းပါးထဲကကောက်နှုတ်ချက်ကလေးကိုဖတ်ကြည့် ကြရအောင်ဗျာ…(ဆောင်းပါးအပြည့်အစုံကိုအဆိုပါပြည်သူ့ခေတ်ဂျာနယ်တွင်ဖတ်နိုင်ပါသည်)်       ယနေ့ သတင်းထောက်ဟူသောစကားလုံးအစား journalist ဟူသော စကားကိုအသုံးများ သည်။ဘာကြောင့်လဲဆိုတော့ […]


ရွာသူရွာသားများခင်ဗျား… ဒီနေ့(၁၃-၃-၂၀၁၂)ဟာ မြန်မာပြည်မှာ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်ပွါးခဲ့တာ၂၄ နှစ်မြောက်နေ့တစ်နေ့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ လူငယ် လူလတ် ပိုင်းတွေဟာ ဒီအရေး တော်ပုံကြီးကို ကိုယ်တိုင်ကိုယ်ကျ နဖူးတွေ့ ဒူးတွေ့ မကြုံခဲ့ကြရပါဘူး…ဒီအရေးတော်ပုံကြီးစတင်ဖြစ်ပွါး ခဲ့ပုံအသေးစိတ်ကိုလည်း မသိခဲ့ကြရပါဘူး… ခုလိုအင်တာနက်တွေ မီဒီရာတွေလည်း ခေတ်မစား သေးတော့ ပိုဆိုးတာပေါ့ဗျာ..ဒါကြောင့်လည်းဒီစာမူလေးကို တင်ဘို့စေတနာပေါ်ပေါက်လာလို့…ကြိုးစားပြီးတင်လိုက်တာပါ။ စာရေးသူကိုကျွန်တော်သေသေချာချာမသိပါ… ဖိုင်နိမ်းအရဆိုရင်တော့..ABSDFက ကိုတင်စိုးဆိုသူဖြစ်ပါလိမ့်မယ်။ ကျွန်တော်လည်းကျွန်တော်ကြုံခဲ့ သိခဲ့သလောက်အမှန်တွေလို့ ယူဆလို့ နှောင်းလူများသိရှိရန်နဲ့ မှတ်တမ်းအဖြစ်သိမ်းနိုင်ရန် ရည်ရွယ်ပြီးတင်လိုက်တာပါ။ http://www.khtnetpc.webs.com/လင့်ကတဆင့်ရထားတာပါ။ နောက်တစ်ခုကတော့ ဒီနေ့ခေတ်ပြည်သူ့သဘောထားအမှန်လေးပါ.. ပြည်သူ့သဘောထား တရုတ်အားကိုးပုဆိန်ရိုး သူခိုးအဖေခေါ်သူများအားဆန့်ကျင်ကြ။ နိုင်ငံတော်ဒီမိုကရေစီရရေးနှင့် ပြည်သူ့ဘဝလုံခြုံရေးကို နှောင့် ယှက်ဖျက်ဆီးသူများအားဆန့်ကျင်ကြ။ လွှတ်တော်တွင်း လွှတ်တော်ပ မှ အဖျက်သမား ဖွတ်ကြီးများအား ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ။ လူထုခေါင်းဆောင် အမေစုကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြ။ NLD ကို […]


ကျုပ်တို့ငယ်ငယ်က ခေါင်းပန်းလှန်တမ်းကစားတာ သိပ်ခေတ်စားပါတယ်..သားရေကွင်းကြေး ကအစ ပိုက်ဆံကြေးအဆုံး ကစားခဲ့ကြတာပါ..ရိုးရိုးခေါင်းနဲ့ပန်း အပြင် အကြွေစေ့နှစ်စိလှည့်ပြီး ခေါင်းစုံ ပန်းစုံ ဘက်ဆိုပြီး တောင်ကစားခဲ့ကြတာပါ..ဒါတင်ဘယ်ကအုံးမလဲ.. တစ်ခုခုဆုံးဖြတ်ရခက်နေရင် ဒါမှမဟုတ် နှစ်ဖွဲ့သဘောထားကွဲ နေလို့ဆုံးဖြတ်ချင်ရင် ခေါင်းပန်းလှန်တာဘဲ… ခုခေတ်မတော့ ဘော်လုံးကစားဘို့ ကွင်းရွေးတာ.. လောက်ဘဲသုံးတော့တယ်မှတ်တယ်…ဟုတ်လည်းဟုတ်တယ်လေ ခုခေတ်ကလေးတွေ ဘယ်လိုခေါင်းပန်းလှန်ကြမလဲ… ဘယ်မှာလဲအကြွေစေ့….ဒါကြောင့်ဒီနေ့တော့ အကြွေစေ့ဟောင်းလေး တစ်ခုနဲ့မိတ်ဆက်ပေးပါရစေ…   ဒီနေ့တော့ ရွာသူရွာသားတွေကိုထူးထူးခြားခြား ရှားပါးပစ္စည်းလေးတစ်ခုပြချင်ပါတယ်… သေတ္တာဟောင်းမွှေရင်း ပေါ်ထွက်လာတဲ့ ရှေးဟောင်းဒင်္ဂါးပြားလေးပါ…ထုတ်တဲ့ခုနှစ် ကနေတွက်ရင် နှစ်ပေါင်း..၁၀ရ နှစ်ရှိပါပြီ။ရှေးဟောင်းပစ္စည်း တန်ဘိုးကိုတော့ မမှန်းတတ်ပါ..ရွာသူရွာသား တွေ မြင်ဖူးတယ်ရှိအောင်တင်ပြလိုက်ပါတယ်…   နောက်တစ်ကြိမ်လှည့်ကြည့်လိုက်ရအောင်…ကဲလာလေရော့.. ပိတ်ရက်အတွက် ကြီးမိုက်ရဲ့ လက်ဆောင်ပါဗျာ.. အားလုံးကိုလေးစားခင်မင်တဲ့.. ကြီးမိုက်။  


ကျွန်တော်ကျောင်းတော်ကြီးကိုမရောက်တာကြာပါပြီ…နှစ်ပေါင်းမနဲတော့ဘူး… ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်အလုပ်သွားတိုင်း ကျောင်းတော်ကြီးရဲ့ရှေ့ အင်းစိန်လမ်းမကြီးအတိုင်း ဖြတ်သွားနေရတော့ ကျောင်းတော်ကြီးကို နေ့စဉ် မြင်တွေ့ခွင့်ရနေခဲ့ပါတယ်…ဖြတ်သွားတိုင်းလည်း မကြည့်ဘဲမနေနိုင်ပါဘူး.. ကြည့်မိတိုင်းလည်း တစ်နေ့တခြားဖုန်းဆိုးမြက်တွေထူထပ်လာနေတဲ့ ကျောင်းတော်ကြီးကိုကြည့်ပြီး နှမျှောတသလွမ်းမောရပါတယ်…ဒီလောက်ခန့်ခန့်ငြားငြား ပြည့်ပြည့်စုံစုံ တည်ဆောက်ထားခဲ့တဲ့ ကျောင်းတော်ကြီးကို ဘာလို့ပစ်ထားကြတာပါလိမ့်… နောက်…ယနေ့အင်ဂျင်နီယာကျောင်းတက်နေကြတဲ့ကလေးတွေ..ကျွန်တော်တို့သားသမီးတွေ ဘာကြောင့်ဒီကျောင်းတော်ကြီးကိုဝင်ခွင့်မရတာပါလိမ့်…ဘာကြောင့်များမြို့ပြင် လယ်ကွင်းတွေထဲထုတ်ပစ်လိုက်ကြတာပါလိမ့်…ဆိုပြီး..“ဘာလိမ့်”ပေါင်းများစွာနဲ့ စိတ်မကောင်းခြင်းများစွာနဲ့… စဉ်းစားလိုက်တော့မှ…အာဏာရူးလူတစ်စုရဲ့ အာဏာတည်မြဲရေးအတွက် တစ်တိုင်းပြည်လုံးကိုစံနစ်တကျအကွက်ချပြီး နှိပ်ကွပ်နေတာ အထူးသဖြင့် RIT ကိုပိုပီးအညှိုးထားနှိပ်ကွပ်နေတာ..ပေါ်လွင်လာတယ်.. ဘယ်သူပညာတတ်တတ်မတတ်တတ် သူတို့သားသမီးတွေကိုတော့ နိုင်ငံခြားတိုင်းပြည် တွေကိုပို့ပြီးကျောင်းတွေထား ပညာသင်ခိုင်း…အလုပ်လုပ်ခိုင်း…ဒါကိုက ကျုပ်တို့တိုင်းပြည်ပညာရေးဟာသုံးစားမရဘူးဆိုတာသူတို့သိပြီးသား…… ဆိုတာဝန်ခံနေသလိုဘဲ..တော်ပါပြီဗျာ…ဒါတွေပြောရင်မဆုံးနိုင်ပါဘူး….. ဒီနေ့ဂေဇက်ထဲဝင်ကြည့်တော့… ကျွန်တော်တို့ရွာသူ Ma Ma ရဲ့ RIT ဘာသာရပ်ပေါင်းစုံ ဆရာကန်တော့ပွဲ လာမဲ့ဒီဇင်ဘာလမှာ ကျောင်းဝန်းထဲကျင်းပမယ်လို့သိလိုက်ရလို့… ဝမ်းသာမိပါရဲ့…ကျောင်းတော်ကြီးကိုပိတ်ထားတဲ့အပြင် ဆရာကန်တော့ပွဲ တွေကိုတောင်ကျောင်းတော်ကြီးအတွင်းမှာကျင်းပခွင့်မပေးခဲ့ကြပါဘူး.. ဒါကြောင့်လည်းကျောင်းတော်ကြီးရှေ့ကသာဖြတ်သွားနေပေမဲ့..ကျောင်းထဲတော့ တစ်ခါမှမဝင်ဖြစ်ခဲ့ပါဘူး….. ဒီနေ့ (၂၆-၂-၂၀၁၂) နေ့မှာတော့တကူးတက […]


ကိုထီးရဲ့“ကိုယ့်အချစ်နဲ့အရာရာကိုအကောင်းအတိုင်းဖြစ်စေမယ်”ဆိုတဲ့ သီချင်းလေးပြန်နားထောင်မိတော့ နမ်းရှိုက်ခဲ့ဖူးတဲ့…. အကြွေပန်းလေးကိုသတိရသွားမိ ပြန်ပါတယ်…   “အကြွေပန်း” ပန်းကလေးတစ်ပွင့်..ဟုတ်ပါတယ် ပန်းကလေးတစ်ပွင့်ပါ..နှင်းဆီပန်း ခပ်နွမ်းနွမ်းလေး.ပွင့်ဖတ် ကလေးတစ်ချို့တောင်ကြေလို့..အိပ်ယာပေါ်ခြေပစ်လက်ပစ် လှဲလိုက်တုန်း အိပ်ယာနံဘေးမှာ တွေ့တာပါ..အံ့တော့လည်းမအံ့ဩမိပါဘူး..ခေါင်းရင်းရဲ့ခပ်လှမ်းလှမ်းလေးမှာက နှင်းဆီပန်း ပေါင်းစုံတဲ့ ပန်းခြံကြီးရှိတာကိုး..တစ်နည်းနည်းနဲ့ ဒီနေရာရောက်နေဖို့ မခက်ဘူးလေ.ဒါကြောင့် မအံ့ဩမိပါဘူး..ဒါပေမယ့်ဘာရယ်မဟုတ်ဘဲ အသာကောက်ယူပြီး အမှတ်မထင်နမ်းကြည့် လိုက်တယ်..အား..မွှေးလှချည်လားကွာ…. တော်တော်အံ့ဩသွားတယ်..စောစောကမအံ့ဩပေမယ့် ခုတော့တော်တော် အံ့ဩသွားတယ်. ရှုပ်သွားသလား..ဒီလို..ဒီလို.. ကျုပ်မှာက နှင်းဆီခြံကြီးရှိတယ်လေ..ကျုပ်ပဲရေလောင်းရတာ နေ့စဉ်ပေါ့..ပန်းတွေလည်းဝေ နေအောင်ပွင့်နေတာပဲ..အပင်လေးတွေ ရှင်သန်လာအောင် ပြုစုရတယ် အရွက်အကိုင်းလေး တွေ ပိုးမကိုက်အောင်စောင့်ရှောက်ရတယ်..အပွင့်လေးတွေ အင်အားရှိပြီး လှပအောင် မြေ တောင်မြှောက်ပေး..မနားမနေပြုစုပေးရတယ်..အချိန်တန်တော့လည်း..ပန်းလှလေးတွေအင် နဲ့ အားနဲ့ပွင့်လာကြတာပေါ့..ပန်းကလေးတွေ မွှေးမယ်ဆိုတာသိပါတယ်..နမ်းမကြည့်မိဘူး.. ခူးရင်လည်းရတာပေါ့..ခူးရကောင်းမှန်းကိုမသိခဲ့တာ..မစဉ်းစားခဲ့တာ..ခုတော့..ဘယ်သူခူး.. ဘယ်သူပန်..ဘယ်သူနွမ်းလို့ ပစ်ထားခဲ့မှန်းမသိဘူး..နှင်းဆီပန်းလေးတစ်ပွင့်ပါ..ဟုတ်ပါတယ် ပန်းကလေးတစ်ပွင့်ပါ..နှင်းဆီပန်း ခပ်နွမ်းနွမ်းလေး…အို…သိပ်မွှေးပါလားကွယ်…… အားလုံးကိုလေးစားခင်မင်တဲ့.. ကြီးမိုက်။      


တစ်နေ့သောအခါက တစ်ညနေခင်းပေါ့…ကျွန်တော်လည်းရန်ကုန်ကမိဘတွေဆီ ပြန်လာခိုက်မင်္ဂလာဒုံ ဝါယာလက်ကားဂိတ်မှာပျင်းပျင်းရှိတာနဲ့ ကွမ်းတစ်ယာဝါးရင်း ထိုင်ငေးနေခဲ့မိတယ်…ဒီအချိန်မှာဘဲ..ကျွန်တော့အနီးမှာ တွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပါ…   ကားစောင့်နေတဲ့ ပုံနဲ့သားအမိနှစ်ယောက်ကိုသတိပြုမိခဲ့တဲ့ အတွက်… ဒီဘဝသရုပ်ဖေါ် ဇတ်ထုတ်ကလေးတစ်ခုဖြစ်ပေါ်လာခဲ့ရပါတယ်… ခံစားရလွန်းလို့ တတ်သလောက်မှတ်သလောက် အရေးအသားလေးနဲ့ မှတ်တမ်းတင်ခဲ့မိပါတယ်…       “အဆာပြေ” ၉၊၂၉၊၅၁၊ ဘတ်စ်ကား တစ်စီးပြီးတစ်စီးသာဝင်လာတယ်..အကိုတစ်ယောက်မပါလာဘူး… ကြည့်ရင်းကြည့်ရင်း မစိန်မ ဝမ်းနည်းလာတယ်..ဘေးကိုကြည့်မိတော့လဲ ခုံတန်းပေါ်ထိုင်ပြီး ဘိန်းမုန့်ကို ဝါးရင်းငိုနေတဲ့ သမီးလေး”ရတနာ”ကိုမကြည့်ရက်စရာ တွေ့ရပြန်တယ်..ဘိန်းမုန့် က မနက်အစောကြီးကတည်းကကျန်တာမို့ တော်တော်ခြောက်နေလေတော့ သမီးခမျာ မနဲဝါး နေပုံရပါတယ်..ဗိုက်ဆာလွန်းလို့သာ သမီးလေးက အားခဲပြီးဝါးနေတာပါ..အရသာတွေ့ပုံတော့ မပေါ်ပါဘူး..ဟော..ဟော..ပြောရင်းဆိုရင်းလေလင် ၂၉ ကားတစ်စီးဆိုက်လာပြီ  အကိုတော့ ပါတန်ကောင်းပါရဲ့..ခုနစ်နာရီတောင်ခွဲလောက်ရောပေါ့..အင်း..လူတွေတော့ပြည့်ကြပ်လို့ပဲ ဗိုက်ထဲကဆာလောင်လို့မြည်ဟည်းနေတဲ့ အသံတွေတောင် တဒင်္ဂ တိတ်သွားသလိုပဲ..အော်.. သမီးလဲ ကားသံကြားလို့ထင်ပါရဲ့..ဘိန်းမုန့်လက်ကျန်ကို အသာကိုင်ထားရင်း ကားကိုစူးစူး စိုက်စိုက်ကြည့်နေလေရဲ့..ဟော..ဟော..ဟုတ်ပါပြီ..အစ်ကိုမှအစ်ကိုပါ..မနက်ကဝတ်သွားတဲ့ […]


အတိတ်ဟောင်းကိုပြန်ပီးတူးဆွခွင့်ပြုကြပါအုန်းအရပ်ကတို့….. တစ်နေ့သောအခါက တစ်ညနေခင်းပေါ့…ကျွန်တော်လည်းရန်ကုန်ကမိဘတွေဆီ ပြန်လာခိုက်မင်္ဂလာဒုံ ဝါယာလက်ကားဂိတ်မှာပျင်းပျင်းရှိတာနဲ့ ကွမ်းတစ်ယာဝါးရင်း ထိုင်ငေးနေခဲ့မိတယ်…ဒီအချိန်မှာဘဲ..ကျွန်တော့အနီးမှာ တွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပါ… ကားစောင့်နေတဲ့ ပုံနဲ့သားအမိနှစ်ယောက်ကိုသတိပြုမိခဲ့တဲ့ အတွက်… ဒီဘဝသရုပ်ဖေါ် ဇတ်ထုတ်ကလေးတစ်ခုဖြစ်ပေါ်လာခဲ့ရပါတယ်… ခံစားရလွန်းလို့ တတ်သလောက်မှတ်သလောက် အရေးအသားလေးနဲ့ မှတ်တမ်းတင်ခဲ့မိပါတယ်…   “အဆာပြေ” ၉၊၂၉၊၅၁၊ ဘတ်စ်ကား တစ်စီးပြီးတစ်စီးသာဝင်လာတယ်..အကိုတစ်ယောက်မပါလာဘူး… ကြည့်ရင်းကြည့်ရင်း မစိန်မ ဝမ်းနည်းလာတယ်..ဘေးကိုကြည့်မိတော့လဲ ခုံတန်းပေါ်ထိုင်ပြီး ဘိန်းမုန့်ကို ဝါးရင်းငိုနေတဲ့ သမီးလေး”ရတနာ”ကိုမကြည့်ရက်စရာ တွေ့ရပြန်တယ်..ဘိန်းမုန့် က မနက်အစောကြီးကတည်းကကျန်တာမို့ တော်တော်ခြောက်နေလေတော့ သမီးခမျာ မနဲဝါး နေပုံရပါတယ်..ဗိုက်ဆာလွန်းလို့သာ သမီးလေးက အားခဲပြီးဝါးနေတာပါ..အရသာတွေ့ပုံတော့ မပေါ်ပါဘူး..ဟော..ဟော..ပြောရင်းဆိုရင်းလေလင် ၂၉ ကားတစ်စီးဆိုက်လာပြီ  အကိုတော့ ပါတန်ကောင်းပါရဲ့..ခုနစ်နာရီတောင်ခွဲလောက်ရောပေါ့..အင်း..လူတွေတော့ပြည့်ကြပ်လို့ပဲ ဗိုက်ထဲကဆာလောင်လို့မြည်ဟည်းနေတဲ့ အသံတွေတောင် တဒင်္ဂ တိတ်သွားသလိုပဲ..အော်.. သမီးလဲ ကားသံကြားလို့ထင်ပါရဲ့..ဘိန်းမုန့်လက်ကျန်ကို အသာကိုင်ထားရင်း ကားကိုစူးစူး စိုက်စိုက်ကြည့်နေလေရဲ့..ဟော..ဟော..ဟုတ်ပါပြီ..အစ်ကိုမှအစ်ကိုပါ..မနက်ကဝတ်သွားတဲ့ ပုဆိုးအနက်ကွက်ကလေးနဲ့ သတ္တုထမင်းချိုင့်လေးဆွဲလို့ […]


တစ်နေ့သောအခါက တစ်ညနေခင်းပေါ့…ကျွန်တော်အားနေတာနဲ့ မင်္ဂလာဒုံ ဝါယာလက်ကားဂိတ်မှာ ကွမ်းတစ်ယာကို တစ်မြုံ့မြုံ့ဝါးရင်း..အကြောင်းမဲ့ ဟိုငေး ဒီငေး ထိုင်နေတုန်း…တွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပါ…ခံစားရလွန်းလို့ တတ်သလောက်မှတ်သလောက် အရေးအသားလေးနဲ့ မှတ်တမ်းတင်ခဲ့မိပါတယ်…   “အဆာပြေ” ၉၊၂၉၊၅၁၊ ဘတ်စ်ကား တစ်စီးပြီးတစ်စီးသာဝင်လာတယ်..အကိုတစ်ယောက်မပါလာဘူး… ကြည့်ရင်းကြည့်ရင်း မစိန်မ ဝမ်းနည်းလာတယ်..ဘေးကိုကြည့်မိတော့လဲ ခုံတန်းပေါ်ထိုင်ပြီး ဘိန်းမုန့်ကို ဝါးရင်းငိုနေတဲ့ သမီးလေး”ရတနာ”ကိုမကြည့်ရက်စရာ တွေ့ရပြန်တယ်..ဘိန်းမုန့် က မနက်အစောကြီးကတည်းကကျန်တာမို့ တော်တော်ခြောက်နေလေတော့ သမီးခမျာ မနဲဝါး နေပုံရပါတယ်..ဗိုက်ဆာလွန်းလို့သာ သမီးလေးက အားခ


ကျွန်တော်စာအုပ်ဟောင်းတွေရှင်းရင်းနဲ့ ကျွန်တော့ရဲ့ရှေးဟောင်းလက်ရာလေးတစ်ခုသွားတွေ့မိပါတယ်…ကျွန်တော်အသက် ၂ဝကျော်ကျော်လောက်က ခံစားမှု့စာစုလေးဆိုပါတော့ဗျာ..အဲဒီအချိန် အဲဒီအသက်အရွယ်က ကျွန်တော် စာရေးဆရာရူး ရူးခဲ့ဘူးသေးတယ်…အဲဒီတုံးကရူးကြောင်ကြောင်နဲ့.. ဟိုဂျာနယ် ဒီဂျာနယ်တွေပို့ခဲ့သေးတယ်…ဘယ်ကမှလက်မခံခဲ့ပါဘူး..သိပ်မြင့်လွန်းနေလို့တဲ့..ဟဲဟဲဟဲ..ဒီနေ့ဒီအချိန်ကျတော့..အလွန်အင်မတန်သဘောကောင်းတော်မူသော ကျုပ်တို့ရဲ့ သဂျီးကျေးဇူးကြောင့် ဒီ..အင်မတန်မှညံ့ဖြင်းနုံချာလှသော စာစုလေးကို ဂေဇက်ပရိပ်သတ် ကံကောင်းလှစွာဖတ်ရပေတော့မယ်…(ငယ်မူ ငယ်တွေးမပျက်စေရန်အတွက် လုံးဝပြန်လည်တည်းဖြတိမထားပါဂျောင်း)…ရှု့စာဖတ်ရှု့တော်မူကြပါကုန်…. “ကြမ္မာ”.. ဆိုတာလူသားတွေကိုပေါင်းစည်းပေးတယ်..တခါတခါတော့သိပ်ချစ်ကြတဲ့ သူတွေကို ကွေကွင်းအောင်ခွဲပစ်တယ်..“ကြမ္မာ”ခွဲလို့ဘယ်လောက်ကွဲကွဲ..အချစ်ကို လျော့သွားအောင် မချစ်အောင်တော့မလုပ်နိုင်ရှာပါဘူး..ချစ်တာဟာချစ်တာပေါ့.. ဘယ်တတ်နိုင်မလဲ..နောင်ဘာဖြစ်မယ်ဆိုတာကြိုမတွေးဘူး..ဒါပေမဲ့သိနေတယ် နောင်အကြောင်းစဉ်းစားရင်စိတ်ညစ်မှာမို့မစဉ်းစားချင်ဘူး..ဒါပေမဲ့စိတ်ထဲမှာ အမြဲတွေးနေမိပြန်တာဘဲ..တွေးမိတိုင်းလဲ အဆင်ပြေတာဘာတခုမှမတွေ့ရဘူး အနှောင့်အယှက်အခက်အခဲအတိပြီးတဲ့ ကျုပ်လမ်းကိုကျုပ်မြင်ပါတယ်.. ကျုပ်ထင်တယ် ကျုပ်အတွက်တော့ အဆင်ပြေမှု့ဆိုတာ အပြင်လက်တွေ့ဘဝမှာမပြောနဲ့ တွေးချင်တိုင်းအတွေးနယ်ချဲ့လို့ရတဲ့ အစိုးမရတဲ့ အတွေးလောကမှာတောင် ပျောက်ကွယ်နေတယ်..ဒါပေမဲ့လေ..“ချစ်တယ်” “မြတ်နိုးတယ်” “သံယောဇဉ်ဖြစ်တယ် ်ဆိုတာတွေက နှလုံးသားကဖန်တီးတာ နှလုံးသားကဖြစ်ပေါ်တာ..နှလုံးသားအလုပ်.. “အဆင်မပြေဘူး”ပြေတယ် ခက်တယ် လွယ်တယ် ဆိုတာတွေက ဦးနှောက်နဲ့ စိတ်က ဆုံးဖြတ်တာ..ဦးနှောက်အလုပ် စိတ်အလုပ်….တခုတော့ရှိတယ်… ဦးနှောက်နဲ့စိတ်ကဘယ်လောက်ဘဲ အခက်အခဲတွေ့တွေ့… နှလုံးသားကိုဩဇာမညောင်းနိုင်ပြန်ဘူး..တနည်းပြောရရင် နှလုံးသားကိုတားမရဘူး […]


စေပိုင်ထွဋ်(ပုသိမ်) ရဲ့ ဝတ္ထုတိုအကြောင်းလေးဖတ်ရင်း ကွန်မင့်တွေထဲမှာ.. blackchaw says: သုံးကြောင်း ဝတ္ထု ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သော စတန့်ထွင်မှု တစ်ခုပါလို့ ပြောချင်ပါတယ်။ သုံးကြောင်းကဗျာကိုပဲ ရအောင် ရေးကြည့်ကြပါဦးဗျာ။ ဒါနဲ့ဘဲ..ကမ္ဘာ့အတိုဆုံးဝတ္ထုလို့ပြောလို့ရတဲ့ ဗိုလ်ချုပ်ရဲ့ဝတ္ထုလေးကိုသတိရသွားတယ်ဗျာ… ကျွန်တော့သဘောနဲ့ကျွန်တော်လျှောက်ပြောတာတော့မဟုတ်ဘူးနော်…နာမည်ကြီးစာရေးဆရာတစ်ဦး ဖြစ်တဲ့ ဆရာမင်းလူကပြောတာ…ကဲဖတ်ကြည့်လိုက်ရအောင်ဗျို့….   ပဲပြုပ်နှင့်နံပြား ဝတ္ထု မင်းလူ     ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးရပြီးလျှင် စာရေးဆရာတစ်ဦးအဖြစ် ရိုးရှင်းအေးဆေးစွာ နေထိုင်သွားရန် ဆန္ဒရှိခဲ့သည်။ စာဖတ်အလွန် ဝါသနာပါသူဖြစ်ပြီး တက္ကသိုလ်ကျောင်းသားဘဝထဲက စာပေများရေးသားခဲ့သည်။ အယ်ဒီတာ လည်းလုပ်ဖူးသည်။ နောက်ပိုင်း နိုင်ငံ့တာဝန်တွေ များပြားသည့်ကြားကပင်စာပေများကို အချိန်လု၍ ရေးခဲ့သေးသည်။ ထိုစဉ်က လွတ်လပ်ရေးသည်သာ အရေးအကြီးဆုံးဖြစ်သောကြောင့် လက်တွေ့ချက်ချင်း တိုက်ရိုက် အကျိုးရှိစေသော ဆောင်းပါးတွေသာ အရေးများသည်။ ရသစာပေကို အလေးမပေးနိုင်ခဲ့။ ထို့ကြောင့် […]


စေပိုင်ထွဋ်(ပုသိမ်) ရေးတဲ့ ဝတ္ထုတိုအကြောင်း ဆောင်းပါးလေးဖတ်ရတော့..ကျွန်တော်ဖတ်ဖူးတဲ့.. ဆရာမင်းလူညွှန်းဆိုထုံမွှန်းအပ်သော ဗိုလ်ချုပ်အောင်ဆန်းရေးခဲ့တဲ့ ကမ္ဘာ့အတိုဆုံး ဝတ္ထုလေးကို ပြန်လည်မျှဝေချင်လာမိပြန်တယ်…ဖတ်ပီး ဖတ်ဖူးသူများ ခွင့်လွှတ်ကြပါကုန်…   ပဲပြုပ်နှင့်နံပြား ဝတ္ထု မင်းလူ     ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးရပြီးလျှင် စာရေးဆရာတစ်ဦးအဖြစ် ရိုးရှင်းအေးဆေးစွာ နေထိုင်သွားရန် ဆန္ဒရှိခဲ့သည်။ စာဖတ်အလွန် ဝါသနာပါသူဖြစ်ပြီး တက္ကသိုလ်ကျောင်းသားဘဝထဲက စာပေများရေးသားခဲ့သည်။ အယ်ဒီတာ လည်းလုပ်ဖူးသည်။ နောက်ပိုင်း နိုင်ငံ့တာဝန်တွေ များပြားသည့်ကြားကပင်စာပေများကို အချိန်လု၍ ရေးခဲ့သေးသည်။ ထိုစဉ်က လွတ်လပ်ရေးသည်သာ အရေးအကြီးဆုံးဖြစ်


ဗာလင်တိုင်းဒေးအမှီ အာလူးကြော်ရောင်းမလို့…ချစ်သူစုံတွဲတွေအကြိုက်ပေါ့ဗျာ.. ဒီညနေအင်းယားဇောင်းမှာလာကြည့်ကြ…ဒေါ်ကြီးမိုက်အကြော်ရောင်းနေသည်ပေါ့ဗျာ.. ရွာထဲကလူတွေဆိုအလကားကြွေးပါမယ်..ရွာသူားဖြစ်ကြောင်းသဂျီးထောက်ခံစာတော့ပြရမယ်ဟေ့.. လေဒီဂီဂီ ရဲ့ မာကက်တင်းတွေဖတ်ပီးစိတ်ကူးပေါက်သွားတာ…သင့်ခရုပါ လေဒီဂီဂီ.. အားလုံးကိုကြွေးမဲ့.. အကြော်သယ်ဒေါ်ကြီးမိုက်။


Subject: Fwd: အိမ်ထောင်သက် အနှစ် နှစ်ဆယ်ကျော်တဲ့ မိန်းမဟောင်းတွေကိုလည်း သက်ဆိုင်ရာ သွားအပ်ပြီး အသက်အစိတ်ထက် မပိုတဲ့ မော်ဒယ်သစ်ကလေးတွေနဲ့ လဲယူခွင့် ပါမစ် ပြန်ထုတ်ပေး~~~~~   *အိမ်ထောင်သက် အနှစ် နှစ်ဆယ်ကျော်တဲ့ မိန်းမဟောင်းတွေကိုလည်း သက်ဆိုင်ရာ သွားအပ်ပြီး အသက်အစိတ်ထက် မပိုတဲ့ မော်ဒယ်သစ်ကလေးတွေနဲ့ လဲယူခွင့် ပါမစ် ပြန်ထုတ်ပေးမည်* မှတ်ပုံတင် သက်တမ်း နှစ်နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ် ရှိပြီဖြစ်သော ယာဉ်အို ယာဉ်ဟောင်းများကို ဖျက်သိမ်းပြီး မော်တော်ယာဉ် အသစ်များ တင်သွင်းခွင့် ပါမစ် ထုတ်ပေးမည်ဟု သက်ဆိုင်ရာမှ ကြေညာသည်။   ကားလောက သာမက တခြား စီးပွားရေး လုပ်ငန်း များကိုပါ ရိုက်ခတ် သွားသည်။ မော်ဒယ်လ်မြင့် ကားတွေ ဈေးပြုတ် […]