လူကေလးJanuary 29, 20131min24321
လူကလေးရဲ့ ဦးဖိုးလူနှင့် မောင်ဝင်း တွေ့ဆုံခြင်း.. “ဟေ့ကောင်.. … စာကလေး …. မင့်တို့ ကာလသားဟင်းဆိုတာ ရပလားကွ..  မှန်းစမ်း.. ဟေ.. ကောင်းသကွား.. ဟေး ဟေး ငါကတော့ အချိန်ကိုက်ရောက်သာပဲဟေ့” ဒီအသံကြားလိုက်မှ ဖြင့် ဦးဖိုးလူမှ ဟုတ်ပစ..  ဒီလူကြီး .. ဒို့ကာလသားဟင်းချက်မယ်ဆို တာ သိသွားပြန်ပြီ.. အင်း .. ထားလိုက်ပါ.. သိပ်မအံ့ဩ ရပါဘူးလေ.. သူက ပါလေရာပဲ.. ကိုင်း … ဦးဖိုးလူ ..လာဗျာ.. ခင်ဗျာ့ သမီးလေး ထွေးစု နေကောင်းရဲ့လား .. “ဆေးရုံက ဆင်းပြီးကာမှ.. ကျုပ်လည်း စိတ်အေးရသကိုး.. နို့ သူအိပ်တိုင်း ညည်းသံကြားရတာ စိတ်မကောင်း ဖြစ်လွန်းလို့ ကျုပ်နှယ် မျက်ရည်ကျမိသာ ညတိုင်းပဲဗျို.. […]


လူကေလးJanuary 28, 20131min1032
ဒီကနေ့ တီးမိခေါက်မိတာဖြင့်.. ဝေး … လူကလေး လာဟေ့.. ဒီနေ့ကမာ္ဘ့Faလား စပြီလကွာ…. ခင်ဗျားကတော့ လုပ်ချလိုက်ပြန်ပြီ.. ကြည့်ဖို့လာတာပါပဲ..ခင်ဗျာ့အိမ်မှ မကြည့်ရင် ရှေ့ကကွင်းထဲ မောင်ပုတို့ ကျောင်းသားတစ်စုကို ကန်ခိုင်းပြီး ကျုပ်က ရေဒီယို နားထောင်ရင်း ကြည့်ရမယ့်ကိန်းဗျို့.. ကဲ.. ကိုဖိုးလူရေ.. ပြောလိုက်ဦးမယ်ဗျာ.. နှော့.. ဒီမှာ ကမာ္ဘ့ဖလားဗျ.. ကမာ္ဘ့ဖလား.. ဖဦးထုပ်ကို ပါးစပ်ပိတ်ပြီး ပြောရတယ်.. Faလား မဟုတ်ဘူး.. Faလား ဆိုတာ မြန်မာစကားမှာ မရှိဘူး.. Fa သံက အင်္ဂလိပ်ကနေမွေးစားထားတာ.. ခင်ဗျားဟာခင်ဗျား..  ဘယ် ဖလား ကြည့်ကြည့် .. မြန်မာလို ပြောချင်ရင် နှုတ်ခမ်းနှစ်ခုကို ပိတ်လိုက် ပြီးမှ ဖလို့ဆိုကြည့် အဲဒီ့ ဖလား.. ကမာ္ဘ့ ဖလား .. […]


လူကေလးJanuary 17, 20131min44133
ဘယ်သူ့ကို ပိုချစ်သလဲ….. ဒီစာလေးကိုရေးတာ ဒါဟာ နှစ်ကြိမ်မြောက်ဖြစ်ပါတယ်။ ရွာထဲမှာ တင်တာကတော့ ပထမဦးဆုံးပါ။ အကြောင်းအရာတစ်ခုတည်းပဲကို ဒုတိယအကြိမ်မြောက် ပြန်ရေးရတာတော်တော် စိတ်ပျက်ရပါတယ်။ လက်လှမ်းမီတဲ့ Technician တွေကတော့ Word ကတစ်ခါတစ်လေမှာ ကြောင်တတ်တယ်ပြောပါတယ်။ ရေးပြီးသွားတဲ့ စာလေးတစ်စောင်ကတော့ ပျက်သွားပါပြီ။ တော်တော်စိတ်မကောင်းဖြစ်မိတဲ့အပြင် ငိုတောင်ငိုမိပါတယ်။ ငါ့ကျမှ ဖြစ်ရလေခြင်း ဆိုပြီး ရေးထားတဲ့ စာလေးကို အရမ်းကိုနှမြောမိပါတယ်။ ခုထပ်ပြီးရေး မယ့် အခုနကလေးတင် ရေးခဲ့တဲ့ အကြောင်းအရာဟာ အခုနကလောက် ကောင်းပါ့မလား။ မကောင်းနိုင်တော့ဘူးလား ။ ဘယ်လိုဖြစ်မလဲ သေချာမသိပေမယ့် ရေးလိုက်ပါဦးမယ်။ ဒီအကြောင်းအရာလေးကို ရေးဖို့အတွေးလေးထဲရောက်လာတာက ဦးလေးတစ်ယောက်ရဲ့ ကျေးဇူးကြောင့် ဆရာတော် အရှင် ဆေကိန္ဒရဲ့ ကလေးတရားမှာလုပ်တဲ့ သားသမီး နဲ့ မိဘကြားမှာ ရှိတဲ့အဖုအထစ် လေးတွေ ကို […]