လူကေလးJanuary 13, 20141min21012
ရွာတွေ့ဆုံပွဲလေးကိုတက်ဖြစ်ခဲ့ရင်းနဲ့ပဲ . . စာရေးချင်လာတာနဲ့ အရင်ကရေးထားတဲ့ဇာတ်လမ်းလေးကိုပြန်ဆက်ဖြစ်တာပါ.. ဆက်မယ်ဆက်မယ်နဲ့ အားလည်းမအားတော့ဘူး . .ရေးလည်းမရေးဖြစ်တော့ဘူး.. ခုတော့ တကယ်ရေးပြီးတင်လိုက်ပါပြီ.. ——————————————————————————————————————————————————– ရှက်ပြေးတစ်ယောက်ရဲ့အစ ကျွန်တော်မမကို လွမ်းတယ်.. ရွာတန်းရှည်ကို ရောက်တော့လည်းလွမ်းတယ်.. အဖိုးနဲ့ အဖွားကို နှစ်သိမ့်ပေးရင်းနဲ့လည်း. .လွမ်းတယ် .. မောင်ပုတို့ စာကလေးတို့နဲ့တူတူ ထန်းရည်သောက် ရင်း ဂစ်တာတီးရင်း လည်း လွမ်းတယ်..ဦးဖိုးလူရဲ့ရှေးဟောင်း နှောင်းဖြစ်တွေ နားထောင်နေရင်းနဲ့လည်း လွမ်းတယ်.. ရွာကျောင်းလေးမှာ စာသင်နေရင်းနဲ့ လည်း လွမ်းတယ်.. သေချာတယ် . ကျွန်တော် အိမ်ပြေးနေတဲ့ကာလ တလျှောက်လုံး ကျွန်တော် မမကို လွမ်းနေခဲ့တယ် .. ခု ကားပေါ်မှာလည်း မမ အကြောင်းစဉ်းစားနေရင်းလည်း ကျွန်တော် မမကို လွမ်းမိပါတယ်.. ရန်ကုန်ကို ပြန်ရောက်တဲ့အခါ မမ […]


လူကေလးSeptember 29, 20131min30316
“ဗျို့ ဦးဖိုးလူ .. ဦးဖိုးလူကြီးရ.. ဘယ်နှယ့်တုံး.. အလှူပြီးကတည်းက ခင်ဗျား နဲ့ ကျွန်တော် စကားကို အေးအေးဆေးဆေးမပြောရဘူးဗျာ.. ကျွန်တော့်အိမ်လေးဘက်တောင် ခင်ဗျား လှည့်မလာပါလားဗျ..” ကျွန်တော် ရန်ကုန်ပြန်မယ့်ရက်မို့ ကျွန်တော်နဲ့ အေးဆေးမတွေ့တာကြာနေတဲ့ ဦးဖိုးလူအိမ်ကိုဝင်လို့ ကျွန်တော်နှုတ်ဆက်လိုက်ပါတယ်.. ဟုတ်တယ်ဗျ ဒီလူနဲ့ကျွန်တော် မတွေ့တာကြာပေါ့.. အလှူပြီးကတည်း က ကြွေးမြန်မြန်ကြေအောင်ဆိုပြီး ဒီလူကြီးအလုပ်တွေချည်းဖိလုပ်နေလေရဲ့ .. အရင်ကဆို ကျွန်တော်ကလေးတွေ ကျောင်းဆင်းပြီးပြီဆိုတာနဲ့ ကျွန်တော်နေတဲ့ ဖွားစိန်ရဲ့ အိမ်ကို အရင်ရောက်နှင့် နေသူက ဒီ ဖိုးလူကြီးပါပဲဗျာ .. ခုနောက်ပိုင်းတော့ ကျွန်တော့်ကျောင်းသားလေးတွေ စာမေးပွဲဖြေနေရတဲ့ အချိန်မို့ ကျွန်တော်လည်း အလုပ်ရှုပ်နေတာမို့ ဦးဖိုးလူကြီးကိုတောင်မတနိုင်တော့ဘူး.. ခုတခါ စာမေးပွဲပြီးတော့လည်း ကျွန်တော်အမေ့ဆီပြန်ဦးမှာမို့ ဝင်နှုတ်ဆက်ရတယ်.. နို့ သူ့မနှုတ်ဆက်လို့ဆိုပြီး ပြန်လာတဲ့အခါ ထပ်ရစ်နေမှာ ကျွန်တော်သိပါ့ […]


လူကေလးAugust 19, 20131min1977
ကြိုက်လွန်းလို့ပါဗျာ (မင်းလူအမှတ်တရ) လူကြည့်တော့မင်သေသေ .. ပညာကမသေး ပေတေတေ ကို့လူကိုကြည့်.. စာရေးသတဲ့လေး..   ဖတ်ကြည့်ပေ့ါသူ့စာ.. အဆွေးလေးကခပ်မြေ့မြေ့ ပြီးတော့ခါ ဖတ်သူကို့မှာ.. ပြုံးတုံ့တုံ့လေး ပါလေရာ သူ့စာမှာ.. ဇာတ်ကြောင်းရယ်ခင်းရရင်ဖြင့် သူချစ်တဲ့သူ့တက္ကသိုလ်က .. background တဲ့လေး..   ကျောင်းထဲက သူ့အပင်.. အမြစ်ပျောက်လို့ဘယ်ဆီနေ သူရေးတဲ့ “ရေတမာ”.. အသက်ပြင်းလှသတဲ့လေး   သူထွင်တဲ့ငါ့မင်းသား.. ပြန်လို့ဖြင့်လာပါ့မလား မီးထွန်းတိုင်းသတိရတယ်ကွယ့်.. “ဓာတ်ခဲ” တဲ့လေး   ခင်ဗျားရေးတဲ့ ဒီဇာတ်တွဲ..ဖတ်ချင်သေးရဲ့နောက်တခါ “ကျော်ကွန့်ဇနီး လှထုံ” နဲ့ လည်း ဆုံချင်ပါသေး..   မပြောတော့မယ့် ဇာတ်သိမ်း… ခင်ဗျားကိုယ်စားဘယ်သူရေးမလဲ “အများနဲ့ မသက်ဆိုင်သူ” ခင်ဗျားကဖြင့်.. ရီတော့မကွယ့်လေး..   ခင်ဗျားသွားတဲ့ သေရွာကို.. ကင်ဆာကပို့သတဲ့ အမောင့်ကို […]


လူကေလးAugust 1, 20131min29214
“ဘယ်ဆီကိုရောက်ရောက် .. ဘာတွေကို လုပ်လုပ် .. အတွေးထဲအမြဲတမ်းမင်းဝင်နေတယ်… ဒဏ်ရာတွေနဲ့ ည … အို .. နာကျင်တဲ့အချိန်တိုင်း.. ဘယ်လိုမှ ဖျက်ဆီးမရနိုင်တော့.. ပြေးထွက်ခဲ့ အတူတူလျှောက်ဖူးတဲ့ နေရာများ .. မင်းရယ် . .တို့ရယ် ..ရင်မှာရူးသွပ်တဲ့ညတိုင်း .. အလွမ်းများ..”.. ကျွန်တော်တို့ အုပ်စု စာကလေး တို့ ငှက်ရိုးတို့အပါအဝင် ထန်းရည်ပင်အောက် အညာဘီယာလေး သောက်လို့ရယ် သီချင်းဆိုနေကြပါရဲ့ .. ကျွန်တော် အိမ်ကထွက်လာတော့ ပါလာတဲ့ ဂီတာအဟောင်းလေးတီးလို့ ကျွန်တော် အရမ်းကြိုက်တဲ့ သီချင်းလေး သူတို့ကို ဆိုပြနေတာပါ.. သူတို့ က “ကိုလူကလေး တလှည့်ဆိုဦးဗျ ကျုပ်တို့ သောက်ရင်း နားထောင်မယ်” ဆိုလို့ ကျွန်တော် တီးနေကျ ဒီသီချင်းလေးတီးပြလိုက်တာပေ့ါလေ.. သီချင်းဆိုပြီး […]


လူကေလးJuly 25, 20131min44929
ခပ်ရဲ့ရဲ့ဆွေး ကြွေ ပွင့်ဖို့ရွယ် ငုံသမို့ ပင်ထက်မှာ ခေါင်းမော့လို့ နေခြည်နွေးနွေးကို သောက်သုံးပါပေါ့လား ကြွေဖို့ရာ စောလွန်းလှတယ်လေ မျှော် တစ်ဖက်သက်ဆန္ဒတစ်ခု ဆောင်းမြူကတောင် ကြည်ဦးမယ် သူသိနိုးနိုး အတွေးရူးတာမို့ မျှော်ရတာလည်း မောတယ်မဆိုမိဘူး လွမ်း ဒဏ်ရာ နုနုလား ခံရတာခြင်းတူတူ ပေါက်ကွဲဒဏ်ရာက သာပါတယ် လွမ်းရသူမှာတော့ ကျွမ်းရက်သား ညီး လေးသွဲ့သွဲ့သံနွဲ့နွဲ့ ပီတိမလွှမ်းညှိုးနွမ်းနွမ်းရယ် မသာယာဘူး ပြောတဲ့သည်ကြားက ညီးနေကျ သူ့နာမည် လှလှ ဝေး ကြုံစရာမရှိဘူးလေ ဒါပေမယ့် ဆုံနေရတယ် ဘာကြောင့်ရယ်မသိ အနီးဆုံးမှာနေရတယ် သူငယ်ချင်းရယ် ဝေးရခြင်းကလည်း ကမာ္ဘခြားသလားကွယ်   လူကလေး


လူကေလးMay 20, 20131min1887
ဦးဖိုးလူနှင့် ပထမဆုံးများ ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သောဝ် .. သာဓု .. သာဓု.. သာဓု.. နောက်ဆုံးတစ်ကြိမ် အမျှဝေလို့ ပြီးသွားတဲ့ အခါမှာတော့ ရှေ့က အလှူ့ဒါယိကာနဲ့ အလှူ့ဒါယိကာမ တို့နှစ်ယောက်က ငွေဖလားကြီးတွေ မလို့ ထလိုက်ကြလေရဲ့.. ကျောင်းပေါ်က လူကြီးလူငယ် အပျိုအအိုမကျန် ဘုစုကရု ကလေးတွေပါ ရုပ်ရုပ်ရုပ်ရုပ် နဲ့ .. ထတဲ့သူက ထ.. ထိုင်တဲ့သူက ထိုင် .. နဲ့ ငွေဖလားကြီးကိုင်ထားတဲ့ အလှူရှင်တွေကို တပြုံးပြုံးနဲ့ ကြည့်နေကြတာပေါ့.. “ကိုဖိုးလူရေ.. သည်ဘက်ကို ကြဲပါဗျို့.” “ဦးဖိုးလူကြီး .. ဒီဘက်ဒီဘက်” “ဦးဖိုးလူရေ.. ကျွန်တော်တို့ကို လဲ မမေ့နဲ့ဦးဗျ.. လုပ်ပါဟ ဒီဘက်ကို” ဆိုပြီး .. […]


လူကေလးMay 2, 20131min39110
သင်္ကြန်တရားစခန်းဝင်တုန်းက ရေးထားခဲ့တဲ့ ကဗျာလေးဖြစ်ပါတယ်။ နားလည်သဘောပေါက်သလောက်ကို ရေးထားခြင်းဖြစ်ပါတယ်။ ပါဠိ ထည့်ရေးဖို့ သိပ်မသိတာကတစ်ကြောင်း၊ အမှားများမှာ စိုးတာကတစ်ကြောင်းမို့ အဝိဇ္ဇာ လို့ ပေးမဲ့ ခေါင်းစဉ်တောင် မသိခြင်းများ လို့ ပြန်ပေးထားပါတယ်။ ကဗျာကို ဝိုင်းဖတ်ဝေဖန်ပေးကြတဲ့ တရားစခန်းအတူဝင် ယောဂီ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။   “မသိခြင်းများ” အသိမဲ့လုပ်ရပ်တစ်ခု သင်္ခါရကိုပြုခဲ့လို့ ငါမဟုတ်တဲ့လူ ပုံစံမျိုးစုံပြုပြီး ဒီခန္ဓာကိုပိုင်ဆိုင်ခဲ့တာ နင်သိရဲ့လား။   ။   ပိုင်ဆိုင်တဲ့ခန္ဓာ လိုချင်တာကိုသူတောင့်တ အဟုတ်မှတ်ပြီး နင်ဖြည့်ဆည်း ငါမဟုတ်တဲ့ “ရုပ်”.. ဟန်ဆောင်နေတာ နင်သိရဲ့လား။    ။   ရှည်လွန်းတဲ့နင့်ဆုတောင်းက နောင်ဘဝကောင်းစားရေးတဲ့လား ဘယ်ခန္ဓာ ဘယ်မှာဆိုက်လို့ ဘယ်ကပ်နဲ့ ကြုံလေမတုန်း မကြောက်မရွံ့.. နင်မို့ဆုတောင်းဝံ့။    ။   ဆန္ဒကို […]


လူကေလးApril 11, 20131min50337
ကိုကြီးသိတယ်ညီမလေး ပြုံးပျော်သွက်လက် ထက်မြတ်တဲ့ညီမလေး.. စိတ်မညစ်တတ် ရယ်ရွှင်နေတဲ့ညီမလေး.. အထိမခံ ကတ်ကတ်လန် ဟန်မဆောင်တတ်သော ညီမလေး.. အကိုမောင်တွေကြား မိန်းမလည်းမဆန်တတ်တဲ့ညီမလေး.. ကိုကြီးနောက်ရင် စိတ်မကောက် ငေါက်လိုက်ရင်တော့ အသေကြောက်တဲ့ ညီမလေး.. ဖေမေတို့နဲ့ရန်ဖြစ် ပြီးရင်တော့ ထိုင်ကန်တော့တတ်တဲ့ ညီမလေး.. စိတ်မာဟန်ဆောင် လူမမြင်အောင် ငိုကြွေးတတ်တဲ့ ညီမလေး.. ဘယ်လူစိမ်းမှ မကြောက် ဓားတချောင်းဆောင်လို့ ဖိုက်တာ လုပ်တတ်တဲ့ ညီမလေး.. လောကဓံကို ရဲဝံ့ရင်ဆိုင် အကောင်ပလောင်မြင်ရင်တော့ ငယ်သံပါအောင် အော်တဲ့ညီမလေး.. ဖေဖေနဲ့ ကိုကြီးကို အချစ်ဆုံးဆိုပြီး ညာညာချွဲတတ်တဲ့ ညီမလေး.. ကိုကြီးအတွက် ကိုကြီးတို့မောင်နှမတွေအတွက် အလွန်ချစ်ရပါသော မရှိမဖြစ် စွာတေး ညီမလေး.. ညီမလေး တောင့်တ.. ဆန္ဒအဝဝ ညီမလေး ရည်ရွယ်.. ဖြစ်စေဖွယ် ညီမလေး မျှော်လင့်.. ပန်းတိုင်အဆင်ဆင့် […]


လူကေလးMarch 31, 20131min28217
သို့ သူငယ်ချင်း   ဒီမတ်လ တစ်လလုံး ရွာထဲမှာ စာမတင်ဖြစ်ခဲ့ဘူး .. ရေးချင်တဲ့အကြောင်းတွေကများနေပေမယ့် စာမေးပွဲတွေကများ .. အလုပ်တွေကလည်း မအားခဲ့တာကြောင့် ရွာထဲကို ဝင်တောင်မကြည့်ဖြစ်ခဲ့ဘူး.. .. . ရေးချင်နေတဲ့ အကြောင်းအရာလေးထဲက တစ်ခုကို ဒီနေ့တင်လိုက်ပါတယ်..  ဒီ စာလေးကတော့ သူငယ်ချင်းတွေရဲ့ အရေးပါမှုနဲ့.. သူတို့ကိုအလေးထားမှုလေးကို ရေးထားတာပြဲဖြစ်ပါတယ်.. သူငယ်ချင်းဆီကို ပေးတဲ့စာ ဆိုလည်း မမှားပါဘူး .. လူတိုင်းမှာ အဓိပ္ပါယ်တစ်မျိုးစီ .. နားလည်မှုတစ်မျိုးစီ ရှိကြတာကိုသိပေမယ့် .. ဒီစာလေးကတော့ လူကလေး နားလည်ထားတဲ့ သူငယ်ချင်း ဆိုတဲ့ ဝေါဟာရရဲ့ တစ်စိတ်တစ်ဒေသကို ရေးထားတာပါ.. နားလည်မှုချင်းထပ်တူမကျသည့်တိုင်အောင် .. သူငယ်ချင်းတွေကို တန်ဖိုးထားတာချင်း တူမယ်လို့ထင်ပါတယ်.. ———————————————————————————————————————————————————————————   သူငယ်ချင်း.. ငါ […]


လူကေလးMarch 4, 20131min25018
“ဆင်းနေတုန်း.. ဆင်းနေတုန်း..”.. “အစ်ကိုရေ .. အထဲဝင်လေ.. ဒီမှာ တက်ဖို့စောင့်နေတယ်.. မိန်းကလေးတွေတွယ်နေရတယ်.. အစ်ကိုရေ.. ကဲဘယ်လိုလဲ.. ” “လိုက်ရင်လာ.. လိုက်ရင်လာ.. ဗိုလ်တထောင် ဘုရားထိရောက်တယ်.. လှည်းတန်း စိုက်ပျိုးရေး မဟာမြိုင် မြေနီကုန်း . .ဆူးလေ.. ကြယ်ငါးပွင့်.. ဗိုလ်တထောင်.. ဘုရားထိရောက်မယ်နော်. .” .. ၄၈ အထူး ကားစပယ်ယာ ကတော့ ဆင်းတဲ့သူတွေတွန်းချ.. တက်တဲ့သူတွေ တွန်းတင် နဲ့သာ အလုပ်ကရှုပ်နေတာ .. ပါးစပ်ကတော့ အနားကို မပေးဘူး .. ကွမ်းကလည်း စားသေး.. အဲဒီ ပလုတ်ပလောင်း နီရဲနေတဲ့ပါးစပ်ထဲမှာ ကွမ်းတွေ မြုံ့ရင်းကနေ အော်နေတာ….. ပြောနေရင်းကနေ ပြွတ်ကနဲ ထွက်ကျ .. ဘယ်နှယ့် လုပ်ပါ့.. ဟင်.. […]


လူကေလးFebruary 22, 20131min25218
ဘယ်သူမှ မဆိုးပါဘူး လူအများပြောနေကျတဲ့ နေဝင်ရီတရော ဆိုတာ ဒီအချိန်ထင်ပါရဲ့.. . ပတ်ဝန်းကျင်ကိုကြည့်ရတာ အိပ်ငိုက်နေသလိုပဲ.. မပွင့်မလင်းနဲ့ဆိုပါတော့. . ကျွန်တော့ရဲ့ကလေးတွေကတော့ ပတ်ဝန်းကျင်အခြေအနေနောက်ကို မခံစားနိုင်ပဲ.. အရင်ပြီးတဲ့သူ ပြန်ရမယ်ဆိုတဲ့ မက်လုံးကြောင့် အသေအကြေ တွက်နေကြလေရဲ့.. လက်ချိုးပြီးပေါင်းတဲ့သူနဲ့.. ခြေချောင်းတွေပါထည့်ရေနေတဲ့သူနဲ့.. သူတို့ကို ကြည့်ရင်း ကျွန်တော် ပြုံးလိုက်မိတယ်.. ကျွန်တော်ဒီဘက်ခြံမှာ ကလေးတွေ စာသင်နေတုန်း .. ကျွန်တော်တို့အိမ်က ဆူညံဆူညံ အသံတွေက တစ်စထက်တစ်စ ကျယ်လာပါတော့တယ်.. ကျွန်တော် ဖေဖေ့အသံ ကိုတော့ သိပ်မကြားရပါဘူး .. ညီလေး အသံကတော့ တစ်ချက်တစ်ချက် ဟိန်းကနဲပဲ.. “မလုပ်ချင်ဘူးဗျာ.. လုံးဝပဲ.. မဝယ်ပေးဘူးဆို . .. မဝယ်ပေးဘူး.. ဖေဖေအဲလိုတွေ သောက်နေလို့ ခုထတောင်မထနိုင်တော့ဘူး မဟုတ်လား.. သားကိုလာမခိုင်းနဲ့.. သားလုံးဝမဝယ်ပေးဘူး…” […]


လူကေလးFebruary 13, 20131min23616
လူတစ်ယောက်ကို ယုံကြည်တဲ့နေရာမှာ ဘာကိုကြည့်ပြီးယုံကြည်လေ့ရှိပါသလဲ.. ဘယ်အတိုင်းအတာထိရော .. ယုံကြည်ကြပါသလဲ.. သူတစ်ပါးရဲ့ ကိုယ့်အပေါ်ယုံကြည်မှု ပျက်ဆီးသွားတဲ့အခါ ဘယ်လို ခံစားရမှာလဲ.. ဘယ်အချိန်မှာ ယုံကြည်မှု ပြန်ရမှာ လဲ.. အရင်လိုရော ယုံကြည်ပါဦးတော့မလား. ကျွန်တော် ကြားဖူးတယ် .. ပျက်ဆီးဆုံရှူံးသွားတဲ့ ယုံကြည်မှု ဟာ ပြန်လည်တည်ဆောက်ဖို့ခက်ခဲတယ်တဲ့.. ဒီစကားလေးသာ တကယ်မှန်တယ်ဆိုရင်တော့ . . နွေးနွေး ဆီက နေ ယုံကြည်မှု ပြန်ရဖို့ နွေးနွေး ကျွန်တော့်ကို ပြန်ပြီး ယုံကြည်လာဖို့ တော်တော် ခဲယဉ်းနေပြီပေါ့ ဗျာ ..   ဟုတ်ပါတယ် .. ကျွန်တော် ယုံကြည်မှုတစ်ခုကို အလွဲသုံးစား လုပ်ခဲ့မိတယ်. .. xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx   “ကိုလင်းကို ပြောပြမယ် .. မိန်းကလေးဆိုတာ […]


လူကေလးFebruary 5, 20131min31413
“ကဲ အားလုံးပဲ.. ” “ဆရာမတို့ ကျောင်းဆင်းတဲ့အချိန် အိမ့်သူအိမ်ကို သွားဖို့ရှိတယ်.. အတန်းထဲက လိုက်မယ့်သူတွေ ရှိရင် ကျောင်းဂိတ်ပေါက်မှာ စောင့်နေကြနော်” ကျွန်မတို့ သူငယ်ချင်း အိမ့်သူရဲ့အဖေ ဒီနေ့မနက်ပဲ ဆုံးသွားတယ်လို့ ဆရာမက လာပြောပြပါတယ်… အိမ့်သူ တစ်ယောက်လည်း ဒီနေ့ ပါဆို ကျောင်းမတက်တာ ၃ရက်ရှိနေပါပြီ။.. “နာတာရှည်ရောဂါကို ခံစားနေရတဲ့ သူ့အဖေ ခုတော့ တကယ်ပဲ ဆုံးသွားပြီပေါ့.. ” ဆိုပြီးကျွန်မတို့သူငယ်ချင်း ၃ယောက်ပြောရင်းနဲ့ အိမ့်သူအတွက် စိတ်မကောင်းဖြစ်မိပါတယ်.. ဟော .. ဟိုမှာ ဆရာမလာနေပြီ.. ” အေး .. သမီးတို့ ရောက်နေကြပြီလား.. . ကျန်ကျောင်းတို့ အဖွဲလည်းလိုက်မှာပေါ့.. ” “ဟုတ်ကဲ့ဆရာမ.. ” “ကျွန်တော်တို့လည်း အိမ့်သူကို သနားလို့ပါ.. သူဝမ်းနည်းနေမှာစိုးလို့ပါ […]