နေရာမှားပြီး တင်ပြရေးသားမိပါသည်၊ ခွင့်လွှတ်ပေးကြပါတော့ခင်ဗျား၊ ကျုပ်တို့ဆီမလဲ ရှုပ်ကိုရှုပ်နေလို့ပါ ၊ .. .. .. .. .. .. *** ဝက်ထီးတောင်ကျေးရွာအုပ်စု လှေကြီးချိုင်ကျေးရွာ အုပ်ချုပ်ရေးမှုးသည် သံတွဲခရိုင်ကျေးရွာအုပ်ချုပ်ရေးမှုးကြီး၏ စေခိုင်းချက်တစ်ခုအား မဆောင်ရွက်နိုင်ခဲ့ပါသဖြင့် ဖြုတ်ထုတ်သတ် အရေးယူခံခဲ့ရခြင်း အကြောင်းရင်းမှန်မှာ… ငါးလုပ်ငန်းဦးစီးဋ္ဌာနနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှုး တို့က လှေကြီးချိုင်ကျေးရွာအုပ်ချုုပ်ရေးမှုးအား ကျေးရွာတွင်ရှိ ငါးဖမ်းစက်လှေ များထံမှ ဆက်ကြေးတောင်းခိုင်းရာတွင် မတောင်းခဲ့ပါသော ကျေးရွာအုပ်ချုပ်ရေးမှုးကို ကြီးစွာဒေါသ ထားလျှက် ကျေးရွာတွင်းရှိ နယ်မြေခံမဟုတ်သည့် လူနည်းစုအား လုပ်ကြံ တိုင်ကြားချက် ခိုင်းစေပြီး ကျေးရွာအုပ်ချုပ် ရေးမှုး အား ဖြုတ်ထုတ်သတ် အမှုပြုလုပ်ခဲ့သည့်ဖြစ်ရပ် ဖြစ်ပေါ်ခဲ့ပါသည်။ (၎င်း အမှု၏ ဖြစ်ရပ်မှန်ကို သက်ဆိုင်ရာအာဏာပိုင် အဆင့်ဆင့်သို့ တင်ပြပြီးဖြစ်ကြောင်းသိရပါသည်) … … … […]