lu ta loneMay 5, 20101min69236
၁။ ပိုက်ဆံအချေးခံရသက်သာခြင်း ၂။ အိမ်၏ ထေ့ငေါ့ပြောဆို ဆုံးမခြင်းမှလွတ်ကင်းခြင်း။ ၃။ ဆေးလိပ်၊ဘီယာ ကဲ့သို ့သော အနံ့ဆိုးများမှ သက်သာခြင်း။ ၄။ ဈေးဝယ်ထွက်ရာတွင် စိတ်ချမ်းသာစွာ သွားနိုုင်ခြင်း( မပြီးသေးဘူးလား၊ကြာလိုက်တာ… စသဖြင့် ညူစူမှုများမှ ကင်းဝေးသဖြင့်..) ၅။ ညီမ ၊မောင်များအား လာဘ်ထိုးရသက်သာသဖြင့် မုန့်ဖိုးလောက်ငှခြင်း။ ၆။ ချိန်းထားသောအချိန်နောက်ကျသဖြင့် အပြောအဆိုခံရခြင်းမှ ကင်းဝေးခြင်း။ ၇။ လက်ဖက်ရည်ဆိုင်၊ ဂိမ်းဆိုင် ၊ အင်တာနက်ဆိုင်၊ ဘ ီယာဆိုင်တကာလိုက်ရှာရခြင်းဒုက္ခ မှ ကင်းဝေးခြင်း။ ၈၊ အွန်လိုင်းခ ၊ ဖုန်းခများသက်သာသဖြင့် အလိုရှိရာအသုံးအဆောင်ပိုဝယ်ယူနိုင်ခြင်း။ ၉ ။ယောက်ျားလေးသူငယ်ချင်းများဖြင့် လွတ်လပ်စွာ (စိတ်သန့်သန့်ဖြင့်)ပေါင်းသင်းသွားလာနိုင်ခြင်း။ ၁၀။ကိုရီးယားမင်းသားနှင့်တူသောကောင်ချောလေးများကိုတရားဝင်ပေါ်တင်ငေးမောကြည့်ရှုနိုင်ခြင်း။ ( အဟိ…..) ၁၁။ ဟိုလိုမဝတ်နဲ့ဒီလိုမဝတ်နဲ့၊ ဟိုလိုဝတ် ဒီလိုဝတ် စသဖြင့်ဆရာအလုပ်ခံရခြင်းမှကင်းဝေးခြင်း။ […]


lu ta loneMay 5, 20101min1481
မီးနေခွင်ဝယ် နာကျင်ပြင်းပြ၊ ဆိုငိုတ၏၊ ထိုမှတဖန်၊ တအားသန်၍ အားမန်ကဲမောက်၊ ချွေးပေါက်ချွေးသီး ယိုစီးပြိုက်ပြိုက်၊ သူအားစိုက်သည် တိုက်စကြာဝဠာ ခါလောက်၏။ ဝေဒနာနှင့် ငါတကားဟဲ၊ သည်လွန်ပွဲဝယ် အူဝဲသံလွင့်၊ ခွန်ချိုဆင့်သော် မိခင်မျက်နှာ၊ ထိန်ထိန်သာသည် သော်တာငွေလ ရှုံးလောက်၏။ From: (ညွန့်ဝေ-ကသာ)


lu ta loneMay 4, 20101min3397
“လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး” သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။ Belief (ယုံကြည်ခြင်း) အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။ Care (ဂရုစိုက်ခြင်း) တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ “အလုပ်ပင်ပန်းလား?”ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို “မိုးအေးပြီနော်… အနွေးထည်ထပ်ဖို့ မမေ့နဲ့နော်”ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။ Devoted (သစ္စာခိုင်မြဲသည်) လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ အဆုံးသတ်ရတတ်တယ်။ Enjoy (ကျေနပ်စွာခံစားသည်) တစ်ဘက်သားရဲ့အရာအားလုံးကို […]


lu ta loneMay 4, 20101min71414
နာဆာမှ သိပ္ပံပညာရှင်ကြီးတစ်ယောက်ဖြစ်တဲ့ ပရော်ဖက်ဆာ Stephen Hawking ဟာဂြိုလ်သားများရှိတယ်ဆိုတာပြင်းပြင်းထန်ထန်ယုံကြည်ထားသူတစ်ယောက်ဖြစ်ပြီးကမာ္ဘကြီးဟာ ထိုဂြိုလ်သားများရဲ့ ကျူးကျော်မှု့ကို ခံရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ မှတ်တမ်းမှတ်ရာများအရ အကျိုးအကြောင်းစပ်ဆက်ပြီး အာကာသ ဆိုင်ရာ နာမည်ကျော် သိပ္ပံပညာရှင်ကြီးဟာ စကြာဝဠာရဲ့ တစ်နေရာမှာ အသိဉာဏ်ရှိတဲ့ သတ္တဝါတွေရှိတယ်လို့ဆိုပါတယ်။ ထို သတ္တဝါ (ဂြိုလ်သား) တွေဟာ ကမာ္ဘရဲ့ ကောင်းမွန်းတဲ့ အရင်းအမြစ်တွေကို လိုခြင်မှု့ကြောင့် ကိုလိုနီလုပ် နယ်ချဲ့လာနိုင်တာဖြစ်တယ်လို့အခိုင်းအမာပြောဆိုခဲ့ပါတယ်။ Hawkingကကျွန်တော့် စိတ်ကူးနဲ့ စဉ်းစားကြည့်တာ ထိုသတ္တဝါတွေမှာ လဲ ကြီးမားတဲ့ ယာဉ်တွေရှိပြီး လောလောဆယ်တော့ သူတို့ ဂြိုလ်ကထွက်တဲ့ အရင်းအမြစ်တွေကိုသာ သုံးစွဲနေတုန်းဖြစ်ပါတယ်။ ထိုသတ္တဝါတွေဟာ ဒါထက်ပိုအဆင့်မြင့်ပြီးရေကြည်ရာမြက်နုရာ နေရာတွေကို သိမ်းပိုက်ရင်းနဲ့ ကျွန်တော်တို့နေထိုင်ရာကမာ္ဘကို ရောက်ရှိပြီး သိမ်းပိုက်လာနိုင်ပါတယ်။ တကယ်၍ ထိုသတ္တတွေဟာကျွန်တော်တို့ဆီကို အမြဲတမ်း လာနေခဲ့မယ်ဆိုရင်ရလာမဲ့အကျိုးကျေးဇူးကတော့ ဘာနဲ့တူမလဲဆိုရင် ခရစ္စတိုဖာ […]


lu ta loneMay 4, 20101min2328
(ထိုင်းနိုင်ငံအတွင်းရှိ မြန်မာများအတွက်သာ) ဒါကတော့ သတင်းကြားကြားချင်း အသိပေးလိုက်တာပါ . အခု ဒီနေ့ကစပြီး နောက်ထပ် တစ်လ နှစ်လအတွင်း ထိုင်းနိုင်ငံနေရာအနှံကို microsoft company မှ ဝန်ထမ်းများနှင့် ထိုင်းရဲတပ်ဖွဲ့များ တိတ်တဆိတ် လိုက်လံစစ်ဆေး နေပါတယ် . window 7 ကို လိုင်စင်မဲ့ တင်မည့်သူများ သတိတော့ထားပါ . တစ်ချို့ အင်တာနက် ဆိုင်တွေမှာ လုပ်နေကြတဲ့ မြန်မာများ လက်တည့်စမ်းချင်သော အားဖြင့် သွားပြီးတော့ မိမိလုပ်တဲ့ ဆိုင်တွေရဲ့ pc တွေမှာ ဒီ window 7 ကို သွားပြီး မတင်လိုက်ကြပါနဲ့ . တစ်ခါတည်း ဂိပီး တရားရုံးကိုပါ ရောက်သွားနိုင်ပါသည် . အစကတည်းက တဆိတ်ရှိ တစ်ခုခုဖြစ် […]


lu ta loneMay 4, 20101min2843
စစ်ရှူံးစဉ်လည်း ဒါနကို မမေ့ မဟာဝင်၌ တွေ့ရသော သီဟိုဠ်မဟာရာဇာတို့တွင် ဒုဋ္ဌဂါမဏိမဟာရာဇာ၏ သာသနာ ကြည်ညိုပုံသည် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်ကို အားအရစေဆုံး အနှစ်သက်စေဆုံး ဖြစ်၏။ ထိုမဟာရာဇာသည် ညီတော် တိဿနှင့် စစ်ဖြစ်၍ စစ်ရှူံးခိုက် မြင်းတစ်စီး၊ အမတ်တစ်ယောက်မျှဖြင့် တိမ်းရှောင်နေရာ တောထဲမှာပင် လွန်စွာ ဆာလောင်နေစဉ် အမတ်၏ တစ်ယောက်စာပွဲတော်ကို (မြင်း၊ အမတ်၊ မိမိတို့အပြင် လှူဖို့ပါ) ၄ စု ခွဲ၍ အလှူခံပုဂ္ဂိုလ်ကို ကြွေးကြော် ပင့်ယူလေသည်။ အလှူခံပုဂ္ဂိုလ်သည် ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ကြား၍ ကြွရောက်လာသဖြင့် မိမိတို့ဖို့ မှန်းထားသော အဖို့အစုကိုပါ အားလုံး လှူလိုက်ကြလေသည်။ နတ်ရွာစံခါနီး၌ကား မိမိ၏ အလှူတော်စာရင်းကို ဖတ်စေရာဝယ် အခြားသော စေတီတော်ကြီး၊ ကျောင်းတော်ကြီးများ အလှူထက် ဤအလှူကို […]


lu ta loneMay 4, 20101min2325
ကလေးစိတ်အကြောင်းကို စရေးဖြစ်တာကတော့ တနေ့က အစ်မတစ်ယောက်နဲ့ Gtalk မှာ စကားပြောနေတုန်း ကျွန်တော်က သူ့ကို ဆရာဝန်တွေမှာ ကလေးစိတ်ရှိဖို့ လိုအပ်တယ်လို့ ပြောလိုက်တယ်။ သူက အံ့ဩပြီး ကလေးစိတ်ဝင်နေရင် သူငယ်ပြန်မှာပေါ့ ဆိုပြီး ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်က အဲဒါကို ပြောတာမဟုတ်ဘူး။ ကလေးတစ်ယောက်ရဲ့ စူးစမ်းတတ်တဲ့ စိတ်ဓာတ်ကို အသက်ကြီးသွားလည်း လက်မလွှတ်လိုက်ဖို့ လိုတယ်ဆိုတာကို ပြောတာလို့ ပြန်ပြောလိုက်တယ်။ အဲဒီ ကလေးစိတ်နဲ့ ပတ်သက်ပြီး စာရေးချင်တာနဲ့ အခု ဆောင်းပါးကို ရေးလိုက်တာပါ။ ကလေးစိတ်ဆိုတာ ဘာကို ပြောတာလဲ။ ကျွန်တော်တို့ လူရယ်လိုု့ ဖြစ်လာပြီး အသက် ၂ နှစ် အရွယ်ဝန်းကျင်လောက်ကို ပြန်စဉ်းစားကြည့်လိုက်ပါ။ ကျွန်တော်တို့ ဘာကိုမှ မသိဘူး။ မသိတဲ့အတွက်လည်း အရာရာကို သိချင်တယ်။ […]


lu ta loneMay 4, 20101min1340
အောက်ခြေလွတ်နေတဲ့ ငါ… ဘယ်အခါမှ (ဖုတ်ခနဲ) ပြုတ်ကျမယ် မသိ… ပါးပါးလေး ချစ်မိတောင် ဒီလောက်ထိလွတ်နေရင်… များများလေးသာ ချစ်ခွင့်ရရင် ဘယ်လောက်များ လွင့်ထွက်(မိ) မလဲ … ငါမသိ… ကောင်မလေးရေ… မင်းနဲ့ ဝေးကွာမှု    အသက်ရှုမှု ခဏရပ် ဘယ်ဘက်မှာ ရပ်မလဲ… မမေးပါနဲ့ ငါ ဘယ်အကွက်ကို ရွေးမလဲ မင်းသိပါတယ်… ရင်နဲ့ ရင်းတဲ့   ချစ်ပျိုးပင်လေးကို နှလုံးသွေးမြေဆီ   မျက်ရည်အာပေါဓာတ် လိုအပ်ရင်   အသက်နဲ့ ခန်ဓာပေး သူလေးသာဖြစ်ထွန်းရင်   ငါ..နစ်မွန်းပါစေတော့….


lu ta loneMay 4, 20101min1660
အောင်မြင်ခြင်းရော  ရှုံးနိမ့်ခြင်းရော ရလာဒ်တခုပါပဲ… အဲဒါကို လက်ခံနိုင်ရင် ရောင့်ရဲတယ်လို့ ခေါ်နိုင်မယ်ထင်တယ်… အတိတ်ကံ  ဝဋ်ကြွေးဆိုတာတွေကြောင့်လို့ အရှုံးကို စောဒကတက်ရင် ပြောရင် မှားတယ်… ခံယူစိတ်နဲ့ပဲ ဆိုင်တယ်… တခါတရံ ရောင့်ရဲခြင်းက စိတ်ချမ်းသာမှု ( ဝါ ) ကိုယ်ကျန်းမာမှု အတွက် သဘာဝကပေးတဲ့ ဆေးစွမ်းကောင်းတလက်ပဲ… မှတ်တိုင် တခုခု… (ဝါ) ဥပမာကောင်း တခုခုဖြစ်ခဲ့လည်း…မဆိုးပါဘူး…. လောကကို ကောင်းကျိုးပြုခဲ့တာပဲပေါ့….


lu ta loneMay 4, 20101min1611
လူတိုင်းမှာ… မက်ချင်တဲ့ အိမ်မက်တခုတော့ အနည်းဆုံး ရှိပါလိမ့်မယ်… မက်ခွင့် မရနိုင်တဲ့ မက်ခွင့် မရတော့တဲ့ အခြေအနေဆိုတာလည်း ရှိလိမ့်မယ်… ကြိုးစားရင် ရတာပဲ (ဝါ) Nothing Is Impossible…ဆိုတာ လူကို ကြိုးရှည်ရှည်နဲ့ လှန်ထားသလိုပါပဲ… လုပ်ယူရင်ရော…? လုပ်ယူလို့ မရနိုင် မဖြစ်နိုင်တော့ရင်ရော…? အိမ်မက်ကို ဝိုင်တခွက်နဲ့ နှိုင်းရင်… နှစ်ချို့ရင် တန်ဖိုး အရမ်းမြင့်သွားမှာပေါ့…. ဒါပေမဲ့.. ယစ်မူးပြီး နောက်ဆုံးရူးသွားအောင်လည်း စွမ်းတယ်… အိမ်မက် Tempo အမြင့်ဆုံးကို မရနိုင်ရင်တောင်… အိမ်မက် ကမ်ဘာအသေးစားလေးတော့ သဲနဲ့ရအောင် ဆောက်ပြပါရစေ…


lu ta loneApril 30, 20101min2573
သာဂဒိုး (၁၉၂၆-) ၁၉၂၆ – ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ဒါးကကြိမ်ချောင်း၊ ဖျာတန်းရွာ၌ အဖ-ဦးဆိုင်၊ အမိ-ဒေါ်မေညွန့်တို့က မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးတင်စိုးဖြစ်သည်။ ၁၉၂ရ – တစ်နှစ်သားအရွယ်တွင် မိဖများကွယ်လွန်သွားသဖြင့် မိဘမဲ့ဖြစ်ခဲ့ရ။ ဒုက္ခရောက်ခဲ့သည်။ ဦးလေး၊ အဒေါ်တို့၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းခဲ့ရ။ ဘုန်းကြီးကျောင်းတွင် စာသင်ခဲ့ရသည်။ ၁၉၃၆ – ၃၈ – (၁၀)နှစ်သားအရွယ်ကပင် ဘဝဝမ်းရေးအတွက် လှေလုပ်သားအဖြစ် လှေလိုက်ခဲ့ရသည်။ လှေ လိုက်ရင်းဖြင့် စာအုပ်ဟောင်းရောင်းသော လှေများနှင့်ပေါင်းမိကာ စာအုပ်များဖတ်ခဲ့ရသည်။ ထိုသို့ စာဖတ်ခွင့် ကြုံပြီး စာအုပ်များဖတ်ခဲ့ရာမှ စာပိုမိုတတ်ချင်၊ စာရေးချင်စိတ်များ ဖြစ်လာခဲ့ရသည်။ စာရေးဆရာလုပ်လျှင် ထမင်း ငတ်မည်ဟု ကြားဖူးသဖြင့် ထမင်းမငတ်စေရန် အိမ်ဆောက်၊ အိမ်မိုး၊ လက်သမားအတတ်၊ ထွန်ထယ် […]


lu ta loneApril 30, 20101min2685
… ဝိပဿနာကို ယခုနေအခါ ဟောတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဟောပုံချင်းကတော့ တစ်ဦးနဲ့တစ်ဦး တူချင်မှ တူမယ်။ အရေးကြီးတာကတော့ ဟောတဲ့အတိုင်း အားထုတ်သူမှာ ကျမ်းဂန်နှင့်အညီ ဝိပဿနာဉာဏ်အစစ်တွေ ဖြစ်ဖို့ ကိုယ်တိုင်တွေ့ဖြစ်ဖို့ လိုပါတယ်။ ဘုန်းကြီးကတော့ အားထုတ်သူမှာ ကျမ်းဂန်နှင့်အညီ ဝိပဿနာဉာဏ်အစစ် မဂ်ဖိုလ်ဉာဏ်အစစ် ဖြစ်တာကို ကိုယ်တိုင်တွေ့ ဖြစ်စေနိုင်တဲ့ ဝိပဿနာလုပ်ငန်းစဉ်တရားကို ဟောနေပါတယ်။ ယခု အဲဒီ လုပ်ငန်းစဉ်တရားကို ဟောရမယ်။ အခြေခံ ဂါထာတစ်ပုဒ်ကို ရှေးဦးစွာ ရွတ်ပြရမယ်။ သတ္တိသုတ် (သံယုတ်ပါဠိ၊ ပဌမ ၁၂) သတ္တိယာ ဝိယ ဩမဋ္ဌော၊ ဒယှမာနောဝ မတ္ထကေ။ ကာမရာဂပ္ပဟာနာယ၊ သတော ဘိက္ခု ပရိဗ္ဗဇေ။ ဒါက အမည်ဖော်ပြမထားဘဲ ‘အညတရာ ဒေဝတာ’ဆိုတဲ့ […]


lu ta loneApril 30, 20101min1550
၁  အစားအသောက်ပျက်ခြင်း( စားနေရင်းက ဆက်မစားတာ… စားရင်လည်း တလုပ်စ နှစ်လုပ်စ သာစားခြင်း ) ၂  အိပ်ပျက်ခြင်း( ညတိုင်းနီးပါးကို အိပ်မပျော်နိုင်ခြင်း ) ၃  အာရုံစူးစိုက်နိုင်မှု ကျဆင်းခြင်း( တီဗွီ အစီအစဉ်များကိုတောင် စိတ်မဝင်စားတော့ခြင်း၊ နေ့စဉ်ထုတ်သတင်းစာကို ဖတ်ချင်စိတ်မရှိတော့ခြင်း ) ၄  စွမ်းအင်များ ယုတ်လျော့ခြင်း( အိပ်ယာကထဖို့တောင် အားမရှိသလို၊ စိတ်မပါတော့သလို နေ့စဉ်ဆောင်တာများကိုပင် လုပ်ချင်စိတ်မရှိတော့ခြင်း ) ၅  ပျော်ရွှင်မှုများ ပျောက်ဆုံးခြင်း( ကိုယ့်ကလေးကိုတောင် ကိုယ်ဂရုစိုက်ချင်စိတ်မရှိတော့ခြင်း ) From: Everyday Health