lu ta loneApril 28, 20101min2192
နောက်တာနော်… လူတလုံးလဲ ကတုံးနဲ့ပါ… ဒါပေမဲ့ သတိထားတာတော့ ထားရမှာ… ဘာကိုလဲ ဆိုတော့ အခု ရန်ကုန်မှာ တအားပူတယ်လေ… အဲဒီမှာ ဆံပင်နဲ့လူထက် ကတုံးတွေက ခေါင်းကိုရေဆွတ်ပြီး အအေးခံကြတယ်ဗျ… မနေ့ကပဲ မီးပွိုင့်တခုမှာ… Taxi သမားတယောက်ဆုံးသွားတာ ကြားလိုက်တယ်… ဘယ်လိုဆုံးလဲဆိုတော့.. သူလဲ ဘုန်းကြီးလူထွက် (ဝါ) ကတုံးနဲ့ကို အိုက်လို့ဆိုပြီး ရေဆွတ်တယ်လေ… နဂိုကလည်း သူမှာ ရောဂါ အခံတော့ရှိပါတယ်… ဒါပေမဲ့ တိုက်ဆိုင်ချင်တော့ ရေဆွတ်ထားတာရော ပေါင်းပြီး ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားတာ ခင်ဗျ… အဲဒါကြောင့် ကတုံးများ အိုက်တိုင်း ရေမဆွတ်ပါနဲ့ အေးအောင်ဆိုပြီး… အခန့်မသင့်ရင် လျှောနိုင်ပါကြောင်း ခင်ဗျာ…


lu ta loneApril 26, 20101min34012
မိန်းမမာယာ သဲကိုးဖြာလိုပဲ… ယောကျာင်္းလေးတွေမှာလည်း ရှိပါတယ် ခင်ဗျာ… ၁  အမျိုးဂုဏ်ကိုပြတတ်ခြင်း ၂  ပညာဂုဏ်ကိုပြတတ်ခြင်း ၃  ပစ်စည်းဂုဏ်ကိုပြတတ်ခြင်း(ဥစ်စာပစ်စည်းကိုပြောတာပါ) ၄  ဝမ်းသာဝမ်းနည်းပြုတတ်ခြင်း ၅  အဆက်မပြတ်နောက်ယောင်ခံတတ်ခြင်း ၆  အစားအသောက် လက်ဆောင်ပေးကမ်းခြင်း ၇  မြှောက်စားချီးမွမ်းတတ်ခြင်း ၈  အဝတ်အစားပြောင်းလွဲတတ်ခြင်း ၉  ကိုယ်ကာယ တောင့်တင်းကျန်းမာခြင်းကို ပြခြင်း ယောကျာင်္းမာယာကျတော့ ပဲ ၉ ဖြာပေါ့… ပဲကတော့ ပိုဈေးကြီးမယ်ထင်ပါတယ်… 😛


lu ta loneApril 25, 20101min2711
အဏုမြူဗုံးကို အမေရိကန်တွေက ၁၉၄၅ ဩဂုတ်လ ၆ရက်နေ့မှာ ဟီရိုရှီးမားမြို့ကို ၎င်း… ၉ ရက်နေ့မှာ နာဂါဆာကီမြို့ကို ၎င်း ကြဲပြီး စသုံးခဲ့ပါတယ်… တီအင်တီယမ်း တန်ချိန် နှစ်သောင်းကျော် အင်အားရှိတဲ့ အဏုမြူဗုံးတလုံးစီ ကြဲလိုက်တာနဲ့ မြို့ကြီး၂မြို့လုံး တခဏချင်း မီးဟုန်းဟုန်းထပြီး ပြာအတိကျခဲ့ပါတယ်… လူပေါင်းခြောက်သိန်းကျော်သေကြေပျက်စီးကြရပါတယ်… မသေသူများမှာ ယနေ့တိုင် လူစဉ်မမှီကြတော့ပါဘူး… ဖန်တီးသူကတော့ အားလုံးသိပြီးသား အိုင်းစတိုင်းပါပဲ… သူကလည်း ၁၉၃၃ ခုနှစ် ဂျာမနီမှာ နာဇီတွေရဲ့ စစ်ဝါဒကို ရွံ့မုန်းပြီး အမေရိကန်ကို မပြန်သော ပြောင်းခြင်းနဲ့ ပြောင်းလာခဲ့ပါတယ်… ကမ်ဘာမှာ ယုတ်ကြမ်းသော စစ်ဝါဒီများကို ဟန့်တားရန် ရည်ရွယ်ပြီး အဏုမြူဗုံးကို  လုပ်ရင် ဖြစ်နိုင်ကြောင်း ရုစဘဲလ်ကို အစီရင်ခံရာက စတာပါ.. ဂျပန်ပြည်မှာ အဏုမြူမီးလောင်တိုက်သွင်းပြီး နောင်သော် […]


lu ta loneApril 25, 20101min1932
အဏုမြူဗုံးတလုံးမှာ စွမ်းရည် ၃မျိုးပါဝင်ပါတယ်… ၁  လေပြင်းရိုက်ခတ်တုန်လှုပ်မှု ၅ဝ ရာခိုင်နှုန်း ရေမြေလေထု တုန်ဟည်းရိုက်ခတ်ကာ အဆောက်အအုံများ လွင့်စဉ်ခြင်း၊ ဒဏ်ပိခြင်းဖြင့် အတုံးအရုံးသေနိုင်ပါတယ်.. ၂၅ မီဂါတန် ဗုံးတလုံးသည် ဟီရိုရှီးမားမှာ ချခဲ့သော ဗုံးထက် ၁၂၅ဝ အင်အားကြီးမားပြီး မိုင် ၂၅ဝ အတွင်း ၈ဝ ရာခိုင်နှုန်း စိစိညက်ညက် ဖြစ်သွားစေနိုင်ပါတယ်… ၂  အပူဟပ်ခြင်း ၃၅ ရာခိုင်နှုန်း ထိုဧရိယာတခုလုံးမှာ မီးလုံးကြီးများ တပြင်လုံး ဖုံးအုပ်တက်ကာ လောင်ကျွမ်းစေပါတယ်.. အဏုမြူမှုန်များ ရေမြေလေတို့မှာ ပျံ့နှံ့ကြေကွဲ လွင့်စဉ်ကာ စူးစိုက်သွားပါတယ်.. နှစ်ပေါင်းများစွာ အဆိပ်သင့်စေပါတယ်.. စားသောအစာ၊ သောက်သောရေ၊ ရှူသောလေတို့မှာ အဆိပ်ချည်းသာ ဖြစ်ကုန်တော့ပါတယ်… ၃  ရောင်ခြည်ဟပ်ခြင်း ၁၅ ရာခိုင်နှုန်း မီးလုံးကြီးများနှင့်အတူ အဏုမြူရောင်ခြည်များ […]


lu ta loneApril 25, 20101min2192
အခုတလော လူတလုံးတို့ မြန်မာနိုင်ငံ ရန်ကုန်မြို့ပေါ့ဗျာ… ကျန်တဲ့ မြို့တွေတော့ သိဘူး.. တော်တော်လေးကို ပူနေပါတယ်… ပူတာက ကိစ်စမရှိဘူး… လူကြီးတွေ အထူးသဖြင့်ပေါ့… ဆီးချိုဝေဒနာရှင်တွေက သွေးတွေပျစ်ကုန်ပြီး… တချို့ဆေးရုံပါတင်ရတယ်ဗျ… အိမ်ဘေးမှာကိုပဲ တယောက်တင်ထားရတယ်… သိတဲ့ အတိုင်းပဲ ရန်ကုန်က တိုက်ခန်းတွေက ပြတင်းပေါက် မရှိဘူးလေ… အဲဒီတော့ လှောင်ပြီး သွေးတွေလည်းတိုးကြတယ်… ပြောချင်တာကတော့ ရာသီဥတုပူတော့ သွေးတွေ ပျစ်နိုင်တယ်ပေါ့… သွေးတွေ ပျစ်တော့ ခေါင်းတွေမူးမယ်… အဆင်မသင့်ရင် ဆေးရုံရောက်နိုင်တယ်… အဲဒီမှာ လူတလုံး အကြံရလိုက်တယ်… အရက်က သွေးကို ကျဲစေတယ်… သွေးလည်ပတ်မှုကောင်းတယ်… ဝမ်းမီးအတွက်ကောင်းတယ်…အစာချက်အားကောင်းတယ်ဆိုတော့…….ကာ…….. အများကြီးတော့ မဟုတ်ဘူးပေါ့ဗျာ… တရုတ်တချို့ဆို တနေ့ကို လက်တဆစ်လောက် အရက်သောက်ကြပါတယ်… ကျန်းမာရေးအတွက်ဆိုပြီးတော့… ဆရာဝန်ကြီးတယောက်ပြောဖူးတဲ့ စကားလဲ ရှိတယ်ဗျ… လူတယောက်က […]


lu ta loneApril 21, 20101min3408
ကတိဆိုတာ ဖောက်ဖျက်ဖို့ စရန်တဝက်လား….? သစ်စာဆိုတာကရော လူလိမ်တွေရဲ့ သုံးနေကျ လှည့်ကွက်တခုလား…….? အခု ပြောမှာတော့ ကတိအကြောင်းလေးပါ.. ဘုန်းကြီးဝတ်ရင်းနဲ့ လူတလုံးလိုပဲ ဒုလ်လဘတယောက်နဲ့ ပြောဖြစ်တဲ့ အကြောင်းလေးပါ… အထက်ပါဖော်ပြခဲ့သလိုပဲ ကတိဆိုတာ ဖောက်ဖျက်ဖို့ စရန်တဝက်လား….? ကျွန်တော်ကတော့ မထင်ဘူး.. ကတိဆိုတာ နောက်ထား..   ဆိုခဲလေ၊ မြဲစေ ဆိုတဲ့ စကားကိုတောင်တန်ဖိုးထားရမှာလို့… ကတိဆိုတာက စာချုပ်စာတန်းနဲ့ ချုပ်ဆိုတဲ့ နှစ်ဦးသဘောတူညီချက် စာချုပ်လိုပဲလို့ ထင်တယ်… ကတိဆိုမှ တည်ရမှာလား…  ကိုယ်ပြောသမျှကို ကိုယ်တာဝန်ယူရမှာပဲလေ… ဆိုခဲလေ၊ မြဲစေ ဆိုတဲ့ စကားက အဲဒါကို ဆိုလိုတာလို့… နောက်တမျိုးက ကတိဆိုတာ လူတယောက်ရဲ့ ယုံကြည်မှု၊ တန်ဖိုး နည်းနည်းထပ်မြင့်ပြီး ပြောရင် သိက်ခါဆိုလည်း ဟုတ်တယ်လို့… ဥပမာဆိုပါတော့.. ကောင်မလေးက ဆိုင်တဆိုင်မှာ […]


lu ta loneApril 21, 20101min2252
လူတလုံးတယောက် ပျောက်ချက်သားကောင်းတာတော့ မပြောနဲ့တော့… ရုံးပိတ်ရက် စကတည်းက ဘုန်းကြီးဝတ်လိုက်တာ ခုမှ ပြန်ထွက်လာတာ… အကောင်းဆုံး သီလ စောင့်ထိန်းပြီး ဝတ်ခဲ့တဲ့အတွက် နတ်လူသာဓုခေါ်ကြပါစေသောဝ်… ပြောချင်တာလေးကတော့ အခုမှ စတာဗျ… ဘုန်းကြီးဝတ်တော့ ၉ရက်လောက်ဆိုတော့… အ အားလဲ မနေချင်တော့ ဘုရားစာတွေ ပရိတ်တွေ ကျက်တယ်ပေါ့… အဲဒါကို ကျောင်းထိုင်ဆရာတော်က သိတော့ သဘောကျတယ်ဗျ… အဖေနဲ့ကလည်း ဆရာတော်က ဆရာတွေ ဒကာတွေဆိုတော့ လူတလုံးကို ပိုပြီး ဆရာတော်က သိတယ်ပေါ့ဗျာ… ပြောချင်တာကတော့ အဲလို ဘုရားစာတွေလဲရ ရွတ်တတ်တော့ နှစ်ဆန်းတရက်နေ့မှာ လာပင့်တဲ့ အိမ်တွေက များတယ်ဆိုတော့ ကိုယ်တော်လည်း ကြွရမယ်ဆိုပြီး ဆရာတော်က အမိန့်ရှိတယ်… အဲဒီမှာစတာပဲ… ကြွရမှာက အာရုဏ်ဆွမ်းကိုပဲ ၃ခု မွန်းလတ်ဆွမ်းက တခုပေါ့..ပေါင်း ၄ခုဗျ.. […]


lu ta loneApril 3, 20101min1902
အခုဆို Mgy.exe ဆိုသော ဗိုင်းရပ်စ်မှာ အင်မတန်ခေတ်စားနေပါတယ်.. အဲဒီအတွက် ကာကွယ်နိုင်မယ့် ကြိုသိထားသင့်တဲ့ အချက်ကတော့ ကိုယ့်ဆီကို Memory Stick လာထိုးရင် Double Click အစား Right Click နဲ့ Explore လုပ်ပြီး ဖွင့်သင့်ပါတယ်.. ပြီးရင် အောက်မှာ ပေးထားတဲ့ Link မှ  cpe17antiautorun1330.exe ကို Download ဆွဲပြီး Install လုပ်ထားပါ.. Memory Stick ထိုးလိုက်တာနဲ့ Mgy.exe ဒါမှမဟုတ် autorun.inf ပါရင် အနီရောင်နဲ့ ပြပါလိမ့်မယ်.. အဲဒါဆို  တအောင့်လောက် စောင့်လိုက်ပါ..  အစိမ်းရောင်နဲ့ စာတန်းပေါ်လာရင်တော့ စိတ်ချလက်ချသုံးလို့ရပါပြီ.. Autorun နဲ့ ပတ်သက်တဲ့ Mgy အစရှိတဲ့ ဗိုင်းရပ်စ်တွေကို သတ်ပြီးသွားပါပြီ… […]


lu ta loneApril 3, 20101min1440
ကျွန်တော်တော့ မဆိုးဘူးလို့ ထင်ပါတယ်… ဒါနဲ့ ဆို ကျွန်တော် သူ့ကို Madalay Gazette မှာတင်တာ ၃ ပုဒ်ရှိပြီဗျ.. အသံပိုင်တယ်လို့ပြောချင်တောင် ပြောလို့ရတယ်… Download Link: http://www.mediafire.com/?dywmkitmyzn